တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက် (ဈေးကွက် သုံးသပ်ဆောင်းပါး)

111

ပြည့်ဖြိုး(NP News)- နိုဝင်ဘာ ၂၃
ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး အတက်အကျမြန်ဆန်ခဲ့ပြီး အမြင့်ဈေးတန်းဖြင့်သာ အရောင်းအဝယ်ဖြစ် နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ လက်ရှိ နိုဝင်ဘာ (၁၈) ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် (၄၀၁၀) ဒေါ်လာဖြင့်သာပေါက်ဈေး တည်ငြိမ်နေသည်။ နိုဝင်ဘာလ (၁၃)ရက်နှင့်(၁၄) ရက်တို့တွင် ရွှေတစ်အောင်စ လျှင် (၄၂၄၀) ဒေါ်လာ အထိမြင့်တက်ခဲ့ရာမှ ပြန်လည်ကျဆင်းလာခြင်းဖြစ် သည်။
ကမ္ဘာ့ရွှေပေါက်ဈေးအပေါ်မူတည်ကာ ပြည်တွင်းရွှေဈေးများလည်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ကာ ရွှေတစ်ကျပ် သားလျှင် (၈၈)သိန်းခွဲအထိ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ရွှေတစ်ကျပ်သားလျှင် (၈၅)သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။
ပြည်တွင်းဒေါ်လာဈေးမှာ တည်ငြိမ်သောအခြေ အနေတွင်ရပ်တည်နေပြီး တစ်ပတ်အတွင်း အတက်အကျ အနည်းငယ်သာရှိကြောင်း ဈေးကွက်အတွင်း မှသိရသည်။ စားသုံးဆီနှင့်စက်သုံးဆီဈေးများမှာ အတက်အကျတည် ငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ဖြစ် ထွန်းနေကြောင်းသိရသည်။ ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ ပြည်ပသို့ ဆန်တင်ပို့မှု မြှင့်တင်ရန်ကြိုးပမ်းနေသော်လည်း ပြည်တွင်းရှိ မိုးစပါးမှာ ဈေးကောင်းမရဘဲ စပါးတင်း တစ်ရာလျှင် (၁၀)သိန်းဝန်းကျင်သာ ဈေးကွက်ပေါက်ဈေးဖြစ်ပေါ် နေခြင်းကြောင့် တောင်သူလယ်သမားများအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းများထွက်ပေါ်နေသည်။
လက်ရှိတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင် အဖွဲ့က အခြေခံစပါးရည်ညွှန်းဈေးအဖြစ် စံချိန်မီစပါး တင်းတစ်ရာလျှင် ဆယ့်တစ်သိန်းခွဲသတ်မှတ်ပေးထား သော်လည်း မြေပြင်တွင် ယင်းဈေးဖြင့်ဝယ်ယူရာ၌ အခက်အခဲများရှိနေကြောင်း သိရသည်။
တစ်ဧက စပါးအထွက်နှုန်းကျဆင်းခြင်းနှင့် လယ်ယာသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စရိတ်များမြင့်တက်နေခြင်း၊ အလုပ်သမားစရိတ်များအပါအဝင် အထွေထွေစရိတ်များမြင့် တက်လာခြင်းကြောင့် စပါး တင်း တစ်ရာလျှင် (၁၅)သိန်း ခန့်ရရှိမှသာ တောင်သူများအတွက် အဆင်ပြေနိုင် ကြောင်းသိရသည်။
ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးကွက်မှာ ဈေးအမြင့်ပိုင်းဖြင့် အပြောင်းအလဲမရှိတည်ငြိမ်နေ ပြီး အသား ငါးများသည်လည်း ဈေးကောင်းရနေသည်။ ထူးခြားချက်အနေဖြင့် ကုန်စိမ်းဖြစ်သည့် နံနံပင်ဈေးမှာ ဈေးနှုန်းများမြင့် တက်နေပြီး သားငါးဈေးထက်ပင် ကျော်လွန်၍ မြင့်တက်နေသောအခြေအနေမျိုးဖြစ်နေ ကြောင်း ရန်ကုန်မြို့ရှိ လက်လီ ဈေးများအတွင်းမှသိရ သည်။
နံနံပင်ဈေးနှုန်းများမှာ ယခုလအတွင်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ပြီး နိုဝင်ဘာလပထမပတ်အတွင်းက တစ်ဆယ်သားလျှင် (၄၀ဝဝ)ကျပ်ဖြစ်လာခဲ့ပြီး လက်ရှိတွင် တစ်ဆယ်သား (၆၀ဝဝ) မှ (၇၀ဝဝ) ကျပ်ကြားအထိမြင့် တက်ကာ သားငါးဈေးနှုန်းများ ထက်ပင်မြင့်တက်နေသောအခြေအနေမျိုးဖြစ်နေ ကြောင်းသိရသည်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သော်လည်း အခြေခံကုန်ဈေးနှုန်းများမှာ အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်း ပွမှုများကြောင့် လက်ရှိအချိန်အထိ ဈေးနှုန်းများကျဆင်းခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။
