ယူကရိန်းနိုင်ငံမှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားနိုင်ဖို့ ဂျပန်နိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ်

 727

ဂျန်ဇက် (NP News) - ဇူလိုင် ၇

ဂျပန်နိုင်ငံဟာ ယူကရိန်းနိုင်ငံအပြင် စစ်ပွဲဒဏ်ခံနေရတဲ့ အခြားနိုင်ငံထံမှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားနိုင်အောင် ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်း ၃၀ ကျော်ရင်ဆိုင်ခဲ့ရတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းအရေအတွက် သန်းနဲ့ချီရှိနေခဲ့ဖူးကြောင်းသိရပါတယ်။ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါက "ကမ္ဘောဒီးယားနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ ကမ္ဘာတဝန်းရှိမြေမြှုပ်မိုင်းဖယ်ရှားရေး ကြိုးပမ်းအားထုတ်မှုတွေမှာ အဓိကအရေးပါတဲ့မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ မြေမြှုပ်မိုင်းဒဏ်ကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ဖူးတဲ့အတွက် အခြားသူတွေ မြေမြှုပ်မိုင်းဒဏ်မခံရအောင် ကူညီဆောင်ရွက်ပေးမယ်လို့ ယုံကြည်ထားတယ်"လို့ ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံဟာ လာမယ့်သီတင်းပတ်မှာ ယူကရိန်းနိုင်ငံကို မြေမြှုပ်မိုင်းတူးဖော်ရေးစက်တွေ ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး လာမယ့်သြဂုတ်လမှာ မြေမြှုပ်မိုင်းတူးဖော်ရေးစက်တွေအသုံးပြုဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ယူကရိန်းအေဂျင်စီတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း မြေမြှုပ်မိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး ယူကရိန်းစစ်သားတွေအပြင် အရပ်သားတွေဟာလည်းမြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံအတွင်းရှိ နေရာဒေသပေါင်း ၂၇ ခုရဲ့ ၁၁ ခုမှာမြေမြှုပ်မိုင်းတွေ ရှိနေဆဲဖြစ်တယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။

zawgyi version
ယူကရိန္းႏိုင္ငံမွာရွိေနတဲ့ ေျမျမႇဳပ္မိုင္းေတြကို ဖယ္ရွားႏိုင္ဖို႔ ဂ်ပန္ႏိုင္ငံ နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ ပူးေပါင္းေဆာင္႐ြက္မယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

ဂ်ပန္ႏိုင္ငံဟာ ယူကရိန္းႏိုင္ငံအျပင္ စစ္ပြဲဒဏ္ခံေနရတဲ့ အျခားႏိုင္ငံထံမွာရွိေနတဲ့ ေျမျမႇဳပ္မိုင္းေတြကို ဖယ္ရွားႏိုင္ေအာင္ ကေမာၻဒီးယားႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ ျပည္တြင္းစစ္ဒဏ္ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ရင္ဆိုင္ခဲ့ရတဲ့ႏိုင္ငံျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းအေရအတြက္ သန္းနဲ႔ခ်ီရွိေနခဲ့ဖူးေၾကာင္းသိရပါတယ္။ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး ကာမီကာဝါက "ကေမာၻဒီးယားႏိုင္ငံဟာ ဂ်ပန္ႏိုင္ငံရဲ႕ ကမာၻတဝန္းရွိေျမျမႇဳပ္မိုင္းဖယ္ရွားေရး ႀကိဳးပမ္းအားထုတ္မႈေတြမွာ အဓိကအေရးပါတဲ့မိတ္ဖက္ႏိုင္ငံျဖစ္ပါတယ္။ကေမာၻဒီးယားႏိုင္ငံဟာ ေျမျမႇဳပ္မိုင္းဒဏ္ကို ႏွစ္ေပါင္းမ်ားစြာရင္ဆိုင္ခဲ့ဖူးတဲ့အတြက္ အျခားသူေတြ ေျမျမႇဳပ္မိုင္းဒဏ္မခံရေအာင္ ကူညီေဆာင္႐ြက္ေပးမယ္လို႔ ယုံၾကည္ထားတယ္"လို႔ ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ပန္ႏိုင္ငံဟာ လာမယ့္သီတင္းပတ္မွာ ယူကရိန္းႏိုင္ငံကို ေျမျမႇဳပ္မိုင္းတူးေဖာ္ေရးစက္ေတြ ကူညီေထာက္ပံ့ေပးမွာျဖစ္ၿပီး လာမယ့္ၾသဂုတ္လမွာ ေျမျမႇဳပ္မိုင္းတူးေဖာ္ေရးစက္ေတြအသုံးျပဳဖို႔ ကေမာၻဒီးယားႏိုင္ငံမွာ ယူကရိန္းေအဂ်င္စီေတြကို သင္ၾကားေပးမွာျဖစ္တယ္လို႔ ေျပာပါတယ္။ ယူကရိန္းႏိုင္ငံဟာ ႐ုရွားနဲ႔စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ေျမျမႇဳပ္မိုင္းဒဏ္ကို ဆိုး႐ြားစြာခံစားခဲ့ရၿပီး ယူကရိန္းစစ္သားေတြအျပင္ အရပ္သားေတြဟာလည္းေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းႏိုင္ငံအတြင္းရွိ ေနရာေဒသေပါင္း ၂၇ ခုရဲ႕ ၁၁ ခုမွာေျမျမႇဳပ္မိုင္းေတြ ရွိေနဆဲျဖစ္တယ္လို႔ လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

Related news

© 2021. All rights reserved.