နွေရာသီနှင့် လိုက်လျောညီထွေနေထိုင်ခြင်း (ကျန်းမာရေးဆောင်းပါး)

 612

ဒေါက်တာလွင်သန့်(NP News) - မေ ၃၁

ပူပြင်းတဲ့နွေရာသီမှာ ရာသီဥတုနဲ့လိုက်လျောညီတွေဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ တွေးမပူသင့်ပါဘူး။ အပူချိန်လွန်ကဲတာကြောင့်ဖြစ်လာရတဲ့စိတ်ရှုပ်ထွေးမှုတွေကို အကြံပြုချက်(၂၀)နဲ့ ကျော်ဖြတ်သင့်ပါတယ်။

(၁) သီးနှံမျိုးစုံ ရောစပ်စားသုံးသင့်ပါတယ်။ သီးနှံမျိုးစုံကိုရောစပ်စားရတဲ့ ဒိုမီနိုလုပ်သောက်တာက အမျှင်ဓာတ်များစွာရရှိပြီး ဗီတာမင်နဲ့သတ္တုဓာတ်ကို များစွာရရှိစေတယ်။ အာဟာရဓာတ်မျိုးစုံရရှိစေပြီး ခန္ဓာကိုယ်အေးမြစေဖို့ နွေရာသီမှာ မဖြစ်မနေစားသုံး သင့်တဲ့အစားအစာပဲဖြစ်တယ်။
(၂) ဖုန်းပိတ်ထားသင့်ပါတယ်။ ဘာကြောင့် ဖုန်းပိတ်သင့်လဲဆိုတာ စိတ်ကူးထဲမှာ မေးခွန်းတွေ မေးနေပြီလား။ ဖုန်းကိုအသုံးပြုတာကြောင့် ဆက်သွယ်ဖို့လွယ်ကူတယ်။ လုပ်ငန်းအတွက်မြန်ဆန်ချော မွေ့စေတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ ဖုန်းသံက ကိုယ့်ကိုစိတ်ညစ်ညူးစရာဖြစ်စေပါတယ်။ ဒါကြောင့် တစ်လမှာတစ်ရက်လောက်ဖုန်းပိတ်ပြီး စိတ်ရောကိုယ်ပါ အနားယူသင့်ပါတယ်။
(၃) ခရီးသွားပြီးအပန်းဖြေသင့်ပါတယ်။ ရုံးပိတ်ရက်မှာ ကားစီးပြီးအပန်းဖြေခရီးထွက်သင့်ပါ တယ်။ စိတ်ဖိစီးမှုနဲ့ အလုပ်ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး လန်းဆန်တက်ြွကမှုတွေရရှိလာစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ စိတ်ရောလူပါ အပန်းဖြေသွားတဲ့အခါ စိတ်ကူးဉာဏ်တွေ၊ ပိုမို ကောင်းမွန်လာစေနိုင်တယ်။ အပန်းဖြေခရီးက ပြန်လာတဲ့အခါ အလုပ်ပေါ်မှာလည်း အာရုံစူးစိုက်မှုပိုမို ကောင်းမွန်လာပါတယ်။
(၄) စားပွဲပေါ်မှာပန်းပင်စိုက်သင့်ပါတယ်။ကိုယ့်အိမ်တွင်း(သို့)အလုပ်စားပွဲပေါ်မှာ ပန်းစိုက်ပျိုး တာက စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး၊ စိတ်ကိုကြည်လင် လန်းဆန်စေပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ အလုပ်စားပွဲပေါ်မှာ ပန်းပင်စိုက်ထားသူတွေက အလုပ်ကိုပိုမိုထိရောက်အောင်စွမ်းဆောင် နိုင်တယ်လို့တွေ့ရပါတယ်။ ဒါ့ပြင် အိမ်အတွင်းမှာ အောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ကင်းဝေးစေပါတယ်။
