ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို

 229

ယွန်း (NP News) - အောက်တိုဘာ ၁

ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့်အနေအထားရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

လတ်တလောတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအများအပြား၌ ရေကြီးရေလျှံ မှုများအပါအဝင် ပြင်းထန်သည့် သက်ရောက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကိုလုပ်ဆောင်ရန် ပို၍ လိုအပ်လာပြီး လာမည့်အောက်တိုဘာလတွင် ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုပြောင်းလဲမှုများကို စောင့်ကြည့်ရမည့် အနေအ ထားတွင်ရှိနေကြောင်း သိရသည်။

“အဓိကကတော့ ရာသီဥတုပြောင်းလဲမှု အနေအထားက ဗီယက်နမ်မှာဆိုလည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေခံစားရတယ်။ ထိုင်းမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုတွေများ တယ်။ ကျွန်တော်တို့နိုင်ငံဆိုရင်လည်း များတယ်။ နောက်တစ်ခုက မိုးစပါးရာသီကမကုန်သေးဘူး။ စက် တင်ဘာနဲ့ အောက်တိုဘာလကုန်အထိကို နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဖြစ် ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှုတွေက ချင့်ချိန်ရမယ့် အပိုင်းတွေဖြစ်သွားတာပေါ့” ဟု ဦးရဲမင်းအောင်က ဆိုသည်။

သို့သော် ပြည်ပဆန်တင်ပို့မှုကို ယခင် မျှော်မှန်းထားသည့်အတိုင်း တစ်လလျှင် တန်ချိန်(၂)သိန်း တင်ပို့နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သော် လည်း ရာသီဥတုအနေအထားများ ပြောင်းလဲလာသည့် အတွက် ပြည်ပတင်ပို့မှုကို ချင့်ချိန်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ နိုင်ငံတိုင်းကတော့ ပြည်ပတင်ပို့မှုကို ချင့်ချိန်ဆောင်ရွက်မယ့်အနေအထားများပါတယ်။ Target ကတော့ထားတယ်။ မပြောင်းလဲဘူး။ မြန်မာနိုင်ငံဆို တစ်လကိုဆန်တန်ချိန် (၂) သိန်း Target ထားတယ်။ ဗီယက်နမ်ဆိုလည်း တစ်လကို (၄)သိန်း၊ (၅)သိန်းလောက်ပို့ဖို့ Target ထားတယ်။ မြန်မာ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံတိုင်းမှာလိုတာပေါ့။ အိန္ဒိယဆိုရင်လည်း ကျွန်တော်တို့တစ်နှစ်ပို့တဲ့ ပမာဏကို တစ်လလောက်နဲ့ကိုပို့တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကိုယ်၌က ပို့ကုန်နဲ့ပတ်သက်တဲ့ကိစ္စတွေကို သုံးသပ်ဆောင်ရွက်နေတာတွေရှိတယ်။ ကုန်သွယ်မှုမှာတော့ ပူးပေါင်း‌ဆောင်ရွက်ကြတယ်။ ရာသီဥတု အနေအထားသည် စားနပ်ရိက္ခာဖူလုံမှုပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတာကို ချင့် ချိန်ဆောင်ရွက်ရမှာပေါ့။ ဒါကြောင့်မို့လို့ အရန်ဆန်တို့၊ အရန်စားနပ်ရိက္ခာတို့ရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာတာပေါ့” ဟု ဦးရဲမင်းအောင်က အသိပေးထားသည်။

လက်ရှိတွင် ‌မြန်မာနိုင်ငံအနေဖြင့် ဒေသ တွင်း စားနပ်ရိက္ခာဖူလုံရေးအပါအဝင် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးများကို အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ဖိလစ်ပိုင်နိုင်ငံတို့နှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အရန်ဆန် လုံလောက်စွာရှိနေပြီး ပိုလျှံနေသည့် အတွက် လက်ရှိ အချိန် အထိ စိုးရိမ်ရမည့်အနေအထားမရှိသေးသော်လည်း ရာသီဥတုပြောင်းလဲမှုပေါ်မူတည်၍ ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်း ဦးရဲမင်းအောင်က ဆိုထားသည်။ ယခု (၂၀၂၄ -၂၀၂၅) ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်တန်ချိန်(၂)သန်းနီးပါး တင်ပို့ရန်လျာထားပြီး ပို့ကုန်ရငွေအနေဖြင့် အမေရိကန်ဒေါ်လာ(၁)ဘီလျံအထိ ရရှိရန် မျှော်မှန်းထားသည်။

