ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အလုပ်ရှင်လမ်းညွှန် လက်စွဲစာအုပ်ကို အသစ်ပြုစုထားပြီး မကြာမီဖြန့်ချိမည်

 486

စော၊နာမူ (NP News) - အောက်တိုဘာ ၃

ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အလုပ်ရှင်လမ်းညွှန် လက်စွဲစာအုပ်ကို အသစ်ပြုစုထားပြီး မကြာမီဖြန့်ချိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ယင်းစာအုပ်ပါအကြောင်းအရာများကို အလုပ်ရှင်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ ပိုမိုရှင်းလင်းစွာ နားလည်သိရှိနိုင်စေရန် ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အလုပ်ရှင်သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ UMFCCIရှိ မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။

“ကလေးလုပ်သားပပျောက်ဖို့အတွက် အလုပ်ရှင်လက်စွဲစာအုပ်ကို တစ်နှစ်‌ကျော်ကျော်ကြာပါတယ်။ ပြင်ဆင်ရတယ်။ ထုတ်ဝေမှုမပြုရသေးပါဘူး။ ဒီစာအုပ်ကို ထုတ်ထားတဲ့အခါမှာ ထုတ်ရုံနဲ့ပြီးတဲ့ ဥစ္စာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်၊ အလုပ်ရှင် အကုန်လုံးဟာ ဒါနဲ့ပတ်သက်ပြီးတော့ သိသင့်တယ်။ လိုက်ပါဆောင်ရွက်သင့်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ILO ၏ ခွင့်ပြုချက်အရ အသက်(၁၄)နှစ်နှင့်အထက် အသက် (၁၆)နှစ်အောက် ကလေးငယ်များက အလုပ်ကိုင်နိုင်ပြီး အလုပ်လုပ်ကိုင်ရာတွင် chemical ကိုင်သော အလုပ်၊ ကူလီထမ်းသော အလုပ်နှင့် တင်ဒါဖျော်ရသောအလုပ် စသည့် ကျန်းမာရေးအန္တရာယ်ရှိသည့် အလုပ်များကို မလုပ်ခိုင်းသင့်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အသက် (၁၆)နှစ်နှင့်အထက် အသက်(၁၈)နှစ်အောက် လူရွယ်တစ်ယောက်သည် လူကြီးတစ်ယောက်ကဲ့သို့ အလုပ်လုပ်နိုင်သည့်အတွက် တစ်ရက်လျှင်(၈)နာရီအလုပ်ခိုင်းခွင့်ရှိသော်လည်း ကျန်းမာရေးဆေးထောက်ခံချက် လိုအပ်ကြောင်း သိရသည်။ “၁၆၊ ၁၈ က ဥပဒေအရ ခွင့်ပြုထားတဲ့ အသက်အရွယ်ဖြစ်တဲ့အတွက် သူသည် Social security မှာ အကျုံးဝင်ပါတယ်။ အဲဒီတော့ သူ့ကိုခန့်လိုက်ပြီဆိုရင် တစ်ခုတော့ရှိတာပေ့ါ။ ခန့်တဲ့ အလုပ်ရုံတွေရဲ့ အလုပ်သမားတစ်ယောက်က မှတ်ပုံတင်တော့ ရှိရမယ်။ ဒါရှိမှ အလုပ်သမားဦးစီးဌာနမှာ အလုပ်သမားမှတ်ပုံတင်ရမှာပါ။ အလုပ်သမားမှတ်ပုံတင်ရမှ Social security ကို ကျွန်မတို့ဝင်ပြီးတော့ စာရင်းပေးလို့ရမှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ကလေးအလုပ်သမားဖြစ်ပေါ်လာစေသော အကြောင်းအရင်းများအနက် မိသားစု ဆင်းရဲခြင်းနှင့် ရိုက်ခတ်ခံရခြင်း၊ သင့်တင့်လျောက်ပတ်သော လက်လှမ်းမီသည့် ပညာသင်ကြားရေး မရရှိခြင်း၊ ကျား၊ မရေးရာ အပါအဝင် လူမှုရေးရာစံနှုန်းများ၊ စိတ်သဘောထားများ၊ သဘာဝဘေးအန္တရာယ်များ နှင့် အခြားသော ကြီးမားပြင်းထန်ဖြစ်ရပ်များ၏ ရိုက်ခတ်ခံရမှုများကြောင့် ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ကေလးအလုပ္သမားမ်ား ပေပ်ာက္ေရးဆိုင္ရာ အလုပ္ရွင္လမ္းၫႊန္ လက္စြဲစာအုပ္ကို အသစ္ျပဳစုထားၿပီး မၾကာမီျဖန႔္ခ်ိမည္

ေစာ၊နာမူ (NP News) - ေအာက္တိုဘာ ၃

ကေလးအလုပ္သမားမ်ား ပေပ်ာက္ေရးဆိုင္ရာ အလုပ္ရွင္လမ္းၫႊန္ လက္စြဲစာအုပ္ကို အသစ္ျပဳစုထားၿပီး မၾကာမီျဖန႔္ခ်ိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)မွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။