(ရွှေ၊ ငွေလဲနှုန်း၊ စက်သုံးဆီဈေးနှုန်း အပြောင်းအလဲများ)
ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာ အတက် အကျမြန်ဆန်ခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာ (၂၀ဝ) ဝန်းကျင် အတက်အကျဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ(၁၃)ရက်နှင့်(၁၄) ရက်တို့တွင် ရွှေတစ်အောင်စ လျှင် (၄၂၄၀) ဒေါ်လာဝန်းကျင်အထိမြင့်တက်ခဲ့ရာ ပြည်တွင်းရွှေဈေးများလည်း လိုက်ပါမြင့်တက်ခဲ့သည်။ ယင်းရက်များအတွင်း ပြည်တွင်းအခေါက်ရွှေဈေးများ (၈၈)သိန်းကျော်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည် ကျဆင်းလာသည်။
လက်ရှိ နိုဝင်ဘာလ(၁၈)ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၄၀၁၀)ဒေါ်လာအထိပြန်လည် ကျဆင်းလာပြီး ပြည်တွင်းရွှေဈေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၅)သိန်းဝန်းကျင်သာပေါက် ဈေးရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၆၀)ဝန်းကျင် ပေါက်ဈေးသတ်မှတ်ထားပြီး ပြင်ပဈေးကွက်နှင့် ဈေးနှုန်းကွားခြားနေဆဲဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်းအတက်အကျများကြောင်း၊ ဈေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းမှား ဝယ်မှားမဖြစ်စေရန် အထူးသတိထား ဆောင်ရွက်သင့်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက အကြံပြုပြောကြား ထားသည်။ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် ကမ္ဘာ့ရွှေဈေးသည် ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်နိုင်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူများက ခန့် မှန်းထားရာ ပြည်တွင်းရွှေဈေးသည်လည်း မြင့်တက် နေမည်ဖြစ်သည်။ ပြည်တွင်းငွေလဲဈေးနှုန်းများ တည်ငြိမ်နေခြင်းကြောင့်သာ ရွှေဈေးမြင့်မားမှုကို တည်တည်ငြိမ်ငြိမ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ပြည်တွင်းငွေလဲဈေးကွက်အတွင်း နိုဝင်ဘာ(၁၃)နှင့်(၁၄)ရက်တို့အတွင်း အမေရိကန်တစ်ဒေါ် လာလျှင် (၄၀၇၀)ကျပ်ဈေးဖြင့်ရပ်တည်ခဲ့သော်လည်း နိုဝင်ဘာ(၁၈)ရက်တွင် တစ်ဒေါ်လာလျှင် (၄၀၅၅) ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာသည်။ ဒေါ်လာဈေးအကျပိုင်းသို့ရောက်ရှိနေခြင်းဖြစ်ရာ ပြည်တွင်း ပို့ကုန်/သွင်းကုန်လုပ် ငန်းများ အတွက် လုပ်ငန်း လုပ်ကိုင်ရန်အဆင်ပြေနေကြောင်းသိရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် ကုန်သွယ်ရေးအခြေအနေအရ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ လေးထောင်ကျပ်အောက် ရောက် ရှိနိုင်ဖွယ် မရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ အခြားနိုင်ငံခြားငွေလဲဈေးနှုန်း များမှာ တရုတ်တစ်ယွမ် လျှင် (၅၇၀) ကျပ်၊ ထိုင်းတစ် ဘတ်လျှင်(၁၂၅) ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၁၁၀)ကျပ်နှင့် အန္ဒိယတစ်ရူးပီးလျှင် (၄၅)ကျပ်တို့ ဖြစ်ကြောင်းသိရသည်။
ငွေလဲဈေးကွက်အတွင်း ဗဟိုဘဏ်၏ရည်ညွှန်း ပေါက်ဈေးနှင့် ပြင်ပဈေးနှုန်းများမှာ ကွာခြားချက်ရှိနေ ဆဲဖြစ်ပြီး အဓိကအားဖြင့် အမေရိကန်ဒေါ်လာပေါက် ဈေးများ ကွာခြားချက်ကြီးမားကြောင်းသိရသည်။ ကျန်နိုင်ငံခြားငွေ ကြေးများမှာ ဗဟိုဘဏ်ရည်ညွှန်း ဈေးနှင့် ပြင်ပဈေး ကွာခြားချက်အနည်းငယ်သာရှိသည်။ စက်သုံးဆီဈေးများမှာ ကမ္ဘာ့ပေါက်ဈေးပေါ် မူတည်ကာ နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးများအဖြစ်ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
