ကုန်ဈေးနှုန်းကြီးမြင့်သည့်အတွက် ပြည်သူများအနေဖြင့် ငွေကြေးကို ယခင်ထက်ပိုမိုချင့်ချိန် သုံးစွဲနေကြရ

 2274

ယွန်း (NP News) - ဇူလိုင် ၅

ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြည်တွင်းထုတ်လုပ်မှုများဖြင့် အစားထိုးဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင်အချို့က အကြံပြုပြောကြားကာ ပြည်သူများအနေဖြင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့်အတွက် ငွေကြေးကို ယခင်ထက်ပိုမို၍ချင့်ချိန် သုံးစွဲနေကြရ‌ကြောင်း NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ရွှေနှင့် ဒေါ်လာဈေးနှုန်းများမှာ အမြင့်ဈေးဖြင့်တည်ငြိမ်နေပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရည်ညွှန်းဈေး ငွေကျပ်(၄၅)သိန်းကျော်ရှိကာ အမေရိကန်တစ်‌ဒေါ်လာလျှင် ‌ငွေကျပ် (၄၅၀ဝ)နီးပါး ပေါက်ဈေးရှိနေကြောင်း သိရသည်။ ပြည် တွင်း၌ အထွေထွေကုန်ဈေးနှုန်းများမှာလည်း ဈေးအမြင့်ပိုင်းတွင်ရှိကာ တည်ငြိမ်နေပြီး ကုန် ဈေးနှုန်း ပြန်လည်ကျဆင်းစေရန်အတွက် ပြည်ပမှတင်သွင်းမည့်အစား စားသောက်ကုန်အပါအဝင် ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးအစားထိုးထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း ထောက်ပြနေကြခြင်း ဖြစ်သည်။

“ အခုနောက်ပိုင်းမှာတော့ အရင်လိုမျိုး ဈေးကစားတာမျိုးတော့ သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ရေရှည်မှာ‌ကတော့ ပြည်တွင်းထုတ်လုပ်မှုက အရေးကြီးတယ်။ ပြည်တွင်းထုတ်လုပ်မှုကလည်း စားသောက်ကုန်ရယ်၊ ဆီထွက်သီးနှံရယ်၊ ပြည်တွင်းကနေထုတ်နိုင်တဲ့ဟာတွေနဲ့ အစားထိုးမှ ကုန် ဈေးနှုန်းက ကျမှာ။ တင်သွင်းမှုအတွက်ကတော့ ငွေလိုတာပေါ့။ ပြည်တွင်းထုတ်ကုန်ကို အဲဒီနေရာမှာ အစားထိုးနိုင်ပြီဆိုရင် လိုငွေကတဖြည်းဖြည်းကျသွားမှာပဲ။ အကယ်၍ အဲဒီလိုမျိုးသာ လျှော့နိုင်မယ် ဆိုရင် တစ်နှစ်ထက် တစ်နှစ်လျော့ကျလာပြီး ပိုကောင်းလာမှာပေါ့။ အရပ် ဘက်၊ အစိုးရဘက်ကလည်း အလုပ်လုပ်မှရမှာ။ အရှင်းဆုံးကတော့ ပြည်တွင်းထုတ်လုပ်မှုက အားကောင်းရမယ်။ ပြည်တွင်းဈေးကွက်ရှိရမယ်” ဟု ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက အကြံပြုပြောကြားသည်။

လက်ရှိတွင် နစကအနေဖြင့် ဆန် အပါအဝင် စားသုံးဆီများကို ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများ ထက် ကျော်လွန်ရောင်းချနေသူများကိုလည်း အရေးယူမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့သည့် AYEYAR HINTHAR TRADING ကုမ္ပဏီ အပါအဝင် ဆီကုမ္ပဏီ (၈)ခုကို ပြီးခဲ့သည့် ဇွန်လ(၂၄) ရက်မှစ၍ အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှအသိပေး ထုတ်ပြန် ခဲ့သည်။ အဆိုပါ ကုမ္ပဏီများမှာ SIX WINNER BROTHERS COMPANY LIMITED? DIAMOND DRAGON COMPANY LIMITED? FIRST TOP EDIBLE OIL COMPANY LIMITED? AYEYAR HINTHAR TRADING COMPANY LIMITED? THEIN THAN YADANAR COMPANY LIMITED? JEWEL ARROW COMPANY LIMITED? AGRI ONE TRADING COMPANY LIMITED ESihf GRAND UNITY CO., LTD တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက်ရှိပြီး ဆင်းသုခ တစ်အိတ်လျှင် ငွေကျပ်(၈၅၀ဝဝ)၊ ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ်(၂၀ဝဝဝ၀) ကျော်နှင့် ကြက်ဥ တစ်လုံးလျှင် (၃၅၀)ကျပ်အထိ ရောက်ရှိနေကာ အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းလျက်ရှိနေသည်။

