"ဂျိုးသာ ပြည့်စုံတဲ့ သမ္မတဖြစ်ခဲ့ရင် ကျွန်တော် ဒီစင်ပေါ်မှာ သူနဲ့အတူရှိနေမှာ မဟုတ်ဘူး" (ဒေါ်နယ်ထရမ့်) (ဘာသာပြန်ဆောင်းပါး)

 866

လင်းမြတ် (NP News) - ဇူလိုင် ၈

ပြည်သူ့ထောက်ခံမှု အများအပြားရရှိနေတဲ့ ရီပတ်ပလစ်ကန် သမ္မတလောင်းနှင့် အမေရိကန်ရဲ့ (၄၅)ယောက်မြောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ဒီဘိတ်စင်မြင့်ထက်မှာ ဂျိုးဘိုင်ဒန်ကို ဘေးမှာ ထားပြီး ငါသူ့ကိုပြည့်စုံတဲ့သမ္မတ ဖြစ်ပါစေလို့ မျှော်လင့်ခဲ့တာ သူသာပြီးပြည့်စုံတဲ့ အမေရိကန် သမ္မတ ဖြစ်ခဲ့မယ်ဆိုရင် ငါဒီနေရာမှာရှိနေစရာ အကြောင်းမရှိ ဘူးလို့ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ " I’m only here because he is so bad "ငါဒီ ဒီဘိတ်စင်မြင့် မှာရှိနေရတဲ့အကြောင်းအရင်းက ဂျိုးဟာ သိပ်စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားတဲ့ သမ္မတတစ်ယောက်ဖြစ်နေလို့ပဲ။ " I will make America great again." ငါအမေရိကန်ကို ကြီးမြတ်ပြည့်စုံ ကောင်းမွန်အောင် ပြန်လုပ်မယ်။ ငါသူ့ရဲ့နိုင်ငံရေး ဆိုင်ရာ ရန်သူမဖြစ်ခဲ့ရင် အခု စွပ်စွဲခံ တရားရင်ဆိုင်စရာတွေ ရှိလာမှာမဟုတ်ဘူး။ အခုစွပ်စွဲချက်တွေ အားလုံးဟာ သူရဲ့နိုင်ငံရေးရန်သူဖြစ်နေလို့ပဲ။ ငါ့မှာ လုပ်စရာအလုပ်တွေ လုပ်ချင်တာတွေ နေချင်တဲ့ နေရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းအသုံးမကျ လို့ ရွေးကောက်ပွဲ ပြန်ဝင်ရတာလို့ ဆိုပြန်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ သမ္မတဩဇာနဲ့ စွမ်းရည်အပေါ် ခြုံငုံဝေဖန်ခြင်း
ထရမ့်က တစ်နိုင်ငံလုံးက မင်းကြောင့် ပေါက်ကွဲနေတယ်။ မင်းကိုလေးစားမှုမရှိဘူး။ အမေရိကန် တပ်မတော်ကပင် မင်းကိုမလေးစားဘူး။ သမ္မတကို လေးစားမှုဆိုတာရှိရတယ်။ ကမ္ဘာတစ်ဝန်းကလည်း မင်းကို လေးစားတာမရှိဘူး။ အာဖဂန်မှာ ငါတို့ အမေရိကန်တွေက အရူးကောင်တွေလိုဖြစ်နေတယ်။ နေတိုး/ဥရောပနိုင်ငံတွေကိုလည်း သူတို့နိုင်ငံတွေ အလိုက် ထည့်ဝင်သင့်တဲ့ ရန်ပုံငွေတွေကို ထည့်ဝင်ဖို့ တိုက်တွန်းရမယ့်အစား အမေရိကန်ကပဲ အကုန် စိုက်ထုတ်ပေးပြီး မြှောက်ပင့်ပြောခံရတာကို ပျော်ပြီး နေတယ်။ တကယ်တမ်း နေတိုး/ဥရောပနိုင်ငံ ခေါင်း ဆောင်တွေက မင်းကိုမလေးမစားနဲ့ အမေရိကန် သမ္မတကို နောက်ကွယ်မှာ ဟားတိုက်စရာလိုမြင် လာတယ်။ ဂျူးတွေကိုလည်း အကာကွယ်မပေးနိုင်ဘူး။ ယူကရိန်းပြဿနာဟာလည်း မဖြစ်သင့်ဘူးလို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းပြည်သူများ စွာ မရေမတွက်နိုင်အောင် သေခဲ့၊ သေနေရတာ၊ ယူ ကရိန်းရဲ့ပြန်မရနိုင်တော့တဲ့ ရှေးဟောင်း ရွှေရောင် မြို့ပြအဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေပျက်စီးခဲ့ရတာ မင်းအသုံးမကျလို့ဆိုပြီးတော့လည်း ပြောခဲ့ပါသေးတယ်။