ထို့ပြင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုရာသီ ဥတုဖြစ်စဉ်ကြောင့်လည်း နိုင်ငံအချို့၏ စပါးထွက်ရှိမှုများထိခိုက်ခဲ့ပြီး ဆန်ဈေးကြီးမြင့်မှုများနှင့်ပါ ရင်ဆိုင်ခဲ့ကြရသည်။

zawgyi version
ေျပာင္းလဲလာသည့္ ရာသီဥတုျဖစ္စဥ္မ်ားေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပဆန္တင္ပို႔မႈကို ခ်င့္ခ်ိန္ရမည့္ အေနအထားရွိေနဟု MRF ဥကၠ႒ဆို
ယြန္း (NP News) - ေအာက္တိုဘာ ၁

ေျပာင္းလဲလာသည့္ ရာသီဥတုျဖစ္စဥ္မ်ားေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပဆန္တင္ပို႔မႈကို ခ်င့္ခ်ိန္ရမည့္အေနအထားရွိေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

လတ္တေလာတြင္ ရာသီဥတုေျပာင္းလဲမႈ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ေပၚေလ့ရွိၿပီး ျမန္မာႏိုင္ငံ အပါအဝင္ ျပည္ပႏိုင္ငံအမ်ားအျပား၌ ေရႀကီးေရလွ်ံ မႈမ်ားအပါအဝင္ ျပင္းထန္သည့္ သက္ေရာက္မႈမ်ားကို ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္တြင္းေဈးကြက္တည္ၿငိမ္ေရးႏွင့္ စားနပ္ရိကၡာဖူလုံေရးကိုလုပ္ေဆာင္ရန္ ပို၍ လိုအပ္လာၿပီး လာမည့္ေအာက္တိုဘာလတြင္ ျဖစ္ေပၚလာႏိုင္မည့္ ရာသီဥတုေျပာင္းလဲမႈမ်ားကို ေစာင့္ၾကည့္ရမည့္ အေနအ ထားတြင္ရွိေနေၾကာင္း သိရသည္။

“အဓိကကေတာ့ ရာသီဥတုေျပာင္းလဲမႈ အေနအထားက ဗီယက္နမ္မွာဆိုလည္း ျပင္းထန္တဲ့ သက္ေရာက္မႈေတြခံစားရတယ္။ ထိုင္းမွာလည္း ရာသီဥတုေျပာင္းလဲမႈေၾကာင့္ သက္ေရာက္မႈေတြမ်ား တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဆိုရင္လည္း မ်ားတယ္။ ေနာက္တစ္ခုက မိုးစပါးရာသီကမကုန္ေသးဘူး။ စက္ တင္ဘာနဲ႔ ေအာက္တိုဘာလကုန္အထိကို ေနာက္ထပ္ျဖစ္ေပၚလာႏိုင္တဲ့ ရာသီဥတုေျပာင္းလဲမႈနဲ႔ ျဖစ္ ေပၚလာႏိုင္တဲ့ ေရႀကီးေရလွ်ံမႈေတြက ခ်င့္ခ်ိန္ရမယ့္ အပိုင္းေတြျဖစ္သြားတာေပါ့” ဟု ဦးရဲမင္းေအာင္က ဆိုသည္။

သို႔ေသာ္ ျပည္ပဆန္တင္ပို႔မႈကို ယခင္ ေမွ်ာ္မွန္းထားသည့္အတိုင္း တစ္လလွ်င္ တန္ခ်ိန္(၂)သိန္း တင္ပို႔ႏိုင္ေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ေသာ္ လည္း ရာသီဥတုအေနအထားမ်ား ေျပာင္းလဲလာသည့္ အတြက္ ျပည္ပတင္ပို႔မႈကို ခ်င့္ခ်ိန္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ၎ကဆိုသည္။

