အဆိုတော်တေလာမွန်ဆန် စင်ပေါ်မှာ ဖျော်ဖြေနေစဉ် လင်းနို့ကိုက်ခံရ

 3472

ရောင်နီ (NP News) - ဇွန် ၄

ဂီတပညာရှင်လည်းဖြစ်တဲ့ "Gossip Girl” စတား တေလာမွန်ဆန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က စပိန်နိုင်ငံမှာ ဖျော်ဖြေနေစဉ် လင်းနို့ကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မွန်ဆန်ဟာ ဖျော်ဖြေနေတဲ့ စိတ်အရှိန်ကြောင့် လင်းနို့တစ်ကောင် ခြေထောက်နားမှာ ရှိနေတာ သတိမထားမိခဲ့ပါဘူး။ ပရိသတ်တွေက အော်ဟစ်သတိပေးမှသာ သတိထားမိပြီး စင်ပေါ်မှာ ဝန်ထမ်းတစ်ဦး ဖယ်ရှားပေးနေချိန်မှာ အကိုက်ခံရတာဖြစ်ပါတယ်။ သူမရဲ့အဆိုပါအဖြစ်အပျက် ဗီဒီယိုထဲမှာ
လူအတော်များများက သူမကို အကူအညီပေးဖို့ စင်မြင့်ပေါ်ကို ပြေးလာကြတာ တွေ့ရပါတယ်။

စက္ကန့်ပိုင်းအကြာမှာတော့ လင်းနို့ဟာ အဝေးကို ပျံသွားခဲ့တာ တွေ့ခဲ့ရပါတယ်။ "ကျွန်မက တကယ်ပဲ စုန်းမကြီးဖြစ်ရမယ်” ​​လို့ အဲဒီအဖြစ်အပျက်ဖြစ်ပွားချိန်မှာ သူမဖျော်ဖြေခဲ့တဲ့ “Witches Burn” သီချင်းကို ရည်ညွှန်းပြီး ပရိသတ်ကို အရွှန်းဖောက်ခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်ကြောင့် မွန်ဆန်ဟာ နောက် သီတင်း ၂ ပတ်အတွင်း ခွေးရူးပြန်ရောဂါ ကုသမှုခံယူရမယ်လို့ သိရပါတယ်။

Zawgyi Version;
အဆိုေတာ္ေတလာမြန္ဆန္ စင္ေပၚမွာ ေဖ်ာ္ေျဖေနစဥ္ လင္းႏို႔ကိုက္ခံရ
ေရာင္နီ (NP News) - ဇြန္ ၄

ဂီတပညာရွင္လည္းျဖစ္တဲ့ "Gossip Girl” စတား ေတလာမြန္ဆန္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က စပိန္ႏိုင္ငံမွာ ေဖ်ာ္ေျဖေနစဥ္ လင္းႏို႔ကိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။

မြန္ဆန္ဟာ ေဖ်ာ္ေျဖေနတဲ့ စိတ္အရွိန္ေၾကာင့္ လင္းႏို႔တစ္ေကာင္ ေျခေထာက္နားမွာ ရွိေနတာ သတိမထားမိခဲ့ပါဘူး။ ပရိသတ္ေတြက ေအာ္ဟစ္သတိေပးမွသာ သတိထားမိၿပီး စင္ေပၚမွာ ဝန္ထမ္းတစ္ဦး ဖယ္ရွားေပးေနခ်ိန္မွာ အကိုက္ခံရတာျဖစ္ပါတယ္။ သူမရဲ႕အဆိုပါအျဖစ္အပ်က္ ဗီဒီယိုထဲမွာ
လူအေတာ္မ်ားမ်ားက သူမကို အကူအညီေပးဖို႔ စင္ျမင့္ေပၚကို ေျပးလာၾကတာ ေတြ႕ရပါတယ္။

စကၠန႔္ပိုင္းအၾကာမွာေတာ့ လင္းႏို႔ဟာ အေဝးကို ပ်ံသြားခဲ့တာ ေတြ႕ခဲ့ရပါတယ္။ "ကြၽန္မက တကယ္ပဲ စုန္းမႀကီးျဖစ္ရမယ္” ​​လို႔ အဲဒီအျဖစ္အပ်က္ျဖစ္ပြားခ်ိန္မွာ သူမေဖ်ာ္ေျဖခဲ့တဲ့ “Witches Burn” သီခ်င္းကို ရည္ၫႊန္းၿပီး ပရိသတ္ကို အ႐ႊန္းေဖာက္ခဲ့ပါေသးတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ မြန္ဆန္ဟာ ေနာက္ သီတင္း ၂ ပတ္အတြင္း ေခြး႐ူးျပန္ေရာဂါ ကုသမႈခံယူရမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.