သံတွဲမြို့နယ်က တိုက်ပွဲများကြောင့် ငပလီမြို့ အပါအဝင် ပင်လယ်ကမ်းနားကျေးရွာအချို့မှ ဒေသခံများ ပိတ်မိနေ

2384

သုတကျော် (NP News) - ဇွန် ၈
သံတွဲမြို့နယ်တွင် AA ဘက်မှစတင်ကာ တိုက်ပွဲများဖော်ဆောင်ပြီးနောက် တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ငပလီမြို့ အပါအဝင် ပင်လယ်ကမ်းနားကျေးရွာအချို့မှ ဒေသခံများပိတ်မိနေပြီး သံတွဲမြို့ပေါ်ကပင် ပစ်ခတ်သံများကို ကြားနေရကြောင်း ဒေသခံ အချို့ထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
NP News က သိရှိအတည်ပြုနိုင်သည့် အချက်အလက်များအရ ငပလီမြို့ရှိ သံတွဲလေဆိပ်တွင်လည်း တိုက်ပွဲဖြစ်ပွားသည့် ပစ်ခတ်သံများကြားရသည့်အပြင် ဂေါ့တောင်ရွာ၊ ကွေ့ချောင်း၊ အလယ်ရွာစသည်ဖြင့် ကျေးရွာများဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း သိရသည်။ “ဂေါ့ နဲ့ ငပလီနဲ့ မကွာဘူးလေ။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်လာတော့ လူတွေက ထွက်လို့မရတော့ဘူး။ ထွက်လို့ရတာရယ်၊ ထွက် ထွက် ထွက် လို့ ပြောတဲ့အချိန်မှာရယ် မထွက်ပဲ ရွာမှာကျန်ခဲ့တာတွေ အားလုံးက ညပ်သွားတာ။ အခုချိန်ထွက်မယ့်အချိန်မှာ ဟိုဘက်ကလည်း ထွက်ခွင့်မပေးဘူး။ ဒီဘက်ကလည်း ထွက်ခွင့်မပေးဘူး။ ပြီးတော့ အစစ် အဆေးကများတာရယ်၊ မယုံသင်္ကာက များတာရယ်ကြောင့် သူတို့နေရာမှာ နေရင်းပိတ်မိသွားတာ။ သူတို့နေရာက လူတွေကထွက်လို့မရ။ ပြီးတော့ဟိုတယ်ဘက် ပုန်းအောင်းရင် ထွက်လို့ မရတာ ဖြစ်နေတာ။ အဓိက လာလို့မရတာ အဲဒီအနေအထားဖြစ်နေတာ။ အများကြီးပဲ။ ငပလီဘက်မှာဆိုလည်း ဟိုတယ်ဘက်ပိတ်မိသူတွေ။ ဂေါ့မှာဆိုလည်း ဟိုတယ်ဘက် ပိတ်မိသူတွေ၊ ရွာတွေဘက် ပိတ်မိသူတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လင်းသာကျေးရွာ၊ မြပြင်ကျေးရွာ၊ ဂျိတ်တောကျေးရွာစသည်ဖြင့် ပင်လယ်ကမ်းနီးကျေးရွာများမှ ဒေသခံများလည်းပိတ်မိနေပြီး လက်ရှိတွင် ဆက်သွယ်ရခက်ခဲသည့် အခြေအနေကြောင့် အရေအတွက် မည်မျှပိတ်မိနေသည်ဆိုသောအချက်ကို ပြောနိုင်ခြင်း မရှိကြောင်း အထက်ပါ ဒေသခံကဆိုသည်။ “အခုဆိုရင် သံတွဲမြို့ပေါ်မှာ ကုန်းစျေးနှုန်းလည်း တက်နေတယ်။ ကြက်ဥတွေလည်းဈေးတက်တယ်။ စျေးထဲမှာလည်း ရောင်းမယ့်သူလည်း မရှိတော့တာ။ ပိုက်ဆံတတ်နိုင်တဲ့သူက ရန်ကုန်ဘက်လာတော့ သုံးချိုး နှစ်ချိုးလောက်က