ယခုတစ်ပတ်အတွက် စက်သုံးဆီပေါက်ဈေးများမှာ (၉၂)ဓာတ်ဆီတစ်လီတာလျှင် (၂၅၈၅)ကျပ်၊ (၉၅) ဓာတ်ဆီတစ်လီတာလျှင် (၂၆၆၀)ကျပ်၊ ဒီဇယ် တစ်လီတာလျှင်(၂၅၄၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၃၀၈၅) ကျပ် အသီးသီးပေါက်ဈေးများရှိ ကြောင်းသိရသည်။ ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်း သူများအတွက် ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်း ပေးနေခြင်းကြောင့် စက်သုံးဆီဈေးများ တည်ငြိမ်နေ ခြင်းဖြစ်သည်။
(ပြည်ပသို့ဆန်တင်ပို့မှု မြှင့်တင်နေသော်လည်း စပါးဈေးကောင်းမရ)
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု မြှင့်တင်နေကြောင်းသတင်းများထွက်ပေါ်နေသော် လည်း မြေပြင်ရှိတောင်သူများတွင်မူ စပါးဈေးကောင်း မရခြင်းများကြုံတွေ့နေရကြောင်းသိရသည်။ အခြေခံ စပါးရည်ညွှန်း ဈေးအဖြစ် စပါးတင်းတစ်ရာလျှင် ဆယ့်တစ်သိန်းခွဲသတ်မှတ်ထားသော်လည်း တောင် သူများအတွက် တင်းတစ်ရာလျှင် ဆယ့်ငါးသိန်းဝန်း ကျင်ခန့်ရရှိမှသာ အဆင်ပြေနိုင်ကြောင်းသိရသည်။
ဆန်စပါးစိုက်ပျိုးရာတွင် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ရိတ်သိမ်းပြီး စပါးအခြောက်လှန်းရန် အလုပ်သမားစရိတ်များ စုပေါင်းတွက်ချက်ပါက စပါးတင်း တစ်ရာလျှင် ကုန်ကျ စရိတ် (၁၂)သိန်းဝန်းကျင်ခန့်ရှိကြောင်း လယ်သမားများကဆိုသည်။ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က လက်ကျန် ဘဏ္ဍာနှစ်အတွင်း တစ်လလျှင် ဆန်တန်ချိန် သုံးသိန်းခန့် ပြည်ပသို့တင် ပို့နိုင်ရန် ရည်မှန်းချက် ထားဆောင် ရွက်နေကြောင်းသိရသည်။
သို့သော်လည်း ပြည်တွင်းစပါးဈေးကွက်အတွင်းတွင်မူ စပါးဈေးကောင်းမရခြင်းများကြုံတွေ့နေရ ခြင်းဖြစ် သည်။ ထို့ပြင် အခါလွန်မိုးများကြောင့် စပါးများရေစိုပြီး အစိုဓာတ်မြင့်တက်နေခြင်းကြောင့်လည်း စပါးဈေးကောင်းမရမှု များကြုံတွေ့နေရသည်။ စပါး စိုက်ပျိုးမှုအရ တစ်ဧကလျှင် တင်း (၁၀ဝ)အထက် ထွက်ရှိမှသာ လက်ရှိစပါးဈေးဖြင့် အဆင်ပြေမည်ဖြစ်ပြီး တင်း (၁၀ဝ)အောက်ထွက်ရှိသောလယ်မှာ အရှုံးပေါ်နိုင်ကြောင်းသိရသည်။
ဖျက်ပိုးကျပါက စပါးအထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်ကြောင်း လယ်သမားများထံမှသိရသည်။ ဆန် စပါးထုတ် လုပ်မှုတွင် စပါးရိတ်သိမ်း၊ အခြောက်ခံပြီးပါက ဆန်စက်များသို့ သယ်ဆောင်တင်ပို့ရသည့်စရိတ် များရှိနေခြင်းကြောင့် ကုန်ကျစရိတ်များ မြင့်တက်နေ ခြင်းဖြစ်သည်။
လက်ရှိတွင် မိုးစပါးပေါ်ချိန်ရောက်ရှိလာပြီဖြစ်ရာ ဆန်စပါးပွဲစားများ၏ လာရောက်ဝယ်ယူမှုကို လယ်သမား များစောင့်ဆိုင်းနေရပြီး အချို့ဒေသများတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် စပါးလာဝယ် သည့်ကုန်သည်မရှိ၍ လယ်သမားများ အခက်အခဲကြုံ နေရကြောင်းသိရသည်။ နယ်ဘက်သို့ ဆန်စက်များမှ လာရောက်ဝယ်ယူသူ နည်းပါး နေရာ ရွှေဘိုဘက်ရှိ လယ်သမားများမှာ ရရာဈေးဖြင့် စပါးများထုတ်ရောင်း နေခြင်းများလည်းရှိကြောင်းသိရသည်။ နှစ်စဉ် စပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်ရာသီမှာလည်း အခက်အခဲများဖြင့်ကြုံ တွေ့နေရကြောင်း လယ်သမားများထံမှသိရသည်။
လယ်ယာသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများမှာ ပြည်ပမှတင်သွင်းရခြင်းကြောင့် ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။ လက်ရှိသတ်မှတ်ပေးထားသည့် အခြေခံ စပါးရည် ညွှန်းဈေး တင်းတစ်ရာလျှင် ဆယ့်တစ်သိန်းခွဲဈေး သည် ဈေးကွက်ပေါက်ဈေးမဟုတ်ဘဲ ဈေးကွက် ပေါက်ဈေးသည် ယင်းဈေးထက်ကျော်လွန်ပါက ဈေး ကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်သည်။
