ကမ္ဘာ့အသေးဆုံး ဉာဏ်စမ်းကုဗတုံး Rubik's Cube ကို Preorder နဲ့ ဝယ်ယူနိုင်ပြီဖြစ်

 150

ရောင်နီ (NP News) - အောက်တိုဘာ ၅

ဂျပန်အရုပ်ထုတ်လုပ်ရေးကုမ္ပဏီ MegaHouse က သေးငယ်လွန်းတဲ့ ဉာဏ်စမ်းကုဗတုံး Rubik's Cube ကို ထုတ်လုပ်ခဲ့ပါတယ်။

အလူမီနီယမ်နဲ့ ပြုလုပ်ထားတဲ့ အဲဒီကုဗတုံးရဲ့အရွယ်အစားဟာ မျက်နှာစာတစ်ခုစီ အလျားငါးမီလီမီတာ (၀.၂ လက်မဝန်းကျင်) ခန့်စီရှိပြီး ဒီပစ္စည်းကို ရယူလိုတယ်ဆိုရင်တော့ ကြိုတင်မှာယူနိုင်မှာဖြစ်တယ်လို့ ကြာသပတေး နေ့(အောက်တိုဘာ ၃ ရက်) က ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။ အလေးချိန်ကတော့ ဝ.၃ ဂရမ်ရှိပြီး မူလအရွယ် အစားရဲ့ ၁,၀၀၀ ပုံပုံ တစ်ပုံခန့်ရှိပါတယ်။ ဒါ့အပြင် ကုဗတုံးပေါ်က မတူညီတဲ့ စတုရန်းပုံ အရောင်လေးတွေ ကလည်း တစ်ခုစီကို ၁.၆ မီလီမီတာ (၀.၀၆ လက်မဝန်းကျင်) သာရှိတယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ဒီကုဗတုံး ထုတ်လုပ်ဖို့ အကြံဉာဏ်ကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ရရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်က စတင်ထုတ်လုပ်ကြည့်ခဲ့တယ်လို့ MegaHouse က ပြောပါတယ်။ ဒီမိုက်ခရိုကုဗတုံးဟာ ကမ္ဘာ့အသေးဆုံး ကုဗတုံး အဖြစ် ဩဂုတ်လက ဂင်းနစ်ကမ္ဘာ့ စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပစ္စည်းဟာ player တွေ စုဆောင်းတတ်တဲ့ cube ပစ္စည်းတစ်ခုဖြစ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ကမာၻ႔အေသးဆုံး ဉာဏ္စမ္းကုဗတုံး Rubik's Cube ကို Preorder နဲ႔ ဝယ္ယူႏိုင္ၿပီျဖစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၅

ဂ်ပန္အ႐ုပ္ထုတ္လုပ္ေရးကုမၸဏီ MegaHouse က ေသးငယ္လြန္းတဲ့ ဉာဏ္စမ္းကုဗတုံး Rubik's Cube ကို ထုတ္လုပ္ခဲ့ပါတယ္။

အလူမီနီယမ္နဲ႔ ျပဳလုပ္ထားတဲ့ အဲဒီကုဗတုံးရဲ႕အ႐ြယ္အစားဟာ မ်က္ႏွာစာတစ္ခုစီ အလ်ားငါးမီလီမီတာ (၀.၂ လက္မဝန္းက်င္) ခန႔္စီရွိၿပီး ဒီပစၥည္းကို ရယူလိုတယ္ဆိုရင္ေတာ့ ႀကိဳတင္မွာယူႏိုင္မွာျဖစ္တယ္လို႔ ၾကာသပေတး ေန႔(ေအာက္တိုဘာ ၃ ရက္) က ကုမၸဏီမွ ေျပာၾကားခဲ့ပါတယ္။ အေလးခ်ိန္ကေတာ့ ဝ.၃ ဂရမ္ရွိၿပီး မူလအ႐ြယ္ အစားရဲ႕ ၁,၀၀၀ ပုံပုံ တစ္ပုံခန႔္ရွိပါတယ္။ ဒါ့အျပင္ ကုဗတုံးေပၚက မတူညီတဲ့ စတုရန္းပုံ အေရာင္ေလးေတြ ကလည္း တစ္ခုစီကို ၁.၆ မီလီမီတာ (၀.၀၆ လက္မဝန္းက်င္) သာရွိတယ္လို႔ သိရပါတယ္။

ကုမၸဏီဟာ ဒီကုဗတုံး ထုတ္လုပ္ဖို႔ အႀကံဉာဏ္ကို လြန္ခဲ့တဲ့ ေလးႏွစ္ကတည္းက ရရွိခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္က စတင္ထုတ္လုပ္ၾကည့္ခဲ့တယ္လို႔ MegaHouse က ေျပာပါတယ္။ ဒီမိုက္ခ႐ိုကုဗတုံးဟာ ကမာၻ႔အေသးဆုံး ကုဗတုံး အျဖစ္ ဩဂုတ္လက ဂင္းနစ္ကမာၻ႔ စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီပစၥည္းဟာ player ေတြ စုေဆာင္းတတ္တဲ့ cube ပစၥည္းတစ္ခုျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.