KNU အဖွဲ့ နှောင့်ယှက်ဟန့်တားပိတ်ဆို့ထားသော အာရှလမ်းကြီး ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

 816

Pearl (NP News) - ဇွန် ၄

ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးကို တိုက်ပွဲများကြောင့် ပိတ်ထား သည်မှာ (၆)လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ပြန်ဖွင့်ပေးရန်အတွက် ဒေသခံများက တောင်းဆိုနေလျက်ရှိသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် KNU ပူး ပေါင်းအဖွဲ့တို့ကြားတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စတင်ကာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုင်း -မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းသွား လာခွင့်ပိတ်ထားခဲ့သည်။ ထို့ကြောင့် ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသည်များ သွားလာမှုအဆင်ပြေစေရေးအတွက် တောလမ်းဖြစ်သည့် ထော့ကော်ကိုးလမ်းပိုင်းကို အသုံးပြုခဲ့ရသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းသည် မိုးရာသီ ကာလဖြစ်သည့်အတွက် ကားများသွားလာရန် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။ ‘ထော့ကော်ကိုးလမ်းက မြဝတီလမ်းက အတက်ပေါ့နော်။ အဲဒီအတက်က အခြေအနေက လုံးဝဆိုးသွားပြီ။ မိုးရွာတဲ့အခါကျတော့ ရေစီးကြောင်းတွေက လမ်းဖောက်ထားတဲ့ မြေသားတွေကို တိုက်စားပြီးတော့ အလယ် ကောင်မှာ မြောင်းတွေဖြစ်သွားပြီး သွားရလာရခက်သွားပြီ။ နောက်ထပ်က မြေသားလမ်းဆိုတော့ မိုးရွာထား တော့ ရွှံ့တွေ၊ ဗွက်တွေ ပေါ့နော်။ လမ်းတွေက တအားချော်သွားတော့ ကား တွေက မတက်နိုင်တော့ဘူး။ အဆင်းကားတွေဆိုလည်း အန္တရာယ်များတယ်လေ။ လက်ရှိ သွားဖို့လာဖို့ တော်တော်ကို ခက်ခဲသွားပါတယ်။ ကားအမြင့်တွေ တော့ သွားလို့ရသေးတယ်’ ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ထော့ကော်ကိုးလမ်းပိုင်းအဆင်မပြေမှုကြောင့် ကားများသွားလာရခက်ခဲသွားသည့် အတွက် ကုန်စည်စီးဆင်းမှုခက်ခဲကာ ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်နိုင်ပြီး အရေးပေါ် ကျန်းမာရေးအ ခြေအနေများအတွက် လည်း အခက်အခဲများစွာ ဖြစ် ပေါ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ ထို့ကြောင့် မြဝတီ - ကော့ကရိတ် အာရှ လမ်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ မြဝတီ - ကော့ကရိတ်အာရှလမ်းကို လက် နက်ကိုင်အဖွဲ့များက ပိတ်ထားခဲ့သည်မှာ (၆)လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ကုန်စည်စီးဆင်းမှု အ ပါအဝင် ဒေသခံများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးအပေါ်တွင်လည်း ထိခိုက်မှုများရှိနေကြောင်း ဒေသခံများကဆိုသည်။

‘ဖြစ်နိုင်ရင်တော့ ပြန်ဖွင့်စေချင်နေပြီ။ ဒီလမ်းကြီးမှာရှိနေတဲ့ လက်နက်ကိုင်ဘယ်အဖွဲ့အ စည်းပဲဖြစ်ဖြစ် ပြည်သူတွေကို ကြည့်ပြီးတော့ ညှိညှိ နှိုင်းနှိုင်းနဲ့ လမ်းလေးပြန်ဖွင့်စေချင်တယ်။ ဘာပဲပြော ပြော ပြည်သူတွေလည်း ကုန်ဈေးနှုန်းတွေလည်း အများကြီးသက်သာလာမယ်။ ကယ်ဆယ်ရေးအဖွဲ့ တွေဆိုရင်လည်း ပြည်သူတွေရဲ့အသက်ကို အချိန်မီ ကယ်ဖို့အတွက်ကို သွားလာနိုင်မှာပေါ့နော်။ ဘာလို့ဆို အချိန်တိုသွားမှာကို။ အဲဒါကြောင့် ဒီအာရှလမ်းမ မဖွင့်ရင်တော့ အစစအရာအရာ အဆင်မပြေနိုင်ဘူးလို့ မြင်မိတယ်။ ဖွင့်ရင်တော့ ပြည်သူတွေ အားလုံး အဆင်ပြေသွားနိုင် တယ်လို့ သုံးသပ်မိတယ်။ ဒီလမ်း ပိုင်းကြီး ပိတ်ထားတော့ နောက်ဆုံးကတော့ ပြည်သူပဲ ထိခိုက်နစ်နာတာပဲလေ။ သာမန်ပြည်သူတွေပဲ ထိခိုက်နစ်နာနိုင်တယ်လို့တော့ သုံးသပ်မိတယ်။ ကျွန် တော်တို့ကိုယ်တိုင်ကလည်း ဒုက္ခရောက်နေတာလေ’ ဟု ဒေသခံတစ်ဦးက ပြောသည်။

