တရုတ်အမျိုးသားတစ်ဦးထက်မကကို လက်ဖွဲ့ငွေယူကာ လက်ထပ်သောကြောင့် မြန်မာအမျိုးသမီး အချို့ရိုက်နှက်သတ်ဖြတ်ခံနေရ

 670

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၅

တရုတ်နိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးအချို့က တရုတ် အမျိုးသားတစ်ဦးထက်မကထံမှ လက်ဖွဲ့ငွေယူကာ လိမ်လည်လက်ထပ်သောကြောင့် ရိုက်နှက်သတ် ဖြတ်ခံရခြင်းများရှိနေကြောင်း ရွှေလီရောက် မြန်မာ အမျိုးသမီးတစ်ဦးက NP News သို့ ပြောသည်။ ထိုသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ အချို့သော မြန်မာအမျိုးသမီးများက တရုတ်ပြည်မကြီး အတွင်းသို့ ခိုးဝင်ကာ တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းခြင်းများလည်း များစွာရှိခဲ့ကြောင်း သိရသည်။

“တစ်ပတ်ကတ်ဆိုတာ ပြောရင် တရုတ်ပြည်ထဲမှာ တစ်ပတ်ပဲနေပိုင်ခွင့်ရှိတာ။ အဲဒီမှာ စဖွင့်ပေး တဲ့အချိန်မှာ ကြိတ်ကြိတ်တိုးဝင်လာပြီးတော့ မြန်မာပြည်ထဲမှာအခြေအနေမကောင်းတော့ မပြန်ချင်ကြတော့ဘူး။ အဲဒီကနေပြီးတော့ ပြည်ကြီးထဲအထိ ခိုးပြီးတော့သွားတယ်။ ခိုးလမ်းကနေသွားတာ။ တရား ဝင်လမ်းကတော့ သွားလို့မရဘူး။ စစ်တယ်လေ။ စစ်တော့ သွားမရတော့ ခိုးလမ်းကနေ ယင်ကျန်းတို့ ကျန်ဖုန်းတို့ကိုသွားကြတယ်။ ဟိုးအရင်တုန်းက တစ်ပတ်ကတ်နဲ့ဝင်ထားတဲ့ လူတွေက အဲဒီတုန်းက တစ်ပတ်ကတ်နဲ့ တစ်နေ့ကို လူ(၂၀ဝဝ) လောက်ပေးဝင်တယ်လေ။ အဲဒီမှာ တချို့လူတွေက ပြန်ရတော့ မှာဆိုရင် တအားကိုစစ်တာ” ဟု အထက်ပါအမျိုးသမီးကပြောသည်။

ထို့နောက် တရုတ်ပြည်မကြီးအတွင်း ရောက်ရှိနေသည့် မြန်မာအမျိုးသမီးအချို့က တရုတ်အမျိုးသားများနှင့် (၁)လကျော်(၂)လအကြာ လက်ထပ်ပေါင်းသင်းပြီးနောက် ထွက်ပြေးသွားကာ ရရှိသည့် လက်ဖွဲ့ငွေများယူဆောင်ပြီး အခြားသော တရုတ်အမျိုးသားနှင့် ဆက်လက်ပေါင်းသင်းသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေကြောင်း ၎င်းကဆိုသည်။

