အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့အတူ မြေပြိုမှုများဖြစ်ပွားပြီး (၁၁)ဦးသေဆုံးကာ (၁၉)ဦးပျောက်ဆုံးနေ

 329

ဂျန်ဇက် (NP News) - ဇူလိုင် ၈

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ တရားမဝင် တူးဖော်နေတဲ့ ရွှေတွင်းနားမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၁ ဦးသေဆုံးကာ ၁၉ ဦးပျောက်ဆုံးနေကြောင်းသိရပါတယ်။ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုများဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး Gorontalo ဒေသရှိ Bone Bolango ကျေးရွာနားမှာ ဇူလိုင်လ ၆ ရက်နေ့က မြေပြိုမှုများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ မြေပြိုမှုကြောင့် သေဆုံးခဲ့ရတဲ့ ရုပ်အလောင်း ၈ လောင်းကို ပြန်လည်ဆယ် ယူရရှိထားကြောင်းသိရပါတယ်။ မြေပြိုမှုများကြောင့် တံတားကျိုးမှုတွေလည်းဖြစ်ပွားခဲ့ပြီးကယ်ဆယ်ရေးသမားတွေဟာ မြေပြိုမှုဖြစ်ပွားတဲ့အရပ်ဒေသကို သွားရောက်ဖို့ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်းသိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုများကြောင့်ရေကြီးမှုများလည်းဖြစ်ပွားခဲ့ရာ ဒေသခံများအခက်ခဲဖြစ်နေရကြောင်း အင်ဒိုနီးရှား ဒေသဆိုင်ရာအာဏာပိုင်များက ပြောပါတယ်။

အင်ဒိုနိးရှားအာဏာပိုင်တွေဟာ မြေပြိုမှုများကြောင့် ဒုက္ခရောက်နေရသူတွေကို ကူညီကယ်တင်ပေးနိုင်ဖို့ ရဲတပ်ဖွဲ့များအပါအဝင် လူပေါင်း ၁၈၀ ကို စေလွှတ်ထားကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကလည်း ဆူလာဝေစီကျွန်းတောင်ပိုင်းမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ဖူးကြောင်းသိရပါတယ်။ အင်ဒိုနိးရှားနိုင်ံမှာ နိုဝင်ဘာလကနေ ဧပြီလအတွင်း မိုးရာသီအဖြစ်သတ်မှတ်ထားပြီး ဇူလိုင်လဟာ ပုံမှန်ခြောက်သွေ့တဲ့လဖြစ်ပေမယ့် အချိန်မဟုတ် မိုးကြီးမှုများဖြစ်ပွားနေကြောင်း သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈနဲ႔အတူ ေျမၿပိဳမႈမ်ားျဖစ္ပြားၿပီး (၁၁)ဦးေသဆုံးကာ (၁၉)ဦးေပ်ာက္ဆုံးေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈

အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီကြၽန္းရွိ တရားမဝင္ တူးေဖာ္ေနတဲ့ ေ႐ႊတြင္းနားမွာ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံး ၁၁ ဦးေသဆုံးကာ ၁၉ ဦးေပ်ာက္ဆုံးေနေၾကာင္းသိရပါတယ္။ ဆူလာေဝစီကြၽန္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ ေျမၿပိဳမႈမ်ားျဖစ္ပြားလာခဲ့ျခင္းျဖစ္ၿပီး Gorontalo ေဒသရွိ Bone Bolango ေက်း႐ြာနားမွာ ဇူလိုင္လ ၆ ရက္ေန႔က ေျမၿပိဳမႈမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္မွာ ေျမၿပိဳမႈေၾကာင့္ ေသဆုံးခဲ့ရတဲ့ ႐ုပ္အေလာင္း ၈ ေလာင္းကို ျပန္လည္ဆယ္ ယူရရွိထားေၾကာင္းသိရပါတယ္။ ေျမၿပိဳမႈမ်ားေၾကာင့္ တံတားက်ိဳးမႈေတြလည္းျဖစ္ပြားခဲ့ၿပီးကယ္ဆယ္ေရးသမားေတြဟာ ေျမၿပိဳမႈျဖစ္ပြားတဲ့အရပ္ေဒသကို သြားေရာက္ဖို႔ခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရေၾကာင္းသိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈမ်ားေၾကာင့္ေရႀကီးမႈမ်ားလည္းျဖစ္ပြားခဲ့ရာ ေဒသခံမ်ားအခက္ခဲျဖစ္ေနရေၾကာင္း အင္ဒိုနီးရွား ေဒသဆိုင္ရာအာဏာပိုင္မ်ားက ေျပာပါတယ္။

အင္ဒိုနိးရွားအာဏာပိုင္ေတြဟာ ေျမၿပိဳမႈမ်ားေၾကာင့္ ဒုကၡေရာက္ေနရသူေတြကို ကူညီကယ္တင္ေပးႏိုင္ဖို႔ ရဲတပ္ဖြဲ႕မ်ားအပါအဝင္ လူေပါင္း ၁၈၀ ကို ေစလႊတ္ထားေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့ေမလတုန္းကလည္း ဆူလာေဝစီကြၽန္းေတာင္ပိုင္းမွာ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံး ၁၅ ဦးေသဆုံးခဲ့ဖူးေၾကာင္းသိရပါတယ္။ အင္ဒိုနိးရွားႏိုင္ံမွာ ႏိုဝင္ဘာလကေန ဧၿပီလအတြင္း မိုးရာသီအျဖစ္သတ္မွတ္ထားၿပီး ဇူလိုင္လဟာ ပုံမွန္ေျခာက္ေသြ႕တဲ့လျဖစ္ေပမယ့္ အခ်ိန္မဟုတ္ မိုးႀကီးမႈမ်ားျဖစ္ပြားေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.