(၅) ခရီးထွက်သင့်ပါတယ်။ နွေရာသီက အိမ်အပြင်ဘက်ထွက်ပြီး အားကစားလုပ်ဖို့အကောင်း ဆုံးအချိန်ဖြစ်တယ်။ မြင်းစီးတာ၊ ကမ်းခြေသွားပြီးလှိုင်းစီးတာ၊သဲသောင်ပြင်မှာပြေးလွှားဆော့ကစားတာ၊ ရေကူးတာ စတာတွေက ကြွက်သားတွေသန်မာစေပြီး၊ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ ဒါပေမဲ့ နေပူချိန်ပြင်းတဲ့ မနက်(၁၀)နာရီကနေ ညနေ(၄)နာရီအတွင်း မလုပ်သင့်ပါဘူး။ အပြင်ထွက်မယ် ဆိုရင် မထွက်ခင် နာရီဝက်လောက်ကြိုပြီး နေရောင်ခံခရင်မ် (Sum scream) လိမ်းပေးသင့်ပါတယ်။ မနက်ခင်း နေရောင်ခြည်မပြင်းတဲ့အချိန်တွေနဲ့ ညနေခင်း နေအေးသွားတဲ့အချိန်တွေမှာသာ အပြင်ထွက် သင့်ပါတယ်။
(၆) အိမ်မှာပဲ ချက်ပြုတ်စားသောက်သင့်ပါတယ်။ အိမ်အပြင်ထွက်ပြီး စားသောက်ဆိုင်မှာ ည စာစားတာထက်၊ အိမ်မှာပဲ ကိုယ်တိုင်ချက်ပြုတ်ပြင် ဆင်ထားတဲ့ညစာက ကျန်းမာရေးနဲ့ညီညွတ်ပြီး ရွှင် လန်းနေစေပါတယ်။ အပြင်စာတွေစားသုံးတာက အဆီတွေကို ပိုမိုစားမိစေတာ၊ အိမ်ပြန်နောက်ကျလို့၊ အိပ်ရေးဝဝမအိပ်ရတာကြောင့် နောက်တစ်နေ့မနက် မှာ လန်းလန်းဆန်းဆန်းမရှိတာတွေကိုဖြစ်စေပါ တယ်။
(၇)ဖိနပ်မစီးဘဲပြေးသင့်ပါတယ်။ ဖိနပ် မစီးဘဲပြေးတာက စိတ်ဖိစီးမှုလျော့နည်းစေပြီး၊ ဖိနပ် စီးပြီးပြေးသူတွေထက် ထိခိုက်နိုင်ခြေပိုမိုနည်းတယ် လို့ ဟားဗက်တက္ကသိုလ်ရဲလေ့လာမှုမှာတွေရှိခဲ့ပါ တယ်။ ခြေဖဝါးက သဘာဝအနေထားအတိုင်း မြေကြီးကိုကျရောက်တာကြောင့် ထိခိုက်နိုင်ခြေနည်း ရတာလို့သိရပါတယ်။ နေပူပူထဲမှာ ဖိနပ်မစီးဘဲပြေးဖို့မသင့်တော်ပါဘူး။ ပင်လယ်ကမ်းခြေကို အပန်းဖြေ ခရီးသွားတဲ့အခါမျိုး၊ မနက်ခင်းနဲ့ ညနေစောင်းတွေ ပန်းခြံထဲသွားပြီး ပြေးတာမျိုးသာပြုလုပ်သင့်ပါတယ်။
(၈) အတွေ့အကြုံသစ်ကိုရှာသင့်ပါတယ်။ တစ်ခါမှမလုပ်ဆောင်ဖူးတဲ့ အပျော်ကစားနည်း တွေကို ချစ်သူနဲ့အတူ အိမ်ထောင်ဖက်နဲ့အတူ ကစားတာမျိုးက စိတ်ရွှင်လန်းကျန်းမာနေစေပါတယ်။ အတွေ့အကြုံအသစ်က ပျင်းရိငြီးငွေ့မှုတွေကိုဖယ်ရှားနိုင်လို့ ပျော်ရွှင်ကျန်းမာစေတယ်လို့ ပညာရှင် တွေရဲ့လေ့လာမှုအရတွေ့ရှိရပါတယ်။
(၉) ဘယ်ရီသီးဖျော်ရည် သောက်သင့်ပါတယ်။ နွေရာသီမှာ စားသုံးဖို့အသင့်တော်ဆုံးအစာက ဘယ်ရီသီးဖျော်ရည်ကိုသောက်သုံးသင့်ပါတယ်။ ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါဝင်ပြီး၊ မှတ်ဉာဏ်စွမ်းအားကိုလည်း မြင့်မားစေပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံး ရနိုင်တာက စတော်ဘယ်ရီသီးဖြစ်တယ်။ သူ့ရနံ့နဲ့ အရသာက နွေနေပြင်းချိန်မှာ သောက်သုံးမယ်ဆိုရင် အေးမြမှုကို ခံစားရရှိစေပါတယ်။