အမေရိကန်ရုရှားဆက်ဆံရေးနဲ့ပတ်သက်လို့ Wall Street Journal က Evan သတင်းထောက် Gershkovich က ပူတင်နဲ့ အင်တာဗျူးမှာ ပူတင်က ဘိုင်ဒန်ကို ရယ်စရာအရွှန်းဖောက်ခဲ့လို့ ဘိုင်ဒန်အစိုး ရက သတင်းထောက်ကို ထောင်ချခဲ့တယ်။ ကျွန်တော်သာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရရင်Wall Street Journal သတင်းထောက် Evan Gershkovich ကို ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါ သေးတယ်။

"မင်းရဲ့(၃)နှစ်ခွဲတာ သမ္မတ သက်တမ်းဟာ ငါတို့အမေရိကန်ပြည်သူတွေအတွက်တော့ ငရဲပြည် ရောက်နေသလိုပဲ။ ပါလက်စတိုင်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေက အမေရိကန်ရဲ့နေရာတိုင်းမှာ အဓိကရုဏ်းတွေ ဖြစ်နေတယ်။ ဂျိုး မင်းဟာ အမေရိ ကန် သမ္မတ သမိုင်းမှာ အညံ့ဆုံးသမ္မတပဲ"လို့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ခိုးဝင်သူများဆိုင်ရာ ထောက်ပြခြင်း
ထရမ့်က မိမိလက်ထက်မှာ အမေရိကန် နယ်စပ်စည်းရိုး တံတိုင်းများတည်ဆောက်ခဲ့သော်လည်း လစ်ဘရယ် ဒီမိုကရက် ဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ (၁၈)သန်းခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ နယ်စပ်ခိုးဝင်သူတွေထဲမှာ နိုင်ငံစုံက စစ်တပ် အထူးသင်တန်းပြီးထားသကဲ့သို့ ကြံ့ခိုင်သူ သူလျှိုကဲ့ သို့လူတွေ၊ မှုခင်းစုံကျူးလွန်ခဲ့ဖူးသူတွေ၊ စိတ်ရောဂါ ဆိုင်ရာ မကျန်းမာသူတွေ၊ ဆေးစွဲဘိန်းစားတွေ အမေ ရိကန်မှာ နေထိုင်ခွင့်နဲ့ မထိုက်တန်သူတွေ များစွာပါရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန် သက်တမ်းအတွင်း လူယက်မှု၊ မုဒိမ်းမှု၊ ပစ်ခတ်မှုကြောင့် ပြည်သူနဲ့ ရဲတပ်ဖွဲ့ဝင် သေဆုံးမှုတွေမှာလည်း ခိုးဝင်ခို လှုံသူတွေ ပါဝင်ပတ်သက်နေခြင်းကိုလည်း ထောက်ပြခဲ့ပါသေး တယ်။ ဂျိုးဘိုင်ဒန်အစိုးရက လစ်ဘရယ်ဆန်ဆန် လူသားချင်းစာနာမှုကိုအကြောင်းပြ နိုင်ငံတကာမှာ မျက်နှာသာရရန်အလို့ငှာ ခိုးဝင်ခိုလှုံသူ တွေကိုတော့ အမိုးအကာနေရာကောင်းနဲ့ အစားအသောက်တွေ ပေးထားသလို တချို့ပြည်နယ်တွေမှာဆို ဖက်ဒရယ် အစိုးရက ခိုးဝင်တွေကို ဟိုတယ်ကြီးတွေမှာပါ စရိတ် ခံထားတည်းခိုစေခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ အမေရိကန်နိုင်ငံသား အိမ်ခြေမဲ့ဦးရေတိုးလာပြီး အစားအစာမဲ့၊ အလုပ်လက်မဲ့ လမ်းပေါ်အိပ်လမ်း ပေါ်စား အမေရိကန်နိုင်ငံသားများဘဝနဲ့နှိုင်းယှဉ်ကာ ဝမ်းနည်းစွာ ဝေဖန်ခဲ့ပါတယ်။