“အဲဒီမှာ တချို့က တရုတ်ယောကျာ်းယူတယ်။ ရွာတွေမှာ နေတဲ့လူတွေကတော့ ကိစ္စမရှိဘူး။ တချို့ရွာကရဲကတော့ သဘောကောင်းတော့ နင်တို့ကိုမဖမ်းဘူးဆိုပြီးထားတယ်။ တချို့မြန်မာ မိန်းက လေးတွေကတော့ ဘယ်လိုလုပ်လဲဆိုတော့ တရုတ် ယောကျာ်းကိုယူရင် တရုတ်ငွေဘယ်လောက် ဆိုပြီးပေးတယ်။ တရုတ်ယွမ်(၃)သောင်းရတဲ့လူရှိတယ်။ (၂)သောင်းရတဲ့လူရှိတယ်။ အဲဒီမှာ တချို့မိန်း ကလေးတွေက ဒီယောကျာ်းနဲ့ယူပြီးရင်မနေချင် တော့ဘူးဆိုပြီးထွက်ပြေးတာ။ ပိုက်ဆံရတော့လေ။ အဲဒီမှာ နောက်တစ်ယောက် ထပ်ယူတယ်။ အဲဒီယောကျာ်းဆီကနေလည်း ပိုက်ဆံထပ်ယူတယ်။ (၂)လ(၃)လလောက်ပေါင်းတယ်။ ပြီးရင်တစ်ခါ ထွက်ပြေးပြန်တယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လိမ်လည်ခံရသည့် အချို့သော တရုတ်အမျိုးသားများက အဆိုပါမြန်မာအမျိုးသမီးများအပေါ် အငြိုးအတေးထားကာ ဖမ်းမိပါက ရိုက်နှက်သတ်ဖြတ်သည်အထိ ကျူးလွန်ခံရခြင်းများ လည်းရှိနေကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“အဲဒီလိုတွေလုပ်တော့ တချို့တရုတ်တွေက အမြင်ကတ်ပြီးအသတ်ခံလိုက်ရတဲ့ မိန်းကလေး တွေရှိတယ်။ အရိုက်ခံရတာတွေကလည်း ယောကျာ်းတွေကို တစ်ယောက်ပြီးတစ်ယောက် ပေါင်းပြီး လိမ်ပြီးထွက်ပြေးတာတွေကြောင့်အရိုက်ခံရတာ။ တရုတ်ယောကျာ်းကိုယူရင်လည်း ကောင်းတဲ့ တရုတ် ယောကျာ်းကို ရတဲ့လူကရှားတယ်။ တကယ် ရွာကတက်လာတယ်။ မြန်မာစကားပဲတတ်တယ်။ တရုတ် စကားမတက်တဲ့မိန်းကလေးတွေကတော့ တောကတရုတ်တွေနဲ့ပဲရတာ။ တချို့တရုတ်တွေကတော့ ပိုက်ဆံရှိတဲ့လူတွေရှိသလို မရှိတဲ့လူတွေလည်း ရှိတယ်။ တချို့ဦးနှောက်မကောင်းတဲ့တရုတ်တွေကို တော့ တရုတ်မိန်းကလေးတွေမယူတဲ့လူတွေကို မြန်မာမိန်းကလေးတွေယူတာလည်းရှိတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သို့သော် တရုတ်စာနှင့် တရုတ်ဘာသာစကားအနည်းငယ်ပြောဆိုတတ်ကာ စီးပွားရေးအနည်း ငယ်လုပ်ကိုင်တတ်သည့် မြန်မာအမျိုးသမီး အချို့တွင်မူ တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်း ရာတွင် အထက်ပါကဲ့သို့သော ဖြစ်စဉ်များဖြစ်ပွားလေ့ မရှိကြောင်းလည်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ကာလက မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့မှ တစ်ပတ်တာသက်တမ်းရှိ (TBP,BP) စသည့် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများစွာရှိခဲ့ကြောင်း သိရသည်။

zawgyi version
တ႐ုတ္အမ်ိဳးသားတစ္ဦးထက္မကကို လက္ဖြဲ႕ေငြယူကာ လက္ထပ္ေသာေၾကာင့္ ျမန္မာအမ်ိဳးသမီး အခ်ိဳ႕႐ိုက္ႏွက္သတ္ျဖတ္ခံေနရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၅

