စားသုံးဆီတင်သွင်းသောကုမ္ပဏီအသစ်များ အလုပ်အမှုဆောင်များအဖြစ် ပူးပေါင်းပါဝင်လာရန် ဆီအသင်းချုပ် ကြိုးပမ်းနေ

 513

စော၊ နာမူ (NP News) - အောက်တိုဘာ ၆

စားသုံးဆီတင်သွင်းသောကုမ္ပဏီအသစ်များကို အလုပ်အမှုဆောင်များအဖြစ် ပူးပေါင်းပါဝင်လာရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အထူးအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ UMFCCI ရှိ မင်္ဂလာခန်းမ၌ ယနေ့ (အောက်တိုဘာ ၆ ရက်) က ကျင်းပခဲ့ခြင်းဖြစ်သည်။
“၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှ စပြီးတော့ စာသုံးဆီတင်သွင်းမှု ကုမ္ပဏီအသစ်များနှင့် ကျွန်တော်တို့ တင်သွင်းခဲ့ပါတယ်။ ဒီကုမ္ပဏီအသစ်တွေက ကျွန်တော်တို့ရွေးချယ်တင်မြောက်ပွဲကျင်းပပြီးမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှ စတင် တင်သွင်းတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီများကိုလည်း ကျွန်တော်တို့လုပ်ငန်းတွေမှာ စာသုံးဆီတင်သွင်းတဲ့လုပ်ငန်းတွေမှာ ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီစာသုံးဆီတင်သွင်းတဲ့ကုမ္ပဏီများကိုလည်း အလုပ်အမှုဆောင်များအဖြစ် ကျွန်တော်တို့က ပူးပေါင်းပါဝင်လာ အောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် သုံးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပပြီး အလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ရွေးချယ်၍ တာဝန်များခွဲခြားကာ အသင်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂ဝ၂၃-၂ဝ၂၆ ခုနှစ်သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်နှင့်အမှုဆောင်များ ရွေးချယ်တာဝန်များ ပေးအပ်ပြီး ဖြစ်သော်လည်း အသင်း၏ လုပ်ငန်းများ ကျယ်ပြန့်လာခြင်းနှင့် ကဏ္ဍအလိုက် တိုးချဲ့ရမည့်အပိုင်းများတွင် ကျွမ်းကျင်သောအလုပ်အမှုဆောင်များ ပိုမိုလိုအပ်လာခြင်းတို့ကြောင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ အနက်မှ အလုပ်အမှုဆောင်အဖြစ် တိုးချဲ့ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို ပြင်ဆင်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ “အသင်းအဖွဲ့ မှတ်တမ်း၊ အသင်းအဖွဲ့စည်းမျဉ်းမှာပါဝင်တဲ့အချက်အလက်များကို ပြင်ဆင်ချင်တယ်။ ဖြည့်စွက်ချင်တယ်။ ပြန်လည်ရေးသားချင်တယ်ဆိုရင်တော့ ဒီအထူးအစည်းအဝေးတစ်ရပ်ကို ‌ခေါ်ရပါမယ်။ အထူးအစည်းအဝေး ဆိုတာက ကျွန်တော်တို့အသင်းသားတွေအားလုံးပါဝင်တဲ့အထူးအစည်းအဝေးတစ်ရပ်ကို ဖိတ်ခေါ်ရပါတယ်။ ဖိတ်ခေါ်တဲ့နေရာမှာ ကျွန်တော်တို့အသင်းသားဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း၊ လူဦးရေ ၁၀၀ အနည်းဆုံး တက်ရောက်တဲ့ အစည်းအဝေးဆိုရင် အစည်းအဝေးအထမြောက်ပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
စားသုံးဆီတင္သြင္းေသာကုမၸဏီအသစ္မ်ား အလုပ္အမႈေဆာင္မ်ားအျဖစ္ ပူးေပါင္းပါဝင္လာရန္ ဆီအသင္းခ်ဳပ္ ႀကိဳးပမ္းေန
ေစာ၊ နာမူ (NP News) - ေအာက္တိုဘာ ၆

စားသုံးဆီတင္သြင္းေသာကုမၸဏီအသစ္မ်ားကို အလုပ္အမႈေဆာင္မ်ားအျဖစ္ ပူးေပါင္းပါဝင္လာရန္ ရည္႐ြယ္၍ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းက အထူးအစည္းအေဝးက်င္းပခဲ့ေၾကာင္း သိရသည္။

