ယူကရိန်းနိုင်ငံကို နှောင့်နှေးမှုမရှိဘဲ F-16 အမျိုးအစားတိုက်လေယာဉ်တွေ လွှဲပြောင်းပေးတော့မယ်လို့ နယ်သာလန်အစိုးရ ထုတ်ဖော်ပြောဆို

 1172

ဂျန်ဇက် (NP News) - ဇူလိုင် ၈

နယ်သာလန်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို F-16 အမျိုးအစား တိုက်လေယာဉ်တွေကို နှောင့်နှေးမှုမရှိဘဲ ကူညီပံ့ပိုးပေးမှုတွေစတင်သွားတော့မှာဖြစ်ကြောင်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တိုက်လေယာဉ်တွေ ကူညီထောက်ပံ့ပေးဖို့ အမေရိကန်အပါအဝင်အနောက်အုပ်စုနိုင်ငံတွေကို အကူညီတောင်းခံခဲ့ကြောင်းသိရပါတယ်။

ယူကရိန်းအစိုးရက အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်တွေဟာ ရုရှားတိုက်လေယာဉ်တွေနဲ့ ဝေဟင်စီးချင်းထိုးရာမှာ ဖြစ်စေ၊ ယူကရိန်းတပ်ဖွဲ့တွေကို ကာကွယ်ရာမှာဖြစ်စေ၊ ပိုမိုကောင်းမွန်အောင်ကူညီပေးနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်နေပါတယ်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးက "F-16 အမျိုးအစားတိုက်လေယာဉ်တွေကို ယူကရိန်းကို ပထမဆုံးအကြိမ် လွှဲပြောင်းပေးမှာပါ၊ နှောင့်နေးမှုမရှိဘဲလွှဲပြောင်းပေးမှာပါ"လို့ပြောပါတယ်။ လုံခြုံ ရေးအခြေအနေတွေကြောင့် ယူကရိန်းကို တိုက်လေယာဉ်တွေ လွှဲပြောင်းပေးမယ့်အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှာမဟုတ်သေးကြောင်း၊ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နယ်သာလန်ဟာ ယူကရိန်းကို F-16 အမျိုးအစားတိုက်လေယာဉ်အစီးရေ (၂၄)စီးကူညီထောက်ပံ့ပေးမှာဖြစ်ပြီး အဲဒီတိုက်လေယာဉ်တွေကို ဘယ်အချိန်မှာ ကူညီလွှဲပြောင်းပေးမယ်ဆိုတဲ့အချက်ကို အတိအကျ မပြောသေးကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

zawgyi version
ယူကရိန္းႏိုင္ငံကို ေႏွာင့္ေႏွးမႈမရွိဘဲ F-16 အမ်ိဳးအစားတိုက္ေလယာဥ္ေတြ လႊဲေျပာင္းေပးေတာ့မယ္လို႔ နယ္သာလန္အစိုးရ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈

နယ္သာလန္ႏိုင္ငံအေနနဲ႔ ယူကရိန္းႏိုင္ငံကို F-16 အမ်ိဳးအစား တိုက္ေလယာဥ္ေတြကို ေႏွာင့္ေႏွးမႈမရွိဘဲ ကူညီပံ့ပိုးေပးမႈေတြစတင္သြားေတာ့မွာျဖစ္ေၾကာင္း နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းႏိုင္ငံခရီးစဥ္အတြင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တိုက္ေလယာဥ္ေတြ ကူညီေထာက္ပံ့ေပးဖို႔ အေမရိကန္အပါအဝင္အေနာက္အုပ္စုႏိုင္ငံေတြကို အကူညီေတာင္းခံခဲ့ေၾကာင္းသိရပါတယ္။

ယူကရိန္းအစိုးရက အေမရိကန္ႏိုင္ငံထုတ္ F-16 တိုက္ေလယာဥ္ေတြဟာ ႐ုရွားတိုက္ေလယာဥ္ေတြနဲ႔ ေဝဟင္စီးခ်င္းထိုးရာမွာ ျဖစ္ေစ၊ ယူကရိန္းတပ္ဖြဲ႕ေတြကို ကာကြယ္ရာမွာျဖစ္ေစ၊ ပိုမိုေကာင္းမြန္ေအာင္ကူညီေပးႏိုင္ဖြယ္ရွိတယ္လို႔ ယုံၾကည္ေနပါတယ္။ နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီးက "F-16 အမ်ိဳးအစားတိုက္ေလယာဥ္ေတြကို ယူကရိန္းကို ပထမဆုံးအႀကိမ္ လႊဲေျပာင္းေပးမွာပါ၊ ေႏွာင့္ေနးမႈမရွိဘဲလႊဲေျပာင္းေပးမွာပါ"လို႔ေျပာပါတယ္။ လုံၿခဳံ ေရးအေျခအေနေတြေၾကာင့္ ယူကရိန္းကို တိုက္ေလယာဥ္ေတြ လႊဲေျပာင္းေပးမယ့္အေသးစိတ္အစီအစဥ္ကို ထုတ္ေဖာ္ေျပာဆိုမွာမဟုတ္ေသးေၾကာင္း၊ နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

နယ္သာလန္ဟာ ယူကရိန္းကို F-16 အမ်ိဳးအစားတိုက္ေလယာဥ္အစီးေရ (၂၄)စီးကူညီေထာက္ပံ့ေပးမွာျဖစ္ၿပီး အဲဒီတိုက္ေလယာဥ္ေတြကို ဘယ္အခ်ိန္မွာ ကူညီလႊဲေျပာင္းေပးမယ္ဆိုတဲ့အခ်က္ကို အတိအက် မေျပာေသးေၾကာင္း ႏိုင္ငံတကာသတင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.