ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်း ပြန်လည်ရောင်းထုတ်မှုရှိနေ

 2765

အေဝိုင်အီး (NP News) - အောက်တိုဘာ ၃

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ ဧကကွက်မြေများကို ပိုင်ဆိုင်ထားသူလုပ်ငန်းရှင်အချို့က ပြန်လည်ရောင်းထုတ်မှုများရှိနေပြီး ပတ္တမြားနဂါး ဦးနေဝင်းထွန်း အပါအဝင် အနည်းဆုံး(၁၀)ကွက်ထက်မနည်း ရှိနေကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ ပြန်လည်သိရှိရသည်။

နိုင်ငံရေးပြဿနာများမဖြစ်ပေါ်မီကာလများအတွင်းက ပြည်လမ်းမပေါ်ရှိမြေကွက်များကို ပြန် လည်ရောင်းချသူ နည်းပါးလှသော်လည်း ယခုလပိုင်းများအတွင်း၌ ပြန်လည်ရောင်းချမှုများ မြင့်တက်လာ ခြင်းမျိုးဖြစ်ကြောင်း သတင်း ရင်းမြစ်အချို့က အတည်ပြုပြောကြားသည်။ ‘‘ပတ္တမြားနဂါး ကိုနေဝင်း ထွန်းရဲ့မြေကွက်ဆိုရင် ပြည်လမ်းမကြီး (၇)မိုင်နားမှာရှိတယ်။ နှစ်ဧကကျော်တယ်။ မကြာခင်ကမှ ပြန်ရောင်းထွက်သွားပြီလို့ သိရတယ်။ အဓိက ဘဏ်ကြွေးကြောင့်ပဲ’’ဟု စီးပွားရေးသတင်းရင်းမြစ်တစ်ဦးက NP News ကိုပြောသည်။

အဆိုပါမြေကွက်အတွက် တစ်စတုရန်းပေလျှင် ကျပ်(၁၈)သိန်းမှ သိန်း(၂၀) ကြား တန်ဖိုးဖြတ်၍ သတ်မှတ်ခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။ ဦးနေဝင်းထွန်း၏ နှစ်ဧကကျော်သော မြေကွက်အတွင်း၌ အထပ်မြင့်စီမံကိန်းကြီးတစ်ခုတည်ဆောက်သွားရန် စင်ကာပူကုမ္ပဏီတစ်ခုနှင့် လွန်ခဲ့သောဆယ်စုနှစ်ကတည်းက သဘောတူညီမှုရထားခဲ့ကြသည်ဟုဆိုသည်။ ‘စင်ကာပူကုမ္ပဏီက ပြန်ထွက် သွားတော့ လုပ်ငန်းကရပ်သွားတာ။ ပြည်လမ်းမပေါ်မှာ အဲဒီလိုမျိုး ဧကကွက်တွေ (၁၀)ကွက်ထက်မနည်း ပြန်ရောင်းနေ ကြတယ်။ ပြန်ဝယ်တဲ့သူလည်းရှိတယ်။ ဝယ်နိုင်တဲ့သူတွေ ရှိတယ်လေ’ဟု သတင်းရင်းမြစ်က ပြောသည်။ ပြည်လမ်းမကြီးပေါ်ရှိ မြေကွက်များ၏ ဈေးသည် တစ်စတုရန်းပေလျှင် ကျပ်သိန်း(၃၀)အထိ ခေါ်ဈေးရှိခဲ့ဖူးသော်လည်း အမှန်တကယ် ရောင်းချချိန်တွင် ကျပ်သိန်း(၂၀)ခန့်သာ အမြင့်ဆုံးရရှိကြသည်ဟု သိရသည်။ ဦးသန်းရွှေအစိုးရလက်ထက် ကတည်းက မြေဧကကွက်များကို ပိုင်ဆိုင်ထားကြသည့် အကြီးစားလုပ်ငန်းရှင် အများစုမှာ ထပ်ဆင့်ပြန်လည်ရောင်းချ ခြင်းများဖြင့် ပိုင်ဆိုင်မှုများ တိုးပွားခဲ့ကြသော်လည်း အဆိုပါမြေများအဆင့်ဆင့်ရောင်းချမှုမှ နိုင်ငံတော်က အခွန်အခ တိုးပွားရရှိခြင်းမျိုး နည်းပါးလှသည်။ လက်ရှိကာလ၌ ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လာရခြင်းမှာ ဘဏ်ချေးငွေဖြင့် တန်ဖိုးကြီးမြေကွက်များကို ဝယ်ယူစုဆောင်းခြင်းများကြောင့် ဘဏ်ကြွေးပြဿနာများဖြစ် ပေါ်သည့်အပြင် မြေဈေးနှုန်း မတန်တဆကြီးမြင့်ခြင်းများ၊ နိုင်ငံတော်က အခွန်အခရရှိမှု ဆုံးရှုံးခြင်းများ၊ ဝယ်ယူထားသော မြေကွက်များပေါ်၌ မည်သည့်လုပ်ငန်းများမှမလုပ်ဘဲ ဈေးထိုင်ကစားနေခြင်းများကြောင့် နစကအစိုးရက သတိထားစောင့်ကြည့်လာမှုမှ မြစ်ဖျားခံလာခြင်းဟု သိရသည်။

