ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု

 460

ယွန်း (NP News) - စက်တင်ဘာ ၂၆

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုကာလများတွင် ပြည်တွင်း၌ ဆေးဝါး အပါအဝင် စက်သုံးဆီ၊ စားသုံးဆီနှင့် အချို့ကုန်စည်များ မကြာခဏ ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံခြားငွေရှားပါးမှု ယခင်ကထက် ပိုမိုဆိုးရွားလာသည့်အတွက် သွင်းကုန်လိုင်စင်များကို လည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုလျက်ရှိသည်။
ထို့ကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းရှားပါးမှုပြဿနာများ သက်သာစေရေးနှင့် နိုင်ငံခြားငွေ အခက်အခဲများ ပြေလည်စေရေးအတွက် လူသုံးကုန်ပစ္စည်းများအပါအဝင် စားသုံးကုန်များ၊ ဆေးဝါးနှင့် ပြည်ပမှ တင်သွင်းမည့် သွင်းကုန် များအားလုံးကို အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချခွင့် ပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

“တကယ်ဆိုရင် ပစ္စည်းတင်သွင်းမယ့် ကုမ္ပဏီတွေကို မင်းတို့တာဝန်ယူပြီးသွင်းဆိုပြီး လွတ်လွတ်လပ်လပ် ပေးသွင်းလိုက်သင့်တာ။ အဲဒါဆိုရင် ပစ္စည်းတွေပိုပြီး မြန်မြန်ရောက်လာမယ်။ အဲဒီလို လုပ်ဖို့ဆိုတာကလည်း နိုင်ငံခြား မှာဆိုရင် အပ်ကုန် စနစ်ဆိုတာရှိတယ်။ earning တို့ဘာတို့ကို ‌ခေါင်းစားခံမနေနဲ့ အပ်ကုန်စနစ်နဲ့သာ ရမယ်ဆိုရင် ယူ ရောင်းခိုင်းလိုက်။ တစ်ခုခုဆို သူတို့ကအလွယ်နည်းနဲ့ရှင်းကြတယ်။ အလွယ်နည်းနဲ့ရှင်းမယ်ဆိုရင် ကျွန်‌တော်ပြောသလို အပ်ကုန်စနစ်နဲ့ သွင်းလာပြီးရင် ပြန်ပေးပေါ့။ အဲဒီလိုလုပ်လိုက်ရင် လတ်တလော ဒီမှာလည်း ပစ္စည်းတွေ ပြည့်သွားမယ်၊ သူလည်းဒေါ်လာ မပေးရတော့ဘူး။ နိုင်ငံခြားကနေ ဟွန်ဒီနဲ့လွှဲပြီး ယူလာကြမှာ။ ပြီးရင် နိုင်ငံခြားမှာရှိတဲ့ သူဌေးတွေရဲ့ ဒေါ်လာတွေကလည်း အသက်ဝင်ပြီး ပြန်ဝင်လာလိမ့်မယ်’’ ဟု ၎င်းကပြောသည်။ အပ်ကုန်စနစ်ကို ပြည်ပနိုင်ငံများတွင် လည်း ကျင့်သုံးလျက်ရှိပြီး အဆို ပါ စနစ်ကြောင့် ပြည်ပမှကုန်ပစ္စည်း တင်သွင်းရန် ဒေါ်လာကို ချက်ချင်းပေးရန်မလိုဘဲ နိုင်ငံခြား ငွေရှားပါးမှု ပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

