အီရန်ကို လက်တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားစက်ရုံတွေကို အစ္စရေးက တိုက်ခိုက်သင့်တယ်လို့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပြော

 264

Pika (NP News) - အောက်တိုဘာလ ၅

မကြာသေးမီက အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အီရန်ရဲ့လုပ်ရပ်ကို လက်တုံ့ ပြန်တဲ့အနေနဲ့ အစ္စရေးဟာ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်သင့်တယ်လို့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကမ်းပိန်းတစ်ခုအတွင်း ယခုလိုထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေကို အစ္စရေးက ပစ်မှတ်ထားနိုင်ခြေ ရှိ/မရှိ ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို သတင်းထောက်တွေက မေးခဲ့ကြတဲ့ မေးခွန်းတွေ ကို ဒေါ်နယ်ထရမ့်က ကိုးကားပြီး ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က "အီရန်ကို အစ္စရေးက တိုက်ခိုက်နိုင်သလား ဆိုတဲ့မေးခွန်းတွေကို သတင်းထောက်တွေက ဂျိုးဘိုင်ဒန်ကို မေးခဲ့ကြပါတယ်။ နျူကလီးယားပစ္စည်းတွေကို မထိသရွေ့တိုက်ခိုက်နိုင်တယ်လို့ ဂျိုးဘိုင်ဒန်က ဖြေကြားခဲ့ပါတယ်။ တကယ်တော့ အီရန်ရဲ့ နျူကလီးယားအဆောက်အဦးတွေဆိုတာ အစ္စရေးက ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ချင်တဲ့ နေရာတစ်ခုပါ" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ထောက်ခံမှာလား ဆိုတဲ့မေးခွန်းကို ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြေဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဂျိုးဘိုင်ဒန် က "ကျွန်တော့်ရဲ့အဖြေ ကတော့ လုံးဝထောက်ခံမှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က "ဒီကိစ္စမှာတော့ ဂျိုးဘိုင်ဒန် မှားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ နျူကလီးယားလက်နက်တွေဆိုတာ ကျွန်တော်တို့အတွက် အန္တရာယ် အကြီးမားဆုံး အရာတစ်ခုပါပဲ။ သတင်းထောက်တွေရဲ့မေးခွန်းအတွက် ဂျိုးဘိုင်ဒန်ရဲ့အဖြေက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်လိုက်ပါ။ ကျန်တာတွေကို နောက်မှစိုးရိမ်ပါဆိုတဲ့ အဖြေ ဖြစ်သင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;





Related news

© 2021. All rights reserved.