‘ကုန်းမြင့်သာနောက်ဘက်ထဲက ခြံနဲ့မြေကွက်တွေလည်း ရောင်းနေတယ်။ သိန်း(၄၀ဝဝဝ)လောက် တန်တဲ့ အိမ်နဲ့ခြံကို သိန်း(၃၅၀ဝဝ)လောက်နဲ့ ရောင်းမယ်လို့ ဈေးခေါ်ထားတာတောင်ရှိတယ်’ဟု အခြားသောအိမ်ခြံမြေ သတင်းရင်းမြစ် တစ်ဦးကပြောသည်။ လွန်ခဲ့သောလပိုင်းအတွင်းကလည်း တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိမြေကွက်တစ်ခု ကို လုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ(၅)သန်းခန့်ဖြင့် ပြန်လည်ဝယ်ယူသွားသည့် ဖြစ်စဉ်များရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အချို့သောလမ်းမကြီးပေါ်မှ မြေဈေးများမှာ ကမ္ဘာ့နာမည်ကြီးမြို့များ၏ မြေဈေးများနှင့် ယှဉ်နိုင်သည့်အနေအထားမျိုးတွင် ရှိနေကြောင်း ကြားသိရသည်။ အဆိုပါတန်ဖိုးကြီး မြေကွက်များကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးများ များစားစား ရရှိထားသူများက ဝယ်ယူစုဆောင်း၍ ပိုင်ဆိုင်မှုတန်ဖိုးမြှင့်ခြင်းများ လုပ်ဆောင်ကြသည်။ အထူးသဖြင့် ဝယ်ယူထားသော မြေကွက်များကို အမည်ပေါက်ပြောင်းခြင်းမလုပ်၊ စီမံကိန်းလည်း မဖော်ဆောင်သည့်အပြင် နိုင်ငံတော်အား အခွန်လည်း မဆောင်ဘဲ ဝယ်ရောင်းပုံစံမျိုးဖြင့် ကိုယ်ကျိုးစီးပွားတိုးတက်ရေးအတွက်သာ သုံးစွဲကြခြင်းမျိုးဖြစ် သည်။

zawgyi version
ျပည္လမ္းမႀကီးေပၚမွ တန္ဖိုးႀကီးေျမကြက္မ်ား (၁ဝ)ခုထက္မနည္းျပန္လည္ေရာင္းထုတ္မႈရွိေန
ေအဝိုင္အီး (NP News) - ေအာက္တိုဘာ ၃

ရန္ကုန္ၿမိဳ႕ ျပည္လမ္းမႀကီးေပၚရွိ ဧကကြက္ေျမမ်ားကို ပိုင္ဆိုင္ထားသူလုပ္ငန္းရွင္အခ်ိဳ႕က ျပန္လည္ေရာင္းထုတ္မႈမ်ားရွိေနၿပီး ပတၱျမားနဂါး ဦးေနဝင္းထြန္း အပါအဝင္ အနည္းဆုံး(၁၀)ကြက္ထက္မနည္း ရွိေနေၾကာင္း စီးပြားေရးအသိုင္းအဝိုင္းမွ ျပန္လည္သိရွိရသည္။