“ ႏိုင္ငံတိုင္းကေတာ့ ျပည္ပတင္ပို႔မႈကို ခ်င့္ခ်ိန္ေဆာင္႐ြက္မယ့္အေနအထားမ်ားပါတယ္။ Target ကေတာ့ထားတယ္။ မေျပာင္းလဲဘူး။ ျမန္မာႏိုင္ငံဆို တစ္လကိုဆန္တန္ခ်ိန္ (၂) သိန္း Target ထားတယ္။ ဗီယက္နမ္ဆိုလည္း တစ္လကို (၄)သိန္း၊ (၅)သိန္းေလာက္ပို႔ဖို႔ Target ထားတယ္။ ျမန္မာ ႏိုင္ငံတစ္ခုတည္းမဟုတ္ဘူး။ ႏိုင္ငံတိုင္းမွာလိုတာေပါ့။ အိႏၵိယဆိုရင္လည္း ကြၽန္ေတာ္တို႔တစ္ႏွစ္ပို႔တဲ့ ပမာဏကို တစ္လေလာက္နဲ႔ကိုပို႔တယ္။ ဒါေပမဲ့ အိႏၵိယႏိုင္ငံကိုယ္၌က ပို႔ကုန္နဲ႔ပတ္သက္တဲ့ကိစၥေတြကို သုံးသပ္ေဆာင္႐ြက္ေနတာေတြရွိတယ္။ ကုန္သြယ္မႈမွာေတာ့ ပူးေပါင္း‌ေဆာင္႐ြက္ၾကတယ္။ ရာသီဥတု အေနအထားသည္ စားနပ္ရိကၡာဖူလုံမႈေပၚမွာ ဘယ္လို သက္ေရာက္မႈေတြရွိလာႏိုင္တယ္ဆိုတာကို ခ်င့္ ခ်ိန္ေဆာင္႐ြက္ရမွာေပါ့။ ဒါေၾကာင့္မို႔လို႔ အရန္ဆန္တို႔၊ အရန္စားနပ္ရိကၡာတို႔ရဲ႕ အခန္းက႑က ပိုၿပီးအေရးပါလာတာေပါ့” ဟု ဦးရဲမင္းေအာင္က အသိေပးထားသည္။

လက္ရွိတြင္ ‌ျမန္မာႏိုင္ငံအေနျဖင့္ ေဒသ တြင္း စားနပ္ရိကၡာဖူလုံေရးအပါအဝင္ စားနပ္ရိကၡာ ထုတ္လုပ္တင္ပို႔ေရာင္းခ်ႏိုင္ေရးမ်ားကို အိႏၵိယႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံ အပါအဝင္ ဖိလစ္ပိုင္ႏိုင္ငံတို႔ႏွင့္ အျပန္အလွန္ပူးေပါင္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ အရန္ဆန္ လုံေလာက္စြာရွိေနၿပီး ပိုလွ်ံေနသည့္ အတြက္ လက္ရွိ အခ်ိန္ အထိ စိုးရိမ္ရမည့္အေနအထားမရွိေသးေသာ္လည္း ရာသီဥတုေျပာင္းလဲမႈေပၚမူတည္၍ ခ်င့္ခ်ိန္ေဆာင္႐ြက္ရန္လိုေၾကာင္း ဦးရဲမင္းေအာင္က ဆိုထားသည္။ ယခု (၂၀၂၄ -၂၀၂၅) ဘ႑ာေရးႏွစ္၌ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဆန္တန္ခ်ိန္(၂)သန္းနီးပါး တင္ပို႔ရန္လ်ာထားၿပီး ပို႔ကုန္ရေငြအေနျဖင့္ အေမရိကန္ေဒၚလာ(၁)ဘီလ်ံအထိ ရရွိရန္ ေမွ်ာ္မွန္းထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္တြင္ ျဖစ္ေပၚခဲ့သည့္ အယ္နီညိဳရာသီ ဥတုျဖစ္စဥ္ေၾကာင့္လည္း ႏိုင္ငံအခ်ိဳ႕၏ စပါးထြက္ရွိမႈမ်ားထိခိုက္ခဲ့ၿပီး ဆန္ေဈးႀကီးျမင့္မႈမ်ားႏွင့္ပါ ရင္ဆိုင္ခဲ့ၾကရသည္။

Related news

© 2021. All rights reserved.