ကနေဒါရွေးကောက်ပွဲသမိုင်းတစ်လျှောက် ဆန္ဒမဲတစ်မဲမှမရရှိခဲ့တဲ့ပထမဆုံးကိုယ်စား လှယ်လောင်း အမျိုးသား

 821

Pika (NP News) - ဇူလိုင် ၈

ကနေဒါနိုင်ငံတွင်ကျင်းပသောရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အမျိုးသားတစ်ဦးသည် နိုင်ငံသမိုင်းတစ်လျှောက် ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဆန္ဒမဲတစ်မဲမှမရရှိခဲ့သည့် ပထမဆုံးသော ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဖြစ်လာခဲ့ကြောင်း သိရသည်။

Félix-Antoine Hamel ဟုအမည် ရသောအမျိုးသားသည် တိုရွန်တိုမြို့ ကြားဖြတ်ရွေး ကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၈၄)ဦးထဲမှတစ်ဦးဖြစ် ကြောင်း သိရသည်။ သို့သော်လည်း Félix-Antoine Hamel သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ တစ်မဲမှမရရှိခဲ့သည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်လာခဲ့ကြောင်းသိရသည်။ Félix-Antoine Hamel က ၎င်းသည် တိုရွန်တိုမြို့ခံမဟုတ်သောကြောင့် ကိုယ့်ကိုယ်ကိုယ်ပင် မဲမထည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက " ရလဒ်တွေကိုမြင်တဲ့အချိန်မှာ ကျွန်တော်က စစ်မှန်တဲ့စည်းလုံးညီညွတ်ရေး ကိုယ်စားလှယ်လောင်းပဲလို့တွေးလိုက်မိပါတယ်။ လူတိုင်းက ကျွန်တော့်ကိုမဲမထည့်ဖို့ သဘောတူညီကြတာ ပဲလို့ တွေးမိပါတယ် "ဟု ပြောဆိုခဲ့သည်။

Félix-Antoine Hamel သည် နိုင်ငံ သမိုင်းတစ်လျှောက် ရွေးကောက်ပွဲတွင် ဆန္ဒမဲတစ်မဲမှ မရရှိခဲ့သည့် ပထမဦးဆုံးကိုယ်စားလှယ်လောင်းဖြစ်ကြောင်း လွှတ်တော်စာကြည့်တိုက် ဒေတာဘေ့စ်များ ကအတည်ပြုခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် အခြားကိုယ်စားလှယ်လောင်း(၆)ဦးသည် တစ်ဦးလျှင် ဆန္ဒမဲ(၂)မဲသာရရှိခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ကေနဒါေ႐ြးေကာက္ပြဲသမိုင္းတစ္ေလွ်ာက္ ဆႏၵမဲတစ္မဲမွမရရွိခဲ့တဲ့ပထမဆုံးကိုယ္စားလွယ္ေလာင္း အမ်ိဳးသား
Pika (NP News) - ဇူလိုင္ ၈

ကေနဒါႏိုင္ငံတြင္က်င္းပေသာေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္း အမ်ိဳးသားတစ္ဦးသည္ ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ဖက္ဒရယ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲတစ္မဲမွမရရွိခဲ့သည့္ ပထမဆုံးေသာ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ေလာင္းျဖစ္လာခဲ့ေၾကာင္း သိရသည္။

Félix-Antoine Hamel ဟုအမည္ ရေသာအမ်ိဳးသားသည္ တို႐ြန္တိုၿမိဳ႕ ၾကားျဖတ္ေ႐ြး ေကာက္ပြဲတြင္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း(၈၄)ဦးထဲမွတစ္ဦးျဖစ္ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း Félix-Antoine Hamel သည္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲ တစ္မဲမွမရရွိခဲ့သည့္ တစ္ဦးတည္းေသာ ကိုယ္စားလွယ္ေလာင္းျဖစ္လာခဲ့ေၾကာင္းသိရသည္။ Félix-Antoine Hamel က ၎သည္ တို႐ြန္တိုၿမိဳ႕ခံမဟုတ္ေသာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ပင္ မဲမထည့္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ၎က " ရလဒ္ေတြကိုျမင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္က စစ္မွန္တဲ့စည္းလုံးညီၫြတ္ေရး ကိုယ္စားလွယ္ေလာင္းပဲလို႔ေတြးလိုက္မိပါတယ္။ လူတိုင္းက ကြၽန္ေတာ့္ကိုမဲမထည့္ဖို႔ သေဘာတူညီၾကတာ ပဲလို႔ ေတြးမိပါတယ္ "ဟု ေျပာဆိုခဲ့သည္။

Félix-Antoine Hamel သည္ ႏိုင္ငံ သမိုင္းတစ္ေလွ်ာက္ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲတစ္မဲမွ မရရွိခဲ့သည့္ ပထမဦးဆုံးကိုယ္စားလွယ္ေလာင္းျဖစ္ေၾကာင္း လႊတ္ေတာ္စာၾကည့္တိုက္ ေဒတာေဘ့စ္မ်ား ကအတည္ျပဳခဲ့သည္။ အဆိုပါေ႐ြးေကာက္ပြဲတြင္ အျခားကိုယ္စားလွယ္ေလာင္း(၆)ဦးသည္ တစ္ဦးလွ်င္ ဆႏၵမဲ(၂)မဲသာရရွိခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.