တောင်တရုတ်ပင်လယ် တင်းမာမှုအရှိန် ဆက်လက်ပြင်းထန်လာ

2025

Htay Oung (NP News) - ဇွန် ၃
ပေကျင်းအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း သည်းခံနိုင်တဲ့အဆင့်ကို ကျော်လွန်ခြင်း မပြုရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သတိပေးခဲ့လိုက်တဲ့အတွက် နိုင်ငံများအကြား တင်းမာမှုတွေဟာ အရှိန်ဆက်လက် ပြင်းထန်လာနေတယ်လို့ BBC က ဇွန်လ ၃ ရက်က ရေးသားခဲ့ပါတယ်။
အကယ်၍ တရုတ်ရဲ့တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့် ဖိလစ်ပိုင်တစ်ဦး သေဆုံးခဲ့မယ်ဆိုရင် မနီလာအနေနဲ့ “စစ်ခင်းခြင်း အပြုအမူ” နဲ့ နီးစပ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး ဆီလျော်စွာ တုံ့ပြန်သွားမယ်လို့ သမ္မတ မားကို့စ် ဂျူနီယာက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ် အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်တဲ့ စင်ကာပူနိုင်ငံ “လုံခြုံရေးဖိုရမ်” မှာ သောကြာနေ့ မားကို့စ်ဂျူနီယာက ယခုလိုသတိပေးလိုက်ခြင်း ဖြစ်ပါတယ်။
တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ ဖိလစ်ပိုင်ဟာ တရုတ်အပေါ် အပြစ်ပုံချဖို့ အပုပ်ချထိုးနှက်နေခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်ကိစ္စ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား ကာလကြာရှည်အငြင်းပွားမှုဟာ မကြာသေးမီလများအတွင်း ပြင်းထန်သော ထိပ်တိုက်တွေ့မှုများအဖြစ် အရှိန်မြင့် လာခဲ့ပါတယ်။ တရုတ်ကင်းလှည့်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများနဲ့ ထောက်ပံ့ရေးသင်္ဘောများကို ရေ အမြောက်များ အသုံးပြုပစ်ခတ်မှုနဲ့ပတ်သက်လို့ မနီလာက ခါးခါးသီး ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ပေကျင်းအနေနဲ့ မိမိတို့ရဲ့အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်က ရန်စမှုများပြုလုပ်နေ တယ်လို့ ထိပ်သီးအစည်းအဝေးမှာ တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပါတယ်။ ဒီကိစ္စဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန်တို့အကြား ပဋိပက္ခတွေ တိုးလာမှာကို လေ့လာသူတွေက စိုးရိမ်နေ ကြပါတယ်။ ဖိလစ်ပိုင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အရှေ့တောင်အာရှနိုင်ငံရဲ့ကာကွယ်ရေးအပေါ် ထိပါးလာမယ် ဆိုရင် အမေရိကန်အနေနဲ့ ပါဝင်ပတ်သက်ဖို့ ချည်နှောင်ထားပါတယ်။ ဒေသအတွင်း မဟာမိတ်များအပေါ် ကတိကဝတ်ရှိတဲ့အတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုနေပြီး ပြီးခဲ့တဲ့လ ဖိလစ်ပိုင်၊ ဂျပန် တို့နဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပခြင်း အပါအဝင် ပိုမိုနီးကပ်လာကြောင်း တွေ့မြင်နေရပါတယ်။