တ႐ုတ္ႏိုင္ငံတြင္သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕က တ႐ုတ္ အမ်ိဳးသားတစ္ဦးထက္မကထံမွ လက္ဖြဲ႕ေငြယူကာ လိမ္လည္လက္ထပ္ေသာေၾကာင့္ ႐ိုက္ႏွက္သတ္ ျဖတ္ခံရျခင္းမ်ားရွိေနေၾကာင္း ေ႐ႊလီေရာက္ ျမန္မာ အမ်ိဳးသမီးတစ္ဦးက NP News သို႔ ေျပာသည္။ ထိုသို႔ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ား အခ်ိဳ႕ေသာ ျမန္မာအမ်ိဳးသမီးမ်ားက တ႐ုတ္ျပည္မႀကီး အတြင္းသို႔ ခိုးဝင္ကာ တ႐ုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ေပါင္းသင္းျခင္းမ်ားလည္း မ်ားစြာရွိခဲ့ေၾကာင္း သိရသည္။

“တစ္ပတ္ကတ္ဆိုတာ ေျပာရင္ တ႐ုတ္ျပည္ထဲမွာ တစ္ပတ္ပဲေနပိုင္ခြင့္ရွိတာ။ အဲဒီမွာ စဖြင့္ေပး တဲ့အခ်ိန္မွာ ႀကိတ္ႀကိတ္တိုးဝင္လာၿပီးေတာ့ ျမန္မာျပည္ထဲမွာအေျခအေနမေကာင္းေတာ့ မျပန္ခ်င္ၾကေတာ့ဘူး။ အဲဒီကေနၿပီးေတာ့ ျပည္ႀကီးထဲအထိ ခိုးၿပီးေတာ့သြားတယ္။ ခိုးလမ္းကေနသြားတာ။ တရား ဝင္လမ္းကေတာ့ သြားလို႔မရဘူး။ စစ္တယ္ေလ။ စစ္ေတာ့ သြားမရေတာ့ ခိုးလမ္းကေန ယင္က်န္းတို႔ က်န္ဖုန္းတို႔ကိုသြားၾကတယ္။ ဟိုးအရင္တုန္းက တစ္ပတ္ကတ္နဲ႔ဝင္ထားတဲ့ လူေတြက အဲဒီတုန္းက တစ္ပတ္ကတ္နဲ႔ တစ္ေန႔ကို လူ(၂၀ဝဝ) ေလာက္ေပးဝင္တယ္ေလ။ အဲဒီမွာ တခ်ိဳ႕လူေတြက ျပန္ရေတာ့ မွာဆိုရင္ တအားကိုစစ္တာ” ဟု အထက္ပါအမ်ိဳးသမီးကေျပာသည္။

ထို႔ေနာက္ တ႐ုတ္ျပည္မႀကီးအတြင္း ေရာက္ရွိေနသည့္ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕က တ႐ုတ္အမ်ိဳးသားမ်ားႏွင့္ (၁)လေက်ာ္(၂)လအၾကာ လက္ထပ္ေပါင္းသင္းၿပီးေနာက္ ထြက္ေျပးသြားကာ ရရွိသည့္ လက္ဖြဲ႕ေငြမ်ားယူေဆာင္ၿပီး အျခားေသာ တ႐ုတ္အမ်ိဳးသားႏွင့္ ဆက္လက္ေပါင္းသင္းသည့္ ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားေနေၾကာင္း ၎ကဆိုသည္။

“အဲဒီမွာ တခ်ိဳ႕က တ႐ုတ္ေယာက်ာ္းယူတယ္။ ႐ြာေတြမွာ ေနတဲ့လူေတြကေတာ့ ကိစၥမရွိဘူး။ တခ်ိဳ႕႐ြာကရဲကေတာ့ သေဘာေကာင္းေတာ့ နင္တို႔ကိုမဖမ္းဘူးဆိုၿပီးထားတယ္။ တခ်ိဳ႕ျမန္မာ မိန္းက ေလးေတြကေတာ့ ဘယ္လိုလုပ္လဲဆိုေတာ့ တ႐ုတ္ ေယာက်ာ္းကိုယူရင္ တ႐ုတ္ေငြဘယ္ေလာက္ ဆိုၿပီးေပးတယ္။ တ႐ုတ္ယြမ္(၃)ေသာင္းရတဲ့လူရွိတယ္။ (၂)ေသာင္းရတဲ့လူရွိတယ္။ အဲဒီမွာ တခ်ိဳ႕မိန္း ကေလးေတြက ဒီေယာက်ာ္းနဲ႔ယူၿပီးရင္မေနခ်င္ ေတာ့ဘူးဆိုၿပီးထြက္ေျပးတာ။ ပိုက္ဆံရေတာ့ေလ။ အဲဒီမွာ ေနာက္တစ္ေယာက္ ထပ္ယူတယ္။ အဲဒီေယာက်ာ္းဆီကေနလည္း ပိုက္ဆံထပ္ယူတယ္။ (၂)လ(၃)လေလာက္ေပါင္းတယ္။ ၿပီးရင္တစ္ခါ ထြက္ေျပးျပန္တယ္”ဟု ၎က ေျပာသည္။

