TNLA က ၎င်းတို့ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်းမှဒေသခံများကို ဓားစာခံသဖွယ်အသုံးချနေဟု သိရ

 4695

သုတကျော် (NP News) - ဇူလိုင် ၇

TNLA က ၎င်းတို့ ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်းမှ ဒေသခံများကို ဓားစာခံသဖွယ်အသုံးချနေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အ လက်များအရ သိရသည်။

TNLA ပူးပေါင်းအဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး အဆက်ဟုဆိုကာ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ စသည်ဖြင့် မြို့နယ်များကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်းကို ၎င်းတို့ထိန်းချုပ်ထားရာတွင် မြို့ခံများကို အထွက်မခံဘဲ ရောနှောနေခြင်းဖြစ်သည်။

"အခုက မိုးကုတ် အနောက်ပိုင်းမှာ သူတို့က ရောနေတယ်။ စစ်ဘေးရှောင်လို့လည်း မရတဲ့အ ခြေအနေရှိတယ်။ တိုက်ပွဲဖြစ်ရင် အရပ်သားအိမ်တွေထိတော့ သူတို့က အရပ်သားတွေကို တပ်ကပစ်တယ်ပြောဦးမှာ။ မိုးကုတ်က စစ်ဘေးရှောင်တွေလည်း ရှောင်ဖို့ကမလွယ်ဘူး။ ဗုံးခိုကျင်းတူးဖို့ကလည်း နည်းနည်းလောက် တူးလိုက်ရင် ရေထွက်လာတယ်"ဟု မိုးကုတ်မြို့နှင့် အဆက်အသွယ်မပြတ်ရှိနေသူ ယခင်မိုးကုတ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပြည်ဖျက် မီဒီယာ အချို့က တပ်မတော်တပ်ဖွဲ့ဝင်အချို့သည် ကမ္ဘောဇဘဏ်နှင့် CB ဘဏ်များကို ဖောက်ထွင်းကာ ငွေသားနှင့် ကျောက်မျက်ရတနာများကို ယူဆောင်သွားဟု သတင်းမှား ဖြန့်နေသော်လည်း NP News က စုံ စမ်းချက်အရ တပ်မတော် တပ်ဖွဲ့ဝင်များမှာ သက်ဆိုင်ရာ စခန်းကုန်းများတွင်သာရှိနေပြီး အမှန်တကယ်အားဖြင့် TNLA ပူးပေါင်းအဖွဲ့ကသာ ဘဏ်များရှိ ငွေသားများကို လိုချင်သောကြောင့် ဖောက်ထွင်းခြင်း ဖြစ်နိုင်ကြောင်းလည်း သိရသည်။

"လက်ရှိမှာတော့ စိုးရိမ်တယ်။ မြို့ပြင်ကိုလည်း ထွက်မရဘူး။ အကုန်လုံးက လုံခြုံအောင်နေနေကြရတာ"ဟု အထက်ပါဒေသခံက ဆိုသည်။ နယ်မြေလုပြီး လက်နက်ကိုင် အချင်းချင်း ပွတ်တိုက်မှုများ ဖြစ်လေ့ရှိသည့် TNLA သည် ဇူလိုင်လ ၅ ရက် နံနက်ပိုင်း ၁၀ နာရီ အချိန်ခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ နောင်ပိန်ကျေးရွာ အုပ်စု လုပ်ပါရဲစခန်းအနီးတွင် မဟာမိတ်တပ်ဖွဲ့ တစ်ခုဖြစ်သော SSPP နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

zawgyi version
TNLA က ၎တို႔ထိန္းခ်ဳပ္ထားသည့္ မိုးကုတ္ၿမိဳ႕ အေနာက္ပိုင္းမွေဒသခံမ်ားကို ဓားစာခံသဖြယ္အသုံးခ်ေနဟု သိရ
သုတေက်ာ္ (NP News) - ဇူလိုင္ ၇

TNLA က ၎တို႔ ထိန္းခ်ဳပ္ထားသည့္ မိုးကုတ္ၿမိဳ႕ အေနာက္ပိုင္းမွ ေဒသခံမ်ားကို ဓားစာခံသဖြယ္အသုံးခ်ေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အ လက္မ်ားအရ သိရသည္။

