ပီရူးမှာ နှစ်ပေါင်း ၆၀၀ သက်တမ်းရှိ ကလေးယဇ်ပူဇော်တယ်လို့ ယူဆရတဲ့ ကလေးရုပ်ကြွင်းများစွာ ရှာဖွေတွေ့ရှိ

 984

ရောင်နီ (NP News) - အောက်တိုဘာ ၆

ပီရူးနိုင်ငံမြောက်ပိုင်း ထရူဂျီလို မြို့အပြင်ဘက်ရှိ မြေကွက်လပ်တစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက နှစ်ပေါင်း ၆၀၀ သက်တမ်းရှိတဲ့ ယဇ်ပူဇော်ရာနေရာနဲ့ ကလေးရုပ်ကြွင်း ဒါဇင်နီးပါးကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

"ဒီအကြွင်းအကျန်တော်တော်များများက ရင်ဘက်ကနေ ပြတ်တောက်နေပါတယ်၊ အချို့ကလည်း နံရိုးတွေပေါ်က နေဖြတ်တောက်ထားတာ တွေ့ရပါတယ်” လို့ တူးဖော်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာရှင် ဂျူလီယိုအဆမ်စီအို ကပြောပါတယ်။ ကလေးရုပ်အလောင်းတစ်ခုစီကို သီးခြားစီမြှုပ်နှံထားတာ တွေ့ရတယ်လို့ လို့ ၎င်းက ပြောပါ တယ်။ အရွယ်ရောက်ပြီးသူနှစ်ဦးနဲ့ လာမာကိုးကောင်ရဲ့ရုပ်ကြွင်းတွေကိုလည်း အဲဒီအနီးအနားမှာ တွေ့ရတာ ကြောင့် အဲဒီရုပ်ကြွင်းတွေကတော့ ကလေးယစ်ပူဇော်တဲ့နေရာကို အစားအစာ၊ အဝတ်အစားနဲ့ သယ်ယူပို့ဆောင် ရေးလုပ်ခဲ့ကြတာကို ကိုယ်စားပြုတယ်လို့ ယူဆခဲ့ပါတယ်။ ပီရူးမြောက်ပိုင်းမှာ ၇၀၀ ခုနှစ်မှ ၁၄၀၀ ခုနှစ်နှောင်းပိုင်းအထိအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းတို့ဖြစ်ခဲ့တာကြောင့် နတ်ဘုရားတွေကို နှစ်သိမ့်ဖို့ ကလေးယစ်ပူဇော်ပွဲတွေ လုပ်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက ယူဆထားပါ တယ်။ အဲဒီဆိုက်ရဲ့အနီးနားမှာလည်း ယခင်က အစုလိုက်အပြုံလိုက် ယဇ်ပူဇော်ခဲ့တဲ့နေရာလို့ ယူဆရတဲ့ နံရိုးကနေ ဖြတ်တောက်ခံထားရတဲ့ ကလေးရုပ်ကြွင်း ၁၄၀၊ လာမား ရုပ်ကြွင်း ရာနဲ့ချီပြီး တွေ့ခဲ့ဖူးတယ်လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။
ပီရူးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ခန့်က အီကွေဒေါနိုင်ငံတောင်ပိုင်းမှ ချီလီအလယ်ပိုင်းအထိ ဖြန့်ကျက်ထားတဲ့ အင်ကာအင်ပါယာရဲ့သမိုင်းမတင်မီခေတ်က ယဉ်ကျေးမှုအပျက်အစီးများ၊ ရှေးဟောင်းသုတေသနအပျက်အစီး များစွာ တည်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Zawgyi Version;
ပီ႐ူးမွာ ႏွစ္ေပါင္း ၆၀၀ သက္တမ္းရွိ ကေလးယဇ္ပူေဇာ္တယ္လို႔ ယူဆရတဲ့ ကေလး႐ုပ္ႂကြင္းမ်ားစြာ ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၆

