အိမ်အရောက်ပို့စနစ်ကို Online မှတဆင့် စီမံဆောင်ရွက်ရာတွင် လိမ်လည်သည့် ဖြစ်စဉ်ကြုံတွေ့ရပြီးနောက် ပုံစံပြောင်းလဲဝန်ဆောင်မှုပေးရန် MRF ပြင်ဆင်

 327

သန့်ဇင် (NP News) - ဇူလိုင် ၆

အိမ်အရောက်ပို့စနစ်ကို Online မှတဆင့် စီမံဆောင်ရွက်ရာတွင် လိမ်လည်သည့် ဖြစ်စဉ်ကြုံတွေ့ရပြီးနောက် ပုံစံပြောင်းလဲဝန်ဆောင်မှုပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က ပြောင်းလဲပြင်ဆင်လာ‌ကြောင်း ဇူလိုင်လ ၅ရက်၊ ညနေပိုင်းတွင် ၎င်းတို့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဈေးနှုန်းများ တည်ငြိမ်စေရေး နှင့် စားသုံးသူများထံ နေအိမ်များအရောက် ဆန်အိတ်များ ဖြန့်ဖြူးနိုင်ရေးအတွက် နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ အိမ်ထောင်စု (၃၉၁) စုထံ အရောက်ပို့ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် အိမ်အရောက်ပို့စနစ်အား Online မှတဆင့် စီမံဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်း နှင့် ငွေလက်ခံခြင်းကို KBZ Pay ၊ AYA Pay ၊ A+Wallet တို့ဖြင့် ဆောင်ရွက်ခဲ့ရာ မသမာသူများမှ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ပုံစံဖြင့် Facebook Page အတုများဖွင့်လှစ်၍ ဖုန်းနံပါတ်များပြောင်းလဲပြီး ငွေကြေးလိမ်လည်မှု (၆)ခုထိကြုံတွေခဲ့ရသဖြင့် ၎င်းတို့အား အမှုဖွင့်အရေးယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် အိမ်အရောက်ပို့အစီအစဉ်အား ပိုမိုလွယ်ကူထိရောက်စေရန်နှင့် မှန်ကန်မြန်ဆန်စေရန် မြို့နယ်အလိုက် ဆန်ဆိုင်များခွဲဝေတာဝန်ပေးပြီး အဆိုပါမြို့နယ်ရှိ ဆန်ဆိုင်များမှတဆင့် သက်ဆိုင်ရာမြို့နယ်အနီးရှိ အိမ်ထောင်စုများထံအိမ်အရောက် ဖြန့်ဖြူးရောင်းချခြင်းကို လာမည့် ဇူလိုင်လ ၁၀ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ထို့ပြင် ငွေပေးချေမှုကို Cash on Delivery (ပစ္စည်းရောက်ငွေချေ) စနစ်ဖြင့်ပေးချေရမည်ဖြစ်ပြီး ဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိပဲ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၂,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် (၁၃၀,၀၀၀) ကျပ်တို့ဖြင့် ပုံမှန်အတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အိမ်အရောက်ပို့စနစ်ကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးတို့တွင် ဆောင်ရွက်နေပြီဖြစ်ပြီး လိုအပ်ပါက ဆက်သွယ်မှာယူနိုင်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က သတင်းထုတ်ပြန်ထားသည်။

zawgyi version
အိမ္အေရာက္ပို႔စနစ္ကို Online မွတဆင့္ စီမံေဆာင္႐ြက္ရာတြင္ လိမ္လည္သည့္ ျဖစ္စဥ္ႀကဳံေတြ႕ရၿပီးေနာက္ ပုံစံေျပာင္းလဲဝန္ေဆာင္မႈေပးရန္ MRF ျပင္ဆင္
သန႔္ဇင္ (NP News) - ဇူလိုင္ ၆

အိမ္အေရာက္ပို႔စနစ္ကို Online မွတဆင့္ စီမံေဆာင္႐ြက္ရာတြင္ လိမ္လည္သည့္ ျဖစ္စဥ္ႀကဳံေတြ႕ရၿပီးေနာက္ ပုံစံေျပာင္းလဲဝန္ေဆာင္မႈေပးရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF)က ေျပာင္းလဲျပင္ဆင္လာ‌ေၾကာင္း ဇူလိုင္လ ၅ရက္၊ ညေနပိုင္းတြင္ ၎တို႔က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ေ႐ႊဘိုေပၚဆန္း၊ ဧရာဝတီေပၚဆန္းေဈးႏႈန္းမ်ား တည္ၿငိမ္ေစေရး ႏွင့္ စားသုံးသူမ်ားထံ ေနအိမ္မ်ားအေရာက္ ဆန္အိတ္မ်ား ျဖန႔္ျဖဴးႏိုင္ေရးအတြက္ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ဇူလိုင္လ ၁ရက္ေန႔မွ စတင္ကာ အိမ္ေထာင္စု (၃၉၁) စုထံ အေရာက္ပို႔ေပးခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ အိမ္အေရာက္ပို႔စနစ္အား Online မွတဆင့္ စီမံေဆာင္႐ြက္ျခင္း၊ ဆက္သြယ္ျခင္း ႏွင့္ ေငြလက္ခံျခင္းကို KBZ Pay ၊ AYA Pay ၊ A+Wallet တို႔ျဖင့္ ေဆာင္႐ြက္ခဲ့ရာ မသမာသူမ်ားမွ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ပုံစံျဖင့္ Facebook Page အတုမ်ားဖြင့္လွစ္၍ ဖုန္းနံပါတ္မ်ားေျပာင္းလဲၿပီး ေငြေၾကးလိမ္လည္မႈ (၆)ခုထိႀကဳံေတြခဲ့ရသျဖင့္ ၎တို႔အား အမႈဖြင့္အေရးယူခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ထို႔ေၾကာင့္ အိမ္အေရာက္ပို႔အစီအစဥ္အား ပိုမိုလြယ္ကူထိေရာက္ေစရန္ႏွင့္ မွန္ကန္ျမန္ဆန္ေစရန္ ၿမိဳ႕နယ္အလိုက္ ဆန္ဆိုင္မ်ားခြဲေဝတာဝန္ေပးၿပီး အဆိုပါၿမိဳ႕နယ္ရွိ ဆန္ဆိုင္မ်ားမွတဆင့္ သက္ဆိုင္ရာၿမိဳ႕နယ္အနီးရွိ အိမ္ေထာင္စုမ်ားထံအိမ္အေရာက္ ျဖန႔္ျဖဴးေရာင္းခ်ျခင္းကို လာမည့္ ဇူလိုင္လ ၁၀ ရက္မွစတင္ၿပီး ရန္ကုန္တိုင္းေဒသႀကီးတြင္ ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

ထို႔ျပင္ ေငြေပးေခ်မႈကို Cash on Delivery (ပစၥည္းေရာက္ေငြေခ်) စနစ္ျဖင့္ေပးေခ်ရမည္ျဖစ္ၿပီး ဆန္ေဈးႏႈန္းမ်ား ေျပာင္းလဲမႈမရွိပဲ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ (၁၅၂,၀၀၀) က်ပ္၊ ဧရာဝတီေပၚဆန္း တစ္အိတ္လွ်င္ (၁၃၀,၀၀၀) က်ပ္တို႔ျဖင့္ ပုံမွန္အတိုင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ အိမ္အေရာက္ပို႔စနစ္ကို ေနျပည္ေတာ္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီးတို႔တြင္ ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး လိုအပ္ပါက ဆက္သြယ္မွာယူႏိုင္ေၾကာင္းလည္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.