ရေငုပ်သင်္ဘောတွေ ကူညီထောက်ပံ့ပေးဖို့ ယူကရိန်းရေတပ်အကြီးအကဲတောင်းဆို

 942

ဂျန်ဇက် (NP News) - ဇူလိုင် ၈

ယူကရိန်းရေတပ်ဟာ ရုရှားတပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ ပိုမိုကောင်းမွန်စေဖို့ ရေငုပ်သင်္ဘောများကူညီထောက်ပံ့ပေးဖို့ အနောက်အုပ်စုနိုင်ငံများကို ထပ်မံတောင်းဆိုလိုက်ကြောင်းသိရပါတယ်။ ယူကရိန်းရေတပ်အကြီးအကဲက ယူကရိန်းဟာ ပင်လယ်နက်ဒေသမှာ စစ်ရေးစွမ်းရည် ပိုမိုကောင်းမွန်စေဖို့ ရေငုပ်သင်္ဘောလိုအပ်ကြောင်း ရေအောက်မှာရေငုပ်သင်္ဘောဖြန့်ကြက်ချထားမယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ပင်လယ်နက်ဒေသတစ်လျှောက်မှာ ယူကရိန်းရဲ့ရပ်တည်ချက်တွေ ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့ပြင် ယူကရိန်းရေတပ်ဟာ ပင်လယ်နက်ဒေသမှာဖြန့်ကြက်ချထားဖို့ ကြီးမားတဲ့ ရေငုပ် သင်္ဘောမလိုအပ်ကြောင်း ယူကရိန်းရေတပ်တပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့ပြီး လက်ရှိအချိန်မှာလည်း တိုက်လေယာဉ်တွေကူညီပေးဖို့ စီစဉ်နေပါတယ်။ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ သုံးနှစ်အတွင်းရောက်ရှိလာချိန်မှာ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကိုပေးမယ်လို့ ကတိပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ နှောင့်နှေးမှုတွေရှိလာခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းရေတပ်အကြီးအကဲက "ရေတပ် တပ်ဖွဲ့အစိတ်အပိုင်းအဖြစ် ကျွန်တော်တို့ဟာ ရေငုပ်သင်္ဘောတွေ လိုအပ်တယ်။ ကျွန်တော်ဟာ အဲဒီအချက်ကို စဉ်းစားမိတယ်"လို့ပြောပါတယ်။ ယူကရိန်းဟာ စစ်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်းတည်းက ခေတ်မီလက်နက်တွေ ရယူနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကို အကူအညီတောင်းခံခဲ့ရာ အနောက်အုပ်စုနိုင်ငံများက အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အကူအညီပေးထားကြောင်းသိရပါတယ်။

zawgyi version
ေရငုပ္သေဘၤာေတြ ကူညီေထာက္ပံ့ေပးဖို႔ ယူကရိန္းေရတပ္အႀကီးအကဲေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈

ယူကရိန္းေရတပ္ဟာ ႐ုရွားတပ္ဖြဲ႕ေတြကို ရင္ဆိုင္ရာမွာ ပိုမိုေကာင္းမြန္ေစဖို႔ ေရငုပ္သေဘၤာမ်ားကူညီေထာက္ပံ့ေပးဖို႔ အေနာက္အုပ္စုႏိုင္ငံမ်ားကို ထပ္မံေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။ ယူကရိန္းေရတပ္အႀကီးအကဲက ယူကရိန္းဟာ ပင္လယ္နက္ေဒသမွာ စစ္ေရးစြမ္းရည္ ပိုမိုေကာင္းမြန္ေစဖို႔ ေရငုပ္သေဘၤာလိုအပ္ေၾကာင္း ေရေအာက္မွာေရငုပ္သေဘၤာျဖန႔္ၾကက္ခ်ထားမယ္ဆိုရင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့တိုက္ပြဲေတြအတြင္း ပင္လယ္နက္ေဒသတစ္ေလွ်ာက္မွာ ယူကရိန္းရဲ႕ရပ္တည္ခ်က္ေတြ ပိုမိုေကာင္းမြန္လာမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဒါ့ျပင္ ယူကရိန္းေရတပ္ဟာ ပင္လယ္နက္ေဒသမွာျဖန႔္ၾကက္ခ်ထားဖို႔ ႀကီးမားတဲ့ ေရငုပ္ သေဘၤာမလိုအပ္ေၾကာင္း ယူကရိန္းေရတပ္တပ္ဖြဲ႕အႀကီးအကဲက ေျပာပါတယ္။ ႐ုရွားနဲ႔ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတည္းက အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ကူညီေထာက္ပံ့ေပးခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း တိုက္ေလယာဥ္ေတြကူညီေပးဖို႔ စီစဥ္ေနပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ သုံးႏွစ္အတြင္းေရာက္ရွိလာခ်ိန္မွာ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကိုေပးမယ္လို႔ ကတိေပးထားတဲ့ စစ္လက္နက္ပစၥည္းေတြ ကူညီေထာက္ပံ့ေပးဖို႔ ေႏွာင့္ေႏွးမႈေတြရွိလာခဲ့ေၾကာင္း သိရပါတယ္။

ယူကရိန္းေရတပ္အႀကီးအကဲက "ေရတပ္ တပ္ဖြဲ႕အစိတ္အပိုင္းအျဖစ္ ကြၽန္ေတာ္တို႔ဟာ ေရငုပ္သေဘၤာေတြ လိုအပ္တယ္။ ကြၽန္ေတာ္ဟာ အဲဒီအခ်က္ကို စဥ္းစားမိတယ္"လို႔ေျပာပါတယ္။ ယူကရိန္းဟာ စစ္ပြဲျဖစ္ခဲ့ၿပီးေနာက္ပိုင္းတည္းက ေခတ္မီလက္နက္ေတြ ရယူႏိုင္ဖို႔ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြကို အကူအညီေတာင္းခံခဲ့ရာ အေနာက္အုပ္စုႏိုင္ငံမ်ားက အေမရိကန္ေဒၚလာ ဘီလ်ံနဲ႔ခ်ီၿပီး အကူအညီေပးထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.