သောကြာည စင်္ကာပူ ရှန်ဂရီလာဆွေးနွေးပွဲမှာ မားကို့စ်ဂျူနီယာက အဖွင့်မိန့်ခွန်းပြောကြားသွားပါတယ်။ ဒီနေရာ မှာ “တရုတ်ရေအမြောက်လက်ချက် နဲ့ ဖိလစ်ပိုင်စစ်သားတစ်ဦးဦး သေဆုံးခဲ့ရင် ဘယ်လိုလုပ်မလဲ” လို့ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအတွက် ဖိလစ်ပိုင်တစ်ဦးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် တယ်ဆိုရင်တော့ စစ်ပွဲတစ်ခုအဖြစ် ရှု့မြင်ရတော့မှာပဲလို့ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြန်လည်ဖြေဆိုပါတယ်။ အမေရိကန်-ဖိလစ်ပိုင်စာချုပ်ကို အသက်သွင်းရတော့မှာ ဖြစ်ပြီး မကြာသေးမီအထိ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများမှာ ဖိလစ်ပိုင်နိုင်ငံသားများ ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံတဲ့အထိ တစ်ဦးမျှ မရှိသေးဘူးလို့ ဆိုပါတယ်။
မားကို့စ်ဂျူနီယာရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ခုချိန်ထိ ဖိလစ်ပိုင်နိုင်ငံသား ဒဏ်ရာရရှိပေမယ့် သေဆုံးတဲ့အထိ တစ်ယောက်မျှ မရှိသေးကြောင်း တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက BBC ရဲ့မေးခွန်းကို ပြန်လည်ဖြေ ဆိုပါတယ်။ တကယ်လို့ သေဆုံးတဲ့အထိ ဖြစ်လာရင်တော့ အလွန်ဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်လာဖွယ်ရှိတယ် လို့ ယုံကြည်ကြောင်း၊ လူတစ်ယောက်ယောက်ကို မတော်မဆသတ်ဖြတ်တဲ့နည်းနဲ့ စစ်ပွဲစတင်မယ်လို့ သူ မထင်မှတ်ကြောင်း မှတ်ချက်ပေးပါတယ်။
ရှန်ဂရီလာ ဆွေးနွေးပွဲ မားကို့စ်ဂျူနီယာ မိန့်ခွန်းပြောကြားအပြီး နာရီပိုင်းအကြာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အလှည့်မှာတော့ "ဖိလစ်ပိုင် ကြုံတွေ့နေရတဲ့ နှောင့်ယှက်မှုတွေဟာ အန္တရာယ်များ ရိုးရှင်းပြီး ပေါ်ထင်ကြီးဖြစ်နေတယ်" လို့ ဆိုပါတယ်။ မားကို့စ်ဂျူနီယာပြောဆိုချက်အပေါ် အမေရိကန်က ဘယ်လိုတုံ့ပြန် မလဲလို့မေးတဲ့အခါ ဖိလစ်ပိုင်နဲ့စာချုပ်အပေါ် ကတိကဝတ်အတိုင်း အံဝင်ခွင်ကျဖြစ်နေပေမယ့် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို သူအနေနဲ့ ခန့်မှန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သို့သော် ဆွေးနွေးမှုများကို ဆက်လက်တိုးမြှင့်ပြုလုပ်ပြီး ရေပြင် ဝေဟင်မှာ လွတ်လပ်စွာ မောင်းနှင်သွားလာခွင့်ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလိုအပ်ဘဲ ထိန်းချုပ်မှုအောက် မောင်းသွင်းလိုက်ရသလိုမျိုး မဖြစ်စေ လိုကြောင်း၊ တရုတ်နဲ့ စစ်ပွဲ ဒါမှမဟုတ် ဘယ်လိုစစ်ပွဲဆိုတာ အလားအလာမရှိပေမယ့် သူ့အမြင်အရ ရှောင်လွဲလို့ မရနိုင်တာလည်း ရှိနိုင်ကြောင်း ရှင်းပြပါတယ်။