ကာကွယ်ရေးနဲ့ တပ်မတော်ဆိုင်ရာ အားနည်းချက်များကို ထောက်ပြခြင်း
ဘိုင်ဒန်လက်ထက် ပြည်ပစစ်ပွဲတွေကို ထောက် ပံ့မှု အဆမတန် ကြီးမားလာခြင်းကြောင့် အမေရိကန် စစ်တပ်ရဲ့ ကာကွယ်ရေးစရိတ်ကို ချွေတာရာကနေ စစ်တပ်နဲ့ စစ်တပ်ပိုင်ဆိုင်မှု လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ တင့်ကား၊ စစ်လက်နက်၊ စစ်သည် စသည် တို့ရဲ့တီထွင်ပြင်ထိန်း ထုတ်လုပ်လေ့ကျင့်မှု စွမ်းပကား အားနည်းလာပါတယ်။ တပ်မတော်သားများနဲ့ တပ်မတော်သားဟောင်းတွေအပေါ် ထောက်ပံ့စောင့် ရှောက်မှုမှာလည်း လစ်ဟာမှုတွေ များစွာဖြစ်လာပါတယ်။ စစ်ပြန်၊ စစ်မှုထမ်းဟောင်း၊ တိုက်ပွဲတွင်း ကိုယ်လက်အင်္ဂါစွန့်မသန်စွမ်းစစ်သည်တွေ အိုးအိမ် မဲ့ အထောက်အပံ့မဲ့ လမ်းဘေးရောက်နေတာတွေကို ထောက်ပြဝေဖန်ခဲ့ပါတယ်။ အာဖဂန်ကစွန့်ခွာဖို့ နောက်ဆုံးရက်တွေကျမှ ဂျိုးဘိုင်ဒန်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ တပ်အကြီးအကဲတွေရဲ့ပေါ့လျော့မှုတွေ ကြောင့် ဗုံးခွဲတိုက်ခိုက်ခံသေခဲ့ရတဲ့ စစ်သည်အမျိုး သား အမျိုးသမီးပေါင်း (၁၃)ယောက်ရဲ့ သေဆုံးမှု ကိုလည်း နိုင်ငံတကာအလယ်မှာ အရှက်ရဖွယ်အဖြစ် ထောက်ပြခဲ့ပါတယ်။

စီးပွားရေး၊ ကုန်သွယ်မှုဆိုင်ရာနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ကုန်ကျစရိတ်ဆိုင်ရာ ဝေဖန်ထောက်ပြမှုများ
တရုတ်နဲ့ ကုန်သွယ်မှုအခွန်တွေကို တင်းကြပ်စွာ မစည်းကြပ်ဘဲ တရုတ်က ပိုက်ဆံအချို့ ဘိုင်ဒန်တို့ ဆီကို ရောက်သွားတယ် "ဘိုင်ဒန်နဲ့ သူ့သားဟန်တာ ဘိုင်ဒန်တို့ တရုတ်နဲ့ ရုရှားလုပ်ငန်းတွေကနေ အဂတိ လိုက်စားတယ်လို့ တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။ ဒီအတိုင်းသာလွှတ်ထားရင် တရုတ်တစ်နိုင်ငံတည်းအပေါ် တင်နေတဲ့ ကုန်သွယ်မှုလိုငွေကိုသာကြည့် တရုတ်က အမေရိကန်ကို အပိုင်သိမ်းသွားတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်လက်ထက် မထိန်းနိုင်မသိမ်းနိုင် နဲ့ တက်နေတဲ့ငွေကြေးဖောင်းပွမှုကနေတစ်ဆင့် ပြည်သူ/စားသုံးသူတွေရဲ့ နေ့စဉ် လူနေမှုကုန်ကျစရိတ် မြင့်မားလာတာဟာ ကိုဗစ်မတိုင်ခင် သူ့လက်ထက် နဲ့ယှဉ်ပါတယ်။ တချို့စားသုံးကုန်တွေမှာ (၄)ဆအထိ မြင့်တက်ခဲ့ကြောင်း လက်ရှိဈေးတွေက သက်သေရှိပါ တယ်လို့လည်းဝေဖန်ရာ ဂျိုးဘိုင်ဒန်မှာ ပြန်လည်တုံ့ ပြန်စရာစကားမရှိတော့တဲ့အဆုံး ငွေကြေးဖောင်းပွတာ ထရမ့်ချန်ခဲ့တဲ့အမွေဆိုးပါလို့ ပြန်လည်စွပ်စွဲပါ တော့တယ်။ ထရမ့်က မဟုတ်ဘူး မင်း စီးပွားရေးကို နားမလည်လို့ ခုလို(၄)ဆအထိ မတက်သင့်ဘဲတက် တာလို့ ပြန်လည်ချေပပါတယ်။