‘‘အပ်ကုန်စနစ်ဆိုတာက ရောင်းပြီးမှ ပြန်ပေးရတဲ့စနစ်ပေါ့။ အဲဒီတော့ လတ်တလောမှာ အပ်ကုန်စနစ်နဲ့ လက်ခံရင် ဘာဖြစ်မလဲဆိုတော့ ဒေါ်လာကို ချက်ချင်းချပေးစရာမလိုဘူး။ ဝင်လာလိမ့်မယ်။ ပြီးရင် သူတို့ဟာသူတို့ ရောင်းလိမ့်မယ်။ ရောင်းပြီးတဲ့အချိန်ကျမှပြန်ပေးဆိုပြီး ပစ္စည်းတွေအများ ကြီးဝင်လာမယ်။ အပ်ကုန်စနစ် ဆိုတာကလည်း နိုင်ငံခြားကုမ္ပဏီတွေကလည်း လုပ်ချင်ကြတယ်” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
ထို့ပြင် အဆိုပါစနစ်ကို ခွင့်ပြုပေးလိုက် ခြင်းအားဖြင့် နိုင်ငံခြားငွေရှားပါးမှုကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်း တင်သွင်းရန် အခက်အခဲဖြစ်ပေါ်နေသည့် လုပ်ငန်းရှင်များ၏ အကျပ်အတည်းများကို အခိုက်အတန့်အားဖြင့် ဖြေရှင်းပေးနိုင်ကြောင်း သိရသည်။ ယင်းပြင် ပြည်သူလူထုကြား၌ ကုန်စည်ရှားပါးမှုကြောင့် ကုန်ဈေးနှုန်းတက်ခြင်းပြဿနာကိုပါ ဖြေရှင်းပြီးသားဖြစ်သွားနိုင်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနအနေဖြင့် သွင်းကုန်တင်သွင်းမှုကို ယခင်အတိုင်း FESC မှ စိစစ်ပြီး လိုင်စင်ခွင့်ပြုချက်များအရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၆) ဘီလျံအထိ ခွင့်ပြုပေးနေကြောင်း သိရ သည်။

ယခု (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ(၁၆) ဘီလျံကျော်ရရှိရန် မျှော်မှန်းထားပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၁၆) ဘီလျံဝန်းကျင် ပြန်လည် သုံးစွဲသွားရန် လျာထားကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။

zawgyi version
ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈမ်ားကို အပ္ကုန္စနစ္ျဖင့္ ခြင့္ျပဳေပးသင့္ေၾကာင္း အႀကံျပဳ
ယြန္း (NP News) - စက္တင္ဘာ ၂၆

ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈမ်ားကို အပ္ကုန္စနစ္ျဖင့္ ခြင့္ျပဳေပးသင့္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက ေျပာသည္။

ယခုကာလမ်ားတြင္ ျပည္တြင္း၌ ေဆးဝါး အပါအဝင္ စက္သုံးဆီ၊ စားသုံးဆီႏွင့္ အခ်ိဳ႕ကုန္စည္မ်ား မၾကာခဏ ျပတ္လပ္မႈ ျဖစ္ေပၚလ်က္ရွိၿပီး ႏိုင္ငံျခားေငြရွားပါးမႈ ယခင္ကထက္ ပိုမိုဆိုး႐ြားလာသည့္အတြက္ သြင္းကုန္လိုင္စင္မ်ားကို လည္း အကန႔္အသတ္ျဖင့္သာ ခြင့္ျပဳလ်က္ရွိသည္။
ထို႔ေၾကာင့္ ျပည္တြင္း၌ ကုန္ပစၥည္းရွားပါးမႈျပႆနာမ်ား သက္သာေစေရးႏွင့္ ႏိုင္ငံျခားေငြ အခက္အခဲမ်ား ေျပလည္ေစေရးအတြက္ လူသုံးကုန္ပစၥည္းမ်ားအပါအဝင္ စားသုံးကုန္မ်ား၊ ေဆးဝါးႏွင့္ ျပည္ပမွ တင္သြင္းမည့္ သြင္းကုန္ မ်ားအားလုံးကို အပ္ကုန္စနစ္ျဖင့္ တင္သြင္းေရာင္းခ်ခြင့္ ေပးသင့္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