(၁၁)သိန်းခွဲသတ်မှတ်ထားသည့်စပါးဈေးတွင် အစိုဓာတ် (၁၄)ရာခိုင်နှုန်းရှိရမည်ဖြစ်ပြီး အလေးချိန် (၄၆)ပေါင် တွင် ခဲ၊ သလဲ၊ အမှိုက်ကင်းစင်သော စံချိန် စံညွှန်းပြည့်မီသည့်စပါးများဖြစ်ရန် လိုအပ်ကြောင်း လည်းသိရသည်။ စပါးဈေးများကျဆင်းမှုသည် နေရာဒေသအလိုက် ကွာခြားမှုများရှိနေရာ သက်ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့် စပါးဈေးကွက်ကို စောင့်ကြည့် ထိန်းချုပ်သင့်သည်။
(အခြေခံစားသောက်ကုန်နှင့်အထွေထွေကုန်ဈေးနှုန်း)
ပွင့်လင်းရာသီရောက်ရှိလာသော်လည်း ပြည်တွင်း အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းကျ ဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ အထွေထွေလူနေမှုစရိတ်ကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုတို့ကြောင့် အခြေခံစား သောက်ကုန်များမှာ ကုန်ဈေးနှုန်းမကျဆင်းခြင်းဖြစ်သည်။ ထူးခြားချက်အနေဖြင့် နံနံပင်သည် တစ်ဆယ်သားလျှင် (၇၀ဝဝ)ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်နေရာ ဝယ်ယူစားသုံး သူနည်းပါးသွားသည်။ နံနံပင်ဈေးနှုန်းများမြင့်တက် ခြင်းမှာ အလှူမင်္ဂလာပွဲလမ်းသဘင်များကျင်းပသော ရာသီကာလဖြစ်ခြင်းကြောင့် မြင့်တက်ခဲ့ခြင်းဖြစ်သည် ဟူ၍ ကုန်စိမ်းရောင်းချသူများကပြောဆိုနေကြပြီး လ ကုန်ပိုင်းလောက်တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်း သွားမည်ဟုလည်း ခန့်မှန်းထားကြကြောင်းသိရသည်။ ကျန်ကုန်စည်များမှာ ပုံမှန်ဈေးအတိုင်းရောင်းချနေကြပြီး လတ်တလောတွင် အမဲသားနှင့်ငါးများအရောင်း အဝယ်ကောင်းကြောင်း ရန်ကုန်ဈေးကွက်အတွင်းမှ သိရသည်။
ငါးမြစ်ချင်းဈေးမှာ တစ်ပိဿာ(အကောင်သေး)(၁၅၀ဝဝ)ကျပ်၊ ငါးဒန် (၁၈၀ဝဝ)ကျပ်၊ ကကတစ် (၂၅၀ဝဝ) ကျပ်၊ ငါးကျီး(အကောင်ကြီး)(၄၀ဝဝဝ)ကျပ်အထိရှိနေသည်။ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အဝယ်များသည့် ကန်စွန်းရွက်တစ်စည်း(၁၃၀ဝ) ကျပ်၊ ဟင်းနုနယ် (၈၀ဝ)ကျပ်နှင့် ချဉ်ပေါင်ရွက် (၅၀ဝ)ကျပ် ပေးနေရသည်။ ဆောင်း ရာသီစာဖြစ်သည့် မုန်ညင်း တစ်စည်း(၈၀ဝ)ကျပ်၊ ပန်းပွင့်(ရှမ်းပန်း) တစ်ပွင့်(၃၀ဝဝ)ကျပ်နှင့် ဗမာပန်း တစ်ပွင့်(၂၀ဝဝ) ကျပ်ပေးရသည်။ ဂေါ်ရခါးသီး တစ်လုံး (၅၀ဝ)ကျပ် ပေးရကြောင်းသိရသည်။ ဆန်ဈေးများသည် တစ်ဆိုင် နှင့်တစ်ဆိုင် ဈေးအနည်းငယ်စီကွာခြားပြီး ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။ ဆင်းသွယ်တစ်ပြည် (၅၀ဝဝ-၅၅၀ဝ)ကျပ်၊ ဧည့်မထ ဆန်အမျိုးအစားများမှာ တစ်ပြည် (၄၅၀ဝ)ကျပ်နှင့် (၅၅၀ဝ)ကျပ်ဈေးနှုန်း များအကြားရှိသည်။ ဖျာပုံပေါ်ဆန်း မွှေးတစ်ပြည် (၆၅၀ဝ) ကျပ်၊ ရိုးရိုးပေါ်ဆန်းမွှေးတစ်ပြည် (၅၅၀ဝ-၆၀ဝဝ)ကျပ်၊ ကျားပျံတစ်ပြည် (၆၅၀ဝ-၇၀ဝဝ)ကျပ်၊ ရွှေဘိုပေါ်ဆန်မွှေးတစ်ပြည်(၇၀ဝဝ)ကျပ်မှ (၈၀ဝဝ-၈၅၀ဝ)ကျပ်ဈေးများအထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ပုံမှန်အမြင့် ဈေးအတိုင်းရှိသည်။
အိတ်လိုက်ဆန်ဈေးနှုန်းများမှာ ဆန်အမျိုးအစားအလိုက် (၂၄)ပြည်တစ်အိတ် (၉၀ဝဝဝ)ကျပ်မှ (၁၈၀ဝဝဝ)ကျပ် ဈေးများအထိ ဈေးနှုန်းအမျိုးမျိုးရှိ ကြသည်။ စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ (၆၉၀ဝ)ကျပ်ဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၁၂၀ဝဝ)ကျပ်ဈေးဖြစ်သည်။ မြေပဲဆီ များမှာ တစ်ပိဿာ (၂၀ဝဝဝ-၂၅၀ဝဝ) ကျပ်ဈေးများ ကြားဈေးနှုန်းတို့ရှိသည်။ နှမ်းဆီတစ်ပိဿာ(၂၂၀ဝဝ) ကျပ်ဈေးဖြစ်သည်။ ဘူးလိုက်ရောင်းချဆီများတွင် (၂၅) ကျပ်သားတစ်ဘူး (၃၅၀ဝ) ကျပ်ဈေးမှ (၅) ပိဿာတစ်ဘူး (၄၅၀ဝဝ) ကျပ်ဈေးများအထိ ဈေး နှုန်းအမျိုးမျိုး ရှိကြသည်။ လာမည့်ရက်များအတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်နေနိုင် ပြီး လက်ရှိဈေးများဖြင့်သာ အရောင်းအဝယ်ပြုလုပ် နိုင်ကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
