ကာကွယ်ရေးကိုတိုးမြှင့်ဖို့ နဲ့ စစ်လက်နက်ပစ္စည်းတင်ပို့မှုကို မြှင့်တင်ဖို့ တောင်ကိုရီးယားအစိုးရ ကြိုးပမ်းနေ

 115

Pika (NP News) - အောက်တိုဘာ ၅

တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ စစ်လက်နက်ပစ္စည်းများကို ပြသရန်နှင့် ထိပ်တန်းလက်နက်ပစ္စည်းတင်ပို့သည့် နိုင်ငံအဖြစ် အဆင့်အတန်းကို မြှင့်တင်ရန်ကြိုးပမ်းနေမှုနှင့်အတူ ၎င်း၏ အကြီးဆုံးကာကွယ်ရေးပစ္စည်းပြပွဲကို ယခု သီတင်းပတ်အတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။
Korea Army International Defence Industry ပြပွဲကို ဆိုးလ်မြို့တောင်ဘက် (၁၄၅)ကီလိုမီတာအကွာရှိ စစ်ဌာနချုပ် Gyeryongdae တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ (၅)ရက်ကြာကျင်းပမည့်ပြပွဲတွင် ပြည်တွင်း နှင့် ပြည်ပကုမ္ပဏီပေါင်း (၃၆၅)ခုပါဝင်မည်ဖြစ်ပြီး နိုင်ငံပေါင်း(၂၇)နိုင်ငံမှ ထိပ်တန်းအရာရှိကြီးများ တက်ရောက် လိမ့်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပြပွဲတွင် K2 တိုက်ပွဲဝင်တင့်ကားကဲ့သို့သော တောင်ကိုရီးယား၏ စစ်လက်နက်ပစ္စည်းစနစ်အမျိုးမျိုးကို ပြသထားမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြပွဲအတွင်း တောင်ကိုရီးယား နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကဏ္ဍတစ်ခု အပါအဝင် ဖိုရမ်များ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့သော ကာကွယ်ရေးပစ္စည်းပြပွဲများသည် တောင်ကိုရီးယားနိုင်ငံအတွက် ပိုမိုအရေးကြီးလာနေသည့် စစ်လက်နက်ပစ္စည်းရောင်းချမှု နှင့် ဝင်ငွေရရှိစေမည့် တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် (၄)နှစ်ခန့်အထိ တောင်ကိုရီးယား၏ နှစ်စဉ်စစ်လက်နက်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ(၂)ဘီလျံမှ (၃)ဘီလျံခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း ၂ဝ၂၁ ခုနှစ်တွင် တောင်ကိုရီးယား၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အမေရိကန်ဒေါ်လာ(၇ ဒသမ ၃) ဘီလျံထိမြင့်တက်လာခဲ့ပြီး ၂ဝ၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၇ ဒသမ ၃) ဘီလျံထိ ရှိလာခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်တွင် စစ်လက်နက်ပစ္စည်းရောင်းချမှုကို အမေရိကန်ဒေါ်လာ(၂ဝ)ဘီလျံဝန်းကျင်ထိ တိုးမြှင့်နိုင်ရန် တောင်ကိုရီးယားအစိုးရက မျှော်လင့်ထားကြောင်းလည်း သိရသည်။
တောင်ကိုရီးယား၏ စက်မှုလုပ်ငန်းကို ကြီးထွားအောင်လုပ်ဆောင်စေသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုမှာ မြောက်ကိုရီးယားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကြောင့်ဖြစ်ကြောင်း အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနား လုပ်ဆောင်ခဲ့သည့် အောက်တိုဘာလ(၂)ရက်တွင် ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်က ပြောကြားခဲ့သည်။

Zawgyi Version;
ကာကြယ္ေရးကိုတိုးျမႇင့္ဖို႔ နဲ႔ စစ္လက္နက္ပစၥည္းတင္ပို႔မႈကို ျမႇင့္တင္ဖို႔ ေတာင္ကိုရီးယားအစိုးရ ႀကိဳးပမ္းေန
Pika (NP News) - ေအာက္တိုဘာ ၅