ရှန်ဂရီလာဆွေးနွေးပွဲတက်ရောက်လာသူများမှာ အာရှတိုက်မှ ကိုယ်စားလှယ်အများစု ပါဝင်နေပါတယ်။ ယူကရိန်း နဲ့ ဂါဇာမှာ ပဋိပက္ခများဖြစ်ပွားနေတယ် ဆိုပေမယ့် အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ရဲ့ ကတိကဝတ်က ဆက်လက် တည်မြဲလျက်ရှိပုံကို လွိုက်အော်စတင်က အလေးပေးပြောပြပါတယ်။
စစ်ရေးလေ့ကျင့်မှု၊ သဘောတူညီချက်များနဲ့ အမေရိကန်တပ်များ တပ်စွဲထားရှိမှုတို့မှတစ်ဆင့် အာရှနိုင်ငံအသီး သီးတို့ရဲ့ကာကွယ်ရေးကို တည်ဆောက်ပုံတို့ကို ဖော်ပြလိုက်ပြီး အာရှလုံခြုံမှသာလျှင် အမေရိကန်က လုံခြုံနိုင် တယ်လို့ ဆိုပါတယ်။
အမေရိကန် မဟာဗျူဟာရဲ့အဓိက အစိတ်အပိုင်းတစ်ခုက ဖိလစ်ပိုင်စစ်တပ်ကို အင်အားဖြည့်တင်းခြင်းဖြစ်ပါ တယ်။ အမေရိကန်နဲ့ နှစ်လရှည်ကြာ ကာကွယ်ရေး လမ်းပြမြေပုံမှာ စူပါပါဝါ ဒရုန်းများ စေလွှတ်ခြင်း၊ စစ်ဘက်ဆိုင် ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်များနဲ့ ကာကွယ်ရေး စနစ်များကို မြင်တွေ့လာရပါတယ်။ အင်ဒို-ပစိ ဖိတ်ဒေသရှိ မဟာမိတ်များအတွက် အဆိုပြုထားတဲ့ အမေရိကန်ရဲ့စစ်ရေးအကူအညီပမာဏအများစုကို ဖိလစ်ပိုင်က သိမ်းကြုံး ရယူဖွယ် ရှိနေပါတယ်။
စစ်ရေးအသုံးစရိန် မြှင့်တင်ထားတဲ့ ဖိလစ်ပိုင်ဟာ အိန္ဒိယထံမှ ဒုံးကျည်များကိုလည်း ဝယ်ယူခဲ့ပါတယ်။ ရှန်ဂရီ လာ ဒိုင်ယာလော့ ကျင်းပနေခိုက် လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်တို့ ဆွေးနွေးပွဲဟာ တရုတ်-ဖိလစ်ပိုင် တင်းမာမှုပြဿနာအကြောင်းအရောက် စောစောစီးစီးပဲ ပြတ်တောက်သွားခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ ပြင်ပအင်အားကြီးများရဲ့ထောက်ခံအားပေးမှုကို ရယူပြီး ရဲဆေးတင်နေကြောင်း၊ အငြင်းပွား စက္ကင်း သောမတ်စ်ရှိုး စည်းတိမ်ရေပြင်ကိစ္စမှာ သူကိုယ်တိုင်ပေးခဲ့တဲ့ကတိများကို ဖောက်ဖျက်ပြီး ရှေ့တန်းစစ်စခန်း ထူထောင်ခြင်းဖြင့် ရန်စနေတယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဝါရှင်တန်-မနီလာပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်က ဖိလစ်ပိုင်ကို တာလတ် ပစ် ဒုံးကျည်စနစ်ပေးပို့မှုကိုလည်း ကန့်ကွက်ခဲ့ပြီး ဒီကိစ္စဟာ ဒေသတွင်းလုံခြုံရေးအပေါ် အမှန်တကယ် ခြိမ်း ခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ရော တရုတ်နှစ်နိုင်ငံစလုံးတို့ဟာ ပဋိပက္ခကို ရှောင်ရှားဖို့ အတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရန် စိတ်အားထက်သန်လျက်ရှိကြောင်း အမူအယာပြသနေကြပါတယ်။
..