ကိုယ်ဝန်ဆောင်ချိန်လွန် ကိုယ်ဝန်ဖျက်ချမှု ဥပဒေဆိုင်ရာ ထောက်ပြချက်

ဘိုင်ဒန်အစိုးရနဲ့ ဖက်ဒရယ်အစိုးရတချို့ရဲ့ ပြဋ္ဌာန်းမှုနဲ့ အတည်ပြုခဲ့တဲ့ ကိုယ်ဝန်ဆောင်ချိန်လွန် တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခြင်း ဥပဒေအရ ကိုယ် ဝန်ဆောင်ချိန် (၈)လ၊ (၉)လမှ ကိုယ်ဝန်ဖျက်ချခွင့် ပြုခြင်းဟာ သိပ်ကိုလူမဆန်ရာရောက်တဲ့ ကလေးသူငယ်သတ်ဖြတ်ခြင်းနဲ့ မိခင်ပါသေစေနိုင်လောက်တဲ့ ဥပဒေမို့ လူသတ်သမားတွေလို့ ပြင်းထန်စွာဝေဖန်ခဲ့ပြီ။ ဒါတွေဟာ ဖြစ်မလာခင်ကတည်းက လူမှုအသိုင်း အဝိုင်းပညာရေးကစလို့ ကြိုတင်ပညာပေး ပြင်ဆင်ရ မယ်။ မဟုတ်ရင် ဒီဥပဒေက လူသတ်မှုပဲလို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် ထရမ့်က "I will make Amer­ica great again."ငါအမေရိကန်ကို ကြီးမြတ်ပြည့် စုံကောင်းမွန်အောင် ပြန်လုပ်မယ်လို့ ထပ်မံကတိပေးခဲ့ပါသေးတယ်။

zawgyi version
"ဂ်ိဳးသာ ျပည့္စုံတဲ့ သမၼတျဖစ္ခဲ့ရင္ ကြၽန္ေတာ္ ဒီစင္ေပၚမွာ သူနဲ႔အတူရွိေနမွာ မဟုတ္ဘူး" (ေဒၚနယ္ထရမ့္) (ဘာသာျပန္ေဆာင္းပါး)
လင္းျမတ္ (NP News) - ဇူလိုင္ ၈

