ပို့ကုန်ရငွေရှိလျှင် ဓာတ်မြေဩဇာနှင့် EV ယာဉ်များကို ဦးစားပေးတင်သွင်းခွင့်ပြုမည်ဟု စီး/ကူးကြေညာ

 646

ယွန်း(NP News) - ဇူလိုင် ၃

ပို့ကုန်ရငွေရှိလျှင် ဓာတ်မြေဩဇာနှင့် EV ယာဉ်များကို ဦးစားပေးတင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ရာတွင် အခြားအမျိုးအမည်များကိုလည်း ခွင့်ပြုပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက NP News မှတစ်ဆင့် အကြံပြုပြောဆိုထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အစီအမံများ၊ ပံ့ပိုးကူညီမှုများကို သက်ဆိုင်ရာဌာနများ၊ အသင်းများ၊ လုပ်ငန်းရှင်များနှင့် ပူး‌ပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံအတွက်ဦးစားပေးတင်သွင်းရန် လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ်စစ် သုံးယာဉ် (Electric Vehicle) များကို ပို့ကုန်ရငွေ(Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ထပ်ဆင့်အသိပေးစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ပြည်ပနိုင်ငံများသို့ Export လုပ်နေသည့် ကုမ္ပဏီများအနေဖြင့် ဓာတ်မြေ ဩဇာနှင့်EV ကားများကို တင်သွင်းခွင့် လိုင်စင်ရရှိထားပါက သွင်းကုန် လိုင်စင်ကို စောင့်ဆိုင်းရန်မလိုဘဲ ဦးစားပေးခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတစ်ခုရှိတယ်ဆိုရင် အဲဒီကုမ္ပဏီက နိုင်ငံခြားကို Export လုပ်လိုက်တယ်။ အဲဒီ Export ထားတဲ့ကုမ္ပဏီက ဓာတ်မြေဩဇာတို့၊ EV ကားတို့ကို တင်သွင်းခွင့် လိုင်စင်လည်း ရထားတယ်ဆိုရင် စီးပွားကူးသန်းမှာ ပါမစ်ကို တန်းစီစရာမလိုဘူး။ အဲဒီပိုက်ဆံနဲ့ ပြန်သွင်းလို့ရတယ်။ ဦးစားပေးခွင့်ပြု တယ်ဆိုတဲ့ သဘောပေါ့။ အကယ်၍ မရှိဘူးဆိုရင် တင်သွင်းတဲ့ကုမ္ပဏီတွေက တခြား Export ပို့ထား တဲ့ ကုမ္ပဏီတွေဆီက စာရင်းပြောင်းငွေ ဝယ်ရတာပေါ့။ စာရင်းပြောင်းငွေဝယ်ရင် ဦးစားပေးပါမစ်ရမယ်။ အစိုးရဆီက ပိုက်ဆံစောင့်စရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အစိုးရက ကုမ္ပဏီတွေကို ဒေါ်လာရောင်းမပေးဘူး။ အခုက သူ့ပိုက်ဆံနဲ့သူဆိုရင် တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ သဘောပေါ့” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။

ထိုသို့ ဓာတ်မြေဩဇာနှင့် လျှပ်စစ်သုံးယာဉ်များကို ဦးစားပေးတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ပြည်တွင်းရှိစီးပွား‌ရေး၌ ကြီးမားသည့် ပြောင်းလဲမှုမျိုး မရှိနိုင်သော်လည်း အခြားကုန်ပစ္စည်းများကိုလည်း အထက်ပါကဲ့သို့ ခွင့်ပြုပေးသင့်ကြောင်း သိရသည်။ “ကြီးကြီးမားမားတော့ ပြောင်းလဲသွားမယ်လို့တော့မထင်ပါဘူး။ ဒါပေမဲ့ ပါမစ် မစောင့်ရတော့ အချိန် နည်းနည်းမြန်သွားမယ်။ နောက်တစ်ခုက Earning ဝယ်ရတဲ့စနစ်ဖြစ်တဲ့အတွက် ဈေးနှုန်းကတော့ အရမ်းသက်သာမှာတော့ မဟုတ်ဘူး။ အစိုးရက ရောင်းပေးတာမဟုတ်တဲ့အတွက် အစိုးရဈေးနဲ့ ဖြစ်ချင် မှဖြစ်မယ်။ အပြင်ဈေးဖြစ်မှာပေါ့။ အမှန်ကတော့ ကျန်တဲ့အမျိုးအမည်တွေကိုလည်း ဒီလိုခွင့်ပြုပေး လိုက်ရင်ပိုကောင်းတာပေါ့။ ဒီစနစ်တွေက အရင်တုန်းကလည်းရှိခဲ့ဖူးတယ်” ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုပြောကြားသည်။

