ဥဇဘက်ကစ္စတန်တွင် နျူကလီးယားဓာတ်ပေါင်းဖိုများတည်ဆောက်သွားမည့် ရုရှား

 823

ALynn (NP News) - မေ ၂၈

ဆိုဗီယက်ခေတ်လွန် အာရှအလယ်ပိုင်းဒေသတွင် ရုရှားသည် ပထမဆုံးသော စီမံကိန်းအဖြစ် ဥဇဘက်ကစ္စတန်တွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်မည် ဖြစ်ကြောင်း ဥဇဘက်သမ္မတ Shavkat Mirziyoyev က ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံရှိ ပရောဂျက်များကို ငွေကြေးထောက်ပံ့ရန်အတွက် ဒေါ်လာသန်း ၅၀၀ ရှိသော ပူးတွဲရင်းနှီးမြုပ်နှံမှုရန်ပုံငွေတွင် အမေရိကန်ဒေါ်လာသန်း ၄၀၀ ထည့်ဝင်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားခဲ့သည်။
ရုရှားသည် ဗဟိုအာရှမှ ဟိုက်ဒရိုကာဗွန်များကို ဆယ်စုနှစ်များစွာကြာ တင်သွင်းခဲ့ပြီးဖြစ်ရာ အပြန်အလှန်အနေဖြင့် သမ္မတ Mirziyoyev က ဥဇဘက်ကစ္စတန်သည်လည်း ရုရှားနိုင်ငံထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ ဥဇဘက် သမ္မတက ပူတင်၏ ခရီးစဉ်ကို သမိုင်းဝင်အဖြစ် ဖော်ပြခဲ့သည်။

“ကျွန်ုပ်တို့နိုင်ငံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနဲ့ မဟာမိတ်ဆက်ဆံ ရေးမှာ ခေတ်သစ်တစ်ခုရဲ့အစကို ညွှန်ပြနေပါတယ်” ဟု Mirziyoyev က ပြောကြားခဲ့သည်။ ပူတင်က ဥဇဘက်ကစ္စတန်ကို "မဟာဗျူဟာမိတ်ဖက်နှင့်ယုံကြည်စိတ်ချရသောမဟာမိတ်"အဖြစ်ဖော်ပြခဲ့သည်။ ရုရှားအစိုးရမှ ထုတ်ဝေသည့်စာရွက်စာတမ်းများအရ ရုရှားနိုင်ငံပိုင်နျူကလီးယားကုမ္ပဏီ Rosatom သည် ဥဇဘက်ကစ္စတန်တွင် တစ်ခုလျှင် ၅၅ မဂ္ဂါဝပ်ရှိသော နျူကလီးယား ဓာတ်ပေါင်းဖိုခြောက်ခုအထိ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းမှာ ၂၀၁၈ ခုနှစ်တွင် သဘောတူထားသည့် ၂ ဒသမ ၄ ဂစ်ဂါဝပ်စီမံကိန်းထက် များစွာသေးငယ်သော စီမံကိန်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဆိုပါက အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင်ပင် ရုရှားသည် စွမ်းအင် သာမက နည်းပညာမြင့် ထုတ်ကုန်များကို အာရှဈေးကွက်သစ်များသို့ တင်ပို့ရောင်းချခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ကြောင်းပြသနိုင်မည်ဖြစ်သည်။