ပီ႐ူးႏိုင္ငံေျမာက္ပိုင္း ထ႐ူဂ်ီလို ၿမိဳ႕အျပင္ဘက္ရွိ ေျမကြက္လပ္တစ္ခုမွာ ေရွးေဟာင္းသုေတသနပညာရွင္ေတြက ႏွစ္ေပါင္း ၆၀၀ သက္တမ္းရွိတဲ့ ယဇ္ပူေဇာ္ရာေနရာနဲ႔ ကေလး႐ုပ္ႂကြင္း ဒါဇင္နီးပါးကို တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။

"ဒီအႂကြင္းအက်န္ေတာ္ေတာ္မ်ားမ်ားက ရင္ဘက္ကေန ျပတ္ေတာက္ေနပါတယ္၊ အခ်ိဳ႕ကလည္း နံ႐ိုးေတြေပၚက ေနျဖတ္ေတာက္ထားတာ ေတြ႕ရပါတယ္” လို႔ တူးေဖာ္ခဲ့တဲ့ ေရွးေဟာင္းသုေတသနပညာရွင္ ဂ်ဴလီယိုအဆမ္စီအို ကေျပာပါတယ္။ ကေလး႐ုပ္အေလာင္းတစ္ခုစီကို သီးျခားစီျမႇဳပ္ႏွံထားတာ ေတြ႕ရတယ္လို႔ လို႔ ၎က ေျပာပါ တယ္။ အ႐ြယ္ေရာက္ၿပီးသူႏွစ္ဦးနဲ႔ လာမာကိုးေကာင္ရဲ႕႐ုပ္ႂကြင္းေတြကိုလည္း အဲဒီအနီးအနားမွာ ေတြ႕ရတာ ေၾကာင့္ အဲဒီ႐ုပ္ႂကြင္းေတြကေတာ့ ကေလးယစ္ပူေဇာ္တဲ့ေနရာကို အစားအစာ၊ အဝတ္အစားနဲ႔ သယ္ယူပို႔ေဆာင္ ေရးလုပ္ခဲ့ၾကတာကို ကိုယ္စားျပဳတယ္လို႔ ယူဆခဲ့ပါတယ္။ ပီ႐ူးေျမာက္ပိုင္းမွာ ၇၀၀ ခုႏွစ္မွ ၁၄၀၀ ခုႏွစ္ေႏွာင္းပိုင္းအထိအတြင္း မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားျခင္းတို႔ျဖစ္ခဲ့တာေၾကာင့္ နတ္ဘုရားေတြကို ႏွစ္သိမ့္ဖို႔ ကေလးယစ္ပူေဇာ္ပြဲေတြ လုပ္ခဲ့ၾကတယ္လို႔ သမိုင္းပညာရွင္ေတြက ယူဆထားပါ တယ္။ အဲဒီဆိုက္ရဲ႕အနီးနားမွာလည္း ယခင္က အစုလိုက္အၿပဳံလိုက္ ယဇ္ပူေဇာ္ခဲ့တဲ့ေနရာလို႔ ယူဆရတဲ့ နံ႐ိုးကေန ျဖတ္ေတာက္ခံထားရတဲ့ ကေလး႐ုပ္ႂကြင္း ၁၄၀၊ လာမား ႐ုပ္ႂကြင္း ရာနဲ႔ခ်ီၿပီး ေတြ႕ခဲ့ဖူးတယ္လို႔ သိပၸံပညာရွင္ ေတြက ဆိုပါတယ္။
ပီ႐ူးဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀ ခန႔္က အီေကြေဒါႏိုင္ငံေတာင္ပိုင္းမွ ခ်ီလီအလယ္ပိုင္းအထိ ျဖန႔္က်က္ထားတဲ့ အင္ကာအင္ပါယာရဲ႕သမိုင္းမတင္မီေခတ္က ယဥ္ေက်းမႈအပ်က္အစီးမ်ား၊ ေရွးေဟာင္းသုေတသနအပ်က္အစီး မ်ားစြာ တည္ရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.