စစ်ကိုင်းမြို့တွင် တစ်ချိန်တည်း ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွား

 774

NP News - အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် တစ်ချိန်တည်း ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး သန်းခေါင်းစာရင်း ကောက်ယူမှုကို ခြောက်လန့်ခြင်းဖြစ်နိုင်ကြောင်း စစ်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်း အောင်က NP News သို့ သုံးသပ်ပြောကြားသည်။

ပေါက်ကွဲမှုသည် ယမန်နေ့(အောက်တိုဘာ ၅ ရက်)၊ နံနက် ၆ နာရီ ၅ဝ မိနစ်ခန့်က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ရှင်ပင်ငန်းစွယ်ဘုရား ခြင်္သေ့ရုပ်အနီး၊ မိုးဇာရပ်ကွက်၊ မြို့မစျေး မီးပွိုင့်အနီး၊ သစ်ပင်အခြေ နှင့် မိုးဇာရပ်ကွက်၊ ကမ္ဘာ့ ရတနာဘဏ် ရှေ့ ရေတမာပင်အနီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“(၃) လုံးပေါက်ကွဲတာပါ။ ပေါက်ကွဲတာက မြို့မဈေးနားမှာဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာ ခပ်လှမ်းလှမ်းလေး တွေမှာဖြစ်တာ။ အခုရက်က သန်းခေါင်စာရင်းလည်းကောက်နေတယ်။ ပြီးတော့ မြို့ထဲမှာလည်း ကတ္တရာလမ်း တွေ ခင်းတာတို့ မြောင်းဖော်တာတို့ လုပ်နေတာကို သူတို့မနာလိုဖြစ်ပြီး လုပ်တာမျိုးပါ။ အဲဒါထက် သန်းခေါင်စာရင်းကောက်တာမှာ မြို့သူမြို့သားတွေပါဝင်နေတာကို ခြောက်လန့်တဲ့ပုံစံမျိုးလုပ်တာ” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က NP News ကို ပြောသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ဘုရားရှေ့ ခြင်္သေ့အုပ်ခုံ အနည်းငယ်ပျက်စီးကာ မြို့မ စျေးတွင် ကာရံထားသောမှန်(၁၄)ခန့်ချပ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖောက်ခွဲမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှစတင်ကာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ပြီး ဒေသ အချို့တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်သူများကို PDF လက်နက်ကိုင်အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version;
စစ္ကိုင္းၿမိဳ႕တြင္ တစ္ခ်ိန္တည္း ေပါက္ကြဲမႈ(၃)ႀကိမ္ျဖစ္ပြား
NP News - ေအာက္တိုဘာ ၆

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕တြင္ တစ္ခ်ိန္တည္း ေပါက္ကြဲမႈ(၃)ႀကိမ္ျဖစ္ပြားခဲ့ၿပီး သန္းေခါင္းစာရင္း ေကာက္ယူမႈကို ေျခာက္လန႔္ျခင္းျဖစ္ႏိုင္ေၾကာင္း စစ္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လူမႈေရးရာဝန္ႀကီး ဦးၫြန႔္ဝင္း ေအာင္က NP News သို႔ သုံးသပ္ေျပာၾကားသည္။

ေပါက္ကြဲမႈသည္ ယမန္ေန႔(ေအာက္တိုဘာ ၅ ရက္)၊ နံနက္ ၆ နာရီ ၅ဝ မိနစ္ခန႔္က စစ္ကိုင္းၿမိဳ႕၊ ပိုးတန္းရပ္ကြက္၊ ရွင္ပင္ငန္းစြယ္ဘုရား ျခေသၤ့႐ုပ္အနီး၊ မိုးဇာရပ္ကြက္၊ ၿမိဳ႕မေစ်း မီးပြိဳင့္အနီး၊ သစ္ပင္အေျခ ႏွင့္ မိုးဇာရပ္ကြက္၊ ကမာၻ႔ ရတနာဘဏ္ ေရွ႕ ေရတမာပင္အနီးတို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“(၃) လုံးေပါက္ကြဲတာပါ။ ေပါက္ကြဲတာက ၿမိဳ႕မေဈးနားမွာဆိုေပမယ့္ တစ္ေနရာနဲ႔တစ္ေနရာ ခပ္လွမ္းလွမ္းေလး ေတြမွာျဖစ္တာ။ အခုရက္က သန္းေခါင္စာရင္းလည္းေကာက္ေနတယ္။ ၿပီးေတာ့ ၿမိဳ႕ထဲမွာလည္း ကတၱရာလမ္း ေတြ ခင္းတာတို႔ ေျမာင္းေဖာ္တာတို႔ လုပ္ေနတာကို သူတို႔မနာလိုျဖစ္ၿပီး လုပ္တာမ်ိဳးပါ။ အဲဒါထက္ သန္းေခါင္စာရင္းေကာက္တာမွာ ၿမိဳ႕သူၿမိဳ႕သားေတြပါဝင္ေနတာကို ေျခာက္လန႔္တဲ့ပုံစံမ်ိဳးလုပ္တာ” ဟု စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လူမႈေရးရာဝန္ႀကီး ဦးၫြန႔္ဝင္းေအာင္က NP News ကို ေျပာသည္။

အဆိုပါေပါက္ကြဲမႈမ်ားေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ဘုရားေရွ႕ ျခေသၤ့အုပ္ခုံ အနည္းငယ္ပ်က္စီးကာ ၿမိဳ႕မ ေစ်းတြင္ ကာရံထားေသာမွန္(၁၄)ခန႔္ခ်ပ္ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေဖာက္ခြဲမႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ေအာက္တိုဘာ ၁ ရက္မွစတင္ကာ ၁၅ ရက္အထိ ေကာက္ယူမည္ျဖစ္ၿပီး ေဒသ အခ်ိဳ႕တြင္ သန္းေခါင္စာရင္းေကာက္ယူရာ၌ ပါဝင္သူမ်ားကို PDF လက္နက္ကိုင္အဖြဲ႕မ်ားက နည္းလမ္းမ်ိဳးစုံျဖင့္ ၿခိမ္းေျခာက္ျခင္း၊ ဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ေနလ်က္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.