(၁၀) အိပ်စက်မှုကိုအနှောင့်အယှက်မဖြစ်အောင် ရှောင်သင့်ပါတယ်။ ညအိပ်ခါနီးမှာအရက် သောက်တာ၊ သကြားများတဲ့အစားအစာစားတာ၊ ကဖင်း ပါဝင်မှုများတဲ့အစားအသောက်စားသောက် တာက အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်စက်ချိန်နည်းတာက စိတ်ဖိစီးမှုကို မြင့်မားစေတယ်လို့ဆိုတယ်။ အိပ်စက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကို သက်သောင့် သက်သာ အနေထားမျိုးနဲ့အိပ်စက်ဖို့လိုပါတယ်။
(၁၁) မိသားစုပါတီကိုဆင်နွှဲသင့်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝက သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေနဲ့ စည်းစည်းလုံးလုံးပျော်ပျော် ရွှင်ရွှင်နေထိုင်တာလို့ ပညာရှင်တွေကမှတ်ချက်ချပါ တယ်။ မိသားစု(သို့)အပေါင်းအသင်းနဲ့ တပျော်တပါး ညစာချက်ပြုတ်စားသောက်တာ၊ မိသားစုအတွက် အမှတ်တရနေ့တွေ စီစဉ်လုပ်ဆောင်တာတွေကို မမေ့မလျော့အောင်ရွက်တာက မိသားစုတွင်း စည်းလုံးမှု ကိုပိုမိုရရှိစေပါတယ်။
(၁၂) ကလေးတို့နဲ့ဆော့ကစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လူငယ်လေးတစ်ယောက်လို့ပဲ အမြဲတွေးသင့်ပါတယ်။ သားငယ်၊ သမီးငယ်၊ ညီငယ်၊ ညီမငယ်တွေနဲ့အတူ ပြေလွှားဆော့ကစားသင့် ပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် ပျော်ရွှင်မှုတွေရရှိပြီး စိတ်ပျိုကိုယ်နုစေပါတယ်။ ကျန်းမာရွှင်လန်း တတ်ကြွနေစေပါတယ်။
(၁၃) ပင်လယ်စာ စားသင့်ပါတယ်။ ပင်လယ်အနီးအနားတစ်ဝိုက်မှာနေထိုင်သူ မဟုတ်ပေမယ့် အများစုလက်လှမ်းမီနိုင်တဲ့အစားအစာက ငါးဖြစ်တယ်။ ပင်လယ်ကရတဲ့ငါးက အရသာပိုရှိပြီး ကျန်းမာရေးအတွက်လည်း စားသုံးဖို့အလွန်သင့်တော်ပါတယ်။ ပင်လယ်ငါးတွေကနေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်တွေရရှိစေပါတယ်။
(၁၄) နွယ်ချိုလက်ဖက်ရည်သောက်သင့်ပါတယ်။ နွေနေပူချိန်မှာ နွယ်ချိုလက်ဖက်ရည်သောက် သုံးသင့်ပါတယ်။ လတ်တလောလေ့လာမှုအရ နွယ်ချိုလက်ဖက်ရည်သောက်သုံးတာက အစာအိမ်နဲ့ အူ လမ်းကြောင်းလှုပ်ရှားမှုတွေ ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာကြောင့် အမျိုး စား(၂)ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်တယ်။
(၁၅) လာဗံဒါဆီသုံးသင့်တယ်။ လာဗံဒါဆီမှာ ပိုးမွှားတွေကိုရှင်းလင်းပေးနိုင်တဲ့ သဘာဝပိုးသတ် အာနိသင်ရှိပါတယ်။ ကိုယ့်အသားအရေကို အစိုဓာတ် ထိန်းခရင်မ်(ခမနော) လိမ်းတဲ့အခါ လာဗံဒါဆီ အနည်းငယ် ရောထည့်ပြီးလိမ်းပေးသင့်ပါတယ်။ ခြင်းကိုက်ခံရတာကနေ ကင်းဝေးစေပါတယ်။
