တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား

 731

ရောင်နီ (NP News) - အောက်တိုဘာ ၄

တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုရှိတဲ့ အမျိုးသမီးတစ်ဦးက သားအိမ် ၂ ခုလုံးနဲ့ ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေး ၂ ယောက်ကို မွေးဖွားခဲ့ပါတယ်။

နောက်ဆုံးအမည် လီ လို့ခေါ်တဲ့ အမျိုးသမီးဟာ သားအိမ်နှစ်ခုလုံးမှာ ကိုယ်ဝန်ဆောင်ပြီး ခွဲစိတ်မွေးဖွားနည်းနဲ့ ကိုယ်အလေးချိန် ၇ ပေါင် ၁၉ အောင်စရှိတဲ့ ယောကျာ်းနဲ့ ကိုယ်အလေးချိန် ၅ ပေါင် ၅ အောင်စရှိတဲ့ မိန်းကလေးတစ်ဦးကို ရှန်ချီပြည်နယ်၊ ရှီအန်းဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ တစ်သန်းမှာ တစ်ယောက် ဖြစ်နိုင်ခဲတဲ့ အဖြစ်အပျက် ဖြစ်တယ်လို့ ရှီအန်းပြည်သူ့ဆေးရုံက ဆိုခဲ့ပါတယ်။ "သားအိမ် ၂ ခုရှိသူအတွက် သားအိမ်အပေါက်တစ်ခုစီမှာ သဘာဝအတိုင်း သန္ဓေတည်ဖို့ အလွန်ရှားပါးပြီး အခုလို အမြွှာကိုယ်ဝန်ဆောင်ဖို့က ပိုတောင်ရှားတယ်" ဟုဆေးရုံက တရုတ် X-like လူမှုမီဒီယာ Weibo တရားဝင်အကောင့်မှာ စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ သန်း (၅ဝ)ကျော်ထိ ရရှိခဲ့ပါတယ်။

တ႐ုတ္မွာ ရွားပါးသားအိမ္ႏွစ္ခုနဲ႔ အမ်ိဳးသမီး အႁမႊာေမြးဖြား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄

တ႐ုတ္မွာ ရွားပါးသားအိမ္ႏွစ္ခုရွိတဲ့ အမ်ိဳးသမီးတစ္ဦးက သားအိမ္ ၂ ခုလုံးနဲ႔ ကိုယ္ဝန္ေဆာင္ၿပီး အႁမႊာကေလး ၂ ေယာက္ကို ေမြးဖြားခဲ့ပါတယ္။

ေနာက္ဆုံးအမည္ လီ လို႔ေခၚတဲ့ အမ်ိဳးသမီးဟာ သားအိမ္ႏွစ္ခုလုံးမွာ ကိုယ္ဝန္ေဆာင္ၿပီး ခြဲစိတ္ေမြးဖြားနည္းနဲ႔ ကိုယ္အေလးခ်ိန္ ၇ ေပါင္ ၁၉ ေအာင္စရွိတဲ့ ေယာက်ာ္းနဲ႔ ကိုယ္အေလးခ်ိန္ ၅ ေပါင္ ၅ ေအာင္စရွိတဲ့ မိန္းကေလးတစ္ဦးကို ရွန္ခ်ီျပည္နယ္၊ ရွီအန္းေဆး႐ုံမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ တစ္သန္းမွာ တစ္ေယာက္ ျဖစ္ႏိုင္ခဲတဲ့ အျဖစ္အပ်က္ ျဖစ္တယ္လို႔ ရွီအန္းျပည္သူ႔ေဆး႐ုံက ဆိုခဲ့ပါတယ္။ "သားအိမ္ ၂ ခုရွိသူအတြက္ သားအိမ္အေပါက္တစ္ခုစီမွာ သဘာဝအတိုင္း သေႏၶတည္ဖို႔ အလြန္ရွားပါးၿပီး အခုလို အႁမႊာကိုယ္ဝန္ေဆာင္ဖို႔က ပိုေတာင္ရွားတယ္" ဟုေဆး႐ုံက တ႐ုတ္ X-like လူမႈမီဒီယာ Weibo တရားဝင္အေကာင့္မွာ စက္တင္ဘာ ၁၈ ရက္က ေျပာၾကားခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ တ႐ုတ္လူမႈကြန္ရက္မီဒီယာမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး ၾကည့္ရႈသူ သန္း (၅ဝ)ေက်ာ္ထိ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.