မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်

 157

သန့်ဇင် (NP News) - အောက်တိုဘာ ၄

မိုးကုန်တော့မည်ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၄)ခုရှိ မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်းတွင် ရေဘေးကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ဘီလူးချောင်းရေမြင့်တက်လာခြင်းတို့ကြောင့် စက်တင်ဘာလ ၁၇ ရက်မှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ အနိမ့်ပိုင်းရပ်ကွက်(၁၀)ခုထက်မနည်းနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ် နေဆဲဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်တွေကတော့ ဒေါနိုးကူး၊ မင်္ဂလာ၊ ရွှေတောင်၊ မင်းစု၊ ရှမ်းစု၊ ဒေါဥခူ၊ နမ့်ကွတ်ရပ်ကွက်တွေနဲ့ မုံပြာတို့နဲ့ ဘုရားဖြူ၊ ဘုရားနီတို့ ဘက်တွေလည်းရေကြီးနေတာပေါ့။ ဘီလူးချောင်းဘေးကတော့ ရွာတော်တော်များများရေကြီးနေသေးတယ်။ နိုးကိုးနဲ့ ထေးငှားလျားရွာဘက်တွေလည်း သွားလို့မရသေးဘူး ရေကြီးနေတယ်။ အဲဘက်ကို ဖြတ်သန်းသွားလာဖို့ကအဆင်မပြေလို့ သွားပြီးကူညီဖို့က အခက်အခဲတွေရှိနေတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် လက်ရှိအချိန်ထိ ရေးဘေးသင့်ပြည်သူပေါင်း(၁၅၀၀) ထက်မနည်းရှိနေပြီး မြို့နယ်အတွင်းရှိ အချို့သော ရေကြီးသည့် ကျေးရွာများတွင် လက်ရှိအချိန်ထိ အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။

“တချို့ကတော့ အသိအိမ်တွေကိုပဲပြောင်းရွှေ့နေကြတာပဲ။ ပြီးတော့ စင်တာတွေမှာသွားနေကြတဲ့လူတွေလည်းရှိတယ်။ နမ့်ပွမ်တို့ ဘော်တခါးကုန်းတို့ဘက်က အိမ်တွေမှာလည်းနေကြတာတွေရှိတယ်။ အခက်အခဲတွေတော့ရှိတယ်။ လှူဖို့သွားရင်တောင် တချို့နေရာတွေက အဖွဲ့အစည်းတွေဆီက ခွင့်ပြုချက်တောင်းရမှာတွေလည်းရှိတော့ အဲလိုမျိုးတော့ အခက်အခဲတွေလည်းရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ကင်းတားရေလှောင်တမံမှ ရေကျော်ခြင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်မှစတင်ကာ လက်ရှိအချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာအချို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ရွာက မြစ်သားမြို့နယ်ထဲက ခန်တောအုပ်စု၊ ဆင်သည်ကျေးရွာမှာလည်း တတိယအကြိမ်ရေပြန်ဝင်တာပေါ့။ မိုးကြောင့်နဲ့ ဆည်က အရင်က (၂)ပေါက်လျှော့ထားတာကနေ နောက်ထပ်(၂)ပေါက်က ထပ်လျှော့လိုက်တော့ ရွာထဲကို အကုန်လျှံတက်တာပေါ့။ သူတို့ ကလည်း ရေလွှဲတော့မယ်ဆိုရင် သတိပေးစာတွေတော့ ပေးပါတယ်။ ရှောင်ဖို့ပေါ့။ လက်ရှိဆိုရင် ခန်တောအုပ်စုထဲက ကျွန်တော်တို့ ရွာအပါအဝင် (၃)ရွာပါတယ်။ ဝမ်းတွင်းဘက်မှာဆိုရင်လည်း ရေကြီးနေတဲ့ရွာတွေရှိသေးတယ်။ ပြီးတော့ အခုရက်ပိုင်းကလည်း ဒီမှာမိုးအရမ်းကောင်းလို့ ရေကြီးတာပါ။ တချို့အိမ်တွေဆို ခေါင်တွေပါမြုပ်တာရှိတယ်”ဟု ဆင်သည်ကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦးက NP News သို့ ပြောသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်း စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် အောက်တိုဘာ ၃ ရက်မှ စတင်ကာ အနိမ့်ပိုင်းရပ်ကွက်(၅)ခုထက်မနည်းတွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ရေဆက်လက်ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။