၂ဝ၂၂- ခုနှစ် ထိုစဉ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ နန်စီပယ်လိုစီရဲ့ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်နဲ့ ပြတ်တောက်ခဲ့ရတဲ့စစ်ဘက်ဆိုင်ရာတပ်မှူးများအကြား တယ်လီဖုန်းဆက်သွယ်မှုတွေကို ပြန်လည် စတင်ရန် လုပ်ဆောင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ ဝါရှင်တန်ရဲ့ကမ်းလှမ်းချက်ဟာ ဒေသတွင်း တည်ငြိမ်ရေး အတွက် အပြုသဘောဆောင်ပြီး လက်တွေ့ကျကြောင်း တရုတ်-အမေရိကန်ဆက်ဆံရေး နောက်တစ်ကြိမ် ပျက်စီးယိုယွင်းရတဲ့အဖြစ်မှ တည်တည်ြငိမ်ငြိမ်ဖြစ်သွားတယ်လို့ တရုတ်စစ်တပ်ပြောရေးဆိုခွင့် ရှိသူက သတင်းထောက်များကို ရှင်းပြပါတယ်။
#တရုတ်ဖိလစ်ပိုင်တင်းမာမှုအရှိန်မြင့်တက် #စက္ကင်းသောမတ်စ်ရှိုး #ရှန်ဂရီလာဒိုင်ယာလော့ #သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ #လွိုက်အော်စတင် #တရုတ်ကာကွယ်ရေးဝန်ကြီး_ဒေါင်ဂျွန်
(BBC., 1 June 2024,” Philippine president warns China against 'acts of war'” ကို #HtayOung #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္ တင္းမာမႈအရွိန္ ဆက္လက္ျပင္းထန္လာ
Htay Oung (NP News) - ဇြန္ ၃
ေပက်င္းအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္း သည္းခံႏိုင္တဲ့အဆင့္ကို ေက်ာ္လြန္ျခင္း မျပဳရန္ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက သတိေပးခဲ့လိုက္တဲ့အတြက္ ႏိုင္ငံမ်ားအၾကား တင္းမာမႈေတြဟာ အရွိန္ဆက္လက္ ျပင္းထန္လာေနတယ္လို႔ BBC က ဇြန္လ ၃ ရက္က ေရးသားခဲ့ပါတယ္။
အကယ္၍ တ႐ုတ္ရဲ႕တမင္ရည္႐ြယ္ခ်က္ရွိရွိ လုပ္ရပ္ေၾကာင့္ ဖိလစ္ပိုင္တစ္ဦး ေသဆုံးခဲ့မယ္ဆိုရင္ မနီလာအေနနဲ႔ “စစ္ခင္းျခင္း အျပဳအမူ” နဲ႔ နီးစပ္တယ္လို႔ မွတ္ယူရမွာျဖစ္ၿပီး ဆီေလ်ာ္စြာ တုံ႔ျပန္သြားမယ္လို႔ သမၼတ မားကို႔စ္ ဂ်ဴနီယာက ေျပာပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ အပါအဝင္ ကမာၻတစ္ဝွမ္းမွ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား တက္ေရာက္တဲ့ စင္ကာပူႏိုင္ငံ “လုံၿခဳံေရးဖိုရမ္” မွာ ေသာၾကာေန႔ မားကို႔စ္ဂ်ဴနီယာက ယခုလိုသတိေပးလိုက္ျခင္း ျဖစ္ပါတယ္။
တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူကေတာ့ ဖိလစ္ပိုင္ဟာ တ႐ုတ္အေပၚ အျပစ္ပုံခ်ဖို႔ အပုပ္ခ်ထိုးႏွက္ေနျခင္းသာ ျဖစ္တယ္လို႔ စြပ္စြဲပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ေရျပင္ပိုင္နက္ကိစၥ တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔အၾကား ကာလၾကာရွည္အျငင္းပြားမႈဟာ မၾကာေသးမီလမ်ားအတြင္း ျပင္းထန္ေသာ ထိပ္တိုက္ေတြ႕မႈမ်ားအျဖစ္ အရွိန္ျမင့္ လာခဲ့ပါတယ္။ တ႐ုတ္ကင္းလွည့္သေဘၤာမ်ားက ဖိလစ္ပိုင္သေဘၤာမ်ားနဲ႔ ေထာက္ပံ့ေရးသေဘၤာမ်ားကို ေရ အေျမာက္မ်ား အသုံးျပဳပစ္ခတ္မႈနဲ႔ပတ္သက္လို႔ မနီလာက ခါးခါးသီး ျပစ္တင္ေျပာဆိုခဲ့ပါတယ္။
ေပက်င္းအေနနဲ႔ မိမိတို႔ရဲ႕အခ်ဳပ္အျခာအာဏာပိုင္မႈကို ကာကြယ္ေနျခင္းျဖစ္ၿပီး ဖိလစ္ပိုင္က ရန္စမႈမ်ားျပဳလုပ္ေန တယ္လို႔ ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူက စြပ္စြဲခဲ့ပါတယ္။ ဒီကိစၥဟာ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္နဲ႔ အေမရိကန္တို႔အၾကား ပဋိပကၡေတြ တိုးလာမွာကို ေလ့လာသူေတြက စိုးရိမ္ေန ၾကပါတယ္။ ဖိလစ္ပိုင္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ အေရွ႕ေတာင္အာရွႏိုင္ငံရဲ႕ကာကြယ္ေရးအေပၚ ထိပါးလာမယ္ ဆိုရင္ အေမရိကန္အေနနဲ႔ ပါဝင္ပတ္သက္ဖို႔ ခ်ည္ေႏွာင္ထားပါတယ္။ ေဒသအတြင္း မဟာမိတ္မ်ားအေပၚ ကတိကဝတ္ရွိတဲ့အတိုင္း ရပ္တည္သြားမည္ျဖစ္ေၾကာင္း အေမရိကန္က ေျပာဆိုေနၿပီး ၿပီးခဲ့တဲ့လ ဖိလစ္ပိုင္၊ ဂ်ပန္ တို႔နဲ႔ ထိပ္သီးေဆြးေႏြးပြဲက်င္းပျခင္း အပါအဝင္ ပိုမိုနီးကပ္လာေၾကာင္း ေတြ႕ျမင္ေနရပါတယ္။
ေသာၾကာည စကၤာပူ ရွန္ဂရီလာေဆြးေႏြးပြဲမွာ မားကို႔စ္ဂ်ဴနီယာက အဖြင့္မိန႔္ခြန္းေျပာၾကားသြားပါတယ္။ ဒီေနရာ မွာ “တ႐ုတ္ေရအေျမာက္လက္ခ်က္ နဲ႔ ဖိလစ္ပိုင္စစ္သားတစ္ဦးဦး ေသဆုံးခဲ့ရင္ ဘယ္လိုလုပ္မလဲ” လို႔ ကိုယ္စားလွယ္တစ္ဦးက ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒီအတြက္ ဖိလစ္ပိုင္တစ္ဦးဦးကို ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္ တယ္ဆိုရင္ေတာ့ စစ္ပြဲတစ္ခုအျဖစ္ ရႈ႕ျမင္ရေတာ့မွာပဲလို႔ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ျပန္လည္ေျဖဆိုပါတယ္။ အေမရိကန္-ဖိလစ္ပိုင္စာခ်ဳပ္ကို အသက္သြင္းရေတာ့မွာ ျဖစ္ၿပီး မၾကာေသးမီအထိ ျဖစ္ပြားခဲ့တဲ့ပဋိပကၡမ်ားမွာ ဖိလစ္ပိုင္ႏိုင္ငံသားမ်ား ဒဏ္ရာရရွိခဲ့ေပမယ့္ ေသဆုံတဲ့အထိ တစ္ဦးမွ် မရွိေသးဘူးလို႔ ဆိုပါတယ္။
မားကို႔စ္ဂ်ဴနီယာရဲ႕ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး ခုခ်ိန္ထိ ဖိလစ္ပိုင္ႏိုင္ငံသား ဒဏ္ရာရရွိေပမယ့္ ေသဆုံးတဲ့အထိ တစ္ေယာက္မွ် မရွိေသးေၾကာင္း တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူက BBC ရဲ႕ေမးခြန္းကို ျပန္လည္ေျဖ ဆိုပါတယ္။ တကယ္လို႔ ေသဆုံးတဲ့အထိ ျဖစ္လာရင္ေတာ့ အလြန္ဆိုး႐ြားတဲ့ အေျခအေနတစ္ခုျဖစ္လာဖြယ္ရွိတယ္ လို႔ ယုံၾကည္ေၾကာင္း၊ လူတစ္ေယာက္ေယာက္ကို မေတာ္မဆသတ္ျဖတ္တဲ့နည္းနဲ႔ စစ္ပြဲစတင္မယ္လို႔ သူ မထင္မွတ္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။