“ဈေးကတက်လည်းမတက်ဘူး။ ကျလည်း မကျဘူး။ ဒီအတိုင်းပဲငြိမ်နေတယ်။ ဖြစ်နိုင်ရင်တော့ ဒီထက်ပိုကျရင်တော့ ကောင်းတာပေါ့။ ဆီဆိုအရင်က တစ်ပိဿာ ကျပ် ၈၀ဝဝ၊ ၉၀ဝ၀ ကနေ အခုဆို ကျပ် ၁၂၀ဝဝ၊ ၁၆၀ဝ၀ ဖြစ်နေပြီ။ ဆန်တွေလည်း အရင်ဈေးအတိုင်းပဲ မကျဘူး။ ပေါ်ဆန်းတစ်အိတ်ကို (၂) သိန်းနီးပါးလောက်ပေးနေရတယ်။ ကုန်စိမ်းတွေဆိုလည်း ဒီတိုင်းပဲ။ ဂေါ်ဖီထုပ်ဆိုရင်လည်း တစ်ထုပ် ကို ၆၀ဝ၀ တဲ့ကြားတောင်မကြားဖူးဘူး။ လွှင့်တောင် မပစ်ရက်ဘူးဖြစ်နေပြီ။ အရင်လကအတိုင်းပဲ တက်လည်း မသွားဘူး။ ကျလည်းမသွားဘူး။ ဈေးနည်းနည်းထပ်ကျရင်တော့ ပိုကောင်းတာပေါ့” ဟု သက်ကြီးပိုင်းအရွယ်အိမ်ရှင်မတစ်ဦးက ပြောသည်။ လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု အခြေအနေကြောင့် ဈေးဆိုင်ရောင်းချသူများအနေဖြင့်လည်း ဖောက်သည်ကို ပြန်အားနာနေရသည့် အခြေအနေမျိုးဖြစ်နေပြီး ကုန်ဈေးနှုန်းကြီးမြင့်သည့်အတွက် အရောင်းပါးသည့် အခြေအနေဖြင့်လည်း ရင်ဆိုင်နေရကြောင်း သက်လတ်ပိုင်းအရွယ် စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခုတလောက တော်တော်အရောင်းပါးတယ်။ ဈေးတွေကတက်လာတော့ သိပ်မဝယ်ကြ တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့။ ဥပမာ- ပိုက်ဆံ ၃၀ဝ နေ့တိုင်း မုန့်ဖိုးရတဲ့ ကလေး တစ်ယောက်က ညီမတို့ဆိုင်မှာ မုန့်အမြဲလာစားတယ်။ အခုတော့ သူ့အတွက် ဝယ်စရာမုန့်က သိပ်မရှိ တော့ဘူးဖြစ်နေတာပေါ့။ ဘာလို့လဲဆိုတော့ ပိုက်ဆံ ၃၀ဝ နဲ့ မုန့်များများစားစားရွေးလို့မရ‌တော့ဘူးလေ။ ကျွန်မကိုယ်တိုင်လည်း အရင်ထက်ပိုပြီး ချွေတာနေရတာပေါ့။ ဆိုင်ကလည်း အရောင်းပါးတော့ အရင်လောက်သိပ်မသုံးဖြစ်တော့ပဲ ပိုက်ဆံကို ချွေတာနေရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဆန်စပါးဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဆန်စပါးအသင်းချုပ်မှ တာဝန် ရှိသူများကို ပြီးခဲ့သည့်ရက်ပိုင်းတွင် နစကက ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ဆန်စပါးအသင်းချုပ်အနေဖြင့် ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်အချို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဇူလိုင်လ ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေါ်ဆန်းမွှေးဆန်များကို အိမ်အရောက်ပို့ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းပြီး စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် အစိုးရ အနေဖြင့် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းအပြင် အကာ အကွယ်ပေးနိုင်ရေးလည်း လိုအပ်နေရာ ပြည်တွင်းဈေးကွက်ကို တိုးချဲ့ရန်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုထားသည်။“ကုန်ထွက်သီးနှံတွေမှာ နေ့စဉ်ပွင့်နေသီးနေတာတွေ ရှိတယ်။ အဲဒါတွေက နေ့စဉ်နဲ့အမျှ ပြည်တွင်း စားသုံးမှုဈေးကွက်ကို အရောက်ဖြန့်ပေးရမှာ။ ဆီထွက်သီးနှံဆိုရင်လည်း ဆီထွက်သီးနှံကို ဖူဖူလုံလုံ စိုက်ပျိုးပြီးထုတ်ရမယ်။ ပြည်တွင်းဈေးကွက်ကိုလည်း ဖြန့်ရမယ်။ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နိုင်တဲ့ ကုန်စည်တွေကို များများထုတ်နိုင်တဲ့လုပ်ငန်းတွေ ပေါ်လာဖို့လိုတယ်။ အဲဒီလို လုပ်ငန်းတွေ ကို အားပေးရမယ်။ အကာအကွယ်ပေးဖို့လိုအပ်တယ်။ လုပ်ပါချည်းပဲ ပြောနေလို့မရဘူး။ “က” ကြီးကနေ “အ”အထိ ပြည်တွင်းထုတ်လုပ်မှုတွေကို အားပေးရမယ်။ ဆီထွက်သီးနှံတွေဆိုရင်လည်း ပဲပိစပ်ရှိမယ်၊ နေကြာ ရှိမယ်။ ဈေးကြီးပေမယ်လို့ ပြည်တွင်းကထုတ်တဲ့ ဈေးကို အားပေးရမယ်။ ပြည်တွင်းက စားသုံးတဲ့ ဈေးကွက်ကိုလည်း ပိုကြီးလာအောင်လုပ်ဖို့ အားပေးမှပဲ ရမယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့်လည်း ကုန်စည်များထုတ်လုပ်ရာတွင် ပြည်တွင်း ထုတ်ကုန်များကို အား‌ပေးရန်လိုအပ်ပြီး ပြည်ပမှ ကုန်ချောတင်သွင်းနေမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချသင့်ကြောင်း ၎င်းက ဆက်လက် အကြံပြုထားသည်။ “ ထုတ်လုပ်တဲ့သူအပိုင်းမှာဆိုရင်လည်း တင်ပို့ အစားထိုးတဲ့ ကုန်စည်တွေမှာ အစစအရာရာ ပြည်တွင်းဖြစ်ကို အားပေးဖို့လိုအပ်တယ်။ ရာနှုန်း ပြည့် ပြည်တွင်းကနေ မထုတ်နိုင်ရင်တောင်မှ ပြည်တွင်းကနေ (၅၀)ရာခိုင်နှုန်းထုတ်တယ်။ ပြည်ပကနေ (၅၀) ရာခိုင်နှုန်းသွင်းတယ်။ လုံးဝ(၁၀ဝ)ရာခိုင်နှုန်း ကုန်‌ချောကို မသွင်းတော့ဘူး။ အနည်းဆုံး (၁၀ဝ) ရာခိုင်နှုန်းကနေ (၇၀)ရာခိုင်နှုန်းလောက်အထိကို လျှော့ချနိုင်ပြီဆိုရင် တော်တော်ကောင်းတယ်။ ပြည်တွင်း ထုတ်ကုန်တွေကိုလည်း အားပေးဖို့လိုအပ်တယ်။ သားငါး၊ ဆီထွက်သီးနှံတွေ အကုန်လုံးကို ပြည်တွင်းကနေပဲ အားပေးဖို့လိုတယ်။ ပုပ်နိုင်တဲ့ဟာတွေဆို နေ့ချင်းဖြန့်ဖြူးပေးနိုင်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