(ေဈးကြက္ သုံးသပ္ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)- ႏိုဝင္ဘာ ၂၃
ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈး အတက္အက်ျမန္ဆန္ခဲ့ၿပီး အျမင့္ေဈးတန္းျဖင့္သာ အေရာင္းအဝယ္ျဖစ္ ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ လက္ရွိ ႏိုဝင္ဘာ (၁၈) ရက္တြင္ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ (၄၀၁၀) ေဒၚလာျဖင့္သာေပါက္ေဈး တည္ၿငိမ္ေနသည္။ ႏိုဝင္ဘာလ (၁၃)ရက္ႏွင့္(၁၄) ရက္တို႔တြင္ ေ႐ႊတစ္ေအာင္စ လွ်င္ (၄၂၄၀) ေဒၚလာ အထိျမင့္တက္ခဲ့ရာမွ ျပန္လည္က်ဆင္းလာျခင္းျဖစ္ သည္။
ကမာၻ႔ေ႐ႊေပါက္ေဈးအေပၚမူတည္ကာ ျပည္တြင္းေ႐ႊေဈးမ်ားလည္း အေျပာင္းအလဲျဖစ္ေပၚခဲ့ကာ ေ႐ႊတစ္က်ပ္ သားလွ်င္ (၈၈)သိန္းခြဲအထိ ေဈးႏႈန္းမ်ား ျမင့္တက္ခဲ့ၿပီး လက္ရွိတြင္ ေ႐ႊတစ္က်ပ္သားလွ်င္ (၈၅)သိန္းဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။
ျပည္တြင္းေဒၚလာေဈးမွာ တည္ၿငိမ္ေသာအေျခ အေနတြင္ရပ္တည္ေနၿပီး တစ္ပတ္အတြင္း အတက္အက် အနည္းငယ္သာရွိေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။ စားသုံးဆီႏွင့္စက္သုံးဆီေဈးမ်ားမွာ အတက္အက်တည္ ၿငိမ္ေနၿပီး အေရာင္းအဝယ္ပုံမွန္ျဖစ္ ထြန္းေနေၾကာင္းသိရသည္။ ထူးျခားခ်က္အေနျဖင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္း ခ်ဳပ္မွ ျပည္ပသို႔ ဆန္တင္ပို႔မႈ ျမႇင့္တင္ရန္ႀကိဳးပမ္းေနေသာ္လည္း ျပည္တြင္းရွိ မိုးစပါးမွာ ေဈးေကာင္းမရဘဲ စပါးတင္း တစ္ရာလွ်င္ (၁၀)သိန္းဝန္းက်င္သာ ေဈးကြက္ေပါက္ေဈးျဖစ္ေပၚ ေနျခင္းေၾကာင့္ ေတာင္သူလယ္သမားမ်ားအခက္အခဲ ႀကဳံေတြ႕ေနရေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
လက္ရွိတြင္ ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဦးေဆာင္ အဖြဲ႕က အေျခခံစပါးရည္ၫႊန္းေဈးအျဖစ္ စံခ်ိန္မီစပါး တင္းတစ္ရာလွ်င္ ဆယ့္တစ္သိန္းခြဲသတ္မွတ္ေပးထား ေသာ္လည္း ေျမျပင္တြင္ ယင္းေဈးျဖင့္ဝယ္ယူရာ၌ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။
တစ္ဧက စပါးအထြက္ႏႈန္းက်ဆင္းျခင္းႏွင့္ လယ္ယာသြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမဩဇာႏွင့္ ပိုးသတ္ေဆး စရိတ္မ်ားျမင့္တက္ေနျခင္း၊ အလုပ္သမားစရိတ္မ်ားအပါအဝင္ အေထြေထြစရိတ္မ်ားျမင့္ တက္လာျခင္းေၾကာင့္ စပါး တင္း တစ္ရာလွ်င္ (၁၅)သိန္း ခန႔္ရရွိမွသာ ေတာင္သူမ်ားအတြက္ အဆင္ေျပႏိုင္ ေၾကာင္းသိရသည္။
ျပည္တြင္း အေျခခံစားေသာက္ကုန္ေဈးကြက္မွာ ေဈးအျမင့္ပိုင္းျဖင့္ အေျပာင္းအလဲမရွိတည္ၿငိမ္ေန ၿပီး အသား ငါးမ်ားသည္လည္း ေဈးေကာင္းရေနသည္။ ထူးျခားခ်က္အေနျဖင့္ ကုန္စိမ္းျဖစ္သည့္ နံနံပင္ေဈးမွာ ေဈးႏႈန္းမ်ားျမင့္ တက္ေနၿပီး သားငါးေဈးထက္ပင္ ေက်ာ္လြန္၍ ျမင့္တက္ေနေသာအေျခအေနမ်ိဳးျဖစ္ေန ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ လက္လီ ေဈးမ်ားအတြင္းမွသိရ သည္။
နံနံပင္ေဈးႏႈန္းမ်ားမွာ ယခုလအတြင္း ဆက္တိုက္ျမင့္တက္ေနျခင္းျဖစ္ၿပီး ႏိုဝင္ဘာလပထမပတ္အတြင္းက တစ္ဆယ္သားလွ်င္ (၄၀ဝဝ)က်ပ္ျဖစ္လာခဲ့ၿပီး လက္ရွိတြင္ တစ္ဆယ္သား (၆၀ဝဝ) မွ (၇၀ဝဝ) က်ပ္ၾကားအထိျမင့္ တက္ကာ သားငါးေဈးႏႈန္းမ်ား ထက္ပင္ျမင့္တက္ေနေသာအေျခအေနမ်ိဳးျဖစ္ေန ေၾကာင္းသိရသည္။ ပြင့္လင္းရာသီ ေရာက္ရွိလာၿပီျဖစ္ေသာ္လည္း အေျခခံကုန္ေဈးႏႈန္းမ်ားမွာ အေထြေထြ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းႏွင့္ ေငြေၾကးေဖာင္း ပြမႈမ်ားေၾကာင့္ လက္ရွိအခ်ိန္အထိ ေဈးႏႈန္းမ်ားက်ဆင္းျခင္း မရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
