ယူကရိန်းအား နေတိုးဒုံးကျည်အကာအကွယ်များ ထောက်ပံ့ပေးရန် တောင်းဆိုချက်ကို ဂျာမနီ ကန့်ကွက်

 893

ALynn (NP News) - မေ ၂၈

သမ္မတဗလာဒီမာဇီလန်စကီး၏ ယူကရိန်းအတွက် "နေတိုးဒုံးကျည်အကာအကွယ်" များ တောင်းဆိုခြင်းမှာ အရမ်းလွန်သည်ဟု ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူ Steffen Hebestreit က တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားလိုက်သည်။

အမေရိကန်နှင့် ဗြိတိန်တို့က အစ္စရေးကို ပစ်မှတ်ထားသည့် အီရန်ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချသကဲ့သို့ နေတိုးသည်လည်း ၎င်းတို့၏ပိုင်နက်ထဲမှနေ၍ ရုရှားဒုံးကျည်များကို ပစ်ချသင့်သည်ဟု ယူကရိန်းသမ္မတက New York Times သတင်းဌာနသို့ ပြီးခဲ့သည့် သီတင်းပတ်က အသိပေးပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အမြင်အရတော့ ဒါဟာ ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ကိစ္စမဟုတ်ပါဘူး”ဟု Hebestreit က ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ထိုတောင်းဆိုချက်ကို ပယ်ချခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့သည် ပဋိပက္ခ၏အစိတ်အပိုင်းဖြစ်လာမည်မဟုတ်ကြောင်း ဂျာမန်အခြေစိုက် Welt am Sonntag အား ပြောကြားခဲ့သည်။ Stoltenberg က "ယူကရိန်းသို့ နေတိုးတပ်များ စေလွှတ်ရန် သို့မဟုတ် နေတိုး၏ လေကြောင်းရန်ကာကွယ်ရေးဒိုင်းများကို ယူကရိန်းတွင် တိုးချဲ့ရန် အစီအစဉ်မရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ယင်း အစား နေတိုးအဖွဲ့အကြီးအကဲက ဇီလန်စကီး၏ တောင်းဆိုချက်နောက်တစ်ခုဖြစ်သည့် ရုရှားမြေတွင် နေတိုးမှပေးသော လက်နက်များ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးရန် သဘောတူဖို့ အဆိုပြုခဲ့သည်။

သို့သော်လည်း နေတိုး၏အဖွဲ့ဝင်အချို့က ယင်းအယူအဆကို ဆန့်ကျင်ကန့်ကွက်ထားပြီးဖြစ်သည်။ နေတိုးသည် ယူကရိန်းထံ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် စက်ပစ္စည်းများ ပိုမိုထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုထားသည်။ Stoltenberg သည် ငါးနှစ်စီမံကိန်းအနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၁၀၀ ဘီလျံ (ဒေါ်လာ ၁၀၈ ဘီလျံ) ပေးအပ်ရန် အကောင်အထည်ဖော်ခဲ့သော်လည်း အဖွဲ့ဝင်အချို့က ယင်းငွေများကို မည်သို့ မည်ပုံရအောင်လုပ်ရမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ရုရှားက အဆိုပါ ထောက်ပံ့မှုများသည် ပဋိပက္ခ၏ရလဒ်ကို ပြောင်းလဲမည်မဟုတ်ဘဲ တိုက်ပွဲများ ကိုသာ ပိုမိုရှည်ကြာစေကာ ရုရှားနှင့် နေတိုးတို့ကြား ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သည်။

zawgyi version
ယူကရိန္းအား ေနတိုးဒုံးက်ည္အကာအကြယ္မ်ား ေထာက္ပံ့ေပးရန္ ေတာင္းဆိုခ်က္ကို ဂ်ာမနီ ကန႔္ကြက္
ALynn (NP News) - ေမ ၂၈

သမၼတဗလာဒီမာဇီလန္စကီး၏ ယူကရိန္းအတြက္ "ေနတိုးဒုံးက်ည္အကာအကြယ္" မ်ား ေတာင္းဆိုျခင္းမွာ အရမ္းလြန္သည္ဟု ဂ်ာမနီအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Steffen Hebestreit က တနလၤာေန႔ (ေမလ ၂၇ ရက္) တြင္ ေျပာၾကားလိုက္သည္။