ရောင်းမယ့်သူ မရှိတော့ဘူး။ လက်ကျန်လောက်ပဲ ရှိတယ်။ တချို့တွေကလည်း ကြောက်လန့်ပြီး ဆိုင်တွေ လာမဖွင့်တော့ဘူး။ ရွာတွေမှာ တိုက်ပွဲဖြစ်တော့ ဟင်းသီးဟင်းရွက်လည်း လာမရောင်းတော့ လာရောင်းတဲ့ စျေးသည် တစ်သည်၊ နှစ်သည်ဆီက စျေးကြီးပေးပြီး ဝယ်နေရတဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားသော နေရာများမှာ မြို့နှင့် ၇ မိုင်၊ ၅ မိုင် စသည်ဖြင့် အကွာနေရာများတွင် ဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားသည့် သေနတ်သံ၊ လက်နက်ကြီးသံများကို ကြားနေရကြောင်းလည်း အခြားဒေသခံတစ်ဦးက ဆိုသည်။ “မြို့ထဲမှာ စစ်ဘေးရှောင်တွေလည်း ကြားနေရတယ် ပြောတယ်။ ကျိန္ဆလီဘက်ကလည်း လက်နက်ကြီး ပစ်သံကြားရတယ်ပြောတယ်။ ဒေသခံတွေကသွားဖို့ အဆင်မပြေတော့ ဘယ်နားမှာတိုက်ပွဲဖြစ်တယ်ဆိုတာက ပြောမရဘူး။ နေ့ခင်းလောက်အထိ တိုက်ပွဲဖြစ်သံကို သံတွဲမြို့ပေါ်က ကြားရတယ်ပြောတယ်။ ငပလီဘက်မှာလည်း ပိတ်ပင်နေတဲ့ သူတွေရှိသေးတယ်လို့ ပြောတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။
လက်ရှိတွင် သံတွဲမြို့ပေါ်၌ အိမ်ငှားခအချို့လည်း မူလထက်စျေးထက်နေသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။ “သံတွဲမှာ အိမ်ငှားခ စျေးတက်တယ် ဆိုတာက သူတို့ ရွာတွေ၊ တောင်ကုတ်ဘက်က လူတွေ သံတွဲမြို့ပေါ် တက်နေတယ်ပေါ့နော်။ ရှစ်သောင်း၊ တစ်သိန်း ဖြစ်တာ ရှိတယ်။ ဒါပေမဲ့ မြို့က လက်ရှိမှာ လျှပ်စစ်မီးမရတာလည်း ကြာပြီ။ အင်တာနက်လည်း ပြတ်နေတယ်။ အခု အမှန်အတိုင်းပြောရရင် သံတွဲမြို့ပေါ် တက်လာတာကလည်း ရန်ကုန်ကို ထွက်ဖို့အတွက် တက်လာကြတာ။ အခု လေယာဉ်က မဆင်းတော့ သူတို့က စောင့်နေတာ။ လေယာဉ်လက်မှတ်က ဝယ်ပြီးသား။ မြို့ပေါ်တက်ပြီး နီးစပ်ရာ အိမ်တွေ ငှားနေကြတာ။ ရန်ကုန်ကို ပြောင်းလာတဲ့ သူတွေရဲ့ အိမ်တွေမှာ လွတ်နေတယ်ဆိုရင် ငှားနေတယ်ပေါ့။ ဥပမာ ငါတို့ အခုဘယ်နှရက်နေတဲ့အတွက် တစ်သိန်းပေးမယ်၊ ရှစ်သောင်းပေးမယ်ဆိုပြီး နေကြတာ။ ရှစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းနှစ်သောင်းလောက်အထိ တက်သွားတယ်လို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် AA အနေဖြင့် သံတွဲမြို့ကို ရရှိရေးဦးတည်တိုက်ခိုက်နေသည်ဟု စစ်ရေး အကဲ ခတ်အချို့က သုံးသပ်ထားကာ အဆိုပါဒေသ၌ ဧပြီလ ၂၂ ရက်မှ စတင်ကာ တိုက်ပွဲများ ဖော်ဆောင်နေခြင်း ဖြစ်သည်။