(ေ႐ႊ၊ ေငြလဲႏႈန္း၊ စက္သုံးဆီေဈးႏႈန္း အေျပာင္းအလဲမ်ား)
ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈးမွာ အတက္ အက်ျမန္ဆန္ခဲ့ၿပီး တစ္ပတ္အတြင္း ေဒၚလာ (၂၀ဝ) ဝန္းက်င္ အတက္အက်ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။ ႏိုဝင္ဘာ(၁၃)ရက္ႏွင့္(၁၄) ရက္တို႔တြင္ ေ႐ႊတစ္ေအာင္စ လွ်င္ (၄၂၄၀) ေဒၚလာဝန္းက်င္အထိျမင့္တက္ခဲ့ရာ ျပည္တြင္းေ႐ႊေဈးမ်ားလည္း လိုက္ပါျမင့္တက္ခဲ့သည္။ ယင္းရက္မ်ားအတြင္း ျပည္တြင္းအေခါက္ေ႐ႊေဈးမ်ား (၈၈)သိန္းေက်ာ္အထိ ေဈးႏႈန္းမ်ားျမင့္တက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ျပန္လည္ က်ဆင္းလာသည္။
လက္ရွိ ႏိုဝင္ဘာလ(၁၈)ရက္တြင္ ကမာၻ႔ေ႐ႊေဈးမွာ တစ္ေအာင္စလွ်င္ (၄၀၁၀)ေဒၚလာအထိျပန္လည္ က်ဆင္းလာၿပီး ျပည္တြင္းေ႐ႊေဈးမွာလည္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၅)သိန္းဝန္းက်င္သာေပါက္ ေဈးရွိေၾကာင္း သိရသည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း ရွင္မ်ားအသင္းကမူ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၆၀)ဝန္းက်င္ ေပါက္ေဈးသတ္မွတ္ထားၿပီး ျပင္ပေဈးကြက္ႏွင့္ ေဈးႏႈန္းကြားျခားေနဆဲျဖစ္သည္။
ကမာၻ႔ေ႐ႊေဈးႏႈန္းအတက္အက်မ်ားေၾကာင္း၊ ေဈးကြက္အတြင္း ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ရာတြင္ ေရာင္းမွား ဝယ္မွားမျဖစ္ေစရန္ အထူးသတိထား ေဆာင္႐ြက္သင့္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္မ်ားက အႀကံျပဳေျပာၾကား ထားသည္။ အေမရိကန္ႏိုင္ငံ၏ ကုန္သြယ္ေရးမူဝါဒမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးသည္ ယခုႏွစ္ကုန္ပိုင္းအထိ ဆက္လက္ ျမင့္တက္ႏိုင္ေၾကာင္း ကမာၻ႔ေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားက ခန႔္ မွန္းထားရာ ျပည္တြင္းေ႐ႊေဈးသည္လည္း ျမင့္တက္ ေနမည္ျဖစ္သည္။ ျပည္တြင္းေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္းေၾကာင့္သာ ေ႐ႊေဈးျမင့္မားမႈကို တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေပၚေနျခင္းျဖစ္သည္။
ျပည္တြင္းေငြလဲေဈးကြက္အတြင္း ႏိုဝင္ဘာ(၁၃)ႏွင့္(၁၄)ရက္တို႔အတြင္း အေမရိကန္တစ္ေဒၚ လာလွ်င္ (၄၀၇၀)က်ပ္ေဈးျဖင့္ရပ္တည္ခဲ့ေသာ္လည္း ႏိုဝင္ဘာ(၁၈)ရက္တြင္ တစ္ေဒၚလာလွ်င္ (၄၀၅၅) က်ပ္ဝန္းက်င္အထိ ျပန္လည္က်ဆင္းလာသည္။ ေဒၚလာေဈးအက်ပိုင္းသို႔ေရာက္ရွိေနျခင္းျဖစ္ရာ ျပည္တြင္း ပို႔ကုန္/သြင္းကုန္လုပ္ ငန္းမ်ား အတြက္ လုပ္ငန္း လုပ္ကိုင္ရန္အဆင္ေျပေနေၾကာင္းသိရသည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏွင့္ ကုန္သြယ္ေရးအေျခအေနအရ အေမရိကန္ တစ္ေဒၚလာလွ်င္ ျမန္မာေငြ ေလးေထာင္က်ပ္ေအာက္ ေရာက္ ရွိႏိုင္ဖြယ္ မရွိေၾကာင္း ေဈးကြက္ကြၽမ္းက်င္သူမ်ားက သုံးသပ္ထားသည္။ အျခားႏိုင္ငံျခားေငြလဲေဈးႏႈန္း မ်ားမွာ တ႐ုတ္တစ္ယြမ္ လွ်င္ (၅၇၀) က်ပ္၊ ထိုင္းတစ္ ဘတ္လွ်င္(၁၂၅) က်ပ္၊ စင္ကာပူတစ္ေဒၚလာလွ်င္ (၃၁၁၀)က်ပ္ႏွင့္ အႏၵိယတစ္႐ူးပီးလွ်င္ (၄၅)က်ပ္တို႔ ျဖစ္ေၾကာင္းသိရသည္။
ေငြလဲေဈးကြက္အတြင္း ဗဟိုဘဏ္၏ရည္ၫႊန္း ေပါက္ေဈးႏွင့္ ျပင္ပေဈးႏႈန္းမ်ားမွာ ကြာျခားခ်က္ရွိေန ဆဲျဖစ္ၿပီး အဓိကအားျဖင့္ အေမရိကန္ေဒၚလာေပါက္ ေဈးမ်ား ကြာျခားခ်က္ႀကီးမားေၾကာင္းသိရသည္။ က်န္ႏိုင္ငံျခားေငြ ေၾကးမ်ားမွာ ဗဟိုဘဏ္ရည္ၫႊန္း ေဈးႏွင့္ ျပင္ပေဈး ကြာျခားခ်က္အနည္းငယ္သာရွိသည္။ စက္သုံးဆီေဈးမ်ားမွာ ကမာၻ႔ေပါက္ေဈးေပၚ မူတည္ကာ ႏွစ္ႏွစ္အတြင္း အနိမ့္ဆုံးေဈးမ်ားအျဖစ္ဆက္လက္ရပ္တည္ေနေၾကာင္း သိရသည္။