(၁၆) ရာသီပေါ်သီးနှံကိုစားသင့်ပါတယ်။ နွေရာသီနေ့လယ်ခင်းမှာ သရေစာအဖြစ်စားသုံးသင့် တဲ့အစားအစာက ဖရဲသီးပါ။ ရာသီဥတုနဲ့ကိုက်ညီပြီး ရာသီပေါ်ဖြစ်ကာ လိုင်ကိုပင်း(Licopine)များစွာ ပါဝင်တယ်။ ဒါ့ပြင် ဖရဲသီးစားသုံးတာက နှလုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဂရိတ် ဖရုသီးနဲ့မာလကာသီးတွေမှာလည်း လိုင်ကိုပင်းပါဝင်လို့ နေ့လယ်နေ့ခင်းသရေစာအဖြစ် စားသုံးဖို့ သင့်တော်တယ်။ နွေရာသီမှာ သစ်သီးတွေစားသုံးတဲ့အခါ လတ်လတ်ဆတ်ဆတ်ဖြစ်ဖို့ အထူးအလေးပေး သင့်တယ်။ ရာသီဥတုပူပြင်းတာကြောင့် အသီးအနှံတွေက အမှည့်လွန်တာမြန်တယ်။ အမှည့်လွန်တဲ့ သစ်သီးတွေကိုစားသုံးမယ်ဆိုရင် အစာအဆိပ်သင့်တယ်။ ဝမ်းပျက်တာတွေဖြစ်နိုင်ပါတယ်။
(၁၇) မုန့်လုပ်စားသင့်ပါတယ်။ မိသားစုဆုံချိန်မှာ မုန့်လုပ်စားတာက မိသားစုအတွင်း ပျော်ရွှင်မှု၊ သင်ယူမှု၊ ငွေကြေးအပေါ်တန်ဖိုးထားတတ်မှုနဲ့ ခင်မင်မှု၊ ချစ်ကြည်မှုတွေကို ပိုမိုတိုးပွားစေတယ်။ နွေ ရာသီမှာ ကလေးတွေကျောင်းပိတ်ရက်ဖြတ်တာကြောင့် မိသားစုအတွင်းမုန့်လုပ်ရာမှာ ကလေးတွေပါ ဝင်နိုင်ပါတယ်။
(၁၈) ဒိန်ချဉ်နဲ့သစ်သီး ရောသောက်သင့်ပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ ရာသီပေါ်သီးနှံတွေ၊ အစေ့အဆန်တွေနဲ့ ပျားရည်ထည့်သောက်သင့်ပါတယ်။ ဒိန်ချဉ်က သွေးဖိအားတွေလျော့နည်းစေပါ တယ်။ အသီးအနှံတွေနဲ့အစေ့အဆန်တွေက အင်တီအောက်ဆီးဒင့် (Antioxidants)ကိုရရှိစေတယ်။ ပျား ရည်ကနေ ဗက်တီရီယားပိုးအာနိသင်ရရှိတယ် စတဲ့ကောင်းကျိုးတွေကိုရရှိစေပါတယ်။ ချောကလက် အညို အနည်းငယ်ထည့်စားပါက စိတ်ခံစားမှုကောင်းစေပြီး စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်။
(၁၉) ကိုယ်ပိုင်အချိန်ကို သီးသန့်အသုံးချသင့်ပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်ချိန်ကိုသီးသန့် သတ်မှတ်ပြီး စိတ်ဝင်စားရာစာပေကိုဖတ်တာ၊ မျက်နှာပေါင်းတင်ကာ၊ ကြေးချွတ်တာ၊ ဆံပင်ပေါင်းတင် တာတွေလုပ်ဆောင်တာ၊ ခြေထောက်ဆေးစိမ်တာ၊ ခြေသည်း၊ လက်သည်း အလှပုံဖော်တာ၊ အနှိပ်ခံတာ စတာတွေကို အချိန်ပေးလုပ်ဆောင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုစေပြီး အခက်အခဲတွေ အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။
(၂၀) ဟင်းခတ်အမွှေးအကြိုင်တချို့ကို စိုက်ပျိုးသင့်ပါတယ်။ တချို့ကို ပန်းအိုးလေးနဲ့အိမ်တွင်း မှာပဲ စိုက်ပျိုးထားနိုင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေစားသုံးတာက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ကိုလျော့နည်း‌စေတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။