KNU ပူးပေါင်းအဖွဲ့က မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ နယ်စပ်ကုန် သွယ်ရေးအတွက် အရေးပါသည့် ကော့နွဲ့တံတားနှင့် တော နော်တံတားတို့ကိုလည်း မိုင်းခွဲ ဖျက်ဆီးထားသည်။လက်ရှိတွင် ပြည်တွင်းရှိ ဒေသအချို့၌ တပ်မတော် လုံခြုံရေးအဖွဲ့ နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများဖြစ်ပွားနေလျက်ရှိပြီး သိန်းနှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရလျက်ရှိသည်။

zawgyi version
KNU အဖြဲ႕ ေႏွာင့္ယွက္ဟန႔္တားပိတ္ဆို႔ထားေသာ အာရွလမ္းႀကီး ျပန္ဖြင့္ေပးရန္ ေဒသခံ မ်ား ေတာင္းဆို
Pearl (NP News) - ဇြန္ ၄

ကုန္သြယ္ေရးအတြက္ အေရးပါသည့္ အာရွလမ္းမႀကီးကို တိုက္ပြဲမ်ားေၾကာင့္ ပိတ္ထား သည္မွာ (၆)လနီးပါး ၾကာျမင့္လာၿပီျဖစ္ၿပီး ျပန္ဖြင့္ေပးရန္အတြက္ ေဒသခံမ်ားက ေတာင္းဆိုေနလ်က္ရွိသည္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ KNU ပူး ေပါင္းအဖြဲ႕တို႔ၾကားတြင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလက စတင္ကာတိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ထိုင္း -ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါသည့္ အာရွလမ္းမႀကီးကိုလည္း ျဖတ္သန္းသြား လာခြင့္ပိတ္ထားခဲ့သည္။ ထို႔ေၾကာင့္ ကုန္စည္ပို႔ေဆာင္မႈႏွင့္ ခရီးသည္မ်ား သြားလာမႈအဆင္ေျပေစေရးအတြက္ ေတာလမ္းျဖစ္သည့္ ေထာ့ေကာ္ကိုးလမ္းပိုင္းကို အသုံးျပဳခဲ့ရသည္။

လက္ရွိတြင္ အဆိုပါလမ္းပိုင္းသည္ မိုးရာသီ ကာလျဖစ္သည့္အတြက္ ကားမ်ားသြားလာရန္ အခက္အခဲမ်ား ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။ ‘ေထာ့ေကာ္ကိုးလမ္းက ျမဝတီလမ္းက အတက္ေပါ့ေနာ္။ အဲဒီအတက္က အေျခအေနက လုံးဝဆိုးသြားၿပီ။ မိုး႐ြာတဲ့အခါက်ေတာ့ ေရစီးေၾကာင္းေတြက လမ္းေဖာက္ထားတဲ့ ေျမသားေတြကို တိုက္စားၿပီးေတာ့ အလယ္ ေကာင္မွာ ေျမာင္းေတြျဖစ္သြားၿပီး သြားရလာရခက္သြားၿပီ။ ေနာက္ထပ္က ေျမသားလမ္းဆိုေတာ့ မိုး႐ြာထား ေတာ့ ႐ႊံ႕ေတြ၊ ဗြက္ေတြ ေပါ့ေနာ္။ လမ္းေတြက တအားေခ်ာ္သြားေတာ့ ကား ေတြက မတက္ႏိုင္ေတာ့ဘူး။ အဆင္းကားေတြဆိုလည္း အႏၲရာယ္မ်ားတယ္ေလ။ လက္ရွိ သြားဖို႔လာဖို႔ ေတာ္ေတာ္ကို ခက္ခဲသြားပါတယ္။ ကားအျမင့္ေတြ ေတာ့ သြားလို႔ရေသးတယ္’ ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ေထာ့ေကာ္ကိုးလမ္းပိုင္းအဆင္မေျပမႈေၾကာင့္ ကားမ်ားသြားလာရခက္ခဲသြားသည့္ အတြက္ ကုန္စည္စီးဆင္းမႈခက္ခဲကာ ကုန္ေဈးႏႈန္းမ်ား ပိုမိုျမင့္တက္ႏိုင္ၿပီး အေရးေပၚ က်န္းမာေရးအ ေျခအေနမ်ားအတြက္ လည္း အခက္အခဲမ်ားစြာ ျဖစ္ ေပၚႏိုင္ေၾကာင္း ေဒသခံမ်ားကဆိုသည္။ ထို႔ေၾကာင့္ ျမဝတီ - ေကာ့ကရိတ္ အာရွ လမ္းကို အျမန္ဆုံးျပန္လည္ဖြင့္လွစ္ေပးရန္ ေဒသခံမ်ားက ေတာင္းဆိုေနၾကသည္။ ျမဝတီ - ေကာ့ကရိတ္အာရွလမ္းကို လက္ နက္ကိုင္အဖြဲ႕မ်ားက ပိတ္ထားခဲ့သည္မွာ (၆)လနီးပါး ၾကာျမင့္လာၿပီျဖစ္ၿပီး ကုန္စည္စီးဆင္းမႈ အ ပါအဝင္ ေဒသခံမ်ား၏ လူမႈေရး၊ က်န္းမာေရး၊ စီးပြားေရးအေပၚတြင္လည္း ထိခိုက္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားကဆိုသည္။