ျပည္သူ႔ေထာက္ခံမႈ အမ်ားအျပားရရွိေနတဲ့ ရီပတ္ပလစ္ကန္ သမၼတေလာင္းႏွင့္ အေမရိကန္ရဲ႕ (၄၅)ေယာက္ေျမာက္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ က ဒီဘိတ္စင္ျမင့္ထက္မွာ ဂ်ိဳးဘိုင္ဒန္ကို ေဘးမွာ ထားၿပီး ငါသူ႔ကိုျပည့္စုံတဲ့သမၼတ ျဖစ္ပါေစလို႔ ေမွ်ာ္လင့္ခဲ့တာ သူသာၿပီးျပည့္စုံတဲ့ အေမရိကန္ သမၼတ ျဖစ္ခဲ့မယ္ဆိုရင္ ငါဒီေနရာမွာရွိေနစရာ အေၾကာင္းမရွိ ဘူးလို႔ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။ " I’m only here because he is so bad "ငါဒီ ဒီဘိတ္စင္ျမင့္ မွာရွိေနရတဲ့အေၾကာင္းအရင္းက ဂ်ိဳးဟာ သိပ္စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ဆိုး႐ြားတဲ့ သမၼတတစ္ေယာက္ျဖစ္ေနလို႔ပဲ။ " I will make America great again." ငါအေမရိကန္ကို ႀကီးျမတ္ျပည့္စုံ ေကာင္းမြန္ေအာင္ ျပန္လုပ္မယ္။ ငါသူ႔ရဲ႕ႏိုင္ငံေရး ဆိုင္ရာ ရန္သူမျဖစ္ခဲ့ရင္ အခု စြပ္စြဲခံ တရားရင္ဆိုင္စရာေတြ ရွိလာမွာမဟုတ္ဘူး။ အခုစြပ္စြဲခ်က္ေတြ အားလုံးဟာ သူရဲ႕ႏိုင္ငံေရးရန္သူျဖစ္ေနလို႔ပဲ။ ငါ့မွာ လုပ္စရာအလုပ္ေတြ လုပ္ခ်င္တာေတြ ေနခ်င္တဲ့ ေနရာေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ မင္းအသုံးမက် လို႔ ေ႐ြးေကာက္ပြဲ ျပန္ဝင္ရတာလို႔ ဆိုျပန္ပါတယ္။

ဂ်ိဳးဘိုင္ဒန္ရဲ႕ သမၼတဩဇာနဲ႔ စြမ္းရည္အေပၚ ၿခဳံငုံေဝဖန္ျခင္း
ထရမ့္က တစ္ႏိုင္ငံလုံးက မင္းေၾကာင့္ ေပါက္ကြဲေနတယ္။ မင္းကိုေလးစားမႈမရွိဘူး။ အေမရိကန္ တပ္မေတာ္ကပင္ မင္းကိုမေလးစားဘူး။ သမၼတကို ေလးစားမႈဆိုတာရွိရတယ္။ ကမာၻတစ္ဝန္းကလည္း မင္းကို ေလးစားတာမရွိဘူး။ အာဖဂန္မွာ ငါတို႔ အေမရိကန္ေတြက အ႐ူးေကာင္ေတြလိုျဖစ္ေနတယ္။ ေနတိုး/ဥေရာပႏိုင္ငံေတြကိုလည္း သူတို႔ႏိုင္ငံေတြ အလိုက္ ထည့္ဝင္သင့္တဲ့ ရန္ပုံေငြေတြကို ထည့္ဝင္ဖို႔ တိုက္တြန္းရမယ့္အစား အေမရိကန္ကပဲ အကုန္ စိုက္ထုတ္ေပးၿပီး ေျမႇာက္ပင့္ေျပာခံရတာကို ေပ်ာ္ၿပီး ေနတယ္။ တကယ္တမ္း ေနတိုး/ဥေရာပႏိုင္ငံ ေခါင္း ေဆာင္ေတြက မင္းကိုမေလးမစားနဲ႔ အေမရိကန္ သမၼတကို ေနာက္ကြယ္မွာ ဟားတိုက္စရာလိုျမင္ လာတယ္။ ဂ်ဴးေတြကိုလည္း အကာကြယ္မေပးႏိုင္ဘူး။ ယူကရိန္းျပႆနာဟာလည္း မျဖစ္သင့္ဘူးလို႔ အျပစ္တင္ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းျပည္သူမ်ား စြာ မေရမတြက္ႏိုင္ေအာင္ ေသခဲ့၊ ေသေနရတာ၊ ယူ ကရိန္းရဲ႕ျပန္မရႏိုင္ေတာ့တဲ့ ေရွးေဟာင္း ေ႐ႊေရာင္ ၿမိဳ႕ျပအေဆာက္အအုံေတြနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ ေတြပ်က္စီးခဲ့ရတာ မင္းအသုံးမက်လို႔ဆိုၿပီးေတာ့လည္း ေျပာခဲ့ပါေသးတယ္။

