ပင်လယ်နီတွင် စစ်သင်္ဘောများ ဆက်ထားရန် အမေရိကန်တို့ ဒေါ်လာတစ်ဘီလျံကျပ်သုံးမည်

 572

Pika (NP News) - အောက်တိုဘာလ ၆

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ပင်လယ်နီတွင် စစ်ဆင်ရေး၏တစ်စိတ်တစ်ပိုင်းအဖြစ် ဖြန့်ကြက်ချထား သော သင်္ဘောများကို ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်ဒေါ်လာ (၁ ဒသမ ၂) ဘီလျံခန့် သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် အီရန်နှင့် ၎င်း၏ ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ဖယ်ရှားချေမှုန်း ပစ်ရန်အတွက် ပစ်ခတ်အသုံးပြုခဲ့သည့်ဒုံးကျည်များကို ပြန်လည်ဖြည့်တင်းရန် အဆိုပါဘတ်ဂျက်အတွင်းမှ သုံးစွဲ သွားမည်ဖြစ်ကြောင်း ဘတ်ဂျက်အသစ် စာရွက်စာတမ်းများအရ သိရသည်။
အဆိုပါဘတ်ဂျက်အသစ်သည် ယီမင် အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် အီရန်တို့က ပစ်လွှတ်သော ဒုံးကျည်များနှင့်ဒရုန်းများကို ပစ်ချခြင်း များအပါအဝင် ပင်လယ်နီအတွင်း အမေရိကန်စစ် သင်္ဘောများ၏ တည်ရှိမှု ကို ထိန်းသိမ်းရန်အတွက် ကုန်ကျစရိတ်များနှင့်ပတ်သက်ပြီး မီးစိမ်းပြနိုင်ခဲ့ခြင်း မျိုးဖြစ်ကြောင်းသိရသည်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၉)ရက် မှစတင်၍ ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဒရုန်း များ၊ ဒုံးကျည်များဖြင့် စတင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကိုထောက်ခံ သည့်အနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ သင်္ဘောများကို ရှည်လျားသောရေကြောင်း လမ်းဖြစ်သည့် အာဖရိကတောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်း ပြောင်း ခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း သိရသည်။

ပင်လယ်နီတွင် သွားလာနေသောကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် အမေရိကန်သည် နိုင်ငံပေါင်းစုံပါဝင်သော ညွန့်ပေါင်းရေတပ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း လည်း သိရသည်။

Zawgyi Version;
ပင္လယ္နီတြင္ စစ္သေဘၤာမ်ား ဆက္ထားရန္ အေမရိကန္တို႔ ေဒၚလာတစ္ဘီလ်ံက်ပ္သုံးမည္
Pika (NP News) - ေအာက္တိုဘာလ ၆

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္သည္ ပင္လယ္နီတြင္ စစ္ဆင္ေရး၏တစ္စိတ္တစ္ပိုင္းအျဖစ္ ျဖန႔္ၾကက္ခ်ထား ေသာ သေဘၤာမ်ားကို ျပဳျပင္ထိန္းသိမ္းရန္အတြက္ အေမရိကန္ေဒၚလာ (၁ ဒသမ ၂) ဘီလ်ံခန႔္ သုံးစြဲသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ အီရန္ႏွင့္ ၎၏ ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားကို ဖယ္ရွားေခ်မႈန္း ပစ္ရန္အတြက္ ပစ္ခတ္အသုံးျပဳခဲ့သည့္ဒုံးက်ည္မ်ားကို ျပန္လည္ျဖည့္တင္းရန္ အဆိုပါဘတ္ဂ်က္အတြင္းမွ သုံးစြဲ သြားမည္ျဖစ္ေၾကာင္း ဘတ္ဂ်က္အသစ္ စာ႐ြက္စာတမ္းမ်ားအရ သိရသည္။
အဆိုပါဘတ္ဂ်က္အသစ္သည္ ယီမင္ အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ႏွင့္ အီရန္တို႔က ပစ္လႊတ္ေသာ ဒုံးက်ည္မ်ားႏွင့္ဒ႐ုန္းမ်ားကို ပစ္ခ်ျခင္း မ်ားအပါအဝင္ ပင္လယ္နီအတြင္း အေမရိကန္စစ္ သေဘၤာမ်ား၏ တည္ရွိမႈ ကို ထိန္းသိမ္းရန္အတြက္ ကုန္က်စရိတ္မ်ားႏွင့္ပတ္သက္ၿပီး မီးစိမ္းျပႏိုင္ခဲ့ျခင္း မ်ိဳးျဖစ္ေၾကာင္းသိရသည္။
အစၥေရး-ဟားမတ္စ္စစ္ပြဲကို ဆန႔္က်င္သည့္အေနျဖင့္ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလ(၁၉)ရက္ မွစတင္၍ ပင္လယ္နီအတြင္းသြားလာေနေသာ ကုန္တင္သေဘၤာမ်ားကို ဒ႐ုန္း မ်ား၊ ဒုံးက်ည္မ်ားျဖင့္ စတင္ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။

အစၥေရး-ဟားမတ္စ္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းလူမ်ိဳးမ်ားကိုေထာက္ခံ သည့္အေနျဖင့္ ကုန္တင္သေဘၤာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့သည္။
ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈ မ်ားေၾကာင့္ သေဘၤာကုမၸဏီမ်ားသည္ ၎တို႔၏ သေဘၤာမ်ားကို ရွည္လ်ားေသာေရေၾကာင္း လမ္းျဖစ္သည့္ အာဖရိကေတာင္ပိုင္းတစ္ဝိုက္သို႔ လမ္းေၾကာင္း ေျပာင္း ခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းႏွင့္ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္မႈကို အေႏွာင့္အယွက္ ျဖစ္ေစခဲ့ေၾကာင္း သိရသည္။

ပင္လယ္နီတြင္ သြားလာေနေသာကုန္တင္သေဘၤာမ်ားကို ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားမွ ကာကြယ္ရန္အတြက္ အေမရိကန္သည္ ႏိုင္ငံေပါင္းစုံပါဝင္ေသာ ၫြန႔္ေပါင္းေရတပ္ တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.