“တကယ္ဆိုရင္ ပစၥည္းတင္သြင္းမယ့္ ကုမၸဏီေတြကို မင္းတို႔တာဝန္ယူၿပီးသြင္းဆိုၿပီး လြတ္လြတ္လပ္လပ္ ေပးသြင္းလိုက္သင့္တာ။ အဲဒါဆိုရင္ ပစၥည္းေတြပိုၿပီး ျမန္ျမန္ေရာက္လာမယ္။ အဲဒီလို လုပ္ဖို႔ဆိုတာကလည္း ႏိုင္ငံျခား မွာဆိုရင္ အပ္ကုန္ စနစ္ဆိုတာရွိတယ္။ earning တို႔ဘာတို႔ကို ‌ေခါင္းစားခံမေနနဲ႔ အပ္ကုန္စနစ္နဲ႔သာ ရမယ္ဆိုရင္ ယူ ေရာင္းခိုင္းလိုက္။ တစ္ခုခုဆို သူတို႔ကအလြယ္နည္းနဲ႔ရွင္းၾကတယ္။ အလြယ္နည္းနဲ႔ရွင္းမယ္ဆိုရင္ ကြၽန္‌ေတာ္ေျပာသလို အပ္ကုန္စနစ္နဲ႔ သြင္းလာၿပီးရင္ ျပန္ေပးေပါ့။ အဲဒီလိုလုပ္လိုက္ရင္ လတ္တေလာ ဒီမွာလည္း ပစၥည္းေတြ ျပည့္သြားမယ္၊ သူလည္းေဒၚလာ မေပးရေတာ့ဘူး။ ႏိုင္ငံျခားကေန ဟြန္ဒီနဲ႔လႊဲၿပီး ယူလာၾကမွာ။ ၿပီးရင္ ႏိုင္ငံျခားမွာရွိတဲ့ သူေဌးေတြရဲ႕ ေဒၚလာေတြကလည္း အသက္ဝင္ၿပီး ျပန္ဝင္လာလိမ့္မယ္’’ ဟု ၎ကေျပာသည္။ အပ္ကုန္စနစ္ကို ျပည္ပႏိုင္ငံမ်ားတြင္ လည္း က်င့္သုံးလ်က္ရွိၿပီး အဆို ပါ စနစ္ေၾကာင့္ ျပည္ပမွကုန္ပစၥည္း တင္သြင္းရန္ ေဒၚလာကို ခ်က္ခ်င္းေပးရန္မလိုဘဲ ႏိုင္ငံျခား ေငြရွားပါးမႈ ျပႆနာကိုလည္း အထိုက္အေလ်ာက္ ေျဖရွင္း ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

‘‘အပ္ကုန္စနစ္ဆိုတာက ေရာင္းၿပီးမွ ျပန္ေပးရတဲ့စနစ္ေပါ့။ အဲဒီေတာ့ လတ္တေလာမွာ အပ္ကုန္စနစ္နဲ႔ လက္ခံရင္ ဘာျဖစ္မလဲဆိုေတာ့ ေဒၚလာကို ခ်က္ခ်င္းခ်ေပးစရာမလိုဘူး။ ဝင္လာလိမ့္မယ္။ ၿပီးရင္ သူတို႔ဟာသူတို႔ ေရာင္းလိမ့္မယ္။ ေရာင္းၿပီးတဲ့အခ်ိန္က်မွျပန္ေပးဆိုၿပီး ပစၥည္းေတြအမ်ား ႀကီးဝင္လာမယ္။ အပ္ကုန္စနစ္ ဆိုတာကလည္း ႏိုင္ငံျခားကုမၸဏီေတြကလည္း လုပ္ခ်င္ၾကတယ္” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။
ထို႔ျပင္ အဆိုပါစနစ္ကို ခြင့္ျပဳေပးလိုက္ ျခင္းအားျဖင့္ ႏိုင္ငံျခားေငြရွားပါးမႈေၾကာင့္ ျပည္တြင္း၌ ကုန္ပစၥည္း တင္သြင္းရန္ အခက္အခဲျဖစ္ေပၚေနသည့္ လုပ္ငန္းရွင္မ်ား၏ အက်ပ္အတည္းမ်ားကို အခိုက္အတန႔္အားျဖင့္ ေျဖရွင္းေပးႏိုင္ေၾကာင္း သိရသည္။ ယင္းျပင္ ျပည္သူလူထုၾကား၌ ကုန္စည္ရွားပါးမႈေၾကာင့္ ကုန္ေဈးႏႈန္းတက္ျခင္းျပႆနာကိုပါ ေျဖရွင္းၿပီးသားျဖစ္သြားႏိုင္သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ ႀကီးဌာနအေနျဖင့္ သြင္းကုန္တင္သြင္းမႈကို ယခင္အတိုင္း FESC မွ စိစစ္ၿပီး လိုင္စင္ခြင့္ျပဳခ်က္မ်ားအရ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ (၁၆) ဘီလ်ံအထိ ခြင့္ျပဳေပးေနေၾကာင္း သိရ သည္။

ယခု (၂၀၂၄- ၂၀၂၅) ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ပို႔ကုန္တင္ပို႔မႈမွ အေမရိကန္ ေဒၚလာ(၁၆) ဘီလ်ံေက်ာ္ရရွိရန္ ေမွ်ာ္မွန္းထားၿပီး သြင္းကုန္တင္သြင္းမႈအေနျဖင့္ အေမရိကန္ေဒၚလာ (၁၆) ဘီလ်ံဝန္းက်င္ ျပန္လည္ သုံးစြဲသြားရန္ လ်ာထားေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.