စက်သုံးဆီ ဈေးတစ်လီတာလျှင် ၅၀ ကျပ် ဝန်းကျင်ကျဆင်း
190
NP News - နိုဝင်ဘာ ၂၄
ပြည်တွင်းရှိ စက်သုံးဆီတင်သွင်းသည့်လုပ်ငန်းရှင်များသို့ ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချ ပေးနေရာ လတ်တလောတွင် စက်သုံးဆီဈေးများအနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသူလုပ်ငန်းရှင်များထံမှ သိရသည်။
နိုဝင်ဘာ (၂၄)ရက် ပေါက်ဈေးများအရ ယခင် သတင်းပါတ် နိုဝင်ဘာ(၁၇)ရက်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ 92 တစ်လီတာလျှင် ၅၅ ကျပ် ၊ 95ဓါတ်ဆီတစ်လီတာလျှင် ၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၄၅ ကျပ် နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၅၀ ကျပ်ဝန်းကျင်သို့ကဆင်းလာခြင်းဖြစ်သည်။
“ဆီဈေးကျရင် ဆီတန်းစီစရာတော့မလိုဘူးပေါ့။ ဒါပေမယ့် စိတ်မချရတာကြောင့် ပိုပိုလိုလို ကားထဲမှာ အမြဲဝယ်ထည့်ထားရတယ်၊ ကားမောင်းရင်း ကုန်သွားသလောက် ပြန်ဝယ်ထည့်ပြီး ဆီအပြည်နဲ့မောင်း နေရတယ်” ဟု တောင်ဥက္ကလာပမှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးထားကြောင်း သိရသည်။
နိုဝင်ဘာလ(၂၄)ရက်တွင် ရန်ကုန်မြို့ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာလျှင် (၂၉၅၅)ကျပ်၊ 95 Ron တစ်လီတာလျှင် (၃၁၅၀) ကျပ်၊ HSD (500ppm) ဒီဇယ် တစ်လီတာလျှင် (၂၆၂၀) ကျပ် HSD (50 ppm)၊ ဒီဇယ်တစ်လီတာလျှင် (၃၂၅၅) ကျပ် နှင့် HSD (10ppm) ဒီဇယ် တစ်လီတာလျှင် (၃၂၅၅) ကျပ် ပေါက်ဈေး ရှိ ကြောင်း သိရသည်။
Zawgyi Version;
စက္သုံးဆီ ေဈးတစ္လီတာလွ်င္ ၅၀ က်ပ္ ဝန္းက်င္က်ဆင္း
NP News - ႏိုဝင္ဘာ ၂၄
ျပည္တြင္းရွိ စက္သုံးဆီတင္သြင္းသည့္လုပ္ငန္းရွင္မ်ားသို႔ ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ေရာင္းခ် ေပးေနရာ လတ္တေလာတြင္ စက္သုံးဆီေဈးမ်ားအနည္းငယ္ျပန္လည္က်ဆင္းလာေၾကာင္း စက္သုံးဆီ တင္သြင္းသူလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ႏိုဝင္ဘာ (၂၄)ရက္ ေပါက္ေဈးမ်ားအရ ယခင္ သတင္းပါတ္ ႏိုဝင္ဘာ(၁၇)ရက္ႏွင့္ႏႈိင္းယွဥ္ပါက ဓါတ္ဆီ 92 တစ္လီတာလွ်င္ ၅၅ က်ပ္ ၊ 95ဓါတ္ဆီတစ္လီတာလွ်င္ ၅၀ က်ပ္၊ ႐ိုး႐ိုးဒီဇယ္တစ္လီတာလွ်င္ ၄၅ က်ပ္ ႏွင့္ ပရီမီယမ္ဒီဇယ္ တစ္လီတာလွ်င္ ၅၀ က်ပ္ဝန္းက်င္သို႔ကဆင္းလာျခင္းျဖစ္သည္။
“ဆီေဈးက်ရင္ ဆီတန္းစီစရာေတာ့မလိုဘူးေပါ့။ ဒါေပမယ့္ စိတ္မခ်ရတာေၾကာင့္ ပိုပိုလိုလို ကားထဲမွာ အၿမဲဝယ္ထည့္ထားရတယ္၊ ကားေမာင္းရင္း ကုန္သြားသေလာက္ ျပန္ဝယ္ထည့္ၿပီး ဆီအျပည္နဲ႔ေမာင္း ေနရတယ္” ဟု ေတာင္ဥကၠလာပမွ အငွားယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္ (FX Trading Platform) တြင္ စက္သုံးဆီတင္သြင္းေသာ လုပ္ငန္းရွင္မ်ားသို႔ အေမရိကန္ေဒၚလာ ၃၅ သန္း ေရာင္းခ်ေပးထားေၾကာင္း သိရသည္။
ႏိုဝင္ဘာလ(၂၄)ရက္တြင္ ရန္ကုန္ၿမိဳ႕ စက္သုံးဆီေပါက္ေဈးမ်ားသည္ 92 Ron တစ္လီတာလွ်င္ (၂၉၅၅)က်ပ္၊ 95 Ron တစ္လီတာလွ်င္ (၃၁၅၀) က်ပ္၊ HSD (500ppm) ဒီဇယ္ တစ္လီတာလွ်င္ (၂၆၂၀) က်ပ္ HSD (50 ppm)၊ ဒီဇယ္တစ္လီတာလွ်င္ (၃၂၅၅) က်ပ္ ႏွင့္ HSD (10ppm) ဒီဇယ္ တစ္လီတာလွ်င္ (၃၂၅၅) က်ပ္ ေပါက္ေဈး ရွိ ေၾကာင္း သိရသည္။