နယူးဇီလန်ရေတပ်သင်္ဘောတစ်စီး ပစိဖိတ်သမုဒ္ဒရာအတွင်း တိမ်းမှောက်နစ်မြုပ်

 408

Pika (NP News) - အောက်တိုဘာ ၆

တော်ဝင်နယူးဇီလန်ရေတပ်သင်္ဘောတစ်စီးဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ သန္တာကျောက်တန်းတစ်ခုကို တိုက်မိ ပြီးနောက် တိမ်းမှောက်ခဲ့ပြီး နစ်မြုပ်သွားခဲ့တယ်လို့ နယူးဇီလန်ကာကွယ်ရေးတပ်ဖွဲ့(NZDF) က ပြောကြားခဲ့ပါ တယ်။ စစ်သင်္ဘော
HMNZS Manawanui ဟာ အောက်တိုဘာလ(၅)ရက် ညနေပိုင်းက Samoaနိုင်ငံ Upolu ကျွန်း တောင်ပိုင်း ကမ်းရိုးတန်းအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီစစ်သင်္ဘောဟာ စစ်ဆေးရေးမစ်ရှင်တွေကို လုပ်ဆောင်နေစဉ်အချိန်အတွင်း နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

သန္တာကျောက်တန်းနဲ့တိုက်မိပြီးနောက် သင်္ဘောဟာ မီးလောင်ကျွမ်းသွားခဲ့ပြီး တိမ်းမှောက်ခဲ့တာ နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နယူးဇီလန်ရေတပ်က "ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် စစ်သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ အမှုထမ်း(၇၅)ဦးစလုံး ကို Samoa နိုင်ငံ မီးသတ်နဲ့အရေးပေါ်ဝန်ဆောင်မှုဌာနက ပြင်းထန်တဲ့ရာသီဥတုအောက်မှာ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Samoa နိုင်ငံ မီးသတ်ကော်မရှင်နာ Tanuvasa Petone က "သင်္ဘောအမှုထမ်းတွေအားလုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူလည်း အနည်းငယ်ပဲရှိပါတယ်။ ယခုအချိန်မှာတော့ ထိခိုက် ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးပြီးပါပြီ" လို့ပြောခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့အတွက် နယူးဇီလန်လေတပ်ရဲ့ P-8A Poseidon လေယာဥ်ကို စေလွှတ် ခဲ့တယ်လို့လည်း သိရပါတယ်။ နယူးဇီလန်ရေတပ်အရာရှိ Shane Arndell က "ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
နယူးဇီလန္ေရတပ္သေဘၤာတစ္စီး ပစိဖိတ္သမုဒၵရာအတြင္း တိမ္းေမွာက္နစ္ျမဳပ္
Pika (NP News) - ေအာက္တိုဘာ ၆

ေတာ္ဝင္နယူးဇီလန္ေရတပ္သေဘၤာတစ္စီးဟာ ပစိဖိတ္သမုဒၵရာအတြင္းမွာ သႏၲာေက်ာက္တန္းတစ္ခုကို တိုက္မိ ၿပီးေနာက္ တိမ္းေမွာက္ခဲ့ၿပီး နစ္ျမဳပ္သြားခဲ့တယ္လို႔ နယူးဇီလန္ကာကြယ္ေရးတပ္ဖြဲ႕(NZDF) က ေျပာၾကားခဲ့ပါ တယ္။ စစ္သေဘၤာ
HMNZS Manawanui ဟာ ေအာက္တိုဘာလ(၅)ရက္ ညေနပိုင္းက Samoaႏိုင္ငံ Upolu ကြၽန္း ေတာင္ပိုင္း ကမ္း႐ိုးတန္းအနီးမွာ နစ္ျမဳပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီစစ္သေဘၤာဟာ စစ္ေဆးေရးမစ္ရွင္ေတြကို လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

သႏၲာေက်ာက္တန္းနဲ႔တိုက္မိၿပီးေနာက္ သေဘၤာဟာ မီးေလာင္ကြၽမ္းသြားခဲ့ၿပီး တိမ္းေမွာက္ခဲ့တာ နစ္ျမဳပ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ နယူးဇီလန္ေရတပ္က "ဒီကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ထပ္စုံစမ္းစစ္ေဆးမႈေတြကို ကြၽန္ေတာ္တို႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဒါ့ျပင္ စစ္သေဘၤာေပၚမွာ လိုက္ပါသြားတဲ့ အမႈထမ္း(၇၅)ဦးစလုံး ကို Samoa ႏိုင္ငံ မီးသတ္နဲ႔အေရးေပၚဝန္ေဆာင္မႈဌာနက ျပင္းထန္တဲ့ရာသီဥတုေအာက္မွာ ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Samoa ႏိုင္ငံ မီးသတ္ေကာ္မရွင္နာ Tanuvasa Petone က "သေဘၤာအမႈထမ္းေတြအားလုံးကို ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူလည္း အနည္းငယ္ပဲရွိပါတယ္။ ယခုအခ်ိန္မွာေတာ့ ထိခိုက္ ဒဏ္ရာရရွိသူေတြကို ေဆး႐ုံေတြကို ပို႔ေဆာင္ေပးၿပီးပါၿပီ" လို႔ေျပာခဲ့ပါတယ္။
ကယ္ဆယ္ေရးလုပ္ငန္းေတြကို ကူညီဖို႔အတြက္ နယူးဇီလန္ေလတပ္ရဲ႕ P-8A Poseidon ေလယာဥ္ကို ေစလႊတ္ ခဲ့တယ္လို႔လည္း သိရပါတယ္။ နယူးဇီလန္ေရတပ္အရာရွိ Shane Arndell က "ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီေပးခဲ့ၾကတဲ့လူအားလုံးကို ေက်းဇူးတင္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.