ဖော်ပြပါအချက်(၂၀)ကို လုပ်ဆောင်ပေးခြင်းက နေပူပြင်းတဲ့နွေရာသီနဲ့ လိုက်လျောညီတွေဖြစ် စေမယ့် နေထိုင်နည်းရရှိစေမှာဖြစ်ပါတယ်။

zawgyi version
ေႏြရာသီႏွင့္ လိုက္ေလ်ာညီေထြေနထိုင္ျခင္း (က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္(NP News) - ေမ ၃၁

ပူျပင္းတဲ့ေႏြရာသီမွာ ရာသီဥတုနဲ႔လိုက္ေလ်ာညီေတြျဖစ္ေအာင္ ဘယ္လိုေနထိုင္ရမယ္ဆိုတာ ေတြးမပူသင့္ပါဘူး။ အပူခ်ိန္လြန္ကဲတာေၾကာင့္ျဖစ္လာရတဲ့စိတ္ရႈပ္ေထြးမႈေတြကို အႀကံျပဳခ်က္(၂၀)နဲ႔ ေက်ာ္ျဖတ္သင့္ပါတယ္။

(၁) သီးႏွံမ်ိဳးစုံ ေရာစပ္စားသုံးသင့္ပါတယ္။ သီးႏွံမ်ိဳးစုံကိုေရာစပ္စားရတဲ့ ဒိုမီႏိုလုပ္ေသာက္တာက အမွ်င္ဓာတ္မ်ားစြာရရွိၿပီး ဗီတာမင္နဲ႔သတၱဳဓာတ္ကို မ်ားစြာရရွိေစတယ္။ အာဟာရဓာတ္မ်ိဳးစုံရရွိေစၿပီး ခႏၶာကိုယ္ေအးျမေစဖို႔ ေႏြရာသီမွာ မျဖစ္မေနစားသုံး သင့္တဲ့အစားအစာပဲျဖစ္တယ္။
(၂) ဖုန္းပိတ္ထားသင့္ပါတယ္။ ဘာေၾကာင့္ ဖုန္းပိတ္သင့္လဲဆိုတာ စိတ္ကူးထဲမွာ ေမးခြန္းေတြ ေမးေနၿပီလား။ ဖုန္းကိုအသုံးျပဳတာေၾကာင့္ ဆက္သြယ္ဖို႔လြယ္ကူတယ္။ လုပ္ငန္းအတြက္ျမန္ဆန္ေခ်ာ ေမြ႕ေစတယ္ဆိုေပမယ့္ တစ္ခါတစ္ရံမွာ ဖုန္းသံက ကိုယ့္ကိုစိတ္ညစ္ညဴးစရာျဖစ္ေစပါတယ္။ ဒါေၾကာင့္ တစ္လမွာတစ္ရက္ေလာက္ဖုန္းပိတ္ၿပီး စိတ္ေရာကိုယ္ပါ အနားယူသင့္ပါတယ္။
(၃) ခရီးသြားၿပီးအပန္းေျဖသင့္ပါတယ္။ ႐ုံးပိတ္ရက္မွာ ကားစီးၿပီးအပန္းေျဖခရီးထြက္သင့္ပါ တယ္။ စိတ္ဖိစီးမႈနဲ႔ အလုပ္ပင္ပန္းမႈေတြကို ေျပေပ်ာက္ေစၿပီး လန္းဆန္တက္ျြကမႈေတြရရွိလာေစတဲ့ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္။ စိတ္ေရာလူပါ အပန္းေျဖသြားတဲ့အခါ စိတ္ကူးဉာဏ္ေတြ၊ ပိုမို ေကာင္းမြန္လာေစႏိုင္တယ္။ အပန္းေျဖခရီးက ျပန္လာတဲ့အခါ အလုပ္ေပၚမွာလည္း အာ႐ုံစူးစိုက္မႈပိုမို ေကာင္းမြန္လာပါတယ္။
(၄) စားပြဲေပၚမွာပန္းပင္စိုက္သင့္ပါတယ္။ကိုယ့္အိမ္တြင္း(သို႔)အလုပ္စားပြဲေပၚမွာ ပန္းစိုက္ပ်ိဳး တာက စိတ္ဖိစီးမႈကိုေလ်ာ့နည္းေစၿပီး၊ စိတ္ကိုၾကည္လင္ လန္းဆန္ေစပါတယ္။ ဟားဗတ္တကၠသိုလ္ရဲ႕ ေလ့လာမႈအရ အလုပ္စားပြဲေပၚမွာ ပန္းပင္စိုက္ထားသူေတြက အလုပ္ကိုပိုမိုထိေရာက္ေအာင္စြမ္းေဆာင္ ႏိုင္တယ္လို႔ေတြ႕ရပါတယ္။ ဒါ့ျပင္ အိမ္အတြင္းမွာ ေအာက္ဆီဂ်င္ပမာဏကိုျမႇင့္တင္ေပးတာေၾကာင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါကို ကင္းေဝးေစပါတယ္။
