တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ

 487

ယွန်း (NP News) - အောက်တိုဘာ ၂

တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာဒေသခံစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ပို၍အထိနာနေရကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကို ပြောသည်။

(၂၀၂၁) ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်တွင်း၌ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ၌ ထိခိုက်ခဲ့ရပြီး ရပ်နားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများလည်း ရှိနေကြောင်း သိရသည်။ (၁၀၂၇) စစ်ဆင်ရေးနောက်ပိုင်း တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွား လျက်ရှိသည့် လုံခြုံရေးအခြေအနေများကြောင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း အပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ခဲ့ရသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် သွင်းကုန်လိုင်စင်ကန့်သတ်မှုများနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် သွင်းကုန်တင်သွင်းနိုင်ရေးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ “တိုက်ပွဲတိုင်းမှာတော့ ပြည်သူတွေ အထိနာကြပါတယ်။ (၁၀၂၇) စစ်ဆေးရေးမှာ ဒုတိယအကြိမ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာ အဲဒီဒေသကလူတွေ ပိုပြီးအထိနာကြတယ်။ (၁၀၂၇) အစ နယ်စပ်တွေမှာ ဖြစ်တဲ့အချိန်တုန်းကတော့ သွင်းကုန်တွေဘာတွေမှာ ဂယက်ရိုက်တာပေါ့။ ဒါပေမဲ့ ဒုတိယအကြိမ် တိုက်ပွဲမှာ‌တော့ ဒီဘက်မှာ ဂယက် ရိုက်တာထက်စာရင် အဲဒီဒေသကလူတွေက ပိုပြီး ဂယက်ရိုက် လာကြတယ်။ အကျိုးဆက်ကတော့ ဘယ်လိုမှမကောင်းပါဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများပိတ်နေသည့်အတွက် လမ်းကြောင်းသစ်များဖော်ဆောင်ကာ ကုန်သွယ်နေ‌ သော်လည်း အခက်အခဲများရှိနေကြောင်း ဒေသခံ များထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။လက်ရှိတွင် လားရှိုးမြို့နယ်၌ ရုံးခွဲဖွင့်လှစ်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရပ်နားထားရကြောင်း သိရသည်။

“လားရှိုးမှာရှိတဲ့ ကုမ္ပဏီရုံးခွဲတွေ အကုန်ပိတ် ထားရတယ်။ ဒေသခံ ဆောက်လုပ်ရေးလုပ်ငန်း တွေ လည်း ရပ်ထားရတယ်။ အလုပ်သမားတွေပြန်သွား ခေါ်ဖို့တောင် ကားခတွေ အများကြီးပေးပြီး ဂိတ် ကြေးတွေပေးပြီး ပြန်ခေါ်နေရတယ်။ စစ်ဖြစ်တော့ လုပ်ငန်းတွေအကုန်ရပ်ထားတယ်။ လားရှိုးကို သွား မယ်ဆိုရင် မန္တလေးဘက်ကနေ နှစ်ရက်တစ်ကြိမ် ကားလေးတွေ၊ ကားကြီးတွေ ထွက်တယ်။ စစ်တပ် ဘက်ကရော၊ တိုင်းရင်းသားဘက်ကပါ တစ်ယောက် ချင်းစစ်ဆေးတယ်။ စစ်ဆေးတာနဲ့တင် တစ်ရက် ကုန်တယ်။ မူဆယ်ကို သွားမယ်ဆိုရင် လားရှိုးကနေ တစ်ဆင့် ကားပြန်ပြောင်းစီးရတယ်။ အဓိကက တော့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတာပေါ့။ ကုန်ဈေးနှုန်းတွေကတော့ မကြီးဘူး။ ဓာတ်ဆီ တွေ ဘာတွေဆိုရင် တရုတ်ဘက်ကဝင်တယ်။ လားရှိုးမြို့ ပေါ်မှာလည်း လိုင်စင်မဲ့တွေပဲ ရှိတော့တယ်” ဟု မန္တ လေးမြို့ခံ လားရှိုးအခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းမှတစ်ဆင့် ကုန်ကြမ်းများတင်သွင်းနေရသည့် စက်ရုံအချို့သည် လည်း ဝန်ထမ်းစရိတ်များ ကုန်ကျမှုနှင့် လမ်းပန်း ဆက်သွယ်ရေးများကြောင့် ကုန်ကြမ်းမရရှိသည့်အတွက် ရပ်နားနေရကြောင်း သိရသည်။