နစက၏ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ပြောကြားထားမှုများလည်း ရှိသည်။

zawgyi version
ကုန္ေဈးႏႈန္းႀကီးျမင့္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ေငြေၾကးကို ယခင္ထက္ပိုမိုခ်င့္ခ်ိန္ သုံးစြဲေနၾကရ
ယြန္း (NP News) - ဇူလိုင္ ၅

ကုန္ေဈးႏႈန္းက်ဆင္းေရးအတြက္ ျပည္တြင္းထုတ္လုပ္မႈမ်ားျဖင့္ အစားထိုးေဆာင္႐ြက္သင့္ေၾကာင္း လုပ္ငန္းရွင္အခ်ိဳ႕က အႀကံျပဳေျပာၾကားကာ ျပည္သူမ်ားအေနျဖင့္လည္း ကုန္ေဈးႏႈန္းႀကီးျမင့္သည့္အတြက္ ေငြေၾကးကို ယခင္ထက္ပိုမို၍ခ်င့္ခ်ိန္ သုံးစြဲေနၾကရ‌ေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

လက္ရွိတြင္ ေဈးကြက္အတြင္း၌ ေ႐ႊႏွင့္ ေဒၚလာေဈးႏႈန္းမ်ားမွာ အျမင့္ေဈးျဖင့္တည္ၿငိမ္ေနၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)၏ ဇြန္လ ၂၆ ရက္ ထုတ္ျပန္ခ်က္အရ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ရည္ၫႊန္းေဈး ေငြက်ပ္(၄၅)သိန္းေက်ာ္ရွိကာ အေမရိကန္တစ္‌ေဒၚလာလွ်င္ ‌ေငြက်ပ္ (၄၅၀ဝ)နီးပါး ေပါက္ေဈးရွိေနေၾကာင္း သိရသည္။ ျပည္ တြင္း၌ အေထြေထြကုန္ေဈးႏႈန္းမ်ားမွာလည္း ေဈးအျမင့္ပိုင္းတြင္ရွိကာ တည္ၿငိမ္ေနၿပီး ကုန္ ေဈးႏႈန္း ျပန္လည္က်ဆင္းေစရန္အတြက္ ျပည္ပမွတင္သြင္းမည့္အစား စားေသာက္ကုန္အပါအဝင္ ျပည္တြင္းထုတ္ကုန္မ်ားကို ဦးစားေပးအစားထိုးထုတ္လုပ္ႏိုင္ရန္ လိုအပ္ေၾကာင္း ေထာက္ျပေနၾကျခင္း ျဖစ္သည္။

“ အခုေနာက္ပိုင္းမွာေတာ့ အရင္လိုမ်ိဳး ေဈးကစားတာမ်ိဳးေတာ့ သိပ္မေတြ႕ရဘူး။ ဒါေပမဲ့ ေရရွည္မွာ‌ကေတာ့ ျပည္တြင္းထုတ္လုပ္မႈက အေရးႀကီးတယ္။ ျပည္တြင္းထုတ္လုပ္မႈကလည္း စားေသာက္ကုန္ရယ္၊ ဆီထြက္သီးႏွံရယ္၊ ျပည္တြင္းကေနထုတ္ႏိုင္တဲ့ဟာေတြနဲ႔ အစားထိုးမွ ကုန္ ေဈးႏႈန္းက က်မွာ။ တင္သြင္းမႈအတြက္ကေတာ့ ေငြလိုတာေပါ့။ ျပည္တြင္းထုတ္ကုန္ကို အဲဒီေနရာမွာ အစားထိုးႏိုင္ၿပီဆိုရင္ လိုေငြကတျဖည္းျဖည္းက်သြားမွာပဲ။ အကယ္၍ အဲဒီလိုမ်ိဳးသာ ေလွ်ာ့ႏိုင္မယ္ ဆိုရင္ တစ္ႏွစ္ထက္ တစ္ႏွစ္ေလ်ာ့က်လာၿပီး ပိုေကာင္းလာမွာေပါ့။ အရပ္ ဘက္၊ အစိုးရဘက္ကလည္း အလုပ္လုပ္မွရမွာ။ အရွင္းဆုံးကေတာ့ ျပည္တြင္းထုတ္လုပ္မႈက အားေကာင္းရမယ္။ ျပည္တြင္းေဈးကြက္ရွိရမယ္” ဟု ပို႔ကုန္လုပ္ငန္းရွင္ႀကီးတစ္ဦးက အႀကံျပဳေျပာၾကားသည္။