ႏိုင္ငံေရးျပႆနာမ်ားမျဖစ္ေပၚမီကာလမ်ားအတြင္းက ျပည္လမ္းမေပၚရွိေျမကြက္မ်ားကို ျပန္ လည္ေရာင္းခ်သူ နည္းပါးလွေသာ္လည္း ယခုလပိုင္းမ်ားအတြင္း၌ ျပန္လည္ေရာင္းခ်မႈမ်ား ျမင့္တက္လာ ျခင္းမ်ိဳးျဖစ္ေၾကာင္း သတင္း ရင္းျမစ္အခ်ိဳ႕က အတည္ျပဳေျပာၾကားသည္။ ‘‘ပတၱျမားနဂါး ကိုေနဝင္း ထြန္းရဲ႕ေျမကြက္ဆိုရင္ ျပည္လမ္းမႀကီး (၇)မိုင္နားမွာရွိတယ္။ ႏွစ္ဧကေက်ာ္တယ္။ မၾကာခင္ကမွ ျပန္ေရာင္းထြက္သြားၿပီလို႔ သိရတယ္။ အဓိက ဘဏ္ေႂကြးေၾကာင့္ပဲ’’ဟု စီးပြားေရးသတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေျမကြက္အတြက္ တစ္စတုရန္းေပလွ်င္ က်ပ္(၁၈)သိန္းမွ သိန္း(၂၀) ၾကား တန္ဖိုးျဖတ္၍ သတ္မွတ္ခဲ့ၾကေၾကာင္းလည္း ၎ကဆိုသည္။ ဦးေနဝင္းထြန္း၏ ႏွစ္ဧကေက်ာ္ေသာ ေျမကြက္အတြင္း၌ အထပ္ျမင့္စီမံကိန္းႀကီးတစ္ခုတည္ေဆာက္သြားရန္ စင္ကာပူကုမၸဏီတစ္ခုႏွင့္ လြန္ခဲ့ေသာဆယ္စုႏွစ္ကတည္းက သေဘာတူညီမႈရထားခဲ့ၾကသည္ဟုဆိုသည္။ ‘စင္ကာပူကုမၸဏီက ျပန္ထြက္ သြားေတာ့ လုပ္ငန္းကရပ္သြားတာ။ ျပည္လမ္းမေပၚမွာ အဲဒီလိုမ်ိဳး ဧကကြက္ေတြ (၁၀)ကြက္ထက္မနည္း ျပန္ေရာင္းေန ၾကတယ္။ ျပန္ဝယ္တဲ့သူလည္းရွိတယ္။ ဝယ္ႏိုင္တဲ့သူေတြ ရွိတယ္ေလ’ဟု သတင္းရင္းျမစ္က ေျပာသည္။ ျပည္လမ္းမႀကီးေပၚရွိ ေျမကြက္မ်ား၏ ေဈးသည္ တစ္စတုရန္းေပလွ်င္ က်ပ္သိန္း(၃၀)အထိ ေခၚေဈးရွိခဲ့ဖူးေသာ္လည္း အမွန္တကယ္ ေရာင္းခ်ခ်ိန္တြင္ က်ပ္သိန္း(၂၀)ခန႔္သာ အျမင့္ဆုံးရရွိၾကသည္ဟု သိရသည္။ ဦးသန္းေ႐ႊအစိုးရလက္ထက္ ကတည္းက ေျမဧကကြက္မ်ားကို ပိုင္ဆိုင္ထားၾကသည့္ အႀကီးစားလုပ္ငန္းရွင္ အမ်ားစုမွာ ထပ္ဆင့္ျပန္လည္ေရာင္းခ် ျခင္းမ်ားျဖင့္ ပိုင္ဆိုင္မႈမ်ား တိုးပြားခဲ့ၾကေသာ္လည္း အဆိုပါေျမမ်ားအဆင့္ဆင့္ေရာင္းခ်မႈမွ ႏိုင္ငံေတာ္က အခြန္အခ တိုးပြားရရွိျခင္းမ်ိဳး နည္းပါးလွသည္။ လက္ရွိကာလ၌ ျပန္လည္ေရာင္းခ်မႈမ်ား ျဖစ္ေပၚလာရျခင္းမွာ ဘဏ္ေခ်းေငြျဖင့္ တန္ဖိုးႀကီးေျမကြက္မ်ားကို ဝယ္ယူစုေဆာင္းျခင္းမ်ားေၾကာင့္ ဘဏ္ေႂကြးျပႆနာမ်ားျဖစ္ ေပၚသည့္အျပင္ ေျမေဈးႏႈန္း မတန္တဆႀကီးျမင့္ျခင္းမ်ား၊ ႏိုင္ငံေတာ္က အခြန္အခရရွိမႈ ဆုံးရႈံးျခင္းမ်ား၊ ဝယ္ယူထားေသာ ေျမကြက္မ်ားေပၚ၌ မည္သည့္လုပ္ငန္းမ်ားမွမလုပ္ဘဲ ေဈးထိုင္ကစားေနျခင္းမ်ားေၾကာင့္ နစကအစိုးရက သတိထားေစာင့္ၾကည့္လာမႈမွ ျမစ္ဖ်ားခံလာျခင္းဟု သိရသည္။

