(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀)တိတိဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား

 9655

Pika (NP News) - အောက်တိုဘာ ၃

(၉)တန်းအထိသာ ပညာသင်ယူခဲ့သော ထိုင်းနိုင်ငံမှ အသက်(၃၆)နှစ်အရွယ် အမျိုးသား တစ်ဦး သည် ဆေးကုသခွင့်လိုင်စင်မရှိဘဲ လိင်တံကြီး ထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်းကို နှစ်(၂၀) တိတိ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ထိုင်းနိုင်ငံအလယ်ပိုင်း Samut Sakhon မြို့တွင်နေထိုင်သည့် ကစ်တီကွန်ဆောင်စရီဆိုသည့် အမျိုးသားသည် ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)အတွင်း လိင်တံကြီးထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်း ကို လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။ ၎င်း၏လုပ်ငန်းကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြော်ငြာခဲ့ပြီး ဆေးဘက်ဆိုင်ရာသင်တန်းတက်ထားခြင်း သို့မဟုတ် ဆေးကုသခွင့်လိုင်စင်တို့ မရှိသော်လည်း တစ်လလျှင် လူနာအနည်းဆုံး(၂) ဦးမှ (၃) ဦးအထိ ကုသရကြောင်း ကစ်တီကွန်ဆောင်စရီကပြောကြားခဲ့သည်။

ကစ်တီကွန်ဆောင်စရီက ၎င်းသည် အသက် (၁၄) နှစ်အရွယ်တွင် လိင်တံကြီးထွားအောင် ဆေးထိုးခြင်းပညာရပ်ကို ကိုယ့်ဘာသာလေ့လာသင်ယူခဲ့ပြီး ထိုအချိန်မှစတင်ကာ ယင်းလုပ်ငန်းကို လုပ် ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းထံတွင်လာရောက် ကုသပြီးနောက် ပြင်းထန်သောရောဂါပိုးကူးစက်ခံခဲ့ရသည့်လူနာတစ်ဦးက မကျေနပ်သဖြင့် အာဏာပိုင် များကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျန်းမာရေးဝန်ဆောင် ထောက်ပံ့မှုဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့သည် ကစ်တီကွန်ဆောင်စရီကိုဆက်သွယ်ကာ လျှို့ဝှက်အေးဂျင့်တစ်ဦး ကို လူနာအဖြစ်ဟန်ဆောင်ခိုင်းခဲ့ကြောင်းလည်း သိရသည်။ ကစ်တီကွန်ဆောင်စရီသည် အဆိုပါလူနာကို ၎င်း၏နေအိမ်သို့ဖိတ်ခေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းကို နှစ်ပေါင်း (၂၀)ခန့်လုပ်ကိုင်ခဲ့ကြောင်းနှင့် ကုသမှုစရိတ် အဖြစ် တစ်ဦးလျှင် ဘတ်(၅၀ဝဝ)မှ ဘတ်(၂)သောင်းကြား ကောက်ခံခဲ့ကြောင်း ကစ်တီကွန်ဆောင်စရီက ဝန်ခံ ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ၎င်းကို လိုင်စင်မရှိဘဲ ဆေးဘက်ဆိုင်ရာ ဝန်ဆောင် မှုများပေးဆောင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်ခြင်းတို့ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ထို့ပြင် ကစ်တီကွန်ဆောင်စရီသည် ၎င်းထံတွင်လာရောက်ကုသပြီးနောက် ပြင်းထန်သော ရောဂါပိုးကူးစက်ခံခဲ့ရသည့် လူနာထံမှ တရားဥပဒေအရအရေးယူမှုကိုခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
(၉)တန္းအထိသာ ပညာသင္ယူခဲ့ေသာ္လည္း ႏွစ္ေပါင္း(၂၀) တိတိ ဆရာ ဝန္အျဖစ္ ဟန္ေဆာင္လုပ္ကိုင္ခဲ့တဲ့ ထိုင္းအမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၃

