မင်းကင်းမြို့တွင် အင်အား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

 778

ယွန်း (NP News) - ဇွန် ၂

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့အနီးတွင် ယနေ့(ဇွန်လ ၂ ရက်) ညနေ (၃)နာရီ၊ (၁၄)မိနစ် အချိန်ခန့်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။ ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့မြောက်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၀၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒဿမ ၈၄)ဒီဂရီ၊ အနက်(၁၅၇)ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၄)အဆင့်ရှိသော အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသောငလျင်ပြတ်ရွေ့ကြောငယ်များတည်ရှိသည့်အတွက် ငလျင်အန္တရာယ်ကြီးမားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောဆိုထားဖူး သည်။

ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လအတွင်း ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်အကွာကို ဗဟိုပြုကာ အင်အား (၆ ဒသမ ၈) ရစ်(ခ်)တာစကေးရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှိ စေတီအများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

zawgyi version
မင္းကင္းၿမိဳ႕တြင္ အင္အား ၅ ဒသမ ၄ အဆင့္ရွိေသာ ငလ်င္လႈပ္ခတ္ခဲ့ဟု မိုးဇလထုတ္ျပန္
ယြန္း (NP News) - ဇြန္ ၂

စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕ကို ဗဟိုျပဳ၍ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ သတင္းရရွိသည္။

စစ္ကိုင္းတိုင္း၊ ကေလးခ႐ိုင္၊ မင္းကင္းၿမိဳ႕အနီးတြင္ ယေန႔(ဇြန္လ ၂ ရက္) ညေန (၃)နာရီ၊ (၁၄)မိနစ္ အခ်ိန္ခန႔္တြင္ ငလ်င္တစ္ခု လႈပ္ခတ္သြားေၾကာင္း သိရသည္။ ကန႔္ဘလူေျမငလ်င္စခန္းမွ အေနာက္ေတာင္ဘက္ (၄၄)မိုင္ခန႔္ကြာေဝးေသာ ျမန္မာႏိုင္ငံျပည္တြင္း (မင္းကင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၂၅)မိုင္ခန႔္အကြာ) ေျမာက္လတၱီတြဒ္ (၂၃ ဒသမ ၀၄)ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၄ ဒႆမ ၈၄)ဒီဂရီ၊ အနက္(၁၅၇)ကီလိုမီတာ ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၅ ဒသမ ၄)အဆင့္ရွိေသာ အင္အားအသင့္အတင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ရွားခဲ့ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံသည္ အဓိကျပတ္ေ႐ြ႕ေၾကာႀကီးတစ္ခုျဖစ္ေသာ စစ္ကိုင္းျပတ္ေ႐ြ႕ႏွင့္ အျခားေသာငလ်င္ျပတ္ေ႐ြ႕ေၾကာငယ္မ်ားတည္ရွိသည့္အတြက္ ငလ်င္အႏၲရာယ္ႀကီးမားေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ငလ်င္ဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာဆိုထားဖူး သည္။

ၿပီးခဲ့ေသာ ၂ဝ၁၆ ခုႏွစ္၊ ၾသဂုတ္လအတြင္း ေခ်ာက္ၿမိဳ႕၏ အေနာက္ဘက္ (၁၂)မိုင္အကြာကို ဗဟိုျပဳကာ အင္အား (၆ ဒသမ ၈) ရစ္(ခ္)တာစေကးရွိေသာ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ပုဂံရွိ ေစတီအမ်ားအျပား ထိခိုက္ပ်က္စီးမႈရွိခဲ့သည္။

Related news

© 2021. All rights reserved.