ယူရေနီယံထုတ်လုပ်သည့် ဥဇဘက်ကစ္စတန်နှင့် ၎င်း၏အိမ်နီးချင်း ကာဇက်စတန် နှစ်နိုင်ငံစလုံး သည် ၎င်းတို့၏စီးပွားရေး တိုးတက်ကြီးပွားရေးအတွက် ဓာတ်ပေါင်းဖိုများကို လိုအပ်သည်ဟု ကာလရှည်ကြာ ပြောကြားခဲ့သော်လည်း အလယ်အာရှရှိ ဆိုဗီယက်နိုင်ငံဟောင်း ၅ နိုင်ငံတွင် ယနေ့အထိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ မရှိပေ။ ကာဇက်စတန်စီမံကိန်းသည် ယခုအထိ မစီစဉ်ရသေးဘဲ အမျိုးသားဆန္ဒခံယူပွဲပြီးမှသာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ စီးပွားရေးအရ ရုရှားတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေကြေးစီးဆင်းမှုအပေါ် အကြီးအကျယ် မှီခိုနေသော ဥဇဘက်ကစ္စတန်သည် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း စစ်ပွဲ စတင်ဖြစ်ပွားချိန်၌လည်း ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် ဥဇဘက်သမ္မတ Mirziyoyev နှင့် ဒေသတွင်းရှိ အခြားခေါင်းဆောင်များက ယူကရိန်းတွင် ရုရှား၏ အထူးစစ်ရေးဆင်နွှဲနေခြင်းအပေါ် လူသိရှင်ကြား ထောက်ခံမှုပြသခြင်းမရှိသည့်အပြင် ရုရှားနိုင်ငံကို ဖြတ်ကျော်သွားမည့် ကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းများတွင်လည်း အနောက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

zawgyi version
ဥဇဘက္ကစၥတန္တြင္ န်ဴကလီးယားဓာတ္ေပါင္းဖိုမ်ားတည္ေဆာက္သြားမည့္ ႐ုရွား
ALynn (NP News) - ေမ ၂၈

ဆိုဗီယက္ေခတ္လြန္ အာရွအလယ္ပိုင္းေဒသတြင္ ႐ုရွားသည္ ပထမဆုံးေသာ စီမံကိန္းအျဖစ္ ဥဇဘက္ကစၥတန္တြင္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံကို တည္ေဆာက္မည္ ျဖစ္ေၾကာင္း ဥဇဘက္သမၼတ Shavkat Mirziyoyev က ေျပာၾကားခဲ့သည္။

ဥဇဘက္ကစၥတန္ႏိုင္ငံရွိ ပေရာဂ်က္မ်ားကို ေငြေၾကးေထာက္ပံ့ရန္အတြက္ ေဒၚလာသန္း ၅၀၀ ရွိေသာ ပူးတြဲရင္းႏွီးျမဳပ္ႏွံမႈရန္ပုံေငြတြင္ အေမရိကန္ေဒၚလာသန္း ၄၀၀ ထည့္ဝင္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က တနလၤာေန႔ (ေမလ ၂၇ ရက္) တြင္ ေျပာၾကားခဲ့သည္။
႐ုရွားသည္ ဗဟိုအာရွမွ ဟိုက္ဒ႐ိုကာဗြန္မ်ားကို ဆယ္စုႏွစ္မ်ားစြာၾကာ တင္သြင္းခဲ့ၿပီးျဖစ္ရာ အျပန္အလွန္အေနျဖင့္ သမၼတ Mirziyoyev က ဥဇဘက္ကစၥတန္သည္လည္း ႐ုရွားႏိုင္ငံထံမွ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ားကို ပိုမိုဝယ္ယူဖို႔ ရည္႐ြယ္ထားေၾကာင္း ေဖာ္ျပခဲ့သည္။ ဥဇဘက္ သမၼတက ပူတင္၏ ခရီးစဥ္ကို သမိုင္းဝင္အျဖစ္ ေဖာ္ျပခဲ့သည္။