‘ကုန္းျမင့္သာေနာက္ဘက္ထဲက ၿခံနဲ႔ေျမကြက္ေတြလည္း ေရာင္းေနတယ္။ သိန္း(၄၀ဝဝဝ)ေလာက္ တန္တဲ့ အိမ္နဲ႔ၿခံကို သိန္း(၃၅၀ဝဝ)ေလာက္နဲ႔ ေရာင္းမယ္လို႔ ေဈးေခၚထားတာေတာင္ရွိတယ္’ဟု အျခားေသာအိမ္ၿခံေျမ သတင္းရင္းျမစ္ တစ္ဦးကေျပာသည္။ လြန္ခဲ့ေသာလပိုင္းအတြင္းကလည္း တကၠသိုလ္ရိပ္သာလမ္းေပၚရွိေျမကြက္တစ္ခု ကို လုပ္ငန္းရွင္တစ္ဦးက ေဒၚလာ(၅)သန္းခန႔္ျဖင့္ ျပန္လည္ဝယ္ယူသြားသည့္ ျဖစ္စဥ္မ်ားရွိခဲ့ၿပီး ရန္ကုန္ၿမိဳ႕ရွိ အခ်ိဳ႕ေသာလမ္းမႀကီးေပၚမွ ေျမေဈးမ်ားမွာ ကမာၻ႔နာမည္ႀကီးၿမိဳ႕မ်ား၏ ေျမေဈးမ်ားႏွင့္ ယွဥ္ႏိုင္သည့္အေနအထားမ်ိဳးတြင္ ရွိေနေၾကာင္း ၾကားသိရသည္။ အဆိုပါတန္ဖိုးႀကီး ေျမကြက္မ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ေငြေၾကးမ်ား မ်ားစားစား ရရွိထားသူမ်ားက ဝယ္ယူစုေဆာင္း၍ ပိုင္ဆိုင္မႈတန္ဖိုးျမႇင့္ျခင္းမ်ား လုပ္ေဆာင္ၾကသည္။ အထူးသျဖင့္ ဝယ္ယူထားေသာ ေျမကြက္မ်ားကို အမည္ေပါက္ေျပာင္းျခင္းမလုပ္၊ စီမံကိန္းလည္း မေဖာ္ေဆာင္သည့္အျပင္ ႏိုင္ငံေတာ္အား အခြန္လည္း မေဆာင္ဘဲ ဝယ္ေရာင္းပုံစံမ်ိဳးျဖင့္ ကိုယ္က်ိဳးစီးပြားတိုးတက္ေရးအတြက္သာ သုံးစြဲၾကျခင္းမ်ိဳးျဖစ္ သည္။

Related news

© 2021. All rights reserved.