အေမရိကန္ႏွင့္ ၿဗိတိန္တို႔က အစၥေရးကို ပစ္မွတ္ထားသည့္ အီရန္ဒုံးက်ည္မ်ားႏွင့္ ဒ႐ုန္းမ်ားကို ပစ္ခ်သကဲ့သို႔ ေနတိုးသည္လည္း ၎တို႔၏ပိုင္နက္ထဲမွေန၍ ႐ုရွားဒုံးက်ည္မ်ားကို ပစ္ခ်သင့္သည္ဟု ယူကရိန္းသမၼတက New York Times သတင္းဌာနသို႔ ၿပီးခဲ့သည့္ သီတင္းပတ္က အသိေပးေျပာၾကားခဲ့သည္။ “ကြၽႏ္ုပ္တို႔အျမင္အရေတာ့ ဒါဟာ ပဋိပကၡမွာ တိုက္႐ိုက္ပါဝင္ပတ္သက္မႈပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ ဒါက ကြၽန္ေတာ္တို႔ ရည္႐ြယ္ထားတဲ့ကိစၥမဟုတ္ပါဘူး”ဟု Hebestreit က ဘာလင္တြင္ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

ေနတိုး အေထြေထြအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ကလည္း ထိုေတာင္းဆိုခ်က္ကို ပယ္ခ်ခဲ့ၿပီး ေနတိုးမဟာမိတ္အဖြဲ႕သည္ ပဋိပကၡ၏အစိတ္အပိုင္းျဖစ္လာမည္မဟုတ္ေၾကာင္း ဂ်ာမန္အေျခစိုက္ Welt am Sonntag အား ေျပာၾကားခဲ့သည္။ Stoltenberg က "ယူကရိန္းသို႔ ေနတိုးတပ္မ်ား ေစလႊတ္ရန္ သို႔မဟုတ္ ေနတိုး၏ ေလေၾကာင္းရန္ကာကြယ္ေရးဒိုင္းမ်ားကို ယူကရိန္းတြင္ တိုးခ်ဲ႕ရန္ အစီအစဥ္မရွိေၾကာင္း အခိုင္အမာေျပာၾကားခဲ့သည္။ ယင္း အစား ေနတိုးအဖြဲ႕အႀကီးအကဲက ဇီလန္စကီး၏ ေတာင္းဆိုခ်က္ေနာက္တစ္ခုျဖစ္သည့္ ႐ုရွားေျမတြင္ ေနတိုးမွေပးေသာ လက္နက္မ်ား အသုံးျပဳမႈအေပၚ ကန႔္သတ္ခ်က္မ်ားကို ႐ုတ္သိမ္းေပးရန္ သေဘာတူဖို႔ အဆိုျပဳခဲ့သည္။

သို႔ေသာ္လည္း ေနတိုး၏အဖြဲ႕ဝင္အခ်ိဳ႕က ယင္းအယူအဆကို ဆန႔္က်င္ကန႔္ကြက္ထားၿပီးျဖစ္သည္။ ေနတိုးသည္ ယူကရိန္းထံ လက္နက္မ်ား၊ ခဲယမ္းမီးေက်ာက္မ်ားႏွင့္ စက္ပစၥည္းမ်ား ပိုမိုေထာက္ပံ့ေပးသြားမည္ဟုလည္း ကတိျပဳထားသည္။ Stoltenberg သည္ ငါးႏွစ္စီမံကိန္းအေနျဖင့္ ယူကရိန္းအား စစ္ေရးအကူအညီ ယူ႐ို ၁၀၀ ဘီလ်ံ (ေဒၚလာ ၁၀၈ ဘီလ်ံ) ေပးအပ္ရန္ အေကာင္အထည္ေဖာ္ခဲ့ေသာ္လည္း အဖြဲ႕ဝင္အခ်ိဳ႕က ယင္းေငြမ်ားကို မည္သို႔ မည္ပုံရေအာင္လုပ္ရမည္ကို စိုးရိမ္မႈမ်ား ရွိေနေၾကာင္း သိရသည္။ ႐ုရွားက အဆိုပါ ေထာက္ပံ့မႈမ်ားသည္ ပဋိပကၡ၏ရလဒ္ကို ေျပာင္းလဲမည္မဟုတ္ဘဲ တိုက္ပြဲမ်ား ကိုသာ ပိုမိုရွည္ၾကာေစကာ ႐ုရွားႏွင့္ ေနတိုးတို႔ၾကား ထိပ္တိုက္ေတြ႕မည့္ အႏၲရာယ္ကို တိုးျမင့္လာေစမည္ျဖစ္ေၾကာင္း အႀကိမ္ႀကိမ္သတိေပးခဲ့သည္။

Related news

© 2021. All rights reserved.