(၁၀၂၇) စစ်ဆင်ရေးဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် လားရှိုးမြို့နယ်ရှိ ဒေသခံစီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့မှုများလာပြီး ပြောင်းရွှေ့နေထိုင်သူ(၁၀ဝ)တွင် (၆၀)မှာ ရွှေ အပါအဝင် ဒေါ်လာနှင့် အိမ်ခြံမြေများကို လိုအပ်သည်ထက်ပိုမိုဝယ်ယူမှုများရှိနေကြောင်း သိရသည်။

“ တိုက်ပွဲဖြစ်တဲ့နေရာတွေကနေ ရွှေ့လာတဲ့လူ မှန်သမျှက ဒီဘက်မှာ အိမ်ခြံမြေတွေ ပစ်ဝယ် ကြတာရှိတယ်။ ကျွန်တော်တို့ထင်တာက ရွှေ့ပြောင်းလာရတဲ့အတွက် သူတို့အနေနဲ့နည်းနည်းပါးပါး လောက်ပဲဝယ်မယ်ထင်တာ။ ဒါပေမဲ့ သူတို့ကပိုက်ဆံတော်တော်ပေါ ကြတယ်။ ရန်ကုန်မြို့မှာ လုံးချင်းနဲ့ အိမ်ပါတယ်၊ နေရာကောင်းတယ်ဆိုရင် ရောင်းတဲ့သူတောင်မရှိသလောက်ဖြစ်နေပြီ။ အဝယ်ကများ နေ တယ်။ ရွှေတွေ၊ ဒေါ်လာတွေ၊ အိမ်ခြံမြေတွေဝယ်ကြတယ်။ အခုထိတော့ ဘာစီးပွားရေးမှတော့ လုပ်တာ မတွေ့ဘူး။ ဒီ တိုင်းထိုင်နေကြတယ်။ ကျွန်တော်ထင်တယ် အရင်က သူတို့လုပ်ခဲ့တာလည်း တရားမဝင် တာတွေပဲ ဖြစ်နိုင်တယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ ပိုက်ဆံတွေကို ဒီဘက်မှာ သုံးလာကြတာ။ နေဖို့ဝယ်တာလားဆိုရင် နေဖို့လည်းမဟုတ်ဘူး။ သက်သက်ကို ဝယ်ထားကြတာ” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

zawgyi version
တိုက္ပြဲမ်ားေၾကာင့္ သြင္းကုန္မ်ားအေပၚ ႐ိုက္ခတ္မႈမ်ားရွိေနရာ ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ား ပိုအထိနာေန
ယြန္း (NP News) - ေအာက္တိုဘာ ၂

တိုက္ပြဲမ်ားေၾကာင့္ သြင္းကုန္မ်ားအေပၚ ႐ိုက္ခတ္မႈမ်ားရွိေနရာေဒသခံစီးပြားေရးလုပ္ငန္းရွင္ မ်ားအေနျဖင့္ ပို၍အထိနာေနရေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကို ေျပာသည္။

