မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး လုံခြုံ ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

 2855

မြူနစ် (NP News) - ဇူလိုင် ၈

မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ပြီး စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံဆွေးနွေးပွဲကို ယမန်နေ့(ဇူလိုင်လ ၈ ရက်)၊ ညနေပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင်မြို့၊ Qingdao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။ အဆိုပါ မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေးပွဲကို မြန်မာဘက်မှ နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ကာ တက်ရောက်ခဲ့ပြီး တရုတ်ဘက်ကလည်း တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်းဖရင့်၏ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင် ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့တို့က ဦးဆောင်ကာ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို နှစ်ဖက်ကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်း ကစားများ ပပျောက်ရေး၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံသတင်းအချက်အလက်ဖလှယ်ရယူရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖော်ဆောင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေလျက်ရှိကြောင်း သိရသည်။ လတ်တလောကာလတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တာဝန်ရှိသူများအကြား မကြာခဏဆိုသကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်ကိုလည်း တွေ့မြင်နေရလျက်ရှိသည်။

zawgyi version
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲျပဳလုပ္၊ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ႏိုင္ေရး လုံၿခဳံ ေရးပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြး
ျမဴနစ္ (NP News) - ဇူလိုင္ ၈

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲကို တ႐ုတ္ႏိုင္ငံ၌ က်င္းပျပဳလုပ္ခဲ့ၿပီး စီမံကိန္းမ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ေရး လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံေဆြးေႏြးပြဲကို ယမန္ေန႔(ဇူလိုင္လ ၈ ရက္)၊ ညေနပိုင္းတြင္ တ႐ုတ္ႏိုင္ငံ၊ ခ်င္းေတာင္ၿမိဳ႕၊ Qingdao International Conference Center ရွိ Anren ခန္းမ၌ က်င္းပခဲ့ျခင္းျဖစ္ ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။ အဆိုပါ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံေဆြးေႏြးပြဲကို ျမန္မာဘက္မွ နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ဦးေဆာင္ကာ တက္ေရာက္ခဲ့ၿပီး တ႐ုတ္ဘက္ကလည္း တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံကြန္းဖရင့္၏ အမ်ိဳးသားေကာ္မတီ ဒုတိယ ဥကၠ႒ ႏွင့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(SCO)၏ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈေကာ္မရွင္ ဥကၠ႒ မစၥရွန္ယြဲ႕ယြဲ႕တို႔က ဦးေဆာင္ကာ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

၎ေဆြးေႏြးပြဲတြင္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ သက္ဆိုင္ရာစီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ လုံၿခဳံေရးအျပည့္အဝရရွိေရး ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကို ႏွစ္ဖက္ၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။ ထို႔ျပင္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈ၊ အြန္လိုင္းေလာင္း ကစားမ်ား ပေပ်ာက္ေရး၊ မူးယစ္ေဆးဝါးကာကြယ္တားဆီးေရးဆိုင္ရာလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ႏွစ္ႏိုင္ငံသတင္းအခ်က္အလက္ဖလွယ္ရယူေရး၊ ႏွစ္ႏိုင္ငံကုန္သြယ္မႈတိုးျမႇင့္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ေဖာ္ေဆာင္ေရးတို႔ကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ တ႐ုတ္ႏိုင္ငံက ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ရန္ ႀကိဳးစားေနလ်က္ရွိေၾကာင္း သိရသည္။ လတ္တေလာကာလတြင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံ တာဝန္ရွိသူမ်ားအၾကား မၾကာခဏဆိုသကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိေနသည္ကိုလည္း ေတြ႕ျမင္ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.