ရွန္ဂရီလာ ေဆြးေႏြးပြဲ မားကို႔စ္ဂ်ဴနီယာ မိန႔္ခြန္းေျပာၾကားအၿပီး နာရီပိုင္းအၾကာ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္အလွည့္မွာေတာ့ "ဖိလစ္ပိုင္ ႀကဳံေတြ႕ေနရတဲ့ ေႏွာင့္ယွက္မႈေတြဟာ အႏၲရာယ္မ်ား ႐ိုးရွင္းၿပီး ေပၚထင္ႀကီးျဖစ္ေနတယ္" လို႔ ဆိုပါတယ္။ မားကို႔စ္ဂ်ဴနီယာေျပာဆိုခ်က္အေပၚ အေမရိကန္က ဘယ္လိုတုံ႔ျပန္ မလဲလို႔ေမးတဲ့အခါ ဖိလစ္ပိုင္နဲ႔စာခ်ဳပ္အေပၚ ကတိကဝတ္အတိုင္း အံဝင္ခြင္က်ျဖစ္ေနေပမယ့္ ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာကို သူအေနနဲ႔ ခန႔္မွန္းမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
သို႔ေသာ္ ေဆြးေႏြးမႈမ်ားကို ဆက္လက္တိုးျမႇင့္ျပဳလုပ္ၿပီး ေရျပင္ ေဝဟင္မွာ လြတ္လပ္စြာ ေမာင္းႏွင္သြားလာခြင့္ကို ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မလိုအပ္ဘဲ ထိန္းခ်ဳပ္မႈေအာက္ ေမာင္းသြင္းလိုက္ရသလိုမ်ိဳး မျဖစ္ေစ လိုေၾကာင္း၊ တ႐ုတ္နဲ႔ စစ္ပြဲ ဒါမွမဟုတ္ ဘယ္လိုစစ္ပြဲဆိုတာ အလားအလာမရွိေပမယ့္ သူ႔အျမင္အရ ေရွာင္လြဲလို႔ မရႏိုင္တာလည္း ရွိႏိုင္ေၾကာင္း ရွင္းျပပါတယ္။
ရွန္ဂရီလာေဆြးေႏြးပြဲတက္ေရာက္လာသူမ်ားမွာ အာရွတိုက္မွ ကိုယ္စားလွယ္အမ်ားစု ပါဝင္ေနပါတယ္။ ယူကရိန္း နဲ႔ ဂါဇာမွာ ပဋိပကၡမ်ားျဖစ္ပြားေနတယ္ ဆိုေပမယ့္ အင္ဒို-ပစိဖိတ္ေဒသအတြက္ အေမရိကန္ရဲ႕ ကတိကဝတ္က ဆက္လက္ တည္ၿမဲလ်က္ရွိပုံကို လြိဳက္ေအာ္စတင္က အေလးေပးေျပာျပပါတယ္။
စစ္ေရးေလ့က်င့္မႈ၊ သေဘာတူညီခ်က္မ်ားနဲ႔ အေမရိကန္တပ္မ်ား တပ္စြဲထားရွိမႈတို႔မွတစ္ဆင့္ အာရွႏိုင္ငံအသီး သီးတို႔ရဲ႕ကာကြယ္ေရးကို တည္ေဆာက္ပုံတို႔ကို ေဖာ္ျပလိုက္ၿပီး အာရွလုံၿခဳံမွသာလွ်င္ အေမရိကန္က လုံၿခဳံႏိုင္ တယ္လို႔ ဆိုပါတယ္။
အေမရိကန္ မဟာဗ်ဴဟာရဲ႕အဓိက အစိတ္အပိုင္းတစ္ခုက ဖိလစ္ပိုင္စစ္တပ္ကို အင္အားျဖည့္တင္းျခင္းျဖစ္ပါ တယ္။ အေမရိကန္နဲ႔ ႏွစ္လရွည္ၾကာ ကာကြယ္ေရး လမ္းျပေျမပုံမွာ စူပါပါဝါ ဒ႐ုန္းမ်ား ေစလႊတ္ျခင္း၊ စစ္ဘက္ဆိုင္ ရာ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္မ်ားနဲ႔ ကာကြယ္ေရး စနစ္မ်ားကို ျမင္ေတြ႕လာရပါတယ္။ အင္ဒို-ပစိ ဖိတ္ေဒသရွိ မဟာမိတ္မ်ားအတြက္ အဆိုျပဳထားတဲ့ အေမရိကန္ရဲ႕စစ္ေရးအကူအညီပမာဏအမ်ားစုကို ဖိလစ္ပိုင္က သိမ္းႀကဳံး ရယူဖြယ္ ရွိေနပါတယ္။