ေတာင္ကိုရီးယားႏိုင္ငံသည္ ၎၏ စစ္လက္နက္ပစၥည္းမ်ားကို ျပသရန္ႏွင့္ ထိပ္တန္းလက္နက္ပစၥည္းတင္ပို႔သည့္ ႏိုင္ငံအျဖစ္ အဆင့္အတန္းကို ျမႇင့္တင္ရန္ႀကိဳးပမ္းေနမႈႏွင့္အတူ ၎၏ အႀကီးဆုံးကာကြယ္ေရးပစၥည္းျပပြဲကို ယခု သီတင္းပတ္အတြင္း က်င္းပလ်က္ရွိေၾကာင္း သိရသည္။
Korea Army International Defence Industry ျပပြဲကို ဆိုးလ္ၿမိဳ႕ေတာင္ဘက္ (၁၄၅)ကီလိုမီတာအကြာရွိ စစ္ဌာနခ်ဳပ္ Gyeryongdae တြင္ က်င္းပလ်က္ရွိေၾကာင္း သိရသည္။ (၅)ရက္ၾကာက်င္းပမည့္ျပပြဲတြင္ ျပည္တြင္း ႏွင့္ ျပည္ပကုမၸဏီေပါင္း (၃၆၅)ခုပါဝင္မည္ျဖစ္ၿပီး ႏိုင္ငံေပါင္း(၂၇)ႏိုင္ငံမွ ထိပ္တန္းအရာရွိႀကီးမ်ား တက္ေရာက္ လိမ့္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါျပပြဲတြင္ K2 တိုက္ပြဲဝင္တင့္ကားကဲ့သို႔ေသာ ေတာင္ကိုရီးယား၏ စစ္လက္နက္ပစၥည္းစနစ္အမ်ိဳးမ်ိဳးကို ျပသထားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ျပပြဲအတြင္း ေတာင္ကိုရီးယား ႏွင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာက႑တစ္ခု အပါအဝင္ ဖိုရမ္မ်ား ပါဝင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

ယင္းကဲ့သို႔ေသာ ကာကြယ္ေရးပစၥည္းျပပြဲမ်ားသည္ ေတာင္ကိုရီးယားႏိုင္ငံအတြက္ ပိုမိုအေရးႀကီးလာေနသည့္ စစ္လက္နက္ပစၥည္းေရာင္းခ်မႈ ႏွင့္ ဝင္ေငြရရွိေစမည့္ တစ္ခုတည္းေသာနည္းလမ္းလည္း ျဖစ္သည္။ ၿပီးခဲ့သည့္ (၄)ႏွစ္ခန႔္အထိ ေတာင္ကိုရီးယား၏ ႏွစ္စဥ္စစ္လက္နက္ပစၥည္းတင္ပို႔မႈသည္ အေမရိကန္ေဒၚလာ(၂)ဘီလ်ံမွ (၃)ဘီလ်ံခန႔္အထိ ရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ၂ဝ၂၁ ခုႏွစ္တြင္ ေတာင္ကိုရီးယား၏ စစ္လက္နက္ပစၥည္းေရာင္းခ်မႈသည္ အေမရိကန္ေဒၚလာ(၇ ဒသမ ၃) ဘီလ်ံထိျမင့္တက္လာခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ(၁၇ ဒသမ ၃) ဘီလ်ံထိ ရွိလာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ယခုႏွစ္တြင္ စစ္လက္နက္ပစၥည္းေရာင္းခ်မႈကို အေမရိကန္ေဒၚလာ(၂ဝ)ဘီလ်ံဝန္းက်င္ထိ တိုးျမႇင့္ႏိုင္ရန္ ေတာင္ကိုရီးယားအစိုးရက ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရသည္။
ေတာင္ကိုရီးယား၏ စက္မႈလုပ္ငန္းကို ႀကီးထြားေအာင္လုပ္ေဆာင္ေစသည့္ အဓိကအေၾကာင္းအရင္းမ်ားထဲမွ တစ္ခုမွာ ေျမာက္ကိုရီးယားႏွင့္ျဖစ္ပြားေနေသာ ပဋိပကၡေၾကာင့္ျဖစ္ေၾကာင္း အဆိုပါျပပြဲ ဖြင့္ပြဲအခမ္းအနား လုပ္ေဆာင္ခဲ့သည့္ ေအာက္တိုဘာလ(၂)ရက္တြင္ ကာကြယ္ေရးဝန္ႀကီး ကင္ယြန္ဟြမ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.