(၅) ခရီးထြက္သင့္ပါတယ္။ ေႏြရာသီက အိမ္အျပင္ဘက္ထြက္ၿပီး အားကစားလုပ္ဖို႔အေကာင္း ဆုံးအခ်ိန္ျဖစ္တယ္။ ျမင္းစီးတာ၊ ကမ္းေျခသြားၿပီးလႈိင္းစီးတာ၊သဲေသာင္ျပင္မွာေျပးလႊားေဆာ့ကစားတာ၊ ေရကူးတာ စတာေတြက ႂကြက္သားေတြသန္မာေစၿပီး၊ ကယ္လိုရီေတြကိုေလာင္ကြၽမ္းေစပါတယ္။ ဒါေပမဲ့ ေနပူခ်ိန္ျပင္းတဲ့ မနက္(၁၀)နာရီကေန ညေန(၄)နာရီအတြင္း မလုပ္သင့္ပါဘူး။ အျပင္ထြက္မယ္ ဆိုရင္ မထြက္ခင္ နာရီဝက္ေလာက္ႀကိဳၿပီး ေနေရာင္ခံခရင္မ္ (Sum scream) လိမ္းေပးသင့္ပါတယ္။ မနက္ခင္း ေနေရာင္ျခည္မျပင္းတဲ့အခ်ိန္ေတြနဲ႔ ညေနခင္း ေနေအးသြားတဲ့အခ်ိန္ေတြမွာသာ အျပင္ထြက္ သင့္ပါတယ္။
(၆) အိမ္မွာပဲ ခ်က္ျပဳတ္စားေသာက္သင့္ပါတယ္။ အိမ္အျပင္ထြက္ၿပီး စားေသာက္ဆိုင္မွာ ည စာစားတာထက္၊ အိမ္မွာပဲ ကိုယ္တိုင္ခ်က္ျပဳတ္ျပင္ ဆင္ထားတဲ့ညစာက က်န္းမာေရးနဲ႔ညီၫြတ္ၿပီး ႐ႊင္ လန္းေနေစပါတယ္။ အျပင္စာေတြစားသုံးတာက အဆီေတြကို ပိုမိုစားမိေစတာ၊ အိမ္ျပန္ေနာက္က်လို႔၊ အိပ္ေရးဝဝမအိပ္ရတာေၾကာင့္ ေနာက္တစ္ေန႔မနက္ မွာ လန္းလန္းဆန္းဆန္းမရွိတာေတြကိုျဖစ္ေစပါ တယ္။
(၇)ဖိနပ္မစီးဘဲေျပးသင့္ပါတယ္။ ဖိနပ္ မစီးဘဲေျပးတာက စိတ္ဖိစီးမႈေလ်ာ့နည္းေစၿပီး၊ ဖိနပ္ စီးၿပီးေျပးသူေတြထက္ ထိခိုက္ႏိုင္ေျခပိုမိုနည္းတယ္ လို႔ ဟားဗက္တကၠသိုလ္ရဲေလ့လာမႈမွာေတြရွိခဲ့ပါ တယ္။ ေျခဖဝါးက သဘာဝအေနထားအတိုင္း ေျမႀကီးကိုက်ေရာက္တာေၾကာင့္ ထိခိုက္ႏိုင္ေျခနည္း ရတာလို႔သိရပါတယ္။ ေနပူပူထဲမွာ ဖိနပ္မစီးဘဲေျပးဖို႔မသင့္ေတာ္ပါဘူး။ ပင္လယ္ကမ္းေျခကို အပန္းေျဖ ခရီးသြားတဲ့အခါမ်ိဳး၊ မနက္ခင္းနဲ႔ ညေနေစာင္းေတြ ပန္းၿခံထဲသြားၿပီး ေျပးတာမ်ိဳးသာျပဳလုပ္သင့္ပါတယ္။
(၈) အေတြ႕အႀကဳံသစ္ကိုရွာသင့္ပါတယ္။ တစ္ခါမွမလုပ္ေဆာင္ဖူးတဲ့ အေပ်ာ္ကစားနည္း ေတြကို ခ်စ္သူနဲ႔အတူ အိမ္ေထာင္ဖက္နဲ႔အတူ ကစားတာမ်ိဳးက စိတ္႐ႊင္လန္းက်န္းမာေနေစပါတယ္။ အေတြ႕အႀကဳံအသစ္က ပ်င္းရိၿငီးေငြ႕မႈေတြကိုဖယ္ရွားႏိုင္လို႔ ေပ်ာ္႐ႊင္က်န္းမာေစတယ္လို႔ ပညာရွင္ ေတြရဲ႕ေလ့လာမႈအရေတြ႕ရွိရပါတယ္။
(၉) ဘယ္ရီသီးေဖ်ာ္ရည္ ေသာက္သင့္ပါတယ္။ ေႏြရာသီမွာ စားသုံးဖို႔အသင့္ေတာ္ဆုံးအစာက ဘယ္ရီသီးေဖ်ာ္ရည္ကိုေသာက္သုံးသင့္ပါတယ္။ ဘယ္ရီသီးမွာ အင္တီေအာက္ဆီးဒင့္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ိဳးစုံပါဝင္ၿပီး၊ မွတ္ဉာဏ္စြမ္းအားကိုလည္း ျမင့္မားေစပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ားဆုံး ရႏိုင္တာက စေတာ္ဘယ္ရီသီးျဖစ္တယ္။ သူ႔ရနံ႔နဲ႔ အရသာက ေႏြေနျပင္းခ်ိန္မွာ ေသာက္သုံးမယ္ဆိုရင္ ေအးျမမႈကို ခံစားရရွိေစပါတယ္။