‘ျဖစ္ႏိုင္ရင္ေတာ့ ျပန္ဖြင့္ေစခ်င္ေနၿပီ။ ဒီလမ္းႀကီးမွာရွိေနတဲ့ လက္နက္ကိုင္ဘယ္အဖြဲ႕အ စည္းပဲျဖစ္ျဖစ္ ျပည္သူေတြကို ၾကည့္ၿပီးေတာ့ ညႇိညႇိ ႏႈိင္းႏႈိင္းနဲ႔ လမ္းေလးျပန္ဖြင့္ေစခ်င္တယ္။ ဘာပဲေျပာ ေျပာ ျပည္သူေတြလည္း ကုန္ေဈးႏႈန္းေတြလည္း အမ်ားႀကီးသက္သာလာမယ္။ ကယ္ဆယ္ေရးအဖြဲ႕ ေတြဆိုရင္လည္း ျပည္သူေတြရဲ႕အသက္ကို အခ်ိန္မီ ကယ္ဖို႔အတြက္ကို သြားလာႏိုင္မွာေပါ့ေနာ္။ ဘာလို႔ဆို အခ်ိန္တိုသြားမွာကို။ အဲဒါေၾကာင့္ ဒီအာရွလမ္းမ မဖြင့္ရင္ေတာ့ အစစအရာအရာ အဆင္မေျပႏိုင္ဘူးလို႔ ျမင္မိတယ္။ ဖြင့္ရင္ေတာ့ ျပည္သူေတြ အားလုံး အဆင္ေျပသြားႏိုင္ တယ္လို႔ သုံးသပ္မိတယ္။ ဒီလမ္း ပိုင္းႀကီး ပိတ္ထားေတာ့ ေနာက္ဆုံးကေတာ့ ျပည္သူပဲ ထိခိုက္နစ္နာတာပဲေလ။ သာမန္ျပည္သူေတြပဲ ထိခိုက္နစ္နာႏိုင္တယ္လို႔ေတာ့ သုံးသပ္မိတယ္။ ကြၽန္ ေတာ္တို႔ကိုယ္တိုင္ကလည္း ဒုကၡေရာက္ေနတာေလ’ ဟု ေဒသခံတစ္ဦးက ေျပာသည္။

KNU ပူးေပါင္းအဖြဲ႕က ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးေပၚရွိ နယ္စပ္ကုန္ သြယ္ေရးအတြက္ အေရးပါသည့္ ေကာ့ႏြဲ႕တံတားႏွင့္ ေတာ ေနာ္တံတားတို႔ကိုလည္း မိုင္းခြဲ ဖ်က္ဆီးထားသည္။လက္ရွိတြင္ ျပည္တြင္းရွိ ေဒသအခ်ိဳ႕၌ တပ္မေတာ္ လုံၿခဳံေရးအဖြဲ႕ ႏွင့္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕ မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားေနလ်က္ရွိၿပီး သိန္းႏွင့္ခ်ီေသာ ေဒသခံမ်ား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.