အေမရိကန္႐ုရွားဆက္ဆံေရးနဲ႔ပတ္သက္လို႔ Wall Street Journal က Evan သတင္းေထာက္ Gershkovich က ပူတင္နဲ႔ အင္တာဗ်ဴးမွာ ပူတင္က ဘိုင္ဒန္ကို ရယ္စရာအ႐ႊန္းေဖာက္ခဲ့လို႔ ဘိုင္ဒန္အစိုး ရက သတင္းေထာက္ကို ေထာင္ခ်ခဲ့တယ္။ ကြၽန္ေတာ္သာ သမၼတအျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရရင္Wall Street Journal သတင္းေထာက္ Evan Gershkovich ကို ျပန္လႊတ္ေပးမယ္လို႔ ေျပာခဲ့ပါ ေသးတယ္။

"မင္းရဲ႕(၃)ႏွစ္ခြဲတာ သမၼတ သက္တမ္းဟာ ငါတို႔အေမရိကန္ျပည္သူေတြအတြက္ေတာ့ ငရဲျပည္ ေရာက္ေနသလိုပဲ။ ပါလက္စတိုင္းေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြက အေမရိကန္ရဲ႕ေနရာတိုင္းမွာ အဓိက႐ုဏ္းေတြ ျဖစ္ေနတယ္။ ဂ်ိဳး မင္းဟာ အေမရိ ကန္ သမၼတ သမိုင္းမွာ အညံ့ဆုံးသမၼတပဲ"လို႔ ပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္ေျပာဆိုခဲ့ပါေသးတယ္။

လူဝင္မႈႀကီးၾကပ္ေရးနဲ႔ နယ္စပ္ျဖတ္ေက်ာ္ခိုးဝင္သူမ်ားဆိုင္ရာ ေထာက္ျပျခင္း
ထရမ့္က မိမိလက္ထက္မွာ အေမရိကန္ နယ္စပ္စည္း႐ိုး တံတိုင္းမ်ားတည္ေဆာက္ခဲ့ေသာ္လည္း လစ္ဘရယ္ ဒီမိုကရက္ ဂ်ိဳးဘိုင္ဒန္လက္ထက္ အေမရိကန္သို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္သူ (၁၈)သန္းခန႔္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ နယ္စပ္ခိုးဝင္သူေတြထဲမွာ ႏိုင္ငံစုံက စစ္တပ္ အထူးသင္တန္းၿပီးထားသကဲ့သို႔ ႀကံ့ခိုင္သူ သူလွ်ိဳကဲ့ သို႔လူေတြ၊ မႈခင္းစုံက်ဴးလြန္ခဲ့ဖူးသူေတြ၊ စိတ္ေရာဂါ ဆိုင္ရာ မက်န္းမာသူေတြ၊ ေဆးစြဲဘိန္းစားေတြ အေမ ရိကန္မွာ ေနထိုင္ခြင့္နဲ႔ မထိုက္တန္သူေတြ မ်ားစြာပါရွိ ခဲ့တယ္လို႔ ဆိုပါတယ္။ ဂ်ိဳးဘိုင္ဒန္ သက္တမ္းအတြင္း လူယက္မႈ၊ မုဒိမ္းမႈ၊ ပစ္ခတ္မႈေၾကာင့္ ျပည္သူနဲ႔ ရဲတပ္ဖြဲ႕ဝင္ ေသဆုံးမႈေတြမွာလည္း ခိုးဝင္ခို လႈံသူေတြ ပါဝင္ပတ္သက္ေနျခင္းကိုလည္း ေထာက္ျပခဲ့ပါေသး တယ္။ ဂ်ိဳးဘိုင္ဒန္အစိုးရက လစ္ဘရယ္ဆန္ဆန္ လူသားခ်င္းစာနာမႈကိုအေၾကာင္းျပ ႏိုင္ငံတကာမွာ မ်က္ႏွာသာရရန္အလို႔ငွာ ခိုးဝင္ခိုလႈံသူ ေတြကိုေတာ့ အမိုးအကာေနရာေကာင္းနဲ႔ အစားအေသာက္ေတြ ေပးထားသလို တခ်ိဳ႕ျပည္နယ္ေတြမွာဆို ဖက္ဒရယ္ အစိုးရက ခိုးဝင္ေတြကို ဟိုတယ္ႀကီးေတြမွာပါ စရိတ္ ခံထားတည္းခိုေစခဲ့ေပမယ့္ တစ္ေန႔ထက္တစ္ေန႔ အေမရိကန္ႏိုင္ငံသား အိမ္ေျခမဲ့ဦးေရတိုးလာၿပီး အစားအစာမဲ့၊ အလုပ္လက္မဲ့ လမ္းေပၚအိပ္လမ္း ေပၚစား အေမရိကန္ႏိုင္ငံသားမ်ားဘဝနဲ႔ႏႈိင္းယွဥ္ကာ ဝမ္းနည္းစြာ ေဝဖန္ခဲ့ပါတယ္။