(၁၀) အိပ္စက္မႈကိုအေႏွာင့္အယွက္မျဖစ္ေအာင္ ေရွာင္သင့္ပါတယ္။ ညအိပ္ခါနီးမွာအရက္ ေသာက္တာ၊ သၾကားမ်ားတဲ့အစားအစာစားတာ၊ ကဖင္း ပါဝင္မႈမ်ားတဲ့အစားအေသာက္စားေသာက္ တာက အိပ္စက္မႈကိုအေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။ ေလ့လာမႈေတြအရ အိပ္စက္ခ်ိန္နည္းတာက စိတ္ဖိစီးမႈကို ျမင့္မားေစတယ္လို႔ဆိုတယ္။ အိပ္စက္တဲ့အခါမွာလည္း ခႏၶာကိုယ္ကို သက္ေသာင့္ သက္သာ အေနထားမ်ိဳးနဲ႔အိပ္စက္ဖို႔လိုပါတယ္။
(၁၁) မိသားစုပါတီကိုဆင္ႏႊဲသင့္ပါတယ္။ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုဘဝက သူငယ္ခ်င္း၊ မိတ္ေဆြ၊ မိသားစုေတြနဲ႔ စည္းစည္းလုံးလုံးေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ေနထိုင္တာလို႔ ပညာရွင္ေတြကမွတ္ခ်က္ခ်ပါ တယ္။ မိသားစု(သို႔)အေပါင္းအသင္းနဲ႔ တေပ်ာ္တပါး ညစာခ်က္ျပဳတ္စားေသာက္တာ၊ မိသားစုအတြက္ အမွတ္တရေန႔ေတြ စီစဥ္လုပ္ေဆာင္တာေတြကို မေမ့မေလ်ာ့ေအာင္႐ြက္တာက မိသားစုတြင္း စည္းလုံးမႈ ကိုပိုမိုရရွိေစပါတယ္။
(၁၂) ကေလးတို႔နဲ႔ေဆာ့ကစားသင့္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ လူငယ္ေလးတစ္ေယာက္လို႔ပဲ အၿမဲေတြးသင့္ပါတယ္။ သားငယ္၊ သမီးငယ္၊ ညီငယ္၊ ညီမငယ္ေတြနဲ႔အတူ ေျပလႊားေဆာ့ကစားသင့္ ပါတယ္။ ဒီလိုလုပ္ေဆာင္တာေၾကာင့္ ေပ်ာ္႐ႊင္မႈေတြရရွိၿပီး စိတ္ပ်ိဳကိုယ္ႏုေစပါတယ္။ က်န္းမာ႐ႊင္လန္း တတ္ႂကြေနေစပါတယ္။
(၁၃) ပင္လယ္စာ စားသင့္ပါတယ္။ ပင္လယ္အနီးအနားတစ္ဝိုက္မွာေနထိုင္သူ မဟုတ္ေပမယ့္ အမ်ားစုလက္လွမ္းမီႏိုင္တဲ့အစားအစာက ငါးျဖစ္တယ္။ ပင္လယ္ကရတဲ့ငါးက အရသာပိုရွိၿပီး က်န္းမာေရးအတြက္လည္း စားသုံးဖို႔အလြန္သင့္ေတာ္ပါတယ္။ ပင္လယ္ငါးေတြကေန က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အဆီဓာတ္ေတြရရွိေစပါတယ္။
(၁၄) ႏြယ္ခ်ိဳလက္ဖက္ရည္ေသာက္သင့္ပါတယ္။ ေႏြေနပူခ်ိန္မွာ ႏြယ္ခ်ိဳလက္ဖက္ရည္ေသာက္ သုံးသင့္ပါတယ္။ လတ္တေလာေလ့လာမႈအရ ႏြယ္ခ်ိဳလက္ဖက္ရည္ေသာက္သုံးတာက အစာအိမ္နဲ႔ အူ လမ္းေၾကာင္းလႈပ္ရွားမႈေတြ ေကာင္းမြန္ေစၿပီး ေသြးတြင္းသၾကားဓာတ္ကိုထိန္းညႇိေပးတာေၾကာင့္ အမ်ိဳး စား(၂)ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္ႏိုင္တယ္။
(၁၅) လာဗံဒါဆီသုံးသင့္တယ္။ လာဗံဒါဆီမွာ ပိုးမႊားေတြကိုရွင္းလင္းေပးႏိုင္တဲ့ သဘာဝပိုးသတ္ အာနိသင္ရွိပါတယ္။ ကိုယ့္အသားအေရကို အစိုဓာတ္ ထိန္းခရင္မ္(ခမေနာ) လိမ္းတဲ့အခါ လာဗံဒါဆီ အနည္းငယ္ ေရာထည့္ၿပီးလိမ္းေပးသင့္ပါတယ္။ ျခင္းကိုက္ခံရတာကေန ကင္းေဝးေစပါတယ္။