ယင္းအစည္းအေဝးကို ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ၿမိဳ႕နယ္၊ UMFCCI ရွိ မဂၤလာခန္းမ၌ ယေန႔ (ေအာက္တိုဘာ ၆ ရက္) က က်င္းပခဲ့ျခင္းျဖစ္သည္။
“၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာမွ စၿပီးေတာ့ စာသုံးဆီတင္သြင္းမႈ ကုမၸဏီအသစ္မ်ားႏွင့္ ကြၽန္ေတာ္တို႔ တင္သြင္းခဲ့ပါတယ္။ ဒီကုမၸဏီအသစ္ေတြက ကြၽန္ေတာ္တို႔ေ႐ြးခ်ယ္တင္ေျမာက္ပြဲက်င္းပၿပီးမွ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာမွ စတင္ တင္သြင္းတဲ့ကုမၸဏီေတြျဖစ္ပါတယ္။ စားသုံးဆီတင္သြင္းတဲ့ကုမၸဏီမ်ားကိုလည္း ကြၽန္ေတာ္တို႔လုပ္ငန္းေတြမွာ စာသုံးဆီတင္သြင္းတဲ့လုပ္ငန္းေတြမွာ ပိုမိုလွ်င္ျမန္စြာေဆာင္႐ြက္ႏိုင္ရန္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ ဒီစာသုံးဆီတင္သြင္းတဲ့ကုမၸဏီမ်ားကိုလည္း အလုပ္အမႈေဆာင္မ်ားအျဖစ္ ကြၽန္ေတာ္တို႔က ပူးေပါင္းပါဝင္လာ ေအာင္ ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးဆန္းလင္းက ေျပာသည္။

ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းသည္ သုံးႏွစ္တစ္ႀကိမ္ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲမ်ား က်င္းပၿပီး အလုပ္အမႈေဆာင္ေကာ္မတီ၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီမ်ား ေ႐ြးခ်ယ္၍ တာဝန္မ်ားခြဲျခားကာ အသင္း၏ ရည္႐ြယ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂ဝ၂၃-၂ဝ၂၆ ခုႏွစ္သက္တမ္းအတြက္ ဗဟိုအလုပ္အမႈေဆာင္ႏွင့္အမႈေဆာင္မ်ား ေ႐ြးခ်ယ္တာဝန္မ်ား ေပးအပ္ၿပီး ျဖစ္ေသာ္လည္း အသင္း၏ လုပ္ငန္းမ်ား က်ယ္ျပန႔္လာျခင္းႏွင့္ က႑အလိုက္ တိုးခ်ဲ႕ရမည့္အပိုင္းမ်ားတြင္ ကြၽမ္းက်င္ေသာအလုပ္အမႈေဆာင္မ်ား ပိုမိုလိုအပ္လာျခင္းတို႔ေၾကာင့္ စားသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ား အနက္မွ အလုပ္အမႈေဆာင္အျဖစ္ တိုးခ်ဲ႕ဖြဲ႕စည္းသြားရန္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အသင္း၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းမ်ားကို ျပင္ဆင္ရန္အတြက္လည္း ေဆြးေႏြးခဲ့ၾကသည္။ “အသင္းအဖြဲ႕ မွတ္တမ္း၊ အသင္းအဖြဲ႕စည္းမ်ဥ္းမွာပါဝင္တဲ့အခ်က္အလက္မ်ားကို ျပင္ဆင္ခ်င္တယ္။ ျဖည့္စြက္ခ်င္တယ္။ ျပန္လည္ေရးသားခ်င္တယ္ဆိုရင္ေတာ့ ဒီအထူးအစည္းအေဝးတစ္ရပ္ကို ‌ေခၚရပါမယ္။ အထူးအစည္းအေဝး ဆိုတာက ကြၽန္ေတာ္တို႔အသင္းသားေတြအားလုံးပါဝင္တဲ့အထူးအစည္းအေဝးတစ္ရပ္ကို ဖိတ္ေခၚရပါတယ္။ ဖိတ္ေခၚတဲ့ေနရာမွာ ကြၽန္ေတာ္တို႔အသင္းသားဦးေရရဲ႕ ၁ဝ ရာခိုင္ႏႈန္း၊ လူဦးေရ ၁၀၀ အနည္းဆုံး တက္ေရာက္တဲ့ အစည္းအေဝးဆိုရင္ အစည္းအေဝးအထေျမာက္ပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.