ဂျပန်သန်းကြွယ်သူဌေးကြီး မီဇဝါ လပေါ်ပျံသန်းမယ့် ခရီးစဉ် ပယ်ဖျက်လိုက်ရ

1920
ရောင်နီ(NP News) - ဇွန် ၂
ဂျပန်ဘီလျံနာ အွန်လိုင်းဖက်ရှင်စတိုး Zozo Inc (3092.T) ရဲ့ တည်ထောင်သူ ယုဆာကုမီဇဝါဟာ ၎င်းရဲ့ ပထမဆုံး လကမ္ဘာပေါ် သီးသန့်ပျံသန်းမှု "dearMoon" မစ်ရှင်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်း စနေနေ့(ဇွန်လ ၁ ရက်)နေ့က ကြေညာခဲ့ပါတယ်။
၎င်းဟာ အခြား နာမည်ကြီးတွေနဲ့အတူ ပျံသန်းမှုတွေပြုလုပ်ဖို့ မူလက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မဖြစ်နိုင်တော့တဲ့အကြောင်း ၎င်းက ၀က်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရေရှည်မှာ တိကျတဲ့ အချိန်ဇယား သေချာမှု မရှိတာကြောင့် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ "ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခုသာဖြစ်ပြီး Starship ကို ဘယ်အချိန်မှာ စတင်နိုင်မလဲဆိုတာကတာ့ မသေချာသေးပါဘူး" လို့ မီဇဝါက ပြောကြားခဲ့ပါတယ်။
မီဇဝါဟာ အီလွန်မက်ခ်ရဲ့ SpaceX မှာ Soyuz ဒုံးပျံနဲ့ နိုင်ငံတကာ အာကာသ စခန်းကို လာရောက်လည်ပတ်နိုင်တဲ့ ပထမဆုံး အမျိုးသား ကိုယ်ပိုင်ခရီးသည် ဖြစ်ခဲ့ပါတယ်။ "dearMoon" မစ်ရှင်ကတော့ K-pop စတား TOP နဲ့ DJ Steve Aoki တို့အပါအဝင် အဖွဲ့ဝင် ၈ ဦး လိုက်ပါသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

zawgyi version
ဂ်ပန္သန္းႂကြယ္သူေဌးႀကီး မီဇဝါ လေပၚပ်ံသန္းမယ့္ ခရီးစဥ္ ပယ္ဖ်က္လိုက္ရ
ေရာင္နီ(NP News) - ဇြန္ ၂
ဂ်ပန္ဘီလ်ံနာ အြန္လိုင္းဖက္ရွင္စတိုး Zozo Inc (3092.T) ရဲ႕ တည္ေထာင္သူ ယုဆာကုမီဇဝါဟာ ၎ရဲ႕ ပထမဆုံး လကမာၻေပၚ သီးသန႔္ပ်ံသန္းမႈ "dearMoon" မစ္ရွင္ကို ဖ်က္သိမ္းလိုက္ၿပီဆိုတဲ့အေၾကာင္း စေနေန႔(ဇြန္လ ၁ ရက္)ေန႔က ေၾကညာခဲ့ပါတယ္။
၎ဟာ အျခား နာမည္ႀကီးေတြနဲ႔အတူ ပ်ံသန္းမႈေတြျပဳလုပ္ဖို႔ မူလက ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း မျဖစ္ႏိုင္ေတာ့တဲ့အေၾကာင္း ၎က ၀က္ဘ္ဆိုက္မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေရရွည္မွာ တိက်တဲ့ အခ်ိန္ဇယား ေသခ်ာမႈ မရွိတာေၾကာင့္ ဒီဆုံးျဖတ္ခ်က္ကို ခက္ခက္ခဲခဲခ်ခဲ့ျခင္း ျဖစ္တယ္လို႔ ၎ကဆိုပါတယ္။ "ဒါဟာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ရည္႐ြယ္ထားတဲ့ ပေရာဂ်က္တစ္ခုသာျဖစ္ၿပီး Starship ကို ဘယ္အခ်ိန္မွာ စတင္ႏိုင္မလဲဆိုတာကတာ့ မေသခ်ာေသးပါဘူး" လို႔ မီဇဝါက ေျပာၾကားခဲ့ပါတယ္။
မီဇဝါဟာ အီလြန္မက္ခ္ရဲ႕ SpaceX မွာ Soyuz ဒုံးပ်ံနဲ႔ ႏိုင္ငံတကာ အာကာသ စခန္းကို လာေရာက္လည္ပတ္ႏိုင္တဲ့ ပထမဆုံး အမ်ိဳးသား ကိုယ္ပိုင္ခရီးသည္ ျဖစ္ခဲ့ပါတယ္။ "dearMoon" မစ္ရွင္ကေတာ့ K-pop စတား TOP နဲ႔ DJ Steve Aoki တို႔အပါအဝင္ အဖြဲ႕ဝင္ ၈ ဦး လိုက္ပါသြားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။