(၁၆) ရာသီေပၚသီးႏွံကိုစားသင့္ပါတယ္။ ေႏြရာသီေန႔လယ္ခင္းမွာ သေရစာအျဖစ္စားသုံးသင့္ တဲ့အစားအစာက ဖရဲသီးပါ။ ရာသီဥတုနဲ႔ကိုက္ညီၿပီး ရာသီေပၚျဖစ္ကာ လိုင္ကိုပင္း(Licopine)မ်ားစြာ ပါဝင္တယ္။ ဒါ့ျပင္ ဖရဲသီးစားသုံးတာက ႏွလုံးေရာဂါ မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဂရိတ္ ဖ႐ုသီးနဲ႔မာလကာသီးေတြမွာလည္း လိုင္ကိုပင္းပါဝင္လို႔ ေန႔လယ္ေန႔ခင္းသေရစာအျဖစ္ စားသုံးဖို႔ သင့္ေတာ္တယ္။ ေႏြရာသီမွာ သစ္သီးေတြစားသုံးတဲ့အခါ လတ္လတ္ဆတ္ဆတ္ျဖစ္ဖို႔ အထူးအေလးေပး သင့္တယ္။ ရာသီဥတုပူျပင္းတာေၾကာင့္ အသီးအႏွံေတြက အမွည့္လြန္တာျမန္တယ္။ အမွည့္လြန္တဲ့ သစ္သီးေတြကိုစားသုံးမယ္ဆိုရင္ အစာအဆိပ္သင့္တယ္။ ဝမ္းပ်က္တာေတြျဖစ္ႏိုင္ပါတယ္။
(၁၇) မုန႔္လုပ္စားသင့္ပါတယ္။ မိသားစုဆုံခ်ိန္မွာ မုန႔္လုပ္စားတာက မိသားစုအတြင္း ေပ်ာ္႐ႊင္မႈ၊ သင္ယူမႈ၊ ေငြေၾကးအေပၚတန္ဖိုးထားတတ္မႈနဲ႔ ခင္မင္မႈ၊ ခ်စ္ၾကည္မႈေတြကို ပိုမိုတိုးပြားေစတယ္။ ေႏြ ရာသီမွာ ကေလးေတြေက်ာင္းပိတ္ရက္ျဖတ္တာေၾကာင့္ မိသားစုအတြင္းမုန႔္လုပ္ရာမွာ ကေလးေတြပါ ဝင္ႏိုင္ပါတယ္။
(၁၈) ဒိန္ခ်ဥ္နဲ႔သစ္သီး ေရာေသာက္သင့္ပါတယ္။ ဒိန္ခ်ဥ္ေသာက္တဲ့အခါ ရာသီေပၚသီးႏွံေတြ၊ အေစ့အဆန္ေတြနဲ႔ ပ်ားရည္ထည့္ေသာက္သင့္ပါတယ္။ ဒိန္ခ်ဥ္က ေသြးဖိအားေတြေလ်ာ့နည္းေစပါ တယ္။ အသီးအႏွံေတြနဲ႔အေစ့အဆန္ေတြက အင္တီေအာက္ဆီးဒင့္ (Antioxidants)ကိုရရွိေစတယ္။ ပ်ား ရည္ကေန ဗက္တီရီယားပိုးအာနိသင္ရရွိတယ္ စတဲ့ေကာင္းက်ိဳးေတြကိုရရွိေစပါတယ္။ ေခ်ာကလက္ အညိဳ အနည္းငယ္ထည့္စားပါက စိတ္ခံစားမႈေကာင္းေစၿပီး စိတ္ဖိစီးမႈကိုေလ်ာ့နည္းေစပါတယ္။
(၁၉) ကိုယ္ပိုင္အခ်ိန္ကို သီးသန႔္အသုံးခ်သင့္ပါတယ္။ ကိုယ့္အတြက္ ကိုယ္ပိုင္ခ်ိန္ကိုသီးသန႔္ သတ္မွတ္ၿပီး စိတ္ဝင္စားရာစာေပကိုဖတ္တာ၊ မ်က္ႏွာေပါင္းတင္ကာ၊ ေၾကးခြၽတ္တာ၊ ဆံပင္ေပါင္းတင္ တာေတြလုပ္ေဆာင္တာ၊ ေျခေထာက္ေဆးစိမ္တာ၊ ေျခသည္း၊ လက္သည္း အလွပုံေဖာ္တာ၊ အႏွိပ္ခံတာ စတာေတြကို အခ်ိန္ေပးလုပ္ေဆာင္ႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈပိုေစၿပီး အခက္အခဲေတြ ေအာင္ျမင္စြာ ေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္။
(၂၀) ဟင္းခတ္အေမႊးအႀကိဳင္တခ်ိဳ႕ကို စိုက္ပ်ိဳးသင့္ပါတယ္။ တခ်ိဳ႕ကို ပန္းအိုးေလးနဲ႔အိမ္တြင္း မွာပဲ စိုက္ပ်ိဳးထားႏိုင္ပါတယ္။ ဟင္းခတ္အေမႊးအႀကိဳင္ေတြစားသုံးတာက ရင္သားကင္ဆာျဖစ္ပြားႏိုင္ေျခ ကိုေလ်ာ့နည္း‌ေစတယ္လို႔ ေလ့လာမႈေတြအရသိရပါတယ္။
ေဖာ္ျပပါအခ်က္(၂၀)ကို လုပ္ေဆာင္ေပးျခင္းက ေနပူျပင္းတဲ့ေႏြရာသီနဲ႔ လိုက္ေလ်ာညီေတြျဖစ္ ေစမယ့္ ေနထိုင္နည္းရရွိေစမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.