အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်

 355

မြူနစ် (NP News) - နိုဝင်ဘာ ၂၅

တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်နေရာများကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် နစကအစိုးရဘက်က ပြင်ဆင်နေကြောင်း သိရသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပသည့် နစကအစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုလိုက်ခြင်းဖြစ် သည်။

လွှတ်တော်အတွင်း၌ တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ် စားပြုသူများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်ရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌက ဆိုသည်။ အချိုးကျကိုယ်စားပြုစနစ်(PR) ကို တိုင်း၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်နေရာများတွင် ဖော်ဆောင်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေများတွင် မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ကျင်းပမည်ဆိုသည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိကြောင်းကိုလည်း တွေ့ရသည်။ ပြီးခဲ့သောကာလများတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က တိုင်းရင်းသားလူမျိုးစုလွှတ်တော်နေရာများနှင့် အမျိုး သားလွှတ်တော်နေရာတစ်ချို့တို့တွင် (FPTP) ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးသွားဖွယ်ရှိပြီး ပြည်သူ့လွှတ်တော်နေရာ အပါအဝင် ကျန်လွှတ်တော်နေရာများအားလုံးတွင် (PR) စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း စဉ်များကို ကြိုတင်ပြင်ဆင်နေလျက်ရှိပြီး အထွေထွေရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ယူ(FPTP)စနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်(PR) နှစ်မျိုးစလုံးဖြင့်ပါ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ဘက်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ "လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲစနစ်က လက်ရှိတာဝန်ယူထား တဲ့ အစိုးရကပဲ ဆုံးဖြတ်မှာလေ။ ပါတီတွေအနေနဲ့ကတော့ ဘယ်လိုရွေးကောက်ပွဲစနစ်ပဲဖြစ်ဖြစ် နိုင်ငံရေးအလှည့်အပြောင်းဖြစ်ဖို့အတွက် ဝင်ပြီးတော့ ယှဉ် ပြိုင်ရမှာပဲလေ။ ဆိုတော့ ရွေးကောက်ပွဲစနစ်ကို ဆုံးဖြတ်မှာက လက်ရှိနိုင်ငံတော်တာဝန်ယူထားတဲ့ အစိုးရ။ ပါတီတွေအနေနဲ့ကတော့ ဘယ်ရွေးကောက် ပွဲစနစ်မှာပဲဖြစ်ဖြစ် ဝင်ပြိုင်ရမှာပဲ။ ဒါမှ ဒီတိုင်းပြည် နိုင်ငံရေးအလှည့်အပြောင်းချောမွေ့မှာလေ"ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်း က NP News ကို သုံးသပ်ပြောကြားသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရန်အတွက် ကောင်စီဝင်များအနေဖြင့် တာဝန်ခွဲဝေကာ ဆောင်ရွက်ရန်လည်း နစကအကြီးအကဲက တိုက်တွန်းထားသည်။

(၂၀၂၅) ခုနှစ်အတွင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာ၌ မြန်မာနိုင်ငံထုတ် မဲပေးစက်များဖြင့် မဲပေးနိုင်ရေးရန်အတွက်လည်း ပြင်ဆင်ထားကြောင်း နစကဘက်က ဆိုသည်။

zawgyi version
အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္၊ ေဒသႀကီးမ်ားတြင္ PR စနစ္ ေ႐ြးေကာက္ပြဲက်င့္သုံးမည္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၅

တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ေနရာမ်ားကို အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ျဖင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္ နစကအစိုးရဘက္က ျပင္ဆင္ေနေၾကာင္း သိရသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း ေနျပည္ေတာ္၌ က်င္းပသည့္ နစကအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုလိုက္ျခင္းျဖစ္ သည္။

