အိန္ဒိယဝန်ကြီးချုပ် မိုဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က အစိုးရဖွဲ့ဖို့ သဘောတူ

800

Pika (NP News) - ဇွန် ၆
အထွေထွေရွေးကောက်ပွဲအပြီးမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ပါတီ Bharatiya Janata Party (BJP)ဟာ အစိုးရဖွဲ့ဖို့ ညွန့်ပေါင်းမဟာမိတ်တွေနဲ့ ဇွန်လ(၅)ရက်နေ့မှာ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
မိုဒီရဲ့ BJP ပါတီဦးဆောင်တဲ့ အဖွဲ့ဝင်(၁၅)ဦးပါဝင်တဲ့ National Democratic Alliance (NDA) ညွန့်ပေါင်းအဖွဲ့ဟာ ထိုင်ခုံနေရာ(၂၉၃)နေရာနဲ့အတူ လွှတ်တော်ကို ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။ BJP ပါတီက ထုတ်ပြန်တဲ့ မဟာမိတ်ကြေညာချက်မှာ 'ကျွန် တော်တို့အားလုံး လေးစားရတဲ့ NDA ခေါင်းဆောင် မိုဒီကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်းရွေးချယ်ခဲ့ပါတယ်။ NDA အစိုးရဟာ အိန္ဒိယရဲ့ အမွေအနှစ်တွေကိုထိန်းသိမ်းပြီး နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမှာပါ' လို့ရေး သားဖော်ပြထားပါတယ်။ သီတင်းပတ်(၆)ပတ်ကြာကျင်းပခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ဇွန်လ(၄)ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ညွန့်ပေါင်းမိတ်ဖက်တွေအပေါ် မိုဒီရဲ့မှီခိုအားထားမှုက ၎င်းဟာ မျှော်လင့်ထားတာထက် ပိုမိုခက်ခဲကြမ်းတမ်းတဲ့ တတိယအကြိမ်မြောက်ရာထူးသက်တမ်းရဲ့ အလားအလာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေကပြောကြားခဲ့ပါတယ်။ မိုဒီရဲ့ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သူ Nilanajan Mukhopadhay က'ဒါက အခြားသူတွေရဲ့ အမြင်တွေကို ကြည့်ရှုဖို့ မိုဒီကို တွန်းအားပေးပါလိမ့်မယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ ကောင်းမွန်တဲ့ လွှတ် တော်ကို ကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ မိုဒီဟာ ကျွန်တော်တို့တခါမှမမြင်ဘူးတဲ့ ခေါင်း ဆောင်တစ်ဦး ဖြစ်လာရပါလိမ့်မယ်။ မိုဒီအသစ်ကို ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။"လို့ပြောဆိုခဲ့ပါတယ်။
မိုဒီဟာ လာမယ့်ဇွန်လ(၈)ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် မိုဒီဟာညွန့်ပေါင်းမဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ရာမှာ ကောင်းစွာပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ ထင်မိကြောင်း အမေရိကန်အတွေးခေါ်ပညာရှင် RAND ကော်ပိုရေးရှင်းက အကြီးတန်းစီးပွားရေးပညာရှင် ဒေါက်တာ Rafiq Dossani ကပြောကြားခဲ့ပါတယ်။
zawgyi version
အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕က အစိုးရဖြဲ႕ဖို႔ သေဘာတူ
Pika (NP News) - ဇြန္ ၆
အေထြေထြေ႐ြးေကာက္ပြဲအၿပီးမွာ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ပါတီ Bharatiya Janata Party (BJP)ဟာ အစိုးရဖြဲ႕ဖို႔ ၫြန႔္ေပါင္းမဟာမိတ္ေတြနဲ႔ ဇြန္လ(၅)ရက္ေန႔မွာ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
မိုဒီရဲ႕ BJP ပါတီဦးေဆာင္တဲ့ အဖြဲ႕ဝင္(၁၅)ဦးပါဝင္တဲ့ National Democratic Alliance (NDA) ၫြန႔္ေပါင္းအဖြဲ႕ဟာ ထိုင္ခုံေနရာ(၂၉၃)ေနရာနဲ႔အတူ လႊတ္ေတာ္ကို ထိန္းခ်ဳပ္ထားတယ္လို႔လည္းသိရပါတယ္။ BJP ပါတီက ထုတ္ျပန္တဲ့ မဟာမိတ္ေၾကညာခ်က္မွာ 'ကြၽန္ ေတာ္တို႔အားလုံး ေလးစားရတဲ့ NDA ေခါင္းေဆာင္ မိုဒီကို ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္အျဖစ္ တစ္ညီတစ္ၫြတ္တည္းေ႐ြးခ်ယ္ခဲ့ပါတယ္။ NDA အစိုးရဟာ အိႏၵိယရဲ႕ အေမြအႏွစ္ေတြကိုထိန္းသိမ္းၿပီး ႏိုင္ငံဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္ေဆာင္သြားမွာပါ' လို႔ေရး သားေဖာ္ျပထားပါတယ္။ သီတင္းပတ္(၆)ပတ္ၾကာက်င္းပခဲ့တဲ့ အိႏၵိယေ႐ြးေကာက္ပြဲရဲ႕ ရလဒ္ေတြကို ဇြန္လ(၄)ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ဒါ့ျပင္ ၫြန႔္ေပါင္းမိတ္ဖက္ေတြအေပၚ မိုဒီရဲ႕မွီခိုအားထားမႈက ၎ဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမိုခက္ခဲၾကမ္းတမ္းတဲ့ တတိယအႀကိမ္ေျမာက္ရာထူးသက္တမ္းရဲ႕ အလားအလာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္တယ္လို႔ ေလ့လာသုံးသပ္သူေတြကေျပာၾကားခဲ့ပါတယ္။ မိုဒီရဲ႕ အတၳဳပၸတၱိကို ေရးသားခဲ့သူ Nilanajan Mukhopadhay က'ဒါက အျခားသူေတြရဲ႕ အျမင္ေတြကို ၾကည့္ရႈဖို႔ မိုဒီကို တြန္းအားေပးပါလိမ့္မယ္။ ၿပီးေတာ့ ဒီမိုကေရစီနဲ႔ ေကာင္းမြန္တဲ့ လႊတ္ ေတာ္ကို ကြၽန္ေတာ္တို႔ေတြ႕ရပါလိမ့္မယ္။ မိုဒီဟာ ကြၽန္ေတာ္တို႔တခါမွမျမင္ဘူးတဲ့ ေခါင္း ေဆာင္တစ္ဦး ျဖစ္လာရပါလိမ့္မယ္။ မိုဒီအသစ္ကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရပါလိမ့္မယ္။"လို႔ေျပာဆိုခဲ့ပါတယ္။
မိုဒီဟာ လာမယ့္ဇြန္လ(၈)ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္တယ္လို႔ အိႏၵိယမီဒီယာေတြက ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ မိုဒီဟာၫြန႔္ေပါင္းမဟာမိတ္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ရာမွာ ေကာင္းစြာျပဳျပင္ေျပာင္းလဲႏိုင္လိမ့္မယ္လို႔ ထင္မိေၾကာင္း အေမရိကန္အေတြးေခၚပညာရွင္ RAND ေကာ္ပိုေရးရွင္းက အႀကီးတန္းစီးပြားေရးပညာရွင္ ေဒါက္တာ Rafiq Dossani ကေျပာၾကားခဲ့ပါတယ္။