(၃)ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာအရေအတွက် မြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများဖြစ်နေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

 3346

စော (NP News) - ဇူလိုင် ၈

ဇူလိုင်လ ၄ ရက်မှ ၆ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာအရေအတွက် မြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့(ဇူလိုင်လ ၇ ရက်)နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံများတွင် ယမန်နေ့ (ဇူလိုင်လ ၇ရက်)၊ နံနက် (၈)နာရီမှ ည (၈)နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ကုသသူ လူနာသစ်(၄၄)ဦးရှိခဲ့ကာ ၎င်းတို့အနက် (၂)ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်ပြီး ကျန်(၄၂)ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ် (၆၃)ဦးရှိခဲ့သဖြင့် ယမန် နေ့ (ဇူလိုင်လ ၇ ရက်)တွင် လူနာသစ်တွေ့ရှိရမှုဦးရေ ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ လူနာသစ်ရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ဇူလိုင်လ ၄ရက်မှ ၆ရက်အတွင်း ဆေးရုံတက်လူနာမြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားရာ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်များသို့ ကွင်းဆင်း၍ လူနာတွေ့ရှိရာနေရာသို့ ဦးတည်ကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းများဖြစ်သည့် လူနာများနေထိုင်ရာနေအိမ်များသို့ သွားရောက်ကာ ကူးစက်မှုဖြစ်စဉ်များအား စစ်ဆေးမေးမြန်းစုံစမ်းခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်းနှင့် အနီးကပ်ထိတွေ့သူများအား Contact Treatment ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အနီးပတ်ဝန်းကျင်တွင် လူနာသစ်များရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများဝေခြင်း၊ အစားအစာသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများကို စနစ်တကျဆေးကုသမှုပေးလျက်ရှိပြီး လိုအပ်သောဆေးဝါးများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကာလဝမ်းရောဂါပိုးရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၆ ရက် ညပိုင်းတွင် ပြောကြားထားသည်။

zawgyi version
(၃)ရက္အတြင္း ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါေၾကာင့္ ေဆး႐ုံတက္လူနာအေရအတြက္ ျမင့္တက္ခဲ့ေသာ္လည္း အမ်ားစုမွာ သာမန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားသူမ်ားျဖစ္ေနဟု က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္
ေစာ (NP News) - ဇူလိုင္ ၈

ဇူလိုင္လ ၄ ရက္မွ ၆ ရက္အတြင္း ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါေၾကာင့္ ေဆး႐ုံတက္လူနာအေရအတြက္ ျမင့္တက္ခဲ့ေသာ္လည္း အမ်ားစုမွာ သာမန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားသူမ်ားျဖစ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

က်န္းမာေရးဝန္ႀကီးဌာနက ယမန္ေန႔(ဇူလိုင္လ ၇ ရက္)ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။ ရန္ကုန္တိုင္းအတြင္းရွိ ေဆး႐ုံမ်ားတြင္ ယမန္ေန႔ (ဇူလိုင္လ ၇ရက္)၊ နံနက္ (၈)နာရီမွ ည (၈)နာရီအတြင္း ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖင့္ ေဆး႐ုံတက္ကုသသူ လူနာသစ္(၄၄)ဦးရွိခဲ့ကာ ၎တို႔အနက္ (၂)ဦးမွာ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားသူလူနာမ်ားျဖစ္ၿပီး က်န္(၄၂)ဦးမွာ သာမန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားသူ လူနာမ်ားျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၆ ရက္တြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလူနာသစ္ (၆၃)ဦးရွိခဲ့သျဖင့္ ယမန္ ေန႔ (ဇူလိုင္လ ၇ ရက္)တြင္ လူနာသစ္ေတြ႕ရွိရမႈဦးေရ က်ဆင္းလာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုသည္။ ရန္ကုန္တိုင္း၊ ေဒါပုံၿမိဳ႕နယ္တြင္ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ လူနာသစ္ရွာေဖြျခင္းႏွင့္ က်န္းမာေရးအသိပညာေပးျခင္းလုပ္ငန္းမ်ားကို ကြင္းဆင္းေဆာင္႐ြက္ခဲ့ရာ အထူးသျဖင့္ ဇူလိုင္လ ၄ရက္မွ ၆ရက္အတြင္း ေဆး႐ုံတက္လူနာျမင့္တက္ခဲ့ေသာ္လည္း အမ်ားစုမွာ သာမန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားသူလူနာမ်ားျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေရာဂါျဖစ္ပြားရာ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေနအိမ္မ်ားသို႔ ကြင္းဆင္း၍ လူနာေတြ႕ရွိရာေနရာသို႔ ဦးတည္ကာကြယ္ထိန္းခ်ဳပ္သည့္လုပ္ငန္းမ်ားျဖစ္သည့္ လူနာမ်ားေနထိုင္ရာေနအိမ္မ်ားသို႔ သြားေရာက္ကာ ကူးစက္မႈျဖစ္စဥ္မ်ားအား စစ္ေဆးေမးျမန္းစုံစမ္းျခင္း၊ ေရာဂါပိုးထိန္းခ်ဳပ္ျခင္းႏွင့္ အနီးကပ္ထိေတြ႕သူမ်ားအား Contact Treatment ေပးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ အနီးပတ္ဝန္းက်င္တြင္ လူနာသစ္မ်ားရွာေဖြျခင္း၊ က်န္းမာေရးအသိပညာေပးျခင္း၊ ေသာက္သုံးေရသန႔္ရွင္းေရးအတြက္ ကလိုရင္းေဆးခတ္ျခင္း၊ ေရသန႔္ေဆးျပားမ်ားေဝျခင္း၊ အစားအစာသန႔္ရွင္းေရးႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ရန္ကုန္တိုင္းအတြင္းရွိ ျပည္သူ႔ေဆး႐ုံႀကီးမ်ားတြင္လည္း ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလူနာမ်ားကို စနစ္တက်ေဆးကုသမႈေပးလ်က္ရွိၿပီး လိုအပ္ေသာေဆးဝါးမ်ားကိုလည္း ပံ့ပိုးေပးလ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုသည္။

ယခုရက္ပိုင္းအတြင္း ကာလဝမ္းေရာဂါပိုးရွိသူ (၅)ဦးခန႔္ရွိခဲ့၍ လမ္းေဘးစားေသာက္ဆိုင္မ်ားကို ယာယီပိတ္ထားျခင္း၊ ေရႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းမႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းလည္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇူလိုင္လ ၆ ရက္ ညပိုင္းတြင္ ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.