စစ္ေရးအသုံးစရိန္ ျမႇင့္တင္ထားတဲ့ ဖိလစ္ပိုင္ဟာ အိႏၵိယထံမွ ဒုံးက်ည္မ်ားကိုလည္း ဝယ္ယူခဲ့ပါတယ္။ ရွန္ဂရီ လာ ဒိုင္ယာေလာ့ က်င္းပေနခိုက္ လြိဳက္ေအာ္စတင္နဲ႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္တို႔ ေဆြးေႏြးပြဲဟာ တ႐ုတ္-ဖိလစ္ပိုင္ တင္းမာမႈျပႆနာအေၾကာင္းအေရာက္ ေစာေစာစီးစီးပဲ ျပတ္ေတာက္သြားခဲ့ပါတယ္။
ဖိလစ္ပိုင္ဟာ ျပင္ပအင္အားႀကီးမ်ားရဲ႕ေထာက္ခံအားေပးမႈကို ရယူၿပီး ရဲေဆးတင္ေနေၾကာင္း၊ အျငင္းပြား စကၠင္း ေသာမတ္စ္ရႈိး စည္းတိမ္ေရျပင္ကိစၥမွာ သူကိုယ္တိုင္ေပးခဲ့တဲ့ကတိမ်ားကို ေဖာက္ဖ်က္ၿပီး ေရွ႕တန္းစစ္စခန္း ထူေထာင္ျခင္းျဖင့္ ရန္စေနတယ္လို႔ တ႐ုတ္စစ္တပ္က ေျပာပါတယ္။
မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ဝါရွင္တန္-မနီလာပူးတြဲစစ္ေရးေလ့က်င့္မႈမွာ အေမရိကန္က ဖိလစ္ပိုင္ကို တာလတ္ ပစ္ ဒုံးက်ည္စနစ္ေပးပို႔မႈကိုလည္း ကန႔္ကြက္ခဲ့ၿပီး ဒီကိစၥဟာ ေဒသတြင္းလုံၿခဳံေရးအေပၚ အမွန္တကယ္ ၿခိမ္း ေျခာက္မႈျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အေမရိကန္ေရာ တ႐ုတ္ႏွစ္ႏိုင္ငံစလုံးတို႔ဟာ ပဋိပကၡကို ေရွာင္ရွားဖို႔ အတြက္ ဆက္သြယ္ေရး ပိုမိုေကာင္းမြန္လာရန္ စိတ္အားထက္သန္လ်က္ရွိေၾကာင္း အမူအယာျပသေနၾကပါတယ္။
..
၂ဝ၂၂- ခုႏွစ္ ထိုစဥ္က အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ျဖစ္သူ နန္စီပယ္လိုစီရဲ႕ထိုင္ဝမ္ခရီးစဥ္အၿပီး တ႐ုတ္နဲ႔ ျပတ္ေတာက္ခဲ့ရတဲ့စစ္ဘက္ဆိုင္ရာတပ္မႉးမ်ားအၾကား တယ္လီဖုန္းဆက္သြယ္မႈေတြကို ျပန္လည္ စတင္ရန္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္က ေျပာပါတယ္။ ဝါရွင္တန္ရဲ႕ကမ္းလွမ္းခ်က္ဟာ ေဒသတြင္း တည္ၿငိမ္ေရး အတြက္ အျပဳသေဘာေဆာင္ၿပီး လက္ေတြ႕က်ေၾကာင္း တ႐ုတ္-အေမရိကန္ဆက္ဆံေရး ေနာက္တစ္ႀကိမ္ ပ်က္စီးယိုယြင္းရတဲ့အျဖစ္မွ တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားတယ္လို႔ တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ ရွိသူက သတင္းေထာက္မ်ားကို ရွင္းျပပါတယ္။
#တ႐ုတ္ဖိလစ္ပိုင္တင္းမာမႈအရွိန္ျမင့္တက္ #စကၠင္းေသာမတ္စ္ရႈိး #ရွန္ဂရီလာဒိုင္ယာေလာ့ #သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာ #လြိဳက္ေအာ္စတင္ #တ႐ုတ္ကာကြယ္ေရးဝန္ႀကီး_ေဒါင္ဂြၽန္
(BBC., 1 June 2024,” Philippine president warns China against 'acts of war'” ကို #HtayOung #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)