(၉)တန္းအထိသာ ပညာသင္ယူခဲ့ေသာ ထိုင္းႏိုင္ငံမွ အသက္(၃၆)ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦး သည္ ေဆးကုသခြင့္လိုင္စင္မရွိဘဲ လိင္တံႀကီး ထြားေအာင္လုပ္ေဆာင္ေပးသည့္လုပ္ငန္းကို ႏွစ္(၂၀) တိတိ လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ဖမ္းဆီးခံခဲ့ရေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံအလယ္ပိုင္း Samut Sakhon ၿမိဳ႕တြင္ေနထိုင္သည့္ ကစ္တီကြန္ေဆာင္စရီဆိုသည့္ အမ်ိဳးသားသည္ ၿပီးခဲ့သည့္ႏွစ္ေပါင္း(၂၀)အတြင္း လိင္တံႀကီးထြားေအာင္လုပ္ေဆာင္ေပးသည့္လုပ္ငန္း ကို လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ ၎၏ေနအိမ္၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရ သည္။ ၎၏လုပ္ငန္းကို ဆိုရွယ္မီဒီယာမ်ားမွတစ္ဆင့္ ေၾကာ္ျငာခဲ့ၿပီး ေဆးဘက္ဆိုင္ရာသင္တန္းတက္ထားျခင္း သို႔မဟုတ္ ေဆးကုသခြင့္လိုင္စင္တို႔ မရွိေသာ္လည္း တစ္လလွ်င္ လူနာအနည္းဆုံး(၂) ဦးမွ (၃) ဦးအထိ ကုသရေၾကာင္း ကစ္တီကြန္ေဆာင္စရီကေျပာၾကားခဲ့သည္။

ကစ္တီကြန္ေဆာင္စရီက ၎သည္ အသက္ (၁၄) ႏွစ္အ႐ြယ္တြင္ လိင္တံႀကီးထြားေအာင္ ေဆးထိုးျခင္းပညာရပ္ကို ကိုယ့္ဘာသာေလ့လာသင္ယူခဲ့ၿပီး ထိုအခ်ိန္မွစတင္ကာ ယင္းလုပ္ငန္းကို လုပ္ ကိုင္ေနခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကို ဝန္ခံေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ၎ထံတြင္လာေရာက္ ကုသၿပီးေနာက္ ျပင္းထန္ေသာေရာဂါပိုးကူးစက္ခံခဲ့ရသည့္လူနာတစ္ဦးက မေက်နပ္သျဖင့္ အာဏာပိုင္ မ်ားကို တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ က်န္းမာေရးဝန္ေဆာင္ ေထာက္ပံ့မႈဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔သည္ ကစ္တီကြန္ေဆာင္စရီကိုဆက္သြယ္ကာ လွ်ိဳ႕ဝွက္ေအးဂ်င့္တစ္ဦး ကို လူနာအျဖစ္ဟန္ေဆာင္ခိုင္းခဲ့ေၾကာင္းလည္း သိရသည္။ ကစ္တီကြန္ေဆာင္စရီသည္ အဆိုပါလူနာကို ၎၏ေနအိမ္သို႔ဖိတ္ေခၚခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းမႈမ်ားလုပ္ေဆာင္ကာ ဖမ္းဆီးခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါလုပ္ငန္းကို ႏွစ္ေပါင္း (၂၀)ခန႔္လုပ္ကိုင္ခဲ့ေၾကာင္းႏွင့္ ကုသမႈစရိတ္ အျဖစ္ တစ္ဦးလွ်င္ ဘတ္(၅၀ဝဝ)မွ ဘတ္(၂)ေသာင္းၾကား ေကာက္ခံခဲ့ေၾကာင္း ကစ္တီကြန္ေဆာင္စရီက ဝန္ခံ ေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္တြင္ ရဲတပ္ဖြဲ႕က ၎ကို လိုင္စင္မရွိဘဲ ေဆးဘက္ဆိုင္ရာ ဝန္ေဆာင္ မႈမ်ားေပးေဆာင္ျခင္းႏွင့္ ခြင့္ျပဳခ်က္မရွိဘဲ ေဆးခန္းဖြင့္ျခင္းတို႔ျဖင့္ တရားစြဲဆိုထားေၾကာင္းသိရသည္။

ထို႔ျပင္ ကစ္တီကြန္ေဆာင္စရီသည္ ၎ထံတြင္လာေရာက္ကုသၿပီးေနာက္ ျပင္းထန္ေသာ ေရာဂါပိုးကူးစက္ခံခဲ့ရသည့္ လူနာထံမွ တရားဥပေဒအရအေရးယူမႈကိုခံရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.