တရုတ်ရဲ့ BYD ကုမ္ပဏီက EV စက်ရုံတစ်ခုကို ထိုင်းနိုင်ငံမှာ စတင်ဖွင့်လှစ်

 780

Pika (NP News) - ဇူလိုင် ၅

တရုတ်၏ BYD ကုမ္ပဏီသည် အရှေ့တောင်အာရှတွင် ၎င်း၏ ပထမဆုံး EV စက်ရုံတစ်ရုံကို ထိုင်းနိုင်ငံတွင် ဇူလိုင်လ (၄)ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ BYD ကုမ္ပဏီ စီအီးအိုနှင့်ဥက္ကဋ္ဌ ဝမ်ချူအန်ဖုက “ထိုင်းနိုင်ငံဟာ EV ကားတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အမြင်ရှိပြီး ခေတ်သစ်ကိုဝင်ရောက်လာနေပါပြီ။ ကျွန်တော်တို့က တရုတ်နိုင်ငံ ကနေ ထိုင်းနိုင်ငံကို နည်းပညာတွေယူဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။
အဆိုပါ BYD စက်ရုံသည် ထိုင်းတွင် စက်ရုံများတည်ထောင်နေသည့် တရုတ် EV ကုမ္ပဏီများထဲမှ အမေရိကန် ဒေါ်လာ(၁ ဒသမ ၄၄) ဘီလျံကျော်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစိုးရ၏ ထောက်ပံ့မှု များ၊ အခွန်များက ကူညီထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် ထိုင်းနိုင်ငံသည် နှစ်စဉ် ထုတ်လုပ်သည့် မော်တော်ယာဉ်အစီးရေ(၂ ဒသမ ၅) သန်းနက် (၃ဝ) ရာခိုင်နှုန်းကို EV များအဖြစ်သို့ ပြောင်းလဲသွား ရန် ရည်မှန်းထားကြောင်း အစိုးရ၏ အစီအစဉ်များအရ သိရသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းမော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် ပို့ကုန်တို့အတွက် အချက်အချာနေရာဖြစ်ပြီး Toyota Motor၊ Honda Motor နှင့် Isuzu Motors တို့ကဲ့သို့သော ဂျပန်ကားထုတ်လုပ်သည့်ကုမ္ပဏီများက လွှမ်းမိုးထား ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Narit Therdsteerasukdi က “BYD ကုမ္ပဏီဟာ အာဆီယံအဖွဲ့ဝင်တွေနဲ့ အခြားနိုင်ငံအများအပြားကို တင်ပို့မှုတွေ လုပ်ဆောင်ဖို့အတွက် ထုတ်လုပ်မှုအချက်အချာနေရာအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုပါလိမ့်မယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်(၂)နှစ်ခန့်က ထုတ်ပြန်ကြေညာခဲ့သော အဆိုပါစက်ရုံသည် အမေရိကန်ဒေါ်လာသန်း(၄၉၀)တန်ဖိုးရှိပြီး plug-in hybrid ကားများ အပါအဝင် တစ်နှစ်လျှင် ကားအစီးရေ(၁၅၀၀၀၀)ကို ထုတ်လုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။ ဒေသတွင်းဈေးကွက်ရှိ အခြား EV ပြိုင်ဖက်များမှာ ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရေးစက်ရုံတစ်ခုရှိသည့် Tesla နှင့် Great Wall Motor တို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ရဲ႕ BYD ကုမၸဏီက EV စက္႐ုံတစ္ခုကို ထိုင္းႏိုင္ငံမွာ စတင္ဖြင့္လွစ္
Pika (NP News) - ဇူလိုင္ ၅