ယခုတစ္ပတ္အတြက္ စက္သုံးဆီေပါက္ေဈးမ်ားမွာ (၉၂)ဓာတ္ဆီတစ္လီတာလွ်င္ (၂၅၈၅)က်ပ္၊ (၉၅) ဓာတ္ဆီတစ္လီတာလွ်င္ (၂၆၆၀)က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္(၂၅၄၀)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၃၀၈၅) က်ပ္ အသီးသီးေပါက္ေဈးမ်ားရွိ ေၾကာင္းသိရသည္။ ဗဟိုဘဏ္မွ စက္သုံးဆီတင္သြင္း သူမ်ားအတြက္ ေဒၚလာမ်ား ဆက္တိုက္ထုတ္ေရာင္း ေပးေနျခင္းေၾကာင့္ စက္သုံးဆီေဈးမ်ား တည္ၿငိမ္ေန ျခင္းျဖစ္သည္။
(ျပည္ပသို႔ဆန္တင္ပို႔မႈ ျမႇင့္တင္ေနေသာ္လည္း စပါးေဈးေကာင္းမရ)
ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈ ျမႇင့္တင္ေနေၾကာင္းသတင္းမ်ားထြက္ေပၚေနေသာ္ လည္း ေျမျပင္ရွိေတာင္သူမ်ားတြင္မူ စပါးေဈးေကာင္း မရျခင္းမ်ားႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ အေျခခံ စပါးရည္ၫႊန္း ေဈးအျဖစ္ စပါးတင္းတစ္ရာလွ်င္ ဆယ့္တစ္သိန္းခြဲသတ္မွတ္ထားေသာ္လည္း ေတာင္ သူမ်ားအတြက္ တင္းတစ္ရာလွ်င္ ဆယ့္ငါးသိန္းဝန္း က်င္ခန႔္ရရွိမွသာ အဆင္ေျပႏိုင္ေၾကာင္းသိရသည္။
ဆန္စပါးစိုက္ပ်ိဳးရာတြင္ သြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမဩဇာ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးမ်ားႏွင့္ ရိတ္သိမ္းၿပီး စပါးအေျခာက္လွန္းရန္ အလုပ္သမားစရိတ္မ်ား စုေပါင္းတြက္ခ်က္ပါက စပါးတင္း တစ္ရာလွ်င္ ကုန္က် စရိတ္ (၁၂)သိန္းဝန္းက်င္ခန႔္ရွိေၾကာင္း လယ္သမားမ်ားကဆိုသည္။ ျမန္မာႏိုင္ငံ ဆန္စပါးအဖြဲ႕ခ်ဳပ္က လက္က်န္ ဘ႑ာႏွစ္အတြင္း တစ္လလွ်င္ ဆန္တန္ခ်ိန္ သုံးသိန္းခန႔္ ျပည္ပသို႔တင္ ပို႔ႏိုင္ရန္ ရည္မွန္းခ်က္ ထားေဆာင္ ႐ြက္ေနေၾကာင္းသိရသည္။
သို႔ေသာ္လည္း ျပည္တြင္းစပါးေဈးကြက္အတြင္းတြင္မူ စပါးေဈးေကာင္းမရျခင္းမ်ားႀကဳံေတြ႕ေနရ ျခင္းျဖစ္ သည္။ ထို႔ျပင္ အခါလြန္မိုးမ်ားေၾကာင့္ စပါးမ်ားေရစိုၿပီး အစိုဓာတ္ျမင့္တက္ေနျခင္းေၾကာင့္လည္း စပါးေဈးေကာင္းမရမႈ မ်ားႀကဳံေတြ႕ေနရသည္။ စပါး စိုက္ပ်ိဳးမႈအရ တစ္ဧကလွ်င္ တင္း (၁၀ဝ)အထက္ ထြက္ရွိမွသာ လက္ရွိစပါးေဈးျဖင့္ အဆင္ေျပမည္ျဖစ္ၿပီး တင္း (၁၀ဝ)ေအာက္ထြက္ရွိေသာလယ္မွာ အရႈံးေပၚႏိုင္ေၾကာင္းသိရသည္။
ဖ်က္ပိုးက်ပါက စပါးအထြက္ႏႈန္းက်ဆင္းၿပီး အရႈံးေပၚေၾကာင္း လယ္သမားမ်ားထံမွသိရသည္။ ဆန္ စပါးထုတ္ လုပ္မႈတြင္ စပါးရိတ္သိမ္း၊ အေျခာက္ခံၿပီးပါက ဆန္စက္မ်ားသို႔ သယ္ေဆာင္တင္ပို႔ရသည့္စရိတ္ မ်ားရွိေနျခင္းေၾကာင့္ ကုန္က်စရိတ္မ်ား ျမင့္တက္ေန ျခင္းျဖစ္သည္။
လက္ရွိတြင္ မိုးစပါးေပၚခ်ိန္ေရာက္ရွိလာၿပီျဖစ္ရာ ဆန္စပါးပြဲစားမ်ား၏ လာေရာက္ဝယ္ယူမႈကို လယ္သမား မ်ားေစာင့္ဆိုင္းေနရၿပီး အခ်ိဳ႕ေဒသမ်ားတြင္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စပါးလာဝယ္ သည့္ကုန္သည္မရွိ၍ လယ္သမားမ်ား အခက္အခဲႀကဳံ ေနရေၾကာင္းသိရသည္။ နယ္ဘက္သို႔ ဆန္စက္မ်ားမွ လာေရာက္ဝယ္ယူသူ နည္းပါး ေနရာ ေ႐ႊဘိုဘက္ရွိ လယ္သမားမ်ားမွာ ရရာေဈးျဖင့္ စပါးမ်ားထုတ္ေရာင္း ေနျခင္းမ်ားလည္းရွိေၾကာင္းသိရသည္။ ႏွစ္စဥ္ စပါးေပၚခ်ိန္တြင္ စပါးေဈးက်ဆင္းျခင္းမ်ားျဖစ္ေပၚေလ့ရွိၿပီး ယခုႏွစ္ရာသီမွာလည္း အခက္အခဲမ်ားျဖင့္ႀကဳံ ေတြ႕ေနရေၾကာင္း လယ္သမားမ်ားထံမွသိရသည္။
လယ္ယာသြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမဩဇာႏွင့္ပိုးသတ္ေဆးမ်ားမွာ ျပည္ပမွတင္သြင္းရျခင္းေၾကာင့္ ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းျဖစ္သည္။ လက္ရွိသတ္မွတ္ေပးထားသည့္ အေျခခံ စပါးရည္ ၫႊန္းေဈး တင္းတစ္ရာလွ်င္ ဆယ့္တစ္သိန္းခြဲေဈး သည္ ေဈးကြက္ေပါက္ေဈးမဟုတ္ဘဲ ေဈးကြက္ ေပါက္ေဈးသည္ ယင္းေဈးထက္ေက်ာ္လြန္ပါက ေဈး ကြက္ေပါက္ေဈးအတိုင္း ဝယ္ယူရမည္ျဖစ္သည္။