အလုပ်အကိုင်ရှားပါးမှုအပါအဝင် လုပ်ခလစာ၊ ကုန်ဈေးနှုန်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌ အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအခက်အခဲကို ပိုမိုရင်ဆိုင်လာရပြီး စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ရန် ပိုမိုလိုအပ်လာကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စီးပွား‌ရေး ကဏ္ဍပြန်လည်ကောင်းမွန်စေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးရေးကို မည်သို့အားပေးရမည်ကို ဦးစားပေးစဉ်စားသင့်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

zawgyi version
ပို႔ကုန္ရေငြရွိလွ်င္ ဓာတ္ေျမဩဇာႏွင့္ EV ယာဥ္မ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳမည္ဟု စီး/ကူးေၾကညာ
ယြန္း(NP News) - ဇူလိုင္ ၃

ပို႔ကုန္ရေငြရွိလွ်င္ ဓာတ္ေျမဩဇာႏွင့္ EV ယာဥ္မ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေၾကညာခဲ့ရာတြင္ အျခားအမ်ိဳးအမည္မ်ားကိုလည္း ခြင့္ျပဳေပးသင့္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက NP News မွတစ္ဆင့္ အႀကံျပဳေျပာဆိုထားသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ ပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ အေထာက္အပံ့ျဖစ္ေစမည့္ အစီအမံမ်ား၊ ပံ့ပိုးကူညီမႈမ်ားကို သက္ဆိုင္ရာဌာနမ်ား၊ အသင္းမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ပူး‌ေပါင္းေဆာင္႐ြက္ရန္ႏွင့္ ႏိုင္ငံအတြက္ဦးစားေပးတင္သြင္းရန္ လိုအပ္သည့္ ကုန္ပစၥည္းမ်ား တင္သြင္းႏိုင္ရန္ရည္႐ြယ္၍ ဓာတ္ေျမဩဇာ၊ လွ်ပ္စစ္ သုံးယာဥ္ (Electric Vehicle) မ်ားကို ပို႔ကုန္ရေငြ(Export Earning) ရွိလွ်င္ ဦးစားေပးတင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာ ႏိုင္ငံကုန္သည္မ်ား ႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)၏ ထပ္ဆင့္အသိေပးစာတြင္ ေဖာ္ျပထားျခင္းျဖစ္သည္။

အဆိုပါ အစီအစဥ္အရ ျပည္ပႏိုင္ငံမ်ားသို႔ Export လုပ္ေနသည့္ ကုမၸဏီမ်ားအေနျဖင့္ ဓာတ္ေျမ ဩဇာႏွင့္EV ကားမ်ားကို တင္သြင္းခြင့္ လိုင္စင္ရရွိထားပါက သြင္းကုန္ လိုင္စင္ကို ေစာင့္ဆိုင္းရန္မလိုဘဲ ဦးစားေပးခြင့္ျပဳေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ကုမၸဏီတစ္ခုရွိတယ္ဆိုရင္ အဲဒီကုမၸဏီက ႏိုင္ငံျခားကို Export လုပ္လိုက္တယ္။ အဲဒီ Export ထားတဲ့ကုမၸဏီက ဓာတ္ေျမဩဇာတို႔၊ EV ကားတို႔ကို တင္သြင္းခြင့္ လိုင္စင္လည္း ရထားတယ္ဆိုရင္ စီးပြားကူးသန္းမွာ ပါမစ္ကို တန္းစီစရာမလိုဘူး။ အဲဒီပိုက္ဆံနဲ႔ ျပန္သြင္းလို႔ရတယ္။ ဦးစားေပးခြင့္ျပဳ တယ္ဆိုတဲ့ သေဘာေပါ့။ အကယ္၍ မရွိဘူးဆိုရင္ တင္သြင္းတဲ့ကုမၸဏီေတြက တျခား Export ပို႔ထား တဲ့ ကုမၸဏီေတြဆီက စာရင္းေျပာင္းေငြ ဝယ္ရတာေပါ့။ စာရင္းေျပာင္းေငြဝယ္ရင္ ဦးစားေပးပါမစ္ရမယ္။ အစိုးရဆီက ပိုက္ဆံေစာင့္စရာမလိုဘူးဆိုတဲ့ အဓိပၸာယ္ေပါ့။ အစိုးရက ကုမၸဏီေတြကို ေဒၚလာေရာင္းမေပးဘူး။ အခုက သူ႔ပိုက္ဆံနဲ႔သူဆိုရင္ တင္သြင္းခြင့္ေပးမယ္ဆိုတဲ့ သေဘာေပါ့” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက သုံးသပ္ေျပာၾကားသည္။

