ကာလဝမ်းရောဂါပိုးရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်းများ ဆောင်ရွက်နေဟု ဆို

 537

စော (NP News) - ဇူလိုင် ၇

ယခုရက်ပိုင်းအတွင်း ကာလဝမ်းရောဂါပိုးရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇူလိုင်လ ၆ ရက်)၊ ညပိုင်းက မီဒီယာများကို အထက်ပါကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သတင်းရရှိခဲ့သဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသသူ ၉ ဦး ရှိခဲ့ကြောင်း သိရသည်။

“အဲဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာတစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာတက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါသဲကွင်းကျူးကျော်ရပ်ကွက်ကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရပ်ကွက်၌ အိမ်ခြေ (၁၆၆)လုံးတွင် လူဦးရေ (၆၄၆)ဦးနေထိုင်ပြီး အများဆုံးအိမ်သာ (၁၂)ခန်းသာရှိသည်ကို တွေ့ရှိခဲ့သောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသော အကြောင်းအရင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ရန်အတွက် လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ခုနကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ အဲဒီထဲကမှာ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်မဟုတ်ဘဲနဲ့ နဂိုကတည်းကတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါရပ်ကွက်များကို သွားရောက်စစ်ဆေးပြီးနောက် ယာယီဆေးခန်းဖွင့်လှစ်၍ လူနာသစ်များ လာရောက်ပြသမှု အခြေအနေများကို လက်ခံခြင်း၊ တိုင်းဒေသကြီးရှိ တာဝန်ရှိအဖွဲ့အစည်းများ၊ ဒေသခံကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုအဖွဲ့အစည်းများ၊ Volunteer များက ရပ်ကွက်အတွင်း သန့်ရှင်းသော ရေရှိရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရေသန့်ဖြန့်ဝေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာ စသည့် မသန့်ရှင်းသည့် အစားအစာများကိုမစားသုံးရန် နှင့် FDA အသိအမှတ်ပြုသောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့်ရေကို သောက်သုံးရန် အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ကာလဝမ္းေရာဂါပိုးရွိသူ (၅)ဦးခန႔္ရွိခဲ့၍ လမ္းေဘးစားေသာက္ဆိုင္မ်ားကို ယာယီပိတ္ထားျခင္းမ်ား ေဆာင္႐ြက္ေနဟု ဆို
ေစာ (NP News) - ဇူလိုင္ ၇

ယခုရက္ပိုင္းအတြင္း ကာလဝမ္းေရာဂါပိုးရွိသူ (၅)ဦးခန႔္ရွိခဲ့၍ လမ္းေဘးစားေသာက္ဆိုင္မ်ားကို ယာယီပိတ္ထားျခင္း၊ ေရႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းမႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း၏ ေျပာၾကားခ်က္အရ သိရသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဇူလိုင္လ ၆ ရက္)၊ ညပိုင္းက မီဒီယာမ်ားကို အထက္ပါကဲ့သို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး ေဒါပုံၿမိဳ႕နယ္၊ ႏြယ္ေအးရပ္ကြက္ သဲကြင္းက်ဴးေက်ာ္ရပ္ကြက္တြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားေနသည္ကို သတင္းရရွိခဲ့သျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္လ ၃ ရက္ေန႔တြင္ သြားေရာက္စစ္ေဆးခဲ့ရာ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလကၡဏာျဖစ္ပြားသူ ၁၂ ဦးရွိခဲ့ၿပီး ေဆး႐ုံတက္ေရာက္ကုသသူ ၉ ဦး ရွိခဲ့ေၾကာင္း သိရသည္။