တ႐ုတ္၏ BYD ကုမၸဏီသည္ အေရွ႕ေတာင္အာရွတြင္ ၎၏ ပထမဆုံး EV စက္႐ုံတစ္႐ုံကို ထိုင္းႏိုင္ငံတြင္ ဇူလိုင္လ (၄)ရက္က ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ BYD ကုမၸဏီ စီအီးအိုႏွင့္ဥကၠ႒ ဝမ္ခ်ဴအန္ဖုက “ထိုင္းႏိုင္ငံဟာ EV ကားေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းတဲ့အျမင္ရွိၿပီး ေခတ္သစ္ကိုဝင္ေရာက္လာေနပါၿပီ။ ကြၽန္ေတာ္တို႔က တ႐ုတ္ႏိုင္ငံ ကေန ထိုင္းႏိုင္ငံကို နည္းပညာေတြယူေဆာင္သြားမွာပါ” ဟု ေျပာခဲ့သည္။
အဆိုပါ BYD စက္႐ုံသည္ ထိုင္းတြင္ စက္႐ုံမ်ားတည္ေထာင္ေနသည့္ တ႐ုတ္ EV ကုမၸဏီမ်ားထဲမွ အေမရိကန္ ေဒၚလာ(၁ ဒသမ ၄၄) ဘီလ်ံေက်ာ္တန္ဖိုးရွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အစိုးရ၏ ေထာက္ပံ့မႈ မ်ား၊ အခြန္မ်ားက ကူညီေထာက္ပံ့ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။ ၂ဝ၃ဝ ျပည့္ႏွစ္တြင္ ထိုင္းႏိုင္ငံသည္ ႏွစ္စဥ္ ထုတ္လုပ္သည့္ ေမာ္ေတာ္ယာဥ္အစီးေရ(၂ ဒသမ ၅) သန္းနက္ (၃ဝ) ရာခိုင္ႏႈန္းကို EV မ်ားအျဖစ္သို႔ ေျပာင္းလဲသြား ရန္ ရည္မွန္းထားေၾကာင္း အစိုးရ၏ အစီအစဥ္မ်ားအရ သိရသည္။

ထိုင္းႏိုင္ငံသည္ ေဒသတြင္းေမာ္ေတာ္ယာဥ္တပ္ဆင္ျခင္းႏွင့္ ပို႔ကုန္တို႔အတြက္ အခ်က္အခ်ာေနရာျဖစ္ၿပီး Toyota Motor၊ Honda Motor ႏွင့္ Isuzu Motors တို႔ကဲ့သို႔ေသာ ဂ်ပန္ကားထုတ္လုပ္သည့္ကုမၸဏီမ်ားက လႊမ္းမိုးထား ေၾကာင္းလည္း သိရသည္။ ထိုင္းႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈဘုတ္အဖြဲ႕ အေထြေထြအတြင္းေရးမႉး Narit Therdsteerasukdi က “BYD ကုမၸဏီဟာ အာဆီယံအဖြဲ႕ဝင္ေတြနဲ႔ အျခားႏိုင္ငံအမ်ားအျပားကို တင္ပို႔မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ထုတ္လုပ္မႈအခ်က္အခ်ာေနရာအျဖစ္ ထိုင္းႏိုင္ငံကို အသုံးျပဳပါလိမ့္မယ္" ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္(၂)ႏွစ္ခန႔္က ထုတ္ျပန္ေၾကညာခဲ့ေသာ အဆိုပါစက္႐ုံသည္ အေမရိကန္ေဒၚလာသန္း(၄၉၀)တန္ဖိုးရွိၿပီး plug-in hybrid ကားမ်ား အပါအဝင္ တစ္ႏွစ္လွ်င္ ကားအစီးေရ(၁၅၀၀၀၀)ကို ထုတ္လုပ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ ေဒသတြင္းေဈးကြက္ရွိ အျခား EV ၿပိဳင္ဖက္မ်ားမွာ ထိုင္းႏိုင္ငံတြင္ ထုတ္လုပ္ေရးစက္႐ုံတစ္ခုရွိသည့္ Tesla ႏွင့္ Great Wall Motor တို႔ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.