လႊတ္ေတာ္အတြင္း၌ တိုင္းရင္းသားမ်ားႏွင့္ လူထုလူတန္းစားအလႊာမ်ားကို ကိုယ္ စားျပဳသူမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ပါဝင္လာႏိုင္ေရးအတြက္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR)ကို တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တြင္ ေဖာ္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ေနသည္ဟု နစကဥကၠ႒က ဆိုသည္။ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ကို တိုင္း၊ ျပည္နယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ေနရာမ်ားတြင္ ေဖာ္ေဆာင္ေနသည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေျမမ်ားတြင္ မည္သည့္ေ႐ြးေကာက္ပြဲစနစ္ျဖင့္ က်င္းပမည္ဆိုသည္ကို ထည့္သြင္းေျပာဆိုခဲ့ျခင္း မရွိေၾကာင္းကိုလည္း ေတြ႕ရသည္။ ၿပီးခဲ့ေသာကာလမ်ားတြင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က တိုင္းရင္းသားလူမ်ိဳးစုလႊတ္ေတာ္ေနရာမ်ားႏွင့္ အမ်ိဳး သားလႊတ္ေတာ္ေနရာတစ္ခ်ိဳ႕တို႔တြင္ (FPTP) ေ႐ြးေကာက္ပြဲစနစ္ကို က်င့္သုံးသြားဖြယ္ရွိၿပီး ျပည္သူ႔လႊတ္ေတာ္ေနရာ အပါအဝင္ က်န္လႊတ္ေတာ္ေနရာမ်ားအားလုံးတြင္ (PR) စနစ္ကို က်င့္သုံးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ လုပ္ငန္း စဥ္မ်ားကို ႀကိဳတင္ျပင္ဆင္ေနလ်က္ရွိၿပီး အေထြေထြေ႐ြးေကာက္ပြဲကို (၂၀၂၅) ခုႏွစ္၊ ႏိုဝင္ဘာလတြင္ က်င္းပႏိုင္ရန္ ရည္မွန္းထားေၾကာင္း သိရသည္။

အဆိုပါေ႐ြးေကာက္ပြဲတြင္ မဲအမ်ားဆုံးရသူ အႏိုင္ယူ(FPTP)စနစ္ႏွင့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ႏွစ္မ်ိဳးစလုံးျဖင့္ပါ က်င္းပႏိုင္ေရးအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။ "လာမယ့္ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲစနစ္က လက္ရွိတာဝန္ယူထား တဲ့ အစိုးရကပဲ ဆုံးျဖတ္မွာေလ။ ပါတီေတြအေနနဲ႔ကေတာ့ ဘယ္လိုေ႐ြးေကာက္ပြဲစနစ္ပဲျဖစ္ျဖစ္ ႏိုင္ငံေရးအလွည့္အေျပာင္းျဖစ္ဖို႔အတြက္ ဝင္ၿပီးေတာ့ ယွဥ္ ၿပိဳင္ရမွာပဲေလ။ ဆိုေတာ့ ေ႐ြးေကာက္ပြဲစနစ္ကို ဆုံးျဖတ္မွာက လက္ရွိႏိုင္ငံေတာ္တာဝန္ယူထားတဲ့ အစိုးရ။ ပါတီေတြအေနနဲ႔ကေတာ့ ဘယ္ေ႐ြးေကာက္ ပြဲစနစ္မွာပဲျဖစ္ျဖစ္ ဝင္ၿပိဳင္ရမွာပဲ။ ဒါမွ ဒီတိုင္းျပည္ ႏိုင္ငံေရးအလွည့္အေျပာင္းေခ်ာေမြ႕မွာေလ"ဟု အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ဒုဥကၠ႒ဦးခိုင္မင္း က NP News ကို သုံးသပ္ေျပာၾကားသည္။ လာမည့္ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမ်ား မွားယြင္းမႈမရွိေစရန္အတြက္ ေကာင္စီဝင္မ်ားအေနျဖင့္ တာဝန္ခြဲေဝကာ ေဆာင္႐ြက္ရန္လည္း နစကအႀကီးအကဲက တိုက္တြန္းထားသည္။

(၂၀၂၅) ခုႏွစ္အတြင္း က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္သူမ်ားဆႏၵမဲေပးရာ၌ ျမန္မာႏိုင္ငံထုတ္ မဲေပးစက္မ်ားျဖင့္ မဲေပးႏိုင္ေရးရန္အတြက္လည္း ျပင္ဆင္ထားေၾကာင္း နစကဘက္က ဆိုသည္။

Related news

© 2021. All rights reserved.