ထိုသို႔ ဓာတ္ေျမဩဇာႏွင့္ လွ်ပ္စစ္သုံးယာဥ္မ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳလိုက္ျခင္းသည္ ျပည္တြင္းရွိစီးပြား‌ေရး၌ ႀကီးမားသည့္ ေျပာင္းလဲမႈမ်ိဳး မရွိႏိုင္ေသာ္လည္း အျခားကုန္ပစၥည္းမ်ားကိုလည္း အထက္ပါကဲ့သို႔ ခြင့္ျပဳေပးသင့္ေၾကာင္း သိရသည္။ “ႀကီးႀကီးမားမားေတာ့ ေျပာင္းလဲသြားမယ္လို႔ေတာ့မထင္ပါဘူး။ ဒါေပမဲ့ ပါမစ္ မေစာင့္ရေတာ့ အခ်ိန္ နည္းနည္းျမန္သြားမယ္။ ေနာက္တစ္ခုက Earning ဝယ္ရတဲ့စနစ္ျဖစ္တဲ့အတြက္ ေဈးႏႈန္းကေတာ့ အရမ္းသက္သာမွာေတာ့ မဟုတ္ဘူး။ အစိုးရက ေရာင္းေပးတာမဟုတ္တဲ့အတြက္ အစိုးရေဈးနဲ႔ ျဖစ္ခ်င္ မွျဖစ္မယ္။ အျပင္ေဈးျဖစ္မွာေပါ့။ အမွန္ကေတာ့ က်န္တဲ့အမ်ိဳးအမည္ေတြကိုလည္း ဒီလိုခြင့္ျပဳေပး လိုက္ရင္ပိုေကာင္းတာေပါ့။ ဒီစနစ္ေတြက အရင္တုန္းကလည္းရွိခဲ့ဖူးတယ္” ဟု အျခားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက အႀကံျပဳေျပာၾကားသည္။

အလုပ္အကိုင္ရွားပါးမႈအပါအဝင္ လုပ္ခလစာ၊ ကုန္ေဈးႏႈန္းႏွင့္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ ျပည္တြင္း၌ အေျခခံလူတန္းစားမ်ားအေနျဖင့္ စားဝတ္ေနေရးအခက္အခဲကို ပိုမိုရင္ဆိုင္လာရၿပီး စီးပြားေရး အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ရန္ ပိုမိုလိုအပ္လာေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ စီးပြား‌ေရး က႑ျပန္လည္ေကာင္းမြန္ေစေရးအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖြံ႕ၿဖိဳးေရးကို မည္သို႔အားေပးရမည္ကို ဦးစားေပးစဥ္စားသင့္ေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကဆိုသည္။

Picture

ko zaw min

03/07/2024 10:59

အကြံပြုခြင်ပါတယ် ပိုကုန်ရငွေထက် နိင်ငံပြင်ပ အလုပ်သမား တွေပြန်ပိုင်း က ပိုများတယ် သူတို့ကို ဆွဲဆောင်နိင်ရင် ပိုပြီး အဆင်ပြေနိင်တယ်ထင်ပါတယ်

Related news

© 2021. All rights reserved.