ကာကြယ္ေရးနဲ႔ တပ္မေတာ္ဆိုင္ရာ အားနည္းခ်က္မ်ားကို ေထာက္ျပျခင္း
ဘိုင္ဒန္လက္ထက္ ျပည္ပစစ္ပြဲေတြကို ေထာက္ ပံ့မႈ အဆမတန္ ႀကီးမားလာျခင္းေၾကာင့္ အေမရိကန္ စစ္တပ္ရဲ႕ ကာကြယ္ေရးစရိတ္ကို ေခြၽတာရာကေန စစ္တပ္နဲ႔ စစ္တပ္ပိုင္ဆိုင္မႈ ေလယာဥ္၊ ရဟတ္ယာဥ္၊ သေဘၤာ၊ တင့္ကား၊ စစ္လက္နက္၊ စစ္သည္ စသည္ တို႔ရဲ႕တီထြင္ျပင္ထိန္း ထုတ္လုပ္ေလ့က်င့္မႈ စြမ္းပကား အားနည္းလာပါတယ္။ တပ္မေတာ္သားမ်ားနဲ႔ တပ္မေတာ္သားေဟာင္းေတြအေပၚ ေထာက္ပံ့ေစာင့္ ေရွာက္မႈမွာလည္း လစ္ဟာမႈေတြ မ်ားစြာျဖစ္လာပါတယ္။ စစ္ျပန္၊ စစ္မႈထမ္းေဟာင္း၊ တိုက္ပြဲတြင္း ကိုယ္လက္အဂၤါစြန႔္မသန္စြမ္းစစ္သည္ေတြ အိုးအိမ္ မဲ့ အေထာက္အပံ့မဲ့ လမ္းေဘးေရာက္ေနတာေတြကို ေထာက္ျပေဝဖန္ခဲ့ပါတယ္။ အာဖဂန္ကစြန႔္ခြာဖို႔ ေနာက္ဆုံးရက္ေတြက်မွ ဂ်ိဳးဘိုင္ဒန္နဲ႔ ကာကြယ္ေရး ဝန္ႀကီး၊ တပ္အႀကီးအကဲေတြရဲ႕ေပါ့ေလ်ာ့မႈေတြ ေၾကာင့္ ဗုံးခြဲတိုက္ခိုက္ခံေသခဲ့ရတဲ့ စစ္သည္အမ်ိဳး သား အမ်ိဳးသမီးေပါင္း (၁၃)ေယာက္ရဲ႕ ေသဆုံးမႈ ကိုလည္း ႏိုင္ငံတကာအလယ္မွာ အရွက္ရဖြယ္အျဖစ္ ေထာက္ျပခဲ့ပါတယ္။