“အဲဒီ ၉ ဦးရဲ႕ဝမ္းနမူနာေတြကိုစစ္ေဆးခဲ့ပါတယ္။ စစ္ေဆးခဲ့အခါမွာတစ္ဦးက ကာလဝမ္းေရာဂါပိုးေတြ႕ရွိတယ္ဆိုတဲ့ အေျဖထြက္ခဲ့ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ေဆး႐ုံအသီးသီးမွာတက္ေရာက္ေနတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလကၡဏာျပတဲ့လူနာေတြကို ကာလဝမ္းေရာဂါပိုး ရွိ/မရွိ စစ္ေဆးခဲ့ပါတယ္။ ဒီေန႔ထိေတြ႕ရွိရတာကေတာ့ ဝိတိုရိယေဆး႐ုံမွာတစ္ဦး၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ၄ ဦး စုစုေပါင္း ၅ ဦး ေတြ႕ရွိတယ္ဆိုတဲ့ အေျဖထြက္ရွိခဲ့ပါတယ္။ က်န္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါလကၡဏာျပတဲ့သူေတြကေတာ့ ကာလဝမ္းေရာဂါပိုး မေတြ႕ရွိခဲ့ပါဘူး”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အဆိုပါသဲကြင္းက်ဴးေက်ာ္ရပ္ကြက္ကို တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ၎ရပ္ကြက္၌ အိမ္ေျခ (၁၆၆)လုံးတြင္ လူဦးေရ (၆၄၆)ဦးေနထိုင္ၿပီး အမ်ားဆုံးအိမ္သာ (၁၂)ခန္းသာရွိသည္ကို ေတြ႕ရွိခဲ့ေသာေၾကာင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားေစေသာ အေၾကာင္းအရင္းျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။ ထို႔ေၾကာင့္ ေရာဂါျဖစ္ပြားမႈကို ေစာစီးစြာသိရွိၿပီး ေစာေစာစီးစီးကုသေပးႏိုင္ရန္အတြက္ လမ္းေဘးစားေသာက္ဆိုင္မ်ားကို ယာယီပိတ္ထားျခင္း၊ ေရႏွင့္ပတ္ဝန္းက်င္သန႔္ရွင္းမႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ခုနကြၽန္ေတာ္ေျပာတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါနဲ႔ ေဆး႐ုံတက္ေရာက္သူထဲမွာ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါေၾကာင့္ ေသဆုံးသူမရွိပါဘူး။ အဲဒီထဲကမွာ တစ္ဦးကေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါေၾကာင့္မဟုတ္ဘဲနဲ႔ နဂိုကတည္းကတိုင္း ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါအခံရွိလို႔ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါရပ္ကြက္မ်ားကို သြားေရာက္စစ္ေဆးၿပီးေနာက္ ယာယီေဆးခန္းဖြင့္လွစ္၍ လူနာသစ္မ်ား လာေရာက္ျပသမႈ အေျခအေနမ်ားကို လက္ခံျခင္း၊ တိုင္းေဒသႀကီးရွိ တာဝန္ရွိအဖြဲ႕အစည္းမ်ား၊ ေဒသခံက်န္းမာေရးဝန္ထမ္းမ်ား ႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၊ Volunteer မ်ားက ရပ္ကြက္အတြင္း သန႔္ရွင္းေသာ ေရရွိေရးအတြက္ ကလိုရင္းေဆးခတ္ျခင္း၊ ပတ္ဝန္းက်င္သန္ရွင္းေရးေဆာင္႐ြက္ျခင္းႏွင့္ ေရသန႔္ျဖန႔္ေဝးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္လည္း ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို ကာကြယ္ႏိုင္ေရးအတြက္ ယင္နားစာ စသည့္ မသန႔္ရွင္းသည့္ အစားအစာမ်ားကိုမစားသုံးရန္ ႏွင့္ FDA အသိအမွတ္ျပဳေသာက္ေရသန႔္ (သို႔မဟုတ္) ေရသန႔္စင္ေဆးျပားအသုံးျပဳ၍ သန႔္စင္ထားသည့္ေရ (သို႔မဟုတ္) ဆူပြက္ေအာင္က်ိဳခ်က္ထားသည့္ေရကို ေသာက္သုံးရန္ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.