အစ္စရေးကို စစ်လက်နက်ပစ္စည်းပေးပို့မှုတွေ ရပ်ဆိုင်းဖို့ ပြင်သစ်သမ္မတတိုက်တွန်း

 964

Pika (NP News) - အောက်တိုဘာ ၆

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို စစ်လက်နက်ပစ္စည်းပေးပို့မှုတွေ ရပ်တန့်ဖို့ ပြင်သစ်သမ္မတမက်ခရွန်က အောက်တိုဘာလ(၅)ရက်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မက်ခရွန်က "ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့အတွက် အစ္စရေးကို စစ်လက်နက် ပစ္စည်းပေးပို့နေတာတွေကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံရေးဖြေရှင်းချက်တစ်ခုကို လုပ်ဆောင်ဖို့ လိုနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ပြင်သစ်က အစ္စရေးကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပို့တော့မှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

အမေရိကန်ဟာ အမေရိကန်ဒေါ်လာ(၃)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို နှစ်စဉ်နှစ်တိုင်း အစ္စရေးကို ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်နေတဲ့အန္တရာယ်တွေကို ကိုးကားပြီး အစ္စရေးကို စစ်လက်နက်ပစ္စည်းအချို့တင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ဗြိတိန်အစိုးရက ပြီးခဲ့တဲ့စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ကြဖို့ အကြိမ်ကြိမ်တောင်းဆိုနေပေမယ့်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေတဲ့ဂါဇာကမ်းမြောင်ဒေသကစစ်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ မက်ခရွန်က ပြောကြားခဲ့ပါတယ်။ မက်ခရွန်က "ဒါက အမှားတစ်ခုလို့ကျွန်တော်ထင်ပါတယ်။ ဒီလိုစစ်ပွဲတွေ ဆက်လက်မဖြစ်သင့်တော့ဘူးလို့လည်း ကျွန်တော် ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အစ္စရေးနဲ့ လက်ဘနွန်ကြားဖြစ်ပွားလာနိုင်တဲ့စစ်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း မက်ခရွန်က ပြောကြားခဲ့ပါတယ်။ မက်ခရွန် က "လက်ဘနွန်နိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသအသစ်တစ်ခုလိုမျိုး ဖြစ်လာလို့ မရပါဘူး" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အစၥေရးကို စစ္လက္နက္ပစၥည္းေပးပို႔မႈေတြ ရပ္ဆိုင္းဖို႔ ျပင္သစ္သမၼတတိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၆

ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးကို စစ္လက္နက္ပစၥည္းေပးပို႔မႈေတြ ရပ္တန႔္ဖို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ေအာက္တိုဘာလ(၅)ရက္မွာ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
မက္ခ႐ြန္က "ဂါဇာကမ္းေျမာင္ေဒသမွာ တိုက္ခိုက္ေနတာေတြကို ရပ္တန႔္ဖို႔အတြက္ အစၥေရးကို စစ္လက္နက္ ပစၥည္းေပးပို႔ေနတာေတြကို ရပ္ဆိုင္းလိုက္ၿပီး ႏိုင္ငံေရးေျဖရွင္းခ်က္တစ္ခုကို လုပ္ေဆာင္ဖို႔ လိုေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ျပင္သစ္က အစၥေရးကို ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြ ေပးပို႔ေတာ့မွာ မဟုတ္ပါဘူး" လို႔ ေျပာခဲ့ပါတယ္။

အေမရိကန္ဟာ အေမရိကန္ေဒၚလာ(၃)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြကို ႏွစ္စဥ္ႏွစ္တိုင္း အစၥေရးကို ေထာက္ပံ့ေပးေနတယ္လို႔လည္း သိရပါတယ္။ ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္ေနတဲ့အႏၲရာယ္ေတြကို ကိုးကားၿပီး အစၥေရးကို စစ္လက္နက္ပစၥည္းအခ်ိဳ႕တင္ပို႔မႈကို ရပ္ဆိုင္းလိုက္ၿပီလို႔ ၿဗိတိန္အစိုးရက ၿပီးခဲ့တဲ့စက္တင္ဘာလမွာ ထုတ္ျပန္ခဲ့ပါတယ္။
အပစ္အခတ္ရပ္စဲေရးကို လုပ္ေဆာင္ၾကဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုေနေပမယ့္လည္း တိုက္ပြဲေတြဆက္လက္ျဖစ္ပြား ေနတဲ့ဂါဇာကမ္းေျမာင္ေဒသကစစ္ပြဲနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ မက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။ မက္ခ႐ြန္က "ဒါက အမွားတစ္ခုလို႔ကြၽန္ေတာ္ထင္ပါတယ္။ ဒီလိုစစ္ပြဲေတြ ဆက္လက္မျဖစ္သင့္ေတာ့ဘူးလို႔လည္း ကြၽန္ေတာ္ ထင္ပါတယ္" လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အစၥေရးနဲ႔ လက္ဘႏြန္ၾကားျဖစ္ပြားလာႏိုင္တဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း မက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။ မက္ခ႐ြန္ က "လက္ဘႏြန္ႏိုင္ငံဟာ ဂါဇာကမ္းေျမာင္ေဒသအသစ္တစ္ခုလိုမ်ိဳး ျဖစ္လာလို႔ မရပါဘူး" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.