လက္ရွိတြင္ နစကအေနျဖင့္ ဆန္ အပါအဝင္ စားသုံးဆီမ်ားကို ရည္ၫႊန္းသတ္မွတ္ေဈးႏႈန္းမ်ား ထက္ ေက်ာ္လြန္ေရာင္းခ်ေနသူမ်ားကိုလည္း အေရးယူမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ထို႔ျပင္ စားအုန္းဆီတင္သြင္းရာတြင္ မသမာမႈျပဳလုပ္ခဲ့သည့္ AYEYAR HINTHAR TRADING ကုမၸဏီ အပါအဝင္ ဆီကုမၸဏီ (၈)ခုကို ၿပီးခဲ့သည့္ ဇြန္လ(၂၄) ရက္မွစ၍ အမည္ပ်က္စာရင္း (Black List) ထည့္သြင္း သတ္မွတ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန (DICA) မွအသိေပး ထုတ္ျပန္ ခဲ့သည္။ အဆိုပါ ကုမၸဏီမ်ားမွာ SIX WINNER BROTHERS COMPANY LIMITED? DIAMOND DRAGON COMPANY LIMITED? FIRST TOP EDIBLE OIL COMPANY LIMITED? AYEYAR HINTHAR TRADING COMPANY LIMITED? THEIN THAN YADANAR COMPANY LIMITED? JEWEL ARROW COMPANY LIMITED? AGRI ONE TRADING COMPANY LIMITED ESihf GRAND UNITY CO., LTD တို႔ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိအေျခအေနတြင္ ကုန္ေဈးႏႈန္းမ်ားမွာ ႀကီးျမင့္လ်က္ရွိၿပီး ဆင္းသုခ တစ္အိတ္လွ်င္ ေငြက်ပ္(၈၅၀ဝဝ)၊ ေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္(၂၀ဝဝဝ၀) ေက်ာ္ႏွင့္ ၾကက္ဥ တစ္လုံးလွ်င္ (၃၅၀)က်ပ္အထိ ေရာက္ရွိေနကာ အေျခခံလူတန္းစားမ်ားမွာ စားဝတ္ေနေရး က်ပ္တည္းလ်က္ရွိေနသည္။

“ေဈးကတက္လည္းမတက္ဘူး။ က်လည္း မက်ဘူး။ ဒီအတိုင္းပဲၿငိမ္ေနတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ဒီထက္ပိုက်ရင္ေတာ့ ေကာင္းတာေပါ့။ ဆီဆိုအရင္က တစ္ပိႆာ က်ပ္ ၈၀ဝဝ၊ ၉၀ဝ၀ ကေန အခုဆို က်ပ္ ၁၂၀ဝဝ၊ ၁၆၀ဝ၀ ျဖစ္ေနၿပီ။ ဆန္ေတြလည္း အရင္ေဈးအတိုင္းပဲ မက်ဘူး။ ေပၚဆန္းတစ္အိတ္ကို (၂) သိန္းနီးပါးေလာက္ေပးေနရတယ္။ ကုန္စိမ္းေတြဆိုလည္း ဒီတိုင္းပဲ။ ေဂၚဖီထုပ္ဆိုရင္လည္း တစ္ထုပ္ ကို ၆၀ဝ၀ တဲ့ၾကားေတာင္မၾကားဖူးဘူး။ လႊင့္ေတာင္ မပစ္ရက္ဘူးျဖစ္ေနၿပီ။ အရင္လကအတိုင္းပဲ တက္လည္း မသြားဘူး။ က်လည္းမသြားဘူး။ ေဈးနည္းနည္းထပ္က်ရင္ေတာ့ ပိုေကာင္းတာေပါ့” ဟု သက္ႀကီးပိုင္းအ႐ြယ္အိမ္ရွင္မတစ္ဦးက ေျပာသည္။ လက္ရွိတြင္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ အေျခအေနေၾကာင့္ ေဈးဆိုင္ေရာင္းခ်သူမ်ားအေနျဖင့္လည္း ေဖာက္သည္ကို ျပန္အားနာေနရသည့္ အေျခအေနမ်ိဳးျဖစ္ေနၿပီး ကုန္ေဈးႏႈန္းႀကီးျမင့္သည့္အတြက္ အေရာင္းပါးသည့္ အေျခအေနျဖင့္လည္း ရင္ဆိုင္ေနရေၾကာင္း သက္လတ္ပိုင္းအ႐ြယ္ စတိုးဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။