“ကြၽႏ္ုပ္တို႔ႏိုင္ငံေတြၾကား က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္လာတဲ့ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးနဲ႔ မဟာမိတ္ဆက္ဆံ ေရးမွာ ေခတ္သစ္တစ္ခုရဲ႕အစကို ၫႊန္ျပေနပါတယ္” ဟု Mirziyoyev က ေျပာၾကားခဲ့သည္။ ပူတင္က ဥဇဘက္ကစၥတန္ကို "မဟာဗ်ဴဟာမိတ္ဖက္ႏွင့္ယုံၾကည္စိတ္ခ်ရေသာမဟာမိတ္"အျဖစ္ေဖာ္ျပခဲ့သည္။ ႐ုရွားအစိုးရမွ ထုတ္ေဝသည့္စာ႐ြက္စာတမ္းမ်ားအရ ႐ုရွားႏိုင္ငံပိုင္န်ဴကလီးယားကုမၸဏီ Rosatom သည္ ဥဇဘက္ကစၥတန္တြင္ တစ္ခုလွ်င္ ၅၅ မဂၢါဝပ္ရွိေသာ န်ဴကလီးယား ဓာတ္ေပါင္းဖိုေျခာက္ခုအထိ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ယင္းမွာ ၂၀၁၈ ခုႏွစ္တြင္ သေဘာတူထားသည့္ ၂ ဒသမ ၄ ဂစ္ဂါဝပ္စီမံကိန္းထက္ မ်ားစြာေသးငယ္ေသာ စီမံကိန္းျဖစ္သည္။ အဆိုပါ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္မည္ဆိုပါက အေနာက္ ႏိုင္ငံမ်ားက ပိတ္ဆို႔အေရးယူမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနခ်ိန္တြင္ပင္ ႐ုရွားသည္ စြမ္းအင္ သာမက နည္းပညာျမင့္ ထုတ္ကုန္မ်ားကို အာရွေဈးကြက္သစ္မ်ားသို႔ တင္ပို႔ေရာင္းခ်ျခင္းျဖင့္ ႀကံ့ႀကံ့ခံရပ္တည္ႏိုင္ေၾကာင္းျပသႏိုင္မည္ျဖစ္သည္။

ယူေရနီယံထုတ္လုပ္သည့္ ဥဇဘက္ကစၥတန္ႏွင့္ ၎၏အိမ္နီးခ်င္း ကာဇက္စတန္ ႏွစ္ႏိုင္ငံစလုံး သည္ ၎တို႔၏စီးပြားေရး တိုးတက္ႀကီးပြားေရးအတြက္ ဓာတ္ေပါင္းဖိုမ်ားကို လိုအပ္သည္ဟု ကာလရွည္ၾကာ ေျပာၾကားခဲ့ေသာ္လည္း အလယ္အာရွရွိ ဆိုဗီယက္ႏိုင္ငံေဟာင္း ၅ ႏိုင္ငံတြင္ ယေန႔အထိ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံမ်ား မရွိေပ။ ကာဇက္စတန္စီမံကိန္းသည္ ယခုအထိ မစီစဥ္ရေသးဘဲ အမ်ိဳးသားဆႏၵခံယူပြဲၿပီးမွသာ ေရွ႕ဆက္ႏိုင္မည္ျဖစ္သည္။ စီးပြားေရးအရ ႐ုရွားတြင္ အလုပ္လုပ္ေနေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားထံမွ ေငြေၾကးစီးဆင္းမႈအေပၚ အႀကီးအက်ယ္ မွီခိုေနေသာ ဥဇဘက္ကစၥတန္သည္ ၂၀၂၂ ခုႏွစ္တြင္ ႐ုရွား-ယူကရိန္း စစ္ပြဲ စတင္ျဖစ္ပြားခ်ိန္၌လည္း ႐ုရွားႏွင့္ နီးကပ္ေသာ ဆက္ဆံေရးကို ထိန္းသိမ္းထားခဲ့သည္။ သို႔ေသာ္ ဥဇဘက္သမၼတ Mirziyoyev ႏွင့္ ေဒသတြင္းရွိ အျခားေခါင္းေဆာင္မ်ားက ယူကရိန္းတြင္ ႐ုရွား၏ အထူးစစ္ေရးဆင္ႏႊဲေနျခင္းအေပၚ လူသိရွင္ၾကား ေထာက္ခံမႈျပသျခင္းမရွိသည့္အျပင္ ႐ုရွားႏိုင္ငံကို ျဖတ္ေက်ာ္သြားမည့္ ကုန္သြယ္ေရးလမ္းေၾကာင္းစီမံကိန္းမ်ားတြင္လည္း အေနာက္ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနသည္။

Related news

© 2021. All rights reserved.