(၁၁)သိန္းခြဲသတ္မွတ္ထားသည့္စပါးေဈးတြင္ အစိုဓာတ္ (၁၄)ရာခိုင္ႏႈန္းရွိရမည္ျဖစ္ၿပီး အေလးခ်ိန္ (၄၆)ေပါင္ တြင္ ခဲ၊ သလဲ၊ အမႈိက္ကင္းစင္ေသာ စံခ်ိန္ စံၫႊန္းျပည့္မီသည့္စပါးမ်ားျဖစ္ရန္ လိုအပ္ေၾကာင္း လည္းသိရသည္။ စပါးေဈးမ်ားက်ဆင္းမႈသည္ ေနရာေဒသအလိုက္ ကြာျခားမႈမ်ားရွိေနရာ သက္ဆိုင္ရာတာ ဝန္ရွိသူမ်ားအေနျဖင့္ စပါးေဈးကြက္ကို ေစာင့္ၾကည့္ ထိန္းခ်ဳပ္သင့္သည္။
(အေျခခံစားေသာက္ကုန္ႏွင့္အေထြေထြကုန္ေဈးႏႈန္း)
ပြင့္လင္းရာသီေရာက္ရွိလာေသာ္လည္း ျပည္တြင္း အေျခခံစားေသာက္ကုန္မ်ားမွာ ေဈးႏႈန္းက် ဆင္းျခင္းမရွိဘဲ ဆက္လက္ျမင့္မားေနဆဲျဖစ္သည္။ အေထြေထြလူေနမႈစရိတ္ႀကီးျမင့္မႈႏွင့္ ေငြေၾကး ေဖာင္းပြမႈတို႔ေၾကာင့္ အေျခခံစား ေသာက္ကုန္မ်ားမွာ ကုန္ေဈးႏႈန္းမက်ဆင္းျခင္းျဖစ္သည္။ ထူးျခားခ်က္အေနျဖင့္ နံနံပင္သည္ တစ္ဆယ္သားလွ်င္ (၇၀ဝဝ)က်ပ္ခန႔္အထိ ေဈးႏႈန္းျမင့္တက္ေနရာ ဝယ္ယူစားသုံး သူနည္းပါးသြားသည္။ နံနံပင္ေဈးႏႈန္းမ်ားျမင့္တက္ ျခင္းမွာ အလႉမဂၤလာပြဲလမ္းသဘင္မ်ားက်င္းပေသာ ရာသီကာလျဖစ္ျခင္းေၾကာင့္ ျမင့္တက္ခဲ့ျခင္းျဖစ္သည္ ဟူ၍ ကုန္စိမ္းေရာင္းခ်သူမ်ားကေျပာဆိုေနၾကၿပီး လ ကုန္ပိုင္းေလာက္တြင္ ေဈးႏႈန္းမ်ား ျပန္လည္က်ဆင္း သြားမည္ဟုလည္း ခန႔္မွန္းထားၾကေၾကာင္းသိရသည္။ က်န္ကုန္စည္မ်ားမွာ ပုံမွန္ေဈးအတိုင္းေရာင္းခ်ေနၾကၿပီး လတ္တေလာတြင္ အမဲသားႏွင့္ငါးမ်ားအေရာင္း အဝယ္ေကာင္းေၾကာင္း ရန္ကုန္ေဈးကြက္အတြင္းမွ သိရသည္။
ငါးျမစ္ခ်င္းေဈးမွာ တစ္ပိႆာ(အေကာင္ေသး)(၁၅၀ဝဝ)က်ပ္၊ ငါးဒန္ (၁၈၀ဝဝ)က်ပ္၊ ကကတစ္ (၂၅၀ဝဝ) က်ပ္၊ ငါးက်ီး(အေကာင္ႀကီး)(၄၀ဝဝဝ)က်ပ္အထိရွိေနသည္။ ဟင္းသီးဟင္း႐ြက္ေဈးႏႈန္းမ်ားမွာ အဝယ္မ်ားသည့္ ကန္စြန္း႐ြက္တစ္စည္း(၁၃၀ဝ) က်ပ္၊ ဟင္းႏုနယ္ (၈၀ဝ)က်ပ္ႏွင့္ ခ်ဥ္ေပါင္႐ြက္ (၅၀ဝ)က်ပ္ ေပးေနရသည္။ ေဆာင္း ရာသီစာျဖစ္သည့္ မုန္ညင္း တစ္စည္း(၈၀ဝ)က်ပ္၊ ပန္းပြင့္(ရွမ္းပန္း) တစ္ပြင့္(၃၀ဝဝ)က်ပ္ႏွင့္ ဗမာပန္း တစ္ပြင့္(၂၀ဝဝ) က်ပ္ေပးရသည္။ ေဂၚရခါးသီး တစ္လုံး (၅၀ဝ)က်ပ္ ေပးရေၾကာင္းသိရသည္။ ဆန္ေဈးမ်ားသည္ တစ္ဆိုင္ ႏွင့္တစ္ဆိုင္ ေဈးအနည္းငယ္စီကြာျခားၿပီး ပုံမွန္အျမင့္ေဈးအတိုင္းရွိသည္။ ဆင္းသြယ္တစ္ျပည္ (၅၀ဝဝ-၅၅၀ဝ)က်ပ္၊ ဧည့္မထ ဆန္အမ်ိဳးအစားမ်ားမွာ တစ္ျပည္ (၄၅၀ဝ)က်ပ္ႏွင့္ (၅၅၀ဝ)က်ပ္ေဈးႏႈန္း မ်ားအၾကားရွိသည္။ ဖ်ာပုံေပၚဆန္း ေမႊးတစ္ျပည္ (၆၅၀ဝ) က်ပ္၊ ႐ိုး႐ိုးေပၚဆန္းေမႊးတစ္ျပည္ (၅၅၀ဝ-၆၀ဝဝ)က်ပ္၊ က်ားပ်ံတစ္ျပည္ (၆၅၀ဝ-၇၀ဝဝ)က်ပ္၊ ေ႐ႊဘိုေပၚဆန္ေမႊးတစ္ျပည္(၇၀ဝဝ)က်ပ္မွ (၈၀ဝဝ-၈၅၀ဝ)က်ပ္ေဈးမ်ားအထိ ေဈးႏႈန္းအမ်ိဳးမ်ိဳးျဖင့္ ပုံမွန္အျမင့္ ေဈးအတိုင္းရွိသည္။
အိတ္လိုက္ဆန္ေဈးႏႈန္းမ်ားမွာ ဆန္အမ်ိဳးအစားအလိုက္ (၂၄)ျပည္တစ္အိတ္ (၉၀ဝဝဝ)က်ပ္မွ (၁၈၀ဝဝဝ)က်ပ္ ေဈးမ်ားအထိ ေဈးႏႈန္းအမ်ိဳးမ်ိဳးရွိ ၾကသည္။ စားအုန္းဆီရည္ၫႊန္းေဈးႏႈန္းမွာ တစ္ပိႆာ (၆၉၀ဝ)က်ပ္ေဈးျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ တစ္ပိႆာ (၁၂၀ဝဝ)က်ပ္ေဈးျဖစ္သည္။ ေျမပဲဆီ မ်ားမွာ တစ္ပိႆာ (၂၀ဝဝဝ-၂၅၀ဝဝ) က်ပ္ေဈးမ်ား ၾကားေဈးႏႈန္းတို႔ရွိသည္။ ႏွမ္းဆီတစ္ပိႆာ(၂၂၀ဝဝ) က်ပ္ေဈးျဖစ္သည္။ ဘူးလိုက္ေရာင္းခ်ဆီမ်ားတြင္ (၂၅) က်ပ္သားတစ္ဘူး (၃၅၀ဝ) က်ပ္ေဈးမွ (၅) ပိႆာတစ္ဘူး (၄၅၀ဝဝ) က်ပ္ေဈးမ်ားအထိ ေဈး ႏႈန္းအမ်ိဳးမ်ိဳး ရွိၾကသည္။ လာမည့္ရက္မ်ားအတြင္း အေျခခံစားေသာက္ကုန္မ်ား ေဈးႏႈန္းတည္ၿငိမ္ေနႏိုင္ ၿပီး လက္ရွိေဈးမ်ားျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ ႏိုင္ေၾကာင္းသိရသည္။