(၂၀၂၁) ခုႏွစ္တြင္ စတင္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ျပည္တြင္း၌ လမ္းပန္းဆက္သြယ္ေရး အပါအဝင္ စီးပြားေရးလုပ္ငန္းမ်ား၌ ထိခိုက္ခဲ့ရၿပီး ရပ္နားခဲ့ရသည့္ စီးပြားေရးလုပ္ငန္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။ (၁၀၂၇) စစ္ဆင္ေရးေနာက္ပိုင္း တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ ျဖစ္ပြား လ်က္ရွိသည့္ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ခ်င္းေ႐ႊေဟာ္ ကုန္သြယ္ေရးစခန္း အပါအဝင္ အေရးပါသည့္ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္ခဲ့ရၿပီး ကုန္စည္စီးဆင္းမႈမ်ားလည္း ရပ္တန႔္ခဲ့ရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အေနျဖင့္ သြင္းကုန္လိုင္စင္ကန႔္သတ္မႈမ်ားႏွင့္အတူ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား ေၾကာင့္ သြင္းကုန္တင္သြင္းႏိုင္ေရးတြင္လည္း အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။ “တိုက္ပြဲတိုင္းမွာေတာ့ ျပည္သူေတြ အထိနာၾကပါတယ္။ (၁၀၂၇) စစ္ေဆးေရးမွာ ဒုတိယအႀကိမ္ ထပ္ျဖစ္တဲ့ တိုက္ပြဲမွာ အဲဒီေဒသကလူေတြ ပိုၿပီးအထိနာၾကတယ္။ (၁၀၂၇) အစ နယ္စပ္ေတြမွာ ျဖစ္တဲ့အခ်ိန္တုန္းကေတာ့ သြင္းကုန္ေတြဘာေတြမွာ ဂယက္႐ိုက္တာေပါ့။ ဒါေပမဲ့ ဒုတိယအႀကိမ္ တိုက္ပြဲမွာ‌ေတာ့ ဒီဘက္မွာ ဂယက္ ႐ိုက္တာထက္စာရင္ အဲဒီေဒသကလူေတြက ပိုၿပီး ဂယက္႐ိုက္ လာၾကတယ္။ အက်ိဳးဆက္ကေတာ့ ဘယ္လိုမွမေကာင္းပါဘူး” ဟု စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေဒသတြင္း ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ေနသည့္အတြက္ လမ္းေၾကာင္းသစ္မ်ားေဖာ္ေဆာင္ကာ ကုန္သြယ္ေန‌ ေသာ္လည္း အခက္အခဲမ်ားရွိေနေၾကာင္း ေဒသခံ မ်ားထံ ဆက္သြယ္ေမးျမန္းခ်က္မ်ားအရ သိရသည္။လက္ရွိတြင္ လားရႈိးၿမိဳ႕နယ္၌ ႐ုံးခြဲဖြင့္လွစ္ထားသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အပါအဝင္ စီးပြားေရး လုပ္ငန္းမ်ား ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ ရပ္နားထားရေၾကာင္း သိရသည္။

“လားရႈိးမွာရွိတဲ့ ကုမၸဏီ႐ုံးခြဲေတြ အကုန္ပိတ္ ထားရတယ္။ ေဒသခံ ေဆာက္လုပ္ေရးလုပ္ငန္း ေတြ လည္း ရပ္ထားရတယ္။ အလုပ္သမားေတြျပန္သြား ေခၚဖို႔ေတာင္ ကားခေတြ အမ်ားႀကီးေပးၿပီး ဂိတ္ ေၾကးေတြေပးၿပီး ျပန္ေခၚေနရတယ္။ စစ္ျဖစ္ေတာ့ လုပ္ငန္းေတြအကုန္ရပ္ထားတယ္။ လားရႈိးကို သြား မယ္ဆိုရင္ မႏၲေလးဘက္ကေန ႏွစ္ရက္တစ္ႀကိမ္ ကားေလးေတြ၊ ကားႀကီးေတြ ထြက္တယ္။ စစ္တပ္ ဘက္ကေရာ၊ တိုင္းရင္းသားဘက္ကပါ တစ္ေယာက္ ခ်င္းစစ္ေဆးတယ္။ စစ္ေဆးတာနဲ႔တင္ တစ္ရက္ ကုန္တယ္။ မူဆယ္ကို သြားမယ္ဆိုရင္ လားရႈိးကေန တစ္ဆင့္ ကားျပန္ေျပာင္းစီးရတယ္။ အဓိကက ေတာ့ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတာေပါ့။ ကုန္ေဈးႏႈန္းေတြကေတာ့ မႀကီးဘူး။ ဓာတ္ဆီ ေတြ ဘာေတြဆိုရင္ တ႐ုတ္ဘက္ကဝင္တယ္။ လားရႈိးၿမိဳ႕ ေပၚမွာလည္း လိုင္စင္မဲ့ေတြပဲ ရွိေတာ့တယ္” ဟု မႏၲ ေလးၿမိဳ႕ခံ လားရႈိးအေျခစိုက္ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထို႔ျပင္ ရွမ္းျပည္ေျမာက္ပိုင္းမွတစ္ဆင့္ ကုန္ၾကမ္းမ်ားတင္သြင္းေနရသည့္ စက္႐ုံအခ်ိဳ႕သည္ လည္း ဝန္ထမ္းစရိတ္မ်ား ကုန္က်မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရးမ်ားေၾကာင့္ ကုန္ၾကမ္းမရရွိသည့္အတြက္ ရပ္နားေနရေၾကာင္း သိရသည္။

(၁၀၂၇) စစ္ဆင္ေရးျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတြင္ လားရႈိးၿမိဳ႕နယ္ရွိ ေဒသခံစီးပြားေရး လုပ္ငန္း ရွင္မ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕မႈမ်ားလာၿပီး ေျပာင္းေ႐ႊ႕ေနထိုင္သူ(၁၀ဝ)တြင္ (၆၀)မွာ ေ႐ႊ အပါအဝင္ ေဒၚလာႏွင့္ အိမ္ၿခံေျမမ်ားကို လိုအပ္သည္ထက္ပိုမိုဝယ္ယူမႈမ်ားရွိေနေၾကာင္း သိရသည္။

“ တိုက္ပြဲျဖစ္တဲ့ေနရာေတြကေန ေ႐ႊ႕လာတဲ့လူ မွန္သမွ်က ဒီဘက္မွာ အိမ္ၿခံေျမေတြ ပစ္ဝယ္ ၾကတာရွိတယ္။ ကြၽန္ေတာ္တို႔ထင္တာက ေ႐ႊ႕ေျပာင္းလာရတဲ့အတြက္ သူတို႔အေနနဲ႔နည္းနည္းပါးပါး ေလာက္ပဲဝယ္မယ္ထင္တာ။ ဒါေပမဲ့ သူတို႔ကပိုက္ဆံေတာ္ေတာ္ေပါ ၾကတယ္။ ရန္ကုန္ၿမိဳ႕မွာ လုံးခ်င္းနဲ႔ အိမ္ပါတယ္၊ ေနရာေကာင္းတယ္ဆိုရင္ ေရာင္းတဲ့သူေတာင္မရွိသေလာက္ျဖစ္ေနၿပီ။ အဝယ္ကမ်ား ေန တယ္။ ေ႐ႊေတြ၊ ေဒၚလာေတြ၊ အိမ္ၿခံေျမေတြဝယ္ၾကတယ္။ အခုထိေတာ့ ဘာစီးပြားေရးမွေတာ့ လုပ္တာ မေတြ႕ဘူး။ ဒီ တိုင္းထိုင္ေနၾကတယ္။ ကြၽန္ေတာ္ထင္တယ္ အရင္က သူတို႔လုပ္ခဲ့တာလည္း တရားမဝင္ တာေတြပဲ ျဖစ္ႏိုင္တယ္။ အခုေလာေလာဆယ္ေတာ့ သူတို႔ရဲ႕ ပိုက္ဆံေတြကို ဒီဘက္မွာ သုံးလာၾကတာ။ ေနဖို႔ဝယ္တာလားဆိုရင္ ေနဖို႔လည္းမဟုတ္ဘူး။ သက္သက္ကို ဝယ္ထားၾကတာ” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

Related news

© 2021. All rights reserved.