အစ္စရေးရဲ့တိုက်ခိုက်မှုများကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်အသစ် သေဆုံးဟုသတင်းများ ထွက်ပေါ်

 367

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို တိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဟစ်ဘိုလာအဖွဲ့ ခေါင်းဆောင်အသစ်ဖြစ်လာဖို့ အလားလာများနေသူတစ်ဦး ပျောက်ဆုံးစေခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ စက်တင်ဘာလ ၂၃ ရက်မှစတင်ပြီး လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့များကို လေကြောင်းကနေ အရှိန်မြင့်တိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟတ်ဆန်နက်ရယ်လာဆိုသူ သေဆုံးခဲ့ပြီး ၎င်းရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဟာရှန်ဆာဖီဒင် ဆိုသူ ဟာခေါင်းဆောင်နေရာကို ဆက်ခံဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အစ္စရေးဟာ ဟစ်ဘိုလာအဖွဲ့ရဲ့ရော့ကဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကိုလက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာလ နောက်ပိုင်းကတည်းက အရှိန်မြင့်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်မှာ ဟစ်ဘိုလာအဖွဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ရာ ဟစ်ဘိုလာအဖွဲ့အတွင်း လုံခြုံရေးစည်း ကျိုးပေါက်မှု များဖြစ်နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ဟာရှင်ဆာဖီဒင် ဟာ ဟစ်ဘိုလာအဖွဲ့ အုပ်ချုပ်ရေးကောင်စီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သေဆုံးသွားတဲ့ ဟတ်ဆန်နက်ရယ်လာနဲ့အတူ အီရန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားခဲ့သူလည်းဖြစ်ပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ ဆာဖီဒင် သေဆုံးတယ်ဆိုတဲ့သတင်းကို အတည်မပြုပေမယ့် ဘေရွတ်မြို့ဝန်းကျင်ကို အစ္စရေးစစ်တပ်က ဗုံးကြဲခဲ့ပြီးနောက်ပိုင်းကတည်းက ဆာဖီဒင် နဲ့ အဆက်သွယ်မရဘဲရှိနေတယ်လို့ အတည်ပြုထား ပါတယ်။

အစ္စရေးဟာ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ အပါအဝင် လက်ဘနွန်နိုင်ငံအတွင်းရှိ နေရာအများစုကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက် နောက်ပိုင်းကတည်းက လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သလို ဆေးရုံတွေလည်း ပိတ်ထားရကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်အဖွဲ့ကြား ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြားမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေခဲ့ ကြောင်း သိရပါတယ်။
ဟစ်ဘိုလာအဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံကြောင်းပြသဖို့ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ် ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္အသစ္ ေသဆုံးဟုသတင္းမ်ား ထြက္ေပၚ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆

လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ကို တိုက္ခိုက္ခဲ့တဲ့အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈမ်ားအတြင္း ဟစ္ဘိုလာအဖြဲ႕ ေခါင္းေဆာင္အသစ္ျဖစ္လာဖို႔ အလားလာမ်ားေနသူတစ္ဦး ေပ်ာက္ဆုံးေစခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ စက္တင္ဘာလ ၂၃ ရက္မွစတင္ၿပီး လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဘိုလာအဖြဲ႕မ်ားကို ေလေၾကာင္းကေန အရွိန္ျမင့္တိုက္ခိုက္ခဲ့ရာ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ ဟတ္ဆန္နက္ရယ္လာဆိုသူ ေသဆုံးခဲ့ၿပီး ၎ရဲ႕ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ ဟာရွန္ဆာဖီဒင္ ဆိုသူ ဟာေခါင္းေဆာင္ေနရာကို ဆက္ခံဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။
အစၥေရးဟာ ဟစ္ဘိုလာအဖြဲ႕ရဲ႕ေရာ့ကဒ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္မႈကိုလက္တုံ႔ျပန္မႈအျဖစ္ ေအာက္တိုဘာလ ေနာက္ပိုင္းကတည္းက အရွိန္ျမင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ လက္ရွိအခ်ိန္မွာ ဟစ္ဘိုလာအဖြဲ႕ ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းျဖစ္ရာ ဟစ္ဘိုလာအဖြဲ႕အတြင္း လုံၿခဳံေရးစည္း က်ိဳးေပါက္မႈ မ်ားျဖစ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။

ဟာရွင္ဆာဖီဒင္ ဟာ ဟစ္ဘိုလာအဖြဲ႕ အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သူျဖစ္ၿပီး ေသဆုံးသြားတဲ့ ဟတ္ဆန္နက္ရယ္လာနဲ႔အတူ အီရန္ႏိုင္ငံမွာ သြားေရာက္ပညာသင္ၾကားခဲ့သူလည္းျဖစ္ပါတယ္။
ဟစ္ဘိုလာအဖြဲ႕ဟာ ဆာဖီဒင္ ေသဆုံးတယ္ဆိုတဲ့သတင္းကို အတည္မျပဳေပမယ့္ ေဘ႐ြတ္ၿမိဳ႕ဝန္းက်င္ကို အစၥေရးစစ္တပ္က ဗုံးႀကဲခဲ့ၿပီးေနာက္ပိုင္းကတည္းက ဆာဖီဒင္ နဲ႔ အဆက္သြယ္မရဘဲရွိေနတယ္လို႔ အတည္ျပဳထား ပါတယ္။

အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံၿမိဳ႕ေတာ္ ေဘ႐ြတ္ၿမိဳ႕ အပါအဝင္ လက္ဘႏြန္ႏိုင္ငံအတြင္းရွိ ေနရာအမ်ားစုကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ စက္တင္ဘာလ ၂၃ ရက္ ေနာက္ပိုင္းကတည္းက လူေပါင္း ၂၀၀၀ ေက်ာ္ ေသဆုံးခဲ့သလို ေဆး႐ုံေတြလည္း ပိတ္ထားရေၾကာင္း သိရပါတယ္။ အစၥေရး နဲ႔ ဟားမက္စ္အဖြဲ႕ၾကား ဂါဇာစစ္ပြဲ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းကတည္းက အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကားမွာလည္း အျပန္အလွန္ပစ္ခတ္မႈေတြ ရွိေနခဲ့ ေၾကာင္း သိရပါတယ္။
ဟစ္ဘိုလာအဖြဲ႕ဟာ ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံေၾကာင္းျပသဖို႔ အစၥေရးႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.