TNLA ပူးေပါင္းအဖြဲ႕သည္ ၁၀၂၇ စစ္ဆင္ေရး အဆက္ဟုဆိုကာ မိုးကုတ္၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ စသည္ျဖင့္ ၿမိဳ႕နယ္မ်ားကို စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ကာ လက္ရွိအေနအထားအရ မိုးကုတ္ၿမိဳ႕ အေနာက္ပိုင္းကို ၎တို႔ထိန္းခ်ဳပ္ထားရာတြင္ ၿမိဳ႕ခံမ်ားကို အထြက္မခံဘဲ ေရာေႏွာေနျခင္းျဖစ္သည္။

"အခုက မိုးကုတ္ အေနာက္ပိုင္းမွာ သူတို႔က ေရာေနတယ္။ စစ္ေဘးေရွာင္လို႔လည္း မရတဲ့အ ေျခအေနရွိတယ္။ တိုက္ပြဲျဖစ္ရင္ အရပ္သားအိမ္ေတြထိေတာ့ သူတို႔က အရပ္သားေတြကို တပ္ကပစ္တယ္ေျပာဦးမွာ။ မိုးကုတ္က စစ္ေဘးေရွာင္ေတြလည္း ေရွာင္ဖို႔ကမလြယ္ဘူး။ ဗုံးခိုက်င္းတူးဖို႔ကလည္း နည္းနည္းေလာက္ တူးလိုက္ရင္ ေရထြက္လာတယ္"ဟု မိုးကုတ္ၿမိဳ႕ႏွင့္ အဆက္အသြယ္မျပတ္ရွိေနသူ ယခင္မိုးကုတ္ၿမိဳ႕ ေဒသခံတစ္ဦးက ဆိုသည္။

လက္ရွိတြင္ ျပည္ဖ်က္ မီဒီယာ အခ်ိဳ႕က တပ္မေတာ္တပ္ဖြဲ႕ဝင္အခ်ိဳ႕သည္ ကေမာၻဇဘဏ္ႏွင့္ CB ဘဏ္မ်ားကို ေဖာက္ထြင္းကာ ေငြသားႏွင့္ ေက်ာက္မ်က္ရတနာမ်ားကို ယူေဆာင္သြားဟု သတင္းမွား ျဖန႔္ေနေသာ္လည္း NP News က စုံ စမ္းခ်က္အရ တပ္မေတာ္ တပ္ဖြဲ႕ဝင္မ်ားမွာ သက္ဆိုင္ရာ စခန္းကုန္းမ်ားတြင္သာရွိေနၿပီး အမွန္တကယ္အားျဖင့္ TNLA ပူးေပါင္းအဖြဲ႕ကသာ ဘဏ္မ်ားရွိ ေငြသားမ်ားကို လိုခ်င္ေသာေၾကာင့္ ေဖာက္ထြင္းျခင္း ျဖစ္ႏိုင္ေၾကာင္းလည္း သိရသည္။

"လက္ရွိမွာေတာ့ စိုးရိမ္တယ္။ ၿမိဳ႕ျပင္ကိုလည္း ထြက္မရဘူး။ အကုန္လုံးက လုံၿခဳံေအာင္ေနေနၾကရတာ"ဟု အထက္ပါေဒသခံက ဆိုသည္။ နယ္ေျမလုၿပီး လက္နက္ကိုင္ အခ်င္းခ်င္း ပြတ္တိုက္မႈမ်ား ျဖစ္ေလ့ရွိသည့္ TNLA သည္ ဇူလိုင္လ ၅ ရက္ နံနက္ပိုင္း ၁၀ နာရီ အခ်ိန္ခန႔္က ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္ရွိ ေနာင္ပိန္ေက်း႐ြာ အုပ္စု လုပ္ပါရဲစခန္းအနီးတြင္ မဟာမိတ္တပ္ဖြဲ႕ တစ္ခုျဖစ္ေသာ SSPP ႏွင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ေဒသခံတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.