zawgyi version
သံတြဲၿမိဳ႕နယ္က တိုက္ပြဲမ်ားေၾကာင့္ ငပလီၿမိဳ႕ အပါအဝင္ ပင္လယ္ကမ္းနားေက်း႐ြာအခ်ိဳ႕မွ ေဒသခံမ်ား ပိတ္မိေန
သုတေက်ာ္ (NP News) - ဇြန္ ၈
သံတြဲၿမိဳ႕နယ္တြင္ AA ဘက္မွစတင္ကာ တိုက္ပြဲမ်ားေဖာ္ေဆာင္ၿပီးေနာက္ တပ္မေတာ္ႏွင့္ AA ၾကား တိုက္ပြဲျဖစ္ပြားေနျခင္းေၾကာင့္ ငပလီၿမိဳ႕ အပါအဝင္ ပင္လယ္ကမ္းနားေက်း႐ြာအခ်ိဳ႕မွ ေဒသခံမ်ားပိတ္မိေနၿပီး သံတြဲၿမိဳ႕ေပၚကပင္ ပစ္ခတ္သံမ်ားကို ၾကားေနရေၾကာင္း ေဒသခံ အခ်ိဳ႕ထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
NP News က သိရွိအတည္ျပဳႏိုင္သည့္ အခ်က္အလက္မ်ားအရ ငပလီၿမိဳ႕ရွိ သံတြဲေလဆိပ္တြင္လည္း တိုက္ပြဲျဖစ္ပြားသည့္ ပစ္ခတ္သံမ်ားၾကားရသည့္အျပင္ ေဂါ့ေတာင္႐ြာ၊ ေကြ႕ေခ်ာင္း၊ အလယ္႐ြာစသည္ျဖင့္ ေက်း႐ြာမ်ားဘက္တြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနေသးေၾကာင္း သိရသည္။ “ေဂါ့ နဲ႔ ငပလီနဲ႔ မကြာဘူးေလ။ အဲဒီေနရာေတြမွာ တိုက္ပြဲျဖစ္လာေတာ့ လူေတြက ထြက္လို႔မရေတာ့ဘူး။ ထြက္လို႔ရတာရယ္၊ ထြက္ ထြက္ ထြက္ လို႔ ေျပာတဲ့အခ်ိန္မွာရယ္ မထြက္ပဲ ႐ြာမွာက်န္ခဲ့တာေတြ အားလုံးက ညပ္သြားတာ။ အခုခ်ိန္ထြက္မယ့္အခ်ိန္မွာ ဟိုဘက္ကလည္း ထြက္ခြင့္မေပးဘူး။ ဒီဘက္ကလည္း ထြက္ခြင့္မေပးဘူး။ ၿပီးေတာ့ အစစ္ အေဆးကမ်ားတာရယ္၊ မယုံသကၤာက မ်ားတာရယ္ေၾကာင့္ သူတို႔ေနရာမွာ ေနရင္းပိတ္မိသြားတာ။ သူတို႔ေနရာက လူေတြကထြက္လို႔မရ။ ၿပီးေတာ့ဟိုတယ္ဘက္ ပုန္းေအာင္းရင္ ထြက္လို႔ မရတာ ျဖစ္ေနတာ။ အဓိက လာလို႔မရတာ အဲဒီအေနအထားျဖစ္ေနတာ။ အမ်ားႀကီးပဲ။ ငပလီဘက္မွာဆိုလည္း ဟိုတယ္ဘက္ပိတ္မိသူေတြ။ ေဂါ့မွာဆိုလည္း ဟိုတယ္ဘက္ ပိတ္မိသူေတြ၊ ႐ြာေတြဘက္ ပိတ္မိသူေတြအမ်ားႀကီးပဲ”ဟု ေဒသခံတစ္ဦးက ေျပာသည္။
လင္းသာေက်း႐ြာ၊ ျမျပင္ေက်း႐ြာ၊ ဂ်ိတ္ေတာေက်း႐ြာစသည္ျဖင့္ ပင္လယ္ကမ္းနီးေက်း႐ြာမ်ားမွ ေဒသခံမ်ားလည္းပိတ္မိေနၿပီး လက္ရွိတြင္ ဆက္သြယ္ရခက္ခဲသည့္ အေျခအေနေၾကာင့္ အေရအတြက္ မည္မွ်ပိတ္မိေနသည္ဆိုေသာအခ်က္ကို ေျပာႏိုင္ျခင္း မရွိေၾကာင္း အထက္ပါ ေဒသခံကဆိုသည္။ “အခုဆိုရင္ သံတြဲၿမိဳ႕ေပၚမွာ ကုန္းေစ်းႏႈန္းလည္း တက္ေနတယ္။ ၾကက္ဥေတြလည္းေဈးတက္တယ္။ ေစ်းထဲမွာလည္း ေရာင္းမယ့္သူလည္း မရွိေတာ့တာ။ ပိုက္ဆံတတ္ႏိုင္တဲ့သူက ရန္ကုန္ဘက္လာေတာ့ သုံးခ်ိဳး ႏွစ္ခ်ိဳးေလာက္က ေရာင္းမယ့္သူ မရွိေတာ့ဘူး။ လက္က်န္ေလာက္ပဲ ရွိတယ္။ တခ်ိဳ႕ေတြကလည္း ေၾကာက္လန႔္ၿပီး ဆိုင္ေတြ လာမဖြင့္ေတာ့ဘူး။ ႐ြာေတြမွာ တိုက္ပြဲျဖစ္ေတာ့ ဟင္းသီးဟင္း႐ြက္လည္း လာမေရာင္းေတာ့ လာေရာင္းတဲ့ ေစ်းသည္ တစ္သည္၊ ႏွစ္သည္ဆီက ေစ်းႀကီးေပးၿပီး ဝယ္ေနရတဲ့ အေနအထားပါ” ဟု ၎က ဆိုသည္။
လက္ရွိ တိုက္ပြဲျဖစ္ပြားေသာ ေနရာမ်ားမွာ ၿမိဳ႕ႏွင့္ ၇ မိုင္၊ ၅ မိုင္ စသည္ျဖင့္ အကြာေနရာမ်ားတြင္ ျဖစ္ေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားသည့္ ေသနတ္သံ၊ လက္နက္ႀကီးသံမ်ားကို ၾကားေနရေၾကာင္းလည္း အျခားေဒသခံတစ္ဦးက ဆိုသည္။ “ၿမိဳ႕ထဲမွာ စစ္ေဘးေရွာင္ေတြလည္း ၾကားေနရတယ္ ေျပာတယ္။ က်ိႏၦလီဘက္ကလည္း လက္နက္ႀကီး ပစ္သံၾကားရတယ္ေျပာတယ္။ ေဒသခံေတြကသြားဖို႔ အဆင္မေျပေတာ့ ဘယ္နားမွာတိုက္ပြဲျဖစ္တယ္ဆိုတာက ေျပာမရဘူး။ ေန႔ခင္းေလာက္အထိ တိုက္ပြဲျဖစ္သံကို သံတြဲၿမိဳ႕ေပၚက ၾကားရတယ္ေျပာတယ္။ ငပလီဘက္မွာလည္း ပိတ္ပင္ေနတဲ့ သူေတြရွိေသးတယ္လို႔ ေျပာတယ္”ဟု အထက္ပါေဒသခံက ဆိုသည္။
လက္ရွိတြင္ သံတြဲၿမိဳ႕ေပၚ၌ အိမ္ငွားခအခ်ိဳ႕လည္း မူလထက္ေစ်းထက္ေနသည့္ အေျခအေန ျဖစ္ေၾကာင္း သိရသည္။ “သံတြဲမွာ အိမ္ငွားခ ေစ်းတက္တယ္ ဆိုတာက သူတို႔ ႐ြာေတြ၊ ေတာင္ကုတ္ဘက္က လူေတြ သံတြဲၿမိဳ႕ေပၚ တက္ေနတယ္ေပါ့ေနာ္။ ရွစ္ေသာင္း၊ တစ္သိန္း ျဖစ္တာ ရွိတယ္။ ဒါေပမဲ့ ၿမိဳ႕က လက္ရွိမွာ လွ်ပ္စစ္မီးမရတာလည္း ၾကာၿပီ။ အင္တာနက္လည္း ျပတ္ေနတယ္။ အခု အမွန္အတိုင္းေျပာရရင္ သံတြဲၿမိဳ႕ေပၚ တက္လာတာကလည္း ရန္ကုန္ကို ထြက္ဖို႔အတြက္ တက္လာၾကတာ။ အခု ေလယာဥ္က မဆင္းေတာ့ သူတို႔က ေစာင့္ေနတာ။ ေလယာဥ္လက္မွတ္က ဝယ္ၿပီးသား။ ၿမိဳ႕ေပၚတက္ၿပီး နီးစပ္ရာ အိမ္ေတြ ငွားေနၾကတာ။ ရန္ကုန္ကို ေျပာင္းလာတဲ့ သူေတြရဲ႕ အိမ္ေတြမွာ လြတ္ေနတယ္ဆိုရင္ ငွားေနတယ္ေပါ့။ ဥပမာ ငါတို႔ အခုဘယ္ႏွရက္ေနတဲ့အတြက္ တစ္သိန္းေပးမယ္၊ ရွစ္ေသာင္းေပးမယ္ဆိုၿပီး ေနၾကတာ။ ရွစ္ေသာင္း၊ တစ္သိန္း၊ တစ္သိန္းႏွစ္ေသာင္းေလာက္အထိ တက္သြားတယ္လို႔ ေျပာၾကတယ္” ဟု ၎က ဆိုသည္။
လက္ရွိတြင္ AA အေနျဖင့္ သံတြဲၿမိဳ႕ကို ရရွိေရးဦးတည္တိုက္ခိုက္ေနသည္ဟု စစ္ေရး အကဲ ခတ္အခ်ိဳ႕က သုံးသပ္ထားကာ အဆိုပါေဒသ၌ ဧၿပီလ ၂၂ ရက္မွ စတင္ကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနျခင္း ျဖစ္သည္။