“ရေကတော့ မနေ့တုန်းကအတိုင်းပဲ။ ရေတန့်နေတယ်။ (၈)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၉)ရပ်ကွက်နဲ့ သဖန်းပင်ရွာမှာလည်း ရေကဝင်နေတုန်းပဲ။ ရေဘေးရှောင်တွေက စခန်းမှာနေရာချထားတယ်။ အရင်ကလောက်တော့မဆိုးတော့ပါဘူး”ဟု တောင်ငူမြို့တွင် ရေဘေးကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ကရုဏာရင်ခွင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ငူမြို့နယ်သည် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရေကြီးရေလျှံမှုကို နှစ်ပေါင်း(၁၀၀)အတွင်း အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးပြီး လက်ရှိတွင်လည်း တတိယအကြိမ်ရေကြီးနေခြင်းဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ၊ တာချီလိတ်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက် လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ (၃)ရက်ကလည်း ချောင်းရေကြီးမှုကြောင့် မယ်ဆိုင်ချောင်းပေါ်တွင် ယာယီဆောက်လုပ်ထားသော လွယ်တော်ခမ်း ယာယီကြိုးတံတားမှာ ထပ်မံမျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယအပတ်က စတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ညောင်ရွှေမြို့နယ်တွင်းရှိ ဒေသအချို့တွင်လည်း လက်ရှိ အချိန်ထိ ရေပြန်လည်ကျမှုမရှိသေးသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ်နေလျက်ရှိကြောင်း ညောင်ရွှေမြို့ခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ရာနှင့်ချီသေဆုံးခဲ့ကာ အနည်းဆုံးလူ(၆၃၁၀၀၀)ခန့် ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
မိုးကုန္ေတာ့မည္ျဖစ္ေသာ္လည္း ႏိုင္ငံတစ္ဝန္း ၿမိဳ႕နယ္ေပါင္း(၈)ၿမိဳ႕နယ္ထက္မနည္း ေရေဘးႀကဳံေနဆဲျဖစ္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၄

မိုးကုန္ေတာ့မည္ျဖစ္ေသာ္လည္း တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၄)ခုရွိ ၿမိဳ႕နယ္ေပါင္း(၈)ၿမိဳ႕နယ္ထက္မနည္းတြင္ ေရေဘးႀကဳံေတြ႕ေနရဆဲ ျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ ဘီလူးေခ်ာင္းေရျမင့္တက္လာျခင္းတို႔ေၾကာင့္ စက္တင္ဘာလ ၁၇ ရက္မွစတင္ကာ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး လက္ရွိအခ်ိန္ထိ အနိမ့္ပိုင္းရပ္ကြက္(၁၀)ခုထက္မနည္းႏွင့္ ေက်း႐ြာအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚ ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ရပ္ကြက္ေတြကေတာ့ ေဒါႏိုးကူး၊ မဂၤလာ၊ ေ႐ႊေတာင္၊ မင္းစု၊ ရွမ္းစု၊ ေဒါဥခူ၊ နမ့္ကြတ္ရပ္ကြက္ေတြနဲ႔ မုံျပာတို႔နဲ႔ ဘုရားျဖဴ၊ ဘုရားနီတို႔ ဘက္ေတြလည္းေရႀကီးေနတာေပါ့။ ဘီလူးေခ်ာင္းေဘးကေတာ့ ႐ြာေတာ္ေတာ္မ်ားမ်ားေရႀကီးေနေသးတယ္။ ႏိုးကိုးနဲ႔ ေထးငွားလ်ား႐ြာဘက္ေတြလည္း သြားလို႔မရေသးဘူး ေရႀကီးေနတယ္။ အဲဘက္ကို ျဖတ္သန္းသြားလာဖို႔ကအဆင္မေျပလို႔ သြားၿပီးကူညီဖို႔က အခက္အခဲေတြရွိေနတယ္”ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

လြိဳင္ေကာ္ၿမိဳ႕တြင္ လက္ရွိအခ်ိန္ထိ ေရးေဘးသင့္ျပည္သူေပါင္း(၁၅၀၀) ထက္မနည္းရွိေနၿပီး ၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေသာ ေရႀကီးသည့္ ေက်း႐ြာမ်ားတြင္ လက္ရွိအခ်ိန္ထိ အခက္အခဲမ်ားစြာရွိေနေသးေၾကာင္း သိရသည္။

