Meta ရဲ့ အက်ပ်တစ်ခုဖြစ်တဲ့ Threads ပထမ တစ်နှစ်အတွင်း အသုံးပြုသူ ၁၇၅ သန်းထိရှိ

 869

ရောင်နီ (NP News) - ဇူလိုင် ၅

Meta ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း တစ်ခုဖြစ်တဲ့ Threads ဟာ တစ်နှစ်အတွင်း လစဉ်အသုံးပြုသူ ၁၇၅ သန်းထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Meta အမှုဆောင်အရာရှိချုပ်၊ Facebook တည်ထောင်သူ မက်ခ်ဇူကာဘက် က ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့တာပါ။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်ကစ အက်ပ်စတိုးကိုရောက်ရှိခဲ့တဲ့ Threads ဟာ ကမ္ဘာကျော် သူဋ္ဌေးကြီး အီလွန်မက်ခ်ရဲ့အက်ပ်တစ်ခုဖြစ်တဲ့ X ရဲ့လည်း ပြိုင်ဘက်ဖြစ်ပါတယ်။ Threads ကို Instagram အကောင့်များမှတစ်ဆင့် အရောင်းမြှင့်တင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ မှာ Threads ကို ဒေါင်းလုဒ်လုပ်သူ သန်း ၁၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။

Threads အကြီးအကဲ အဒမ်မိုဆာရီကတော့ ၄င်းဟာ အချိန်ကြာလာတာနဲ့အမျှ ကြော်ငြာရှင်တွေအတွက် အဓိက ပလက်ဖောင်းဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် မစ္စတာ အီလွန်မက်ခ်ရဲ့ X ထက် ပိုကြီးတဲ့ အက်ပ်ဖြစ်ဖို့ အချိန်အနည်းငယ် ယူရဦးမှာဖြစ်ပြီး တကယ်လို့ X ကို မကျော်လွန်ခဲ့နိုင်ရင်တော့ ဒါဟာ ကျရှုံးမှုပဲဖြစ်တယ်လို့ မစ္စတာ မိုဆာရီ က ပြောကြားပါတယ်။

Zawgyi Version;
Meta ရဲ႕ အက္ပ္တစ္ခုျဖစ္တဲ့ Threads ပထမ တစ္ႏွစ္အတြင္း အသုံးျပဳသူ ၁၇၅ သန္းထိရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၅

Meta ရဲ႕ ဆိုရွယ္မီဒီယာပလက္ေဖာင္း တစ္ခုျဖစ္တဲ့ Threads ဟာ တစ္ႏွစ္အတြင္း လစဥ္အသုံးျပဳသူ ၁၇၅ သန္းထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို Meta အမႈေဆာင္အရာရွိခ်ဳပ္၊ Facebook တည္ေထာင္သူ မက္ခ္ဇူကာဘက္ က ဇူလိုင္ ၃ ရက္မွာ ေျပာၾကားခဲ့တာပါ။ ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၅ ရက္ကစ အက္ပ္စတိုးကိုေရာက္ရွိခဲ့တဲ့ Threads ဟာ ကမာၻေက်ာ္ သူေ႒းႀကီး အီလြန္မက္ခ္ရဲ႕အက္ပ္တစ္ခုျဖစ္တဲ့ X ရဲ႕လည္း ၿပိဳင္ဘက္ျဖစ္ပါတယ္။ Threads ကို Instagram အေကာင့္မ်ားမွတစ္ဆင့္ အေရာင္းျမႇင့္တင္ခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၀၀ မွာ Threads ကို ေဒါင္းလုဒ္လုပ္သူ သန္း ၁၀၀ ေက်ာ္ထိ ရရွိခဲ့ပါတယ္။

Threads အႀကီးအကဲ အဒမ္မိုဆာရီကေတာ့ ၄င္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေၾကာ္ျငာရွင္ေတြအတြက္ အဓိက ပလက္ေဖာင္းျဖစ္လာဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ မစၥတာ အီလြန္မက္ခ္ရဲ႕ X ထက္ ပိုႀကီးတဲ့ အက္ပ္ျဖစ္ဖို႔ အခ်ိန္အနည္းငယ္ ယူရဦးမွာျဖစ္ၿပီး တကယ္လို႔ X ကို မေက်ာ္လြန္ခဲ့ႏိုင္ရင္ေတာ့ ဒါဟာ က်ရႈံးမႈပဲျဖစ္တယ္လို႔ မစၥတာ မိုဆာရီ က ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.