စီးပြားေရး၊ ကုန္သြယ္မႈဆိုင္ရာနဲ႔ ျပည္သူေတြရဲ႕ ေန႔စဥ္ကုန္က်စရိတ္ဆိုင္ရာ ေဝဖန္ေထာက္ျပမႈမ်ား
တ႐ုတ္နဲ႔ ကုန္သြယ္မႈအခြန္ေတြကို တင္းၾကပ္စြာ မစည္းၾကပ္ဘဲ တ႐ုတ္က ပိုက္ဆံအခ်ိဳ႕ ဘိုင္ဒန္တို႔ ဆီကို ေရာက္သြားတယ္ "ဘိုင္ဒန္နဲ႔ သူ႔သားဟန္တာ ဘိုင္ဒန္တို႔ တ႐ုတ္နဲ႔ ႐ုရွားလုပ္ငန္းေတြကေန အဂတိ လိုက္စားတယ္လို႔ တိုက္႐ိုက္ေဝဖန္ခဲ့ပါတယ္။ ဒီအတိုင္းသာလႊတ္ထားရင္ တ႐ုတ္တစ္ႏိုင္ငံတည္းအေပၚ တင္ေနတဲ့ ကုန္သြယ္မႈလိုေငြကိုသာၾကည့္ တ႐ုတ္က အေမရိကန္ကို အပိုင္သိမ္းသြားေတာ့မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္လက္ထက္ မထိန္းႏိုင္မသိမ္းႏိုင္ နဲ႔ တက္ေနတဲ့ေငြေၾကးေဖာင္းပြမႈကေနတစ္ဆင့္ ျပည္သူ/စားသုံးသူေတြရဲ႕ ေန႔စဥ္ လူေနမႈကုန္က်စရိတ္ ျမင့္မားလာတာဟာ ကိုဗစ္မတိုင္ခင္ သူ႔လက္ထက္ နဲ႔ယွဥ္ပါတယ္။ တခ်ိဳ႕စားသုံးကုန္ေတြမွာ (၄)ဆအထိ ျမင့္တက္ခဲ့ေၾကာင္း လက္ရွိေဈးေတြက သက္ေသရွိပါ တယ္လို႔လည္းေဝဖန္ရာ ဂ်ိဳးဘိုင္ဒန္မွာ ျပန္လည္တုံ႔ ျပန္စရာစကားမရွိေတာ့တဲ့အဆုံး ေငြေၾကးေဖာင္းပြတာ ထရမ့္ခ်န္ခဲ့တဲ့အေမြဆိုးပါလို႔ ျပန္လည္စြပ္စြဲပါ ေတာ့တယ္။ ထရမ့္က မဟုတ္ဘူး မင္း စီးပြားေရးကို နားမလည္လို႔ ခုလို(၄)ဆအထိ မတက္သင့္ဘဲတက္ တာလို႔ ျပန္လည္ေခ်ပပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္လြန္ ကိုယ္ဝန္ဖ်က္ခ်မႈ ဥပေဒဆိုင္ရာ ေထာက္ျပခ်က္

ဘိုင္ဒန္အစိုးရနဲ႔ ဖက္ဒရယ္အစိုးရတခ်ိဳ႕ရဲ႕ ျပ႒ာန္းမႈနဲ႔ အတည္ျပဳခဲ့တဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္လြန္ တရားဝင္ ကိုယ္ဝန္ဖ်က္ခ်ႏိုင္ျခင္း ဥပေဒအရ ကိုယ္ ဝန္ေဆာင္ခ်ိန္ (၈)လ၊ (၉)လမွ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ျပဳျခင္းဟာ သိပ္ကိုလူမဆန္ရာေရာက္တဲ့ ကေလးသူငယ္သတ္ျဖတ္ျခင္းနဲ႔ မိခင္ပါေသေစႏိုင္ေလာက္တဲ့ ဥပေဒမို႔ လူသတ္သမားေတြလို႔ ျပင္းထန္စြာေဝဖန္ခဲ့ၿပီ။ ဒါေတြဟာ ျဖစ္မလာခင္ကတည္းက လူမႈအသိုင္း အဝိုင္းပညာေရးကစလို႔ ႀကိဳတင္ပညာေပး ျပင္ဆင္ရ မယ္။ မဟုတ္ရင္ ဒီဥပေဒက လူသတ္မႈပဲလို႔ ေဝဖန္ခဲ့ပါတယ္။

အဲဒီေနာက္ ထရမ့္က "I will make Amer­ica great again."ငါအေမရိကန္ကို ႀကီးျမတ္ျပည့္ စုံေကာင္းမြန္ေအာင္ ျပန္လုပ္မယ္လို႔ ထပ္မံကတိေပးခဲ့ပါေသးတယ္။

Related news

© 2021. All rights reserved.