တိုက်ခိုက်မှုတွေရှိလာလျှင် တရုတ်ကို လက်တုံ့ပြန်မည်ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ်ပြော

 2196

Pika (NP News) - ဇူလိုင် ၈

အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များက တိုက်ခိုက်မှုများထပ်မံလုပ်ဆောင်ခဲ့မည်ဆိုပါက ဖိလစ်ပိုင်တပ်ဖွဲ့ဝင် များက လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် Romeo Brawner Jr က ဇူလိုင်လ(၄)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ဇွန်လ(၁၇)ရက်နေ့ကSec ond Thomas Shoal ကျွန်းအနီးတွင် တရုတ် ကမ်းခြေစောင့်သင်္ဘောနှင့် ဖိလစ်ပိုင်ရေတပ်သင်္ဘော တို့ တိုက်မိမှုဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။ ထို့ပြင် ပျက်စီးပွားသော ရေတပ်သင်္ဘောနှစ်စင်းအတွက် လျော်ကြေးအမေရိကန်ဒေါ်လာ(၁)သန်း ပေးဆောင် ရန်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များသိမ်းဆည်းသွားသော ရိုင်ဖယ်(၇)လက်ကို ပြန်လည်ပေးအပ်ရန် Romeo Brawner Jr က တရုတ်အစိုးရကို တောင်း ဆိုခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်အရာရှိများသည် တရုတ်ကိုယ် စားလှယ်အဖွဲ့နှင့် မနီလာမြို့တွင်တွေ့ဆုံစဉ်အချိန် အတွင်း အဆိုပါဖြစ်ရပ်များကို ဆန့်ကျင်ကန့်ကွက် ကြောင်းနှင့်တောင်းဆိုမှုများကို ထပ်မံပြောကြားခဲ့ ကြောင်းသိရသည်။ အဆိုပါတောင်းဆိုချက်များကို တရုတ်ကိုယ်စားလှယ်အဖွဲ့က ချက်ချင်းပြန်လည်တုံ့ ပြန်ခြင်းမျိုးမရှိသေးကြောင်း အမည်မဖော်လိုသည့် ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ကမ်းခြေစောင့်သင်္ဘောက ဝင်တိုက်မှုအတွင်း ညာဘက်လက်မကိုဆုံးရှုံးခဲ့သော ဖိလစ်ပိုင်ရေတပ်အဖွဲ့ဝင်တစ်ဦး၏ လက်ကိုခွဲစိတ် ရန်စီစဉ်ထားသည့်ကုန်ကျစရိတ်ကိုလည်း ပေဆောင်ရန် တရုတ်အစိုးရကို ဖိလစ်ပိုင်စစ်တပ်က တောင်းဆိုသင့်ကြောင်းRomeo Brawner Jr က ပြောကြားခဲ့ သည်။ ၎င်းက "ကျွန်တော်တို့လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် တူညီတဲ့အင်အားအတိုင်း လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်ရမှာပါ။ ဥပမာ အ နေနဲ့သူတို့ဘက်က ဓားကိုသုံးမယ်ဆိုရင် ကျွန်တော် တို့တပ်ဖွဲ့တွေလည်း ဓားကိုအသုံးပြုသွားမှာပါ။ တိုက် ခိုက်မှုတွေထပ်မံဖြစ်ပွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း ပြန်လည်တိုက်ခိုက်သွားမှာပါ" ဟုပြောဆိုခဲ့သည်။

zawgyi version
တိုက္ခိုက္မႈေတြရွိလာလွ်င္ တ႐ုတ္ကို လက္တုံ႔ျပန္မည္ဟု ဖိလစ္ပိုင္စစ္ဦးစီးခ်ဳပ္ေျပာ
Pika (NP News) - ဇူလိုင္ ၈

အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားက တိုက္ခိုက္မႈမ်ားထပ္မံလုပ္ေဆာင္ခဲ့မည္ဆိုပါက ဖိလစ္ပိုင္တပ္ဖြဲ႕ဝင္ မ်ားက လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္စစ္ဦးစီးခ်ဳပ္ Romeo Brawner Jr က ဇူလိုင္လ(၄)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ဇြန္လ(၁၇)ရက္ေန႔ကSec ond Thomas Shoal ကြၽန္းအနီးတြင္ တ႐ုတ္ ကမ္းေျခေစာင့္သေဘၤာႏွင့္ ဖိလစ္ပိုင္ေရတပ္သေဘၤာ တို႔ တိုက္မိမႈျဖစ္ပြားခဲ့ဖူးေၾကာင္းသိရသည္။ ထို႔ျပင္ ပ်က္စီးပြားေသာ ေရတပ္သေဘၤာႏွစ္စင္းအတြက္ ေလ်ာ္ေၾကးအေမရိကန္ေဒၚလာ(၁)သန္း ေပးေဆာင္ ရန္ႏွင့္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားသိမ္းဆည္းသြားေသာ ႐ိုင္ဖယ္(၇)လက္ကို ျပန္လည္ေပးအပ္ရန္ Romeo Brawner Jr က တ႐ုတ္အစိုးရကို ေတာင္း ဆိုခဲ့ေၾကာင္းသိရသည္။

ဖိလစ္ပိုင္အရာရွိမ်ားသည္ တ႐ုတ္ကိုယ္ စားလွယ္အဖြဲ႕ႏွင့္ မနီလာၿမိဳ႕တြင္ေတြ႕ဆုံစဥ္အခ်ိန္ အတြင္း အဆိုပါျဖစ္ရပ္မ်ားကို ဆန႔္က်င္ကန႔္ကြက္ ေၾကာင္းႏွင့္ေတာင္းဆိုမႈမ်ားကို ထပ္မံေျပာၾကားခဲ့ ေၾကာင္းသိရသည္။ အဆိုပါေတာင္းဆိုခ်က္မ်ားကို တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕က ခ်က္ခ်င္းျပန္လည္တုံ႔ ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္း အမည္မေဖာ္လိုသည့္ ဖိလစ္ပိုင္အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

ထို႔ျပင္ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာက ဝင္တိုက္မႈအတြင္း ညာဘက္လက္မကိုဆုံးရႈံးခဲ့ေသာ ဖိလစ္ပိုင္ေရတပ္အဖြဲ႕ဝင္တစ္ဦး၏ လက္ကိုခြဲစိတ္ ရန္စီစဥ္ထားသည့္ကုန္က်စရိတ္ကိုလည္း ေပေဆာင္ရန္ တ႐ုတ္အစိုးရကို ဖိလစ္ပိုင္စစ္တပ္က ေတာင္းဆိုသင့္ေၾကာင္းRomeo Brawner Jr က ေျပာၾကားခဲ့ သည္။ ၎က "ကြၽန္ေတာ္တို႔လုပ္ရမွာက ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔အတြက္ တူညီတဲ့အင္အားအတိုင္း လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္ရမွာပါ။ ဥပမာ အ ေနနဲ႔သူတို႔ဘက္က ဓားကိုသုံးမယ္ဆိုရင္ ကြၽန္ေတာ္ တို႔တပ္ဖြဲ႕ေတြလည္း ဓားကိုအသုံးျပဳသြားမွာပါ။ တိုက္ ခိုက္မႈေတြထပ္မံျဖစ္ပြားခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဘက္ကလည္း ျပန္လည္တိုက္ခိုက္သြားမွာပါ" ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.