မက်ခ်ဇူကာဘက်ရဲ့ ရေလွှာလျှောစီး ဗီဒီယို လူကြည့်များနေ

 1511

ရောင်နီ (NP News) - ဇူလိုင် ၇

အမေရိကန် လွန်လပ်ရေးနေ့ (ဇူလိုင်လ ၄ ရက်)မှာ အမေရိကန်နိုင်ငံတစ်ဝန်း ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့အတူ Meta အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘက်ရဲ့ ရေလွှာ လျှောစီး ဗီဒီယိုဖိုင်ဟာလည်း ၄င်းရဲ့ Instagram အကောင့်မှာ ကြည့်ရှုသူ သန်းရာနဲ့ချီ ရရှိခဲ့ပါတယ်။

ဗီဒီယိုမှာ မက်ခ်က tuxedo နဲ့ နေကာမျက်မှန်၀တ်ဆင်ကာ အမေရိကန် အလံကိုကိုင်၊ အရက်သောက်ရင်း ရေလွှာလျှောစီးနေပုံ ဖြစ်ပါတယ်။ နောက်ခံ တေးသီချင်းကိုတော့ အဆိုတော် ဘရူ့စပရင်းစတင်းရဲ့ ၁၉၈၄ ခုနှစ် Born In The USA သီချင်းနဲ့ သူ့ရဲ့ Facebook အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုဖိုင်မှာ "အံ့ဩဖွယ်ရာ"၊ "ထူးထူးဆန်းဆန်း ဝတ်စုံပြည့်နဲ့ မြင်တွေ့ရခြင်းပဲ" ဆိုတဲ့ မှတ်ချက်တွေနဲ့ သူ့ကိုသရော်တဲ့မှတ်ချက် အမျိုးအမျိုးကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ ဗီဒီယိုဟာ Like & React (၃၅၆)သန်း ထိရှိခဲ့ပြီး Share ကလည်း (၂၅)သန်းထိ ရှိခဲ့ပါတယ်။

မက်ခ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အမေရိကန် လွတ်လပ်ရေးနေ့ကလည်း အမေရိကန် အလံကိုကိုင်ဆောင်ပြီး ရေလွှာလေ​လျှာစီးနေပုံကို အဆိုတော် ဂျွန်ဒန်ဗာရဲ့ "Country Roads" တေးသီချင်းနဲ့ သူ့ရဲ့ Facebook အကောင့်မှာ တင်ခဲ့ဖူးပါတယ်။

zawgyi version
မက္ခ္ဇူကာဘက္ရဲ႕ ေရလႊာေလွ်ာစီး ဗီဒီယို လူၾကည့္မ်ားေန
ေရာင္နီ (NP News) - ဇူလိုင္ ၇

အေမရိကန္ လြန္လပ္ေရးေန႔ (ဇူလိုင္လ ၄ ရက္)မွာ အေမရိကန္ႏိုင္ငံတစ္ဝန္း ေပ်ာ္ပြဲ႐ႊင္ပြဲ အခမ္းအနားေတြနဲ႔အတူ Meta အမႈေဆာင္အရာရွိခ်ဳပ္ မက္ခ္ဇူကာဘက္ရဲ႕ ေရလႊာ ေလွ်ာစီး ဗီဒီယိုဖိုင္ဟာလည္း ၄င္းရဲ႕ Instagram အေကာင့္မွာ ၾကည့္ရႈသူ သန္းရာနဲ႔ခ်ီ ရရွိခဲ့ပါတယ္။

ဗီဒီယိုမွာ မက္ခ္က tuxedo နဲ႔ ေနကာမ်က္မွန္၀တ္ဆင္ကာ အေမရိကန္ အလံကိုကိုင္၊ အရက္ေသာက္ရင္း ေရလႊာေလွ်ာစီးေနပုံ ျဖစ္ပါတယ္။ ေနာက္ခံ ေတးသီခ်င္းကိုေတာ့ အဆိုေတာ္ ဘ႐ူ႕စပရင္းစတင္းရဲ႕ ၁၉၈၄ ခုႏွစ္ Born In The USA သီခ်င္းနဲ႔ သူ႔ရဲ႕ Facebook အေကာင့္မွာ တင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ဗီဒီယိုဖိုင္မွာ "အံ့ဩဖြယ္ရာ"၊ "ထူးထူးဆန္းဆန္း ဝတ္စုံျပည့္နဲ႔ ျမင္ေတြ႕ရျခင္းပဲ" ဆိုတဲ့ မွတ္ခ်က္ေတြနဲ႔ သူ႔ကိုသေရာ္တဲ့မွတ္ခ်က္ အမ်ိဳးအမ်ိဳးကိုလည္း ေတြ႕ရပါတယ္။ သူ႔ရဲ႕ ဗီဒီယိုဟာ Like & React (၃၅၆)သန္း ထိရွိခဲ့ၿပီး Share ကလည္း (၂၅)သန္းထိ ရွိခဲ့ပါတယ္။

မက္ခ္ဟာ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၄ ရက္ေန႔ အေမရိကန္ လြတ္လပ္ေရးေန႔ကလည္း အေမရိကန္ အလံကိုကိုင္ေဆာင္ၿပီး ေရလႊာေလ​လွ်ာစီးေနပုံကို အဆိုေတာ္ ဂြၽန္ဒန္ဗာရဲ႕ "Country Roads" ေတးသီခ်င္းနဲ႔ သူ႔ရဲ႕ Facebook အေကာင့္မွာ တင္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.