ထို႔ေၾကာင့္ လိမ္လည္ခံရသည့္ အခ်ိဳ႕ေသာ တ႐ုတ္အမ်ိဳးသားမ်ားက အဆိုပါျမန္မာအမ်ိဳးသမီးမ်ားအေပၚ အၿငိဳးအေတးထားကာ ဖမ္းမိပါက ႐ိုက္ႏွက္သတ္ျဖတ္သည္အထိ က်ဴးလြန္ခံရျခင္းမ်ား လည္းရွိေနေၾကာင္း အထက္ပါအမ်ိဳးသမီးက ဆိုသည္။

“အဲဒီလိုေတြလုပ္ေတာ့ တခ်ိဳ႕တ႐ုတ္ေတြက အျမင္ကတ္ၿပီးအသတ္ခံလိုက္ရတဲ့ မိန္းကေလး ေတြရွိတယ္။ အ႐ိုက္ခံရတာေတြကလည္း ေယာက်ာ္းေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ေပါင္းၿပီး လိမ္ၿပီးထြက္ေျပးတာေတြေၾကာင့္အ႐ိုက္ခံရတာ။ တ႐ုတ္ေယာက်ာ္းကိုယူရင္လည္း ေကာင္းတဲ့ တ႐ုတ္ ေယာက်ာ္းကို ရတဲ့လူကရွားတယ္။ တကယ္ ႐ြာကတက္လာတယ္။ ျမန္မာစကားပဲတတ္တယ္။ တ႐ုတ္ စကားမတက္တဲ့မိန္းကေလးေတြကေတာ့ ေတာကတ႐ုတ္ေတြနဲ႔ပဲရတာ။ တခ်ိဳ႕တ႐ုတ္ေတြကေတာ့ ပိုက္ဆံရွိတဲ့လူေတြရွိသလို မရွိတဲ့လူေတြလည္း ရွိတယ္။ တခ်ိဳ႕ဦးေႏွာက္မေကာင္းတဲ့တ႐ုတ္ေတြကို ေတာ့ တ႐ုတ္မိန္းကေလးေတြမယူတဲ့လူေတြကို ျမန္မာမိန္းကေလးေတြယူတာလည္းရွိတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

သို႔ေသာ္ တ႐ုတ္စာႏွင့္ တ႐ုတ္ဘာသာစကားအနည္းငယ္ေျပာဆိုတတ္ကာ စီးပြားေရးအနည္း ငယ္လုပ္ကိုင္တတ္သည့္ ျမန္မာအမ်ိဳးသမီး အခ်ိဳ႕တြင္မူ တ႐ုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ေပါင္းသင္း ရာတြင္ အထက္ပါကဲ့သို႔ေသာ ျဖစ္စဥ္မ်ားျဖစ္ပြားေလ့ မရွိေၾကာင္းလည္း ၎ကဆိုသည္။ ၿပီးခဲ့သည့္ ကာလက ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕မွ တစ္ပတ္တာသက္တမ္းရွိ (TBP,BP) စသည့္ ယာယီ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္မ်ားျဖင့္ တ႐ုတ္ႏိုင္ငံအတြင္း သြားေရာက္အလုပ္လုပ္သည့္ ျမန္မာေ႐ႊ႕ ေျပာင္းအလုပ္သမားမ်ားစြာရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.