“အခုတေလာက ေတာ္ေတာ္အေရာင္းပါးတယ္။ ေဈးေတြကတက္လာေတာ့ သိပ္မဝယ္ၾက ေတာ့ဘူးဆိုတဲ့ အေနအထားမ်ိဳးျဖစ္ေနတာေပါ့။ ဥပမာ- ပိုက္ဆံ ၃၀ဝ ေန႔တိုင္း မုန႔္ဖိုးရတဲ့ ကေလး တစ္ေယာက္က ညီမတို႔ဆိုင္မွာ မုန႔္အၿမဲလာစားတယ္။ အခုေတာ့ သူ႔အတြက္ ဝယ္စရာမုန႔္က သိပ္မရွိ ေတာ့ဘူးျဖစ္ေနတာေပါ့။ ဘာလို႔လဲဆိုေတာ့ ပိုက္ဆံ ၃၀ဝ နဲ႔ မုန႔္မ်ားမ်ားစားစားေ႐ြးလို႔မရ‌ေတာ့ဘူးေလ။ ကြၽန္မကိုယ္တိုင္လည္း အရင္ထက္ပိုၿပီး ေခြၽတာေနရတာေပါ့။ ဆိုင္ကလည္း အေရာင္းပါးေတာ့ အရင္ေလာက္သိပ္မသုံးျဖစ္ေတာ့ပဲ ပိုက္ဆံကို ေခြၽတာေနရတယ္” ဟု ၎က ဆိုသည္။

ျပည္တြင္းဆန္စပါးေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္မႈေၾကာင့္ ဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ ရွိသူမ်ားကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ နစကက ေခၚယူေမးျမန္းခဲ့ၿပီးေနာက္ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ေ႐ႊဘိုေပၚဆန္း အပါအဝင္ ဆန္အခ်ိဳ႕ကို သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဇူလိုင္လ ၁ ရက္မွစ၍ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလး ၿမိဳ႕တို႔တြင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္းတို႔ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ေပၚဆန္းေမႊးဆန္မ်ားကို အိမ္အေရာက္ပို႔ စနစ္ျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္တြင္းကုန္ေဈးႏႈန္းက်ဆင္းၿပီး စီးပြားေရးက႑တိုးတက္ေရးအတြက္ အစိုးရ အေနျဖင့္ ျပည္တြင္းထုတ္လုပ္မႈလုပ္ငန္းမ်ားကို အားေပးျခင္းအျပင္ အကာ အကြယ္ေပးႏိုင္ေရးလည္း လိုအပ္ေနရာ ျပည္တြင္းေဈးကြက္ကို တိုးခ်ဲ႕ရန္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုထားသည္။“ကုန္ထြက္သီးႏွံေတြမွာ ေန႔စဥ္ပြင့္ေနသီးေနတာေတြ ရွိတယ္။ အဲဒါေတြက ေန႔စဥ္နဲ႔အမွ် ျပည္တြင္း စားသုံးမႈေဈးကြက္ကို အေရာက္ျဖန႔္ေပးရမွာ။ ဆီထြက္သီးႏွံဆိုရင္လည္း ဆီထြက္သီးႏွံကို ဖူဖူလုံလုံ စိုက္ပ်ိဳးၿပီးထုတ္ရမယ္။ ျပည္တြင္းေဈးကြက္ကိုလည္း ျဖန႔္ရမယ္။ အိမ္နီးခ်င္းႏိုင္ငံေတြကို တင္ပို႔ႏိုင္တဲ့ ကုန္စည္ေတြကို မ်ားမ်ားထုတ္ႏိုင္တဲ့လုပ္ငန္းေတြ ေပၚလာဖို႔လိုတယ္။ အဲဒီလို လုပ္ငန္းေတြ ကို အားေပးရမယ္။ အကာအကြယ္ေပးဖို႔လိုအပ္တယ္။ လုပ္ပါခ်ည္းပဲ ေျပာေနလို႔မရဘူး။ “က” ႀကီးကေန “အ”အထိ ျပည္တြင္းထုတ္လုပ္မႈေတြကို အားေပးရမယ္။ ဆီထြက္သီးႏွံေတြဆိုရင္လည္း ပဲပိစပ္ရွိမယ္၊ ေနၾကာ ရွိမယ္။ ေဈးႀကီးေပမယ္လို႔ ျပည္တြင္းကထုတ္တဲ့ ေဈးကို အားေပးရမယ္။ ျပည္တြင္းက စားသုံးတဲ့ ေဈးကြက္ကိုလည္း ပိုႀကီးလာေအာင္လုပ္ဖို႔ အားေပးမွပဲ ရမယ္” ဟု အထက္ပါ လုပ္ငန္းရွင္က ေျပာသည္။

