တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းကနေ ဖယ်ရှားပစ်ဖို့ ရုရှားအစိုးရလုပ်ဆောင်နေ

 218

Pika (NP News) - အောက်တိုဘာ ၅

ရုရှားအစိုးရဟာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့များစာရင်းကနေ ဖယ်ရှားပစ်တော့မယ်လို့ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ရုရှားသံတမန်ဇာမီယာကာဘူးလော့ပ်က အောက်တိုဘာလ(၄)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့တာဝန်ရှိတဲ့ ရုရှားအစိုးရလုံခြုံရေးဝန်ဆောင်မှုအဖွဲ့(FSB) အကြီးအကဲ အဲလက်ဇန်းဒါးဘော့တ်နီကော့ဗ်ကလည်း အဲ့ဒီပြောင်းလဲမှုကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့အာဏာပြန်ရလာပြီးနောက် တာလီဘန်အဖွဲ့နဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ ပထမဆုံးနိုင်ငံတွေထဲမှာ ရုရှားနိုင်ငံ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ရုရှားအစိုးရဟာ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်အစိုးရအဖြစ် တရားဝင်တော့ အသိအမှတ် မပြုသေးဘူးလို့လည်း သိရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာပြီး နောက်ပိုင်း တာလီဘန်အဖွဲ့တွေ ပြန်လည်အာဏာရလာခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ဇာမီယာကာဘူးလော့ပ်ဟာ တာလီဘန်အဖွဲ့ကို ရန်သူမဟုတ်ဘူးလို့ ဖော်ပြပြောဆိုခဲ့ဖူး တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းကနေ ဖယ်ရှားပစ်တာတရားဝင် ဖြစ်စေဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ FSB တို့ဟာ အခြားအစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဇာမီယာကာဘူးလော့ပ်က ပြောကြားခဲ့ပါတယ်။

၎င်းက "ဒီပြဿနာအတွက် အခြေခံကျတဲ့ဆုံးဖြတ်ချက်ကို ရုရှားအစိုးရက ချမှတ်ပြီးသားပါ။ ရှေ့နေတွေ၊ လွှတ်တော် နဲ့ အခြားအေဂျင်စီတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင် နေပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို မကြာမီအချိန်အတွင်း ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါ တယ်။

Zawgyi Version;
တာလီဘန္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕စာရင္းကေန ဖယ္ရွားပစ္ဖို႔ ႐ုရွားအစိုးရလုပ္ေဆာင္ေန
Pika (NP News) - ေအာက္တိုဘာ ၅

႐ုရွားအစိုးရဟာ တာလီဘန္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕မ်ားစာရင္းကေန ဖယ္ရွားပစ္ေတာ့မယ္လို႔ အာဖဂန္နစၥတန္ ႏိုင္ငံဆိုင္ရာ ႐ုရွားသံတမန္ဇာမီယာကာဘူးေလာ့ပ္က ေအာက္တိုဘာလ(၄)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အၾကမ္းဖက္ၿခိမ္းေျခာက္မႈေတြကို တိုက္ဖ်က္ဖို႔တာဝန္ရွိတဲ့ ႐ုရွားအစိုးရလုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕(FSB) အႀကီးအကဲ အဲလက္ဇန္းဒါးေဘာ့တ္နီေကာ့ဗ္ကလည္း အဲ့ဒီေျပာင္းလဲမႈကို အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕အာဏာျပန္ရလာၿပီးေနာက္ တာလီဘန္အဖြဲ႕နဲ႔ အဆက္အသြယ္လုပ္ခဲ့တဲ့ ပထမဆုံးႏိုင္ငံေတြထဲမွာ ႐ုရွားႏိုင္ငံ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ႐ုရွားအစိုးရဟာ တာလီဘန္အဖြဲ႕ကို အာဖဂန္နစၥတန္အစိုးရအျဖစ္ တရားဝင္ေတာ့ အသိအမွတ္ မျပဳေသးဘူးလို႔လည္း သိရပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံအတြင္းကေန အေမရိကန္တပ္ဖြဲ႕ေတြ ဆုတ္ခြာၿပီး ေနာက္ပိုင္း တာလီဘန္အဖြဲ႕ေတြ ျပန္လည္အာဏာရလာခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလတုန္းက ဇာမီယာကာဘူးေလာ့ပ္ဟာ တာလီဘန္အဖြဲ႕ကို ရန္သူမဟုတ္ဘူးလို႔ ေဖာ္ျပေျပာဆိုခဲ့ဖူး တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တာလီဘန္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕စာရင္းကေန ဖယ္ရွားပစ္တာတရားဝင္ ျဖစ္ေစဖို႔အတြက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ FSB တို႔ဟာ အျခားအစိုးရေအဂ်င္စီေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ ေနတယ္လို႔ ဇာမီယာကာဘူးေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

၎က "ဒီျပႆနာအတြက္ အေျခခံက်တဲ့ဆုံးျဖတ္ခ်က္ကို ႐ုရွားအစိုးရက ခ်မွတ္ၿပီးသားပါ။ ေရွ႕ေနေတြ၊ လႊတ္ေတာ္ နဲ႔ အျခားေအဂ်င္စီေတြက ဒီကိစၥနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈေတြကို ဆက္လက္လုပ္ေဆာင္ ေနပါတယ္။ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို မၾကာမီအခ်ိန္အတြင္း ေၾကညာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.