“တခ်ိဳ႕ကေတာ့ အသိအိမ္ေတြကိုပဲေျပာင္းေ႐ႊ႕ေနၾကတာပဲ။ ၿပီးေတာ့ စင္တာေတြမွာသြားေနၾကတဲ့လူေတြလည္းရွိတယ္။ နမ့္ပြမ္တို႔ ေဘာ္တခါးကုန္းတို႔ဘက္က အိမ္ေတြမွာလည္းေနၾကတာေတြရွိတယ္။ အခက္အခဲေတြေတာ့ရွိတယ္။ လႉဖို႔သြားရင္ေတာင္ တခ်ိဳ႕ေနရာေတြက အဖြဲ႕အစည္းေတြဆီက ခြင့္ျပဳခ်က္ေတာင္းရမွာေတြလည္းရွိေတာ့ အဲလိုမ်ိဳးေတာ့ အခက္အခဲေတြလည္းရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈ ႏွင့္ ကင္းတားေရေလွာင္တမံမွ ေရေက်ာ္ျခင္းေၾကာင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁ရက္မွစတင္ကာ လက္ရွိအခ်ိန္ထိ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ျမစ္သားၿမိဳ႕နယ္၊ ဝမ္းတြင္းၿမိဳ႕နယ္ႏွင့္ တံတားဦးၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာအခ်ိဳ႕တြင္လည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔႐ြာက ျမစ္သားၿမိဳ႕နယ္ထဲက ခန္ေတာအုပ္စု၊ ဆင္သည္ေက်း႐ြာမွာလည္း တတိယအႀကိမ္ေရျပန္ဝင္တာေပါ့။ မိုးေၾကာင့္နဲ႔ ဆည္က အရင္က (၂)ေပါက္ေလွ်ာ့ထားတာကေန ေနာက္ထပ္(၂)ေပါက္က ထပ္ေလွ်ာ့လိုက္ေတာ့ ႐ြာထဲကို အကုန္လွ်ံတက္တာေပါ့။ သူတို႔ ကလည္း ေရလႊဲေတာ့မယ္ဆိုရင္ သတိေပးစာေတြေတာ့ ေပးပါတယ္။ ေရွာင္ဖို႔ေပါ့။ လက္ရွိဆိုရင္ ခန္ေတာအုပ္စုထဲက ကြၽန္ေတာ္တို႔ ႐ြာအပါအဝင္ (၃)႐ြာပါတယ္။ ဝမ္းတြင္းဘက္မွာဆိုရင္လည္း ေရႀကီးေနတဲ့႐ြာေတြရွိေသးတယ္။ ၿပီးေတာ့ အခုရက္ပိုင္းကလည္း ဒီမွာမိုးအရမ္းေကာင္းလို႔ ေရႀကီးတာပါ။ တခ်ိဳ႕အိမ္ေတြဆို ေခါင္ေတြပါျမဳပ္တာရွိတယ္”ဟု ဆင္သည္ေက်း႐ြာမွ ေဒသခံအမ်ိဳးသား တစ္ဦးက NP News သို႔ ေျပာသည္။

အလားတူ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕တြင္လည္း စစ္ေတာင္းျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေအာက္တိုဘာ ၃ ရက္မွ စတင္ကာ အနိမ့္ပိုင္းရပ္ကြက္(၅)ခုထက္မနည္းတြင္ ေရႀကီး ေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေရဆက္လက္ဝင္ေရာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ေရကေတာ့ မေန႔တုန္းကအတိုင္းပဲ။ ေရတန႔္ေနတယ္။ (၈)ရပ္ကြက္၊ (၉)ရပ္ကြက္၊ (၁၀)ရပ္ကြက္၊ (၁၉)ရပ္ကြက္နဲ႔ သဖန္းပင္႐ြာမွာလည္း ေရကဝင္ေနတုန္းပဲ။ ေရေဘးေရွာင္ေတြက စခန္းမွာေနရာခ်ထားတယ္။ အရင္ကေလာက္ေတာ့မဆိုးေတာ့ပါဘူး”ဟု ေတာင္ငူၿမိဳ႕တြင္ ေရေဘးကူညီကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနသည့္ က႐ုဏာရင္ခြင္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေတာင္ငူၿမိဳ႕နယ္သည္ ၿပီးခဲ့သည့္ ဩဂုတ္လႏွင့္ စက္တင္ဘာလတို႔တြင္ ေရႀကီးေရလွ်ံမႈကို ႏွစ္ေပါင္း(၁၀၀)အတြင္း အဆိုး႐ြားဆုံး ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရဖူးၿပီး လက္ရွိတြင္လည္း တတိယအႀကိမ္ေရႀကီးေနျခင္းျဖစ္သည္။
အလားတူ ရွမ္းျပည္နယ္အတြင္းရွိ၊ တာခ်ီလိတ္ၿမိဳ႕တြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ မယ္ဆိုင္ေခ်ာင္းေရ ျပန္လည္ျမင့္တက္ လာမႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ အနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေရျပန္လည္ဝင္ေရာက္လ်က္ရွိၿပီး ေအာက္တိုဘာ (၃)ရက္ကလည္း ေခ်ာင္းေရႀကီးမႈေၾကာင့္ မယ္ဆိုင္ေခ်ာင္းေပၚတြင္ ယာယီေဆာက္လုပ္ထားေသာ လြယ္ေတာ္ခမ္း ယာယီႀကိဳးတံတားမွာ ထပ္မံေမ်ာပါ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
စက္တင္ဘာလ ဒုတိယအပတ္က စတင္ကာ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့သည့္ ေညာင္ေ႐ႊၿမိဳ႕နယ္တြင္းရွိ ေဒသအခ်ိဳ႕တြင္လည္း လက္ရွိ အခ်ိန္ထိ ေရျပန္လည္က်မႈမရွိေသးသည့္အတြက္ အခက္အခဲမ်ားစြာျဖစ္ေပၚေနလ်က္ရွိေၾကာင္း ေညာင္ေ႐ႊၿမိဳ႕ခံမ်ားထံမွ သိရသည္။

ျမန္မာႏိုင္ငံတြင္ စက္တင္ဘာ ၁၁ရက္က စတင္ျဖစ္ေပၚခဲ့သည့္ ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ လူေပါင္း ရာႏွင့္ခ်ီေသဆုံးခဲ့ကာ အနည္းဆုံးလူ(၆၃၁၀၀၀)ခန႔္ ေရေဘးသင့္ခဲ့ေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UNOCHA)၏ စက္တင္ဘာ ၁၈ ရက္က ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.