ယင္းစာအုပ္ပါအေၾကာင္းအရာမ်ားကို အလုပ္ရွင္မ်ားႏွင့္ အလုပ္ရွင္ကိုယ္စားလွယ္မ်ား ပိုမိုရွင္းလင္းစြာ နားလည္သိရွိႏိုင္ေစရန္ ကေလးအလုပ္သမားမ်ား ပေပ်ာက္ေရးဆိုင္ရာ အလုပ္ရွင္သိေကာင္းစရာမ်ား အသိပညာေပးေဆြးေႏြးပြဲကို ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ၿမိဳ႕နယ္၊ UMFCCIရွိ မဂၤလာခန္းမတြင္ က်င္းပခဲ့သည္။

“ကေလးလုပ္သားပေပ်ာက္ဖို႔အတြက္ အလုပ္ရွင္လက္စြဲစာအုပ္ကို တစ္ႏွစ္‌ေက်ာ္ေက်ာ္ၾကာပါတယ္။ ျပင္ဆင္ရတယ္။ ထုတ္ေဝမႈမျပဳရေသးပါဘူး။ ဒီစာအုပ္ကို ထုတ္ထားတဲ့အခါမွာ ထုတ္႐ုံနဲ႔ၿပီးတဲ့ ဥစၥာမဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာရွိတဲ့ အလုပ္လုပ္ေနတဲ့ လုပ္ငန္းရွင္၊ အလုပ္ရွင္ အကုန္လုံးဟာ ဒါနဲ႔ပတ္သက္ၿပီးေတာ့ သိသင့္တယ္။ လိုက္ပါေဆာင္႐ြက္သင့္တယ္” ဟု ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။

ILO ၏ ခြင့္ျပဳခ်က္အရ အသက္(၁၄)ႏွစ္ႏွင့္အထက္ အသက္ (၁၆)ႏွစ္ေအာက္ ကေလးငယ္မ်ားက အလုပ္ကိုင္ႏိုင္ၿပီး အလုပ္လုပ္ကိုင္ရာတြင္ chemical ကိုင္ေသာ အလုပ္၊ ကူလီထမ္းေသာ အလုပ္ႏွင့္ တင္ဒါေဖ်ာ္ရေသာအလုပ္ စသည့္ က်န္းမာေရးအႏၲရာယ္ရွိသည့္ အလုပ္မ်ားကို မလုပ္ခိုင္းသင့္ေၾကာင္း ၎က ေျပာသည္။

ထို႔ျပင္ အသက္ (၁၆)ႏွစ္ႏွင့္အထက္ အသက္(၁၈)ႏွစ္ေအာက္ လူ႐ြယ္တစ္ေယာက္သည္ လူႀကီးတစ္ေယာက္ကဲ့သို႔ အလုပ္လုပ္ႏိုင္သည့္အတြက္ တစ္ရက္လွ်င္(၈)နာရီအလုပ္ခိုင္းခြင့္ရွိေသာ္လည္း က်န္းမာေရးေဆးေထာက္ခံခ်က္ လိုအပ္ေၾကာင္း သိရသည္။ “၁၆၊ ၁၈ က ဥပေဒအရ ခြင့္ျပဳထားတဲ့ အသက္အ႐ြယ္ျဖစ္တဲ့အတြက္ သူသည္ Social security မွာ အက်ဳံးဝင္ပါတယ္။ အဲဒီေတာ့ သူ႔ကိုခန႔္လိုက္ၿပီဆိုရင္ တစ္ခုေတာ့ရွိတာေပ့ါ။ ခန႔္တဲ့ အလုပ္႐ုံေတြရဲ႕ အလုပ္သမားတစ္ေယာက္က မွတ္ပုံတင္ေတာ့ ရွိရမယ္။ ဒါရွိမွ အလုပ္သမားဦးစီးဌာနမွာ အလုပ္သမားမွတ္ပုံတင္ရမွာပါ။ အလုပ္သမားမွတ္ပုံတင္ရမွ Social security ကို ကြၽန္မတို႔ဝင္ၿပီးေတာ့ စာရင္းေပးလို႔ရမွာပါ”ဟု ၎ကဆက္လက္ေျပာသည္။

ကေလးအလုပ္သမားျဖစ္ေပၚလာေစေသာ အေၾကာင္းအရင္းမ်ားအနက္ မိသားစု ဆင္းရဲျခင္းႏွင့္ ႐ိုက္ခတ္ခံရျခင္း၊ သင့္တင့္ေလ်ာက္ပတ္ေသာ လက္လွမ္းမီသည့္ ပညာသင္ၾကားေရး မရရွိျခင္း၊ က်ား၊ မေရးရာ အပါအဝင္ လူမႈေရးရာစံႏႈန္းမ်ား၊ စိတ္သေဘာထားမ်ား၊ သဘာဝေဘးအႏၲရာယ္မ်ား ႏွင့္ အျခားေသာ ႀကီးမားျပင္းထန္ျဖစ္ရပ္မ်ား၏ ႐ိုက္ခတ္ခံရမႈမ်ားေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.