ထို႔ျပင္ ကုန္ပစၥည္းထုတ္လုပ္သူမ်ားအေနျဖင့္လည္း ကုန္စည္မ်ားထုတ္လုပ္ရာတြင္ ျပည္တြင္း ထုတ္ကုန္မ်ားကို အား‌ေပးရန္လိုအပ္ၿပီး ျပည္ပမွ ကုန္ေခ်ာတင္သြင္းေနမႈကို အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်သင့္ေၾကာင္း ၎က ဆက္လက္ အႀကံျပဳထားသည္။ “ ထုတ္လုပ္တဲ့သူအပိုင္းမွာဆိုရင္လည္း တင္ပို႔ အစားထိုးတဲ့ ကုန္စည္ေတြမွာ အစစအရာရာ ျပည္တြင္းျဖစ္ကို အားေပးဖို႔လိုအပ္တယ္။ ရာႏႈန္း ျပည့္ ျပည္တြင္းကေန မထုတ္ႏိုင္ရင္ေတာင္မွ ျပည္တြင္းကေန (၅၀)ရာခိုင္ႏႈန္းထုတ္တယ္။ ျပည္ပကေန (၅၀) ရာခိုင္ႏႈန္းသြင္းတယ္။ လုံးဝ(၁၀ဝ)ရာခိုင္ႏႈန္း ကုန္‌ေခ်ာကို မသြင္းေတာ့ဘူး။ အနည္းဆုံး (၁၀ဝ) ရာခိုင္ႏႈန္းကေန (၇၀)ရာခိုင္ႏႈန္းေလာက္အထိကို ေလွ်ာ့ခ်ႏိုင္ၿပီဆိုရင္ ေတာ္ေတာ္ေကာင္းတယ္။ ျပည္တြင္း ထုတ္ကုန္ေတြကိုလည္း အားေပးဖို႔လိုအပ္တယ္။ သားငါး၊ ဆီထြက္သီးႏွံေတြ အကုန္လုံးကို ျပည္တြင္းကေနပဲ အားေပးဖို႔လိုတယ္။ ပုပ္ႏိုင္တဲ့ဟာေတြဆို ေန႔ခ်င္းျဖန႔္ျဖဴးေပးႏိုင္ဖို႔လိုတယ္” ဟု ၎ကဆိုသည္။

နစက၏ ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးေကာ္မတီက စိုက္ပ်ိဳးေရးသြင္းအားစုေဈးႏႈန္းမ်ား ျမင့္တက္ျခင္း၊ အလုပ္သမားခအပါအဝင္ အေထြေထြကုန္က်စရိတ္မ်ား ျမင့္တက္ျခင္းတို႔ေၾကာင့္ ဆန္ေဈးႏႈန္းမ်ား ျမင့္တက္ရျခင္းျဖစ္သည္ဟု ေျပာၾကားထားမႈမ်